ခြင်ကိုသတ်ရန် ဘာကြောင့် အမြှောက်ကိုသုံးရသနည်း။
၎င်းက လုချန်ရှန်းလုပ်နေသောအရာပင်။
မိုးမခပင်နှင့် ငှက်ကလေးသာသိရှိသွားပါက အချိန်အတန်ကြာသည်အထိ စွံအနေလိမ့်မည်။
ဒီလိုမျိုးအမြဲလုပ်တာလား။
မရဏကိုးလောကအစီအရင်က ပေါ်လာလေသည်။
တစ်ဖက်အဖွဲ့က ကန္တာရဒေသသို့ခြေချရုံဖြင့် အစိတ်စိတ်အမွှာမွှာဖြစ်သွားစေနိုင်သည်။
လုချန်ရှန်းက ၎င်းကို နှစ်ကြိမ်တိုင်တိုင်အစွမ်းမြှင့်တင်ခဲ့သည်ကို အသာထား ထိုအစီအရင်က မူလကထက်ပင် အဆပေါင်းများစွာ အားကောင်းနေလေသည်။
မည်သို့ဆိုစေကာမူ လုချန်ရှန်းက ခေါင်းခါလေသည်။
“မဟုတ်ဘူး။ မရဏကိုးလောကအစီအရင်ကို ငါ့ရဲ့ ဝှက်ဖဲအနေနဲ့သုံရမယ်။ ဒါကို စောစောစီးစီးထုတ်ပြလို့မရဘူး”
အကယ်၍ တစ်ဖက်အဖွဲ့က တန်ပြန်တိုက်ခိုက်လာလျှင်ရော။
ယခုလို နယ်မြေစစ်ပွဲမျိုးတွင် လူတစ်ဦးက အလွန့် အလွန်ကို သတိထားရပေမည်။
သူရှုံးသွားပါက သူ၏ သက်သောင့်သက်သာနေ့ရက်များက ပြီးဆုံးသွားလိမ့်မည်ဖြစ်သည်။
ထိုသို့တွေးမိသောအခါ လုချန်ရှန်းက ခေါင်းညိမ့်၍ အလေးအနက်ထားပြောလိုက်လေသည်။ “အစီအရင်နည်းနည်းလောက်လုပ်ထားဦးမှ။ မရဏကိုးလောကအစီအရင်က အိမ်မှာဆိုတော့ ငါတို့ရှုံးရင်တောင် စံအိမ်တော်ကို ပြန်ဆုတ်လို့ရတယ်”
“ဟူး၊ တော်လိုက်တဲ့ငါလေး” လုချန်ရှန်းက ခါးထောက်ကာ ဂုဏ်ယူနေပုံရသည်။
“ဒီနည်းလမ်းတစ်ခုသာ အလုံခြုံဆုံးဘဲ။ ဘယ်သူက နောက်ဆုံးလက်နက်ကို အစပိုင်းမှာ ထုတ်သုံးမှာလဲ”
လုချန်ရှန်းက ကောင်းကင်ဘုံလမ်းကို စွမ်းအားမြှင့်ပေးနိုင်သည့် သူတည်ဆောက်သင့်သည့် အစီအရင် အခင်းအကျင်းများကို စတင်စဉ်းစားခဲ့သည်။
၎င်းက တစ်ဖက်အဖွဲ့၏ အရှိုန်ကို နှောင့်နှေးစေနိုင်ပြီး ခွန်အားကို အနည်းငယ်ကုန်ဆုံးစေနိုင်မည်ဖြစ်သည်။
လုချန်ရှန်းက ကမ္ဘာသစ်ပင်နဂါးထောင်ချောက်အစီအရင်၊ လေဟာနယ်ချိတ်ပိတ်ခြင်းအစီအရင်နှင့် စိတ်ဝိဉာည်တိမ်မြစ်ချုပ်နှောင်ခြင်းအစီအရင်တို့ကို တည်ဆောက်ပြီးဖြစ်သည်။
ထိုအစီအရင်သုံးခုက ချုပ်နှောင်ခြင်းအတွက် အသုံးပြုရခြင်းပင်။
တစ်ချိန်တည်းမှာ ၎င်းတွင် သတ်ဖြတ်ခြင်းအစီအရင်များလည်းပါဝင်သည်။
“ချုပ်နှောင်ခြင်းအစီအရင်တွေက တော်သင့်ပြီ။ ဒါပေမယ့် လိုလိုမယ်မယ် အင်အားထပ်ဖြည့်ထားလိုက်ဦးမယ်”
လုချန်ရှန်းက ခေါင်းညိမ့်၍ စိတ်ဝိဉာည်ချီများကို ချုပ်နှောင်ခြင်းအစီအရင်သုံးခုထဲသို့ထည့်သွင်းကာ သိုလှောင်ထားသော စိတ်ဝိဉာည်ချီပမာဏကို တိုးမြှင့်လိုက်သည်။
၎င်းကြောင့် ချုပ်နှောင်ခြင်းအစီအရင်များက ပို၍ပင်သန်မာသွား၏။
“သတ်ဖြတ်ခြင်းအစီအရင်တစ်ခုတည်းကမလုံလောက်သေးဘူး၊ နောက်သုံးခုလောက်ထပ်လုပ်ရမယ်”
“ဒါပေမယ့် ဘာကိုသုံးရင်ကောင်းမလဲ”
လုချန်ရှန်းကမေ့စေ့ကိုပွတ်ကာ သူပျင်းနေချိန်တွင် ဖန်တီးခဲ့သော အစီအရင်များကို တွေးတော့နေလေသည်။
“ငရဲမီးအစီအရင်၊ မဟုတ်သေးဘူး။ ဒါက ငါအစီအရင်ပညာကိုလေ့လာနေတုန်းက ပထမဆုံးဖန်တီးခဲ့တာဘဲ။ အဲ့မှာ ယိုပေါက်တွင်အများကြီးရှိမှာ စွမ်းအားအရမ်းကောင်းမှာမဟုတ်ဘူး”
လုချန်ရှန်းကခေါင်းခါရမ်းလိုက်သည်။
ထိုအစီအရင်ကို ပထမဆုံးအကြိမ် ဖန်တီးတုန်းက ငှက်ကလေးကို ထိတ်လန့်စေတယ်ဆိုတာ သူနည်းနည်းမှ မသိခဲ့ပေ။
ကမ္မမီးတောက်အစီအရင်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ကမ္မမီးတောက်က နိဗ္ဗာနမီးတောက်အောက် မနိမ့်ကျပေ။
နိဗ္ဗာနမီးတောက်က ကုသရာတွင်အသုံးပြုလေသည်။
သို့သော်လည်း ငရဲမီးတောက်က သတ်ဖြတ်ခြင်းစွမ်းအားတစ်ခုဖြစ်သည်။
သတ်ဖြတ်ခြင်းစွမ်းအားအရာတွင် ငရဲမီးတောက်က နိဗ္ဗာနမီးတောက်ထက် ပိုစွမ်းအားကြီးလေသည်။
“ကောင်းကင်ဘုံသင်္ချိုင်းအစီအရင်ကရော။ မဟုတ်သေးဘူး၊ ဒါလဲ ကောင်းမှာမဟုတ်ဘူး”
ထိုအစီအရင်က များပြားသောစိတ်ဝိဉာည်ချီများကို အခြေခံအုစ်မြစ်အနေနှင့်အသုံးပြုကာ တောင်ထိပ်များအဖြစ်ပြောင်းလဲပြီး ရန်သူများကိုအတွင်းမှ ချေမွပြစိနိုင်သောအစီအရင်တစ်ခုဖြစ်သည်။
“ဒါလည်း မကောင်းပြန်ဘူး”
“ဟူး ငါ နောက်ထပ်သုံးခုလောက်ထပ်ဖန်တီးရမယ်”
ထိုသို့တွေးကာ လုချန်ရှန်း လေပေါ်တွင်ထိုင်ကာ အတွေးနက်နေလေသည်။
တစ်ဖက်တွင် ဧကရာဇ်မင်းဆရာနှင့် အရှင်ဗုဒ္ဓတို့၏တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေသည်။
သိုင်းဧကရာဇ်တစ်ပိုင်းအဆင့်ကျွမ်းကျင်သူနှစ်ဦး၏ တိုက်ပွဲသက်ရောက်မှု့ကြောင့် မဟာမိတ်တပ်များက ရွေးချယ်စရာမရှိဘဲ သတိထားနေရသည်။
အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူများ ထုတ်လွတ်ထားသော စိတ်ဝိဉာည်အကာအရံက ငလျှင်အသေးစားလေးကို ခုခံနေရသည်။
နောက်ဆက်တွဲငလျင်များသည် စိတ်ဝိဉာည်ချီအကာအရံကိုရှိုက်ခတ်နေလေသည်။
အကာအရံက တောင့်မခံနိုင်ဘဲ အပေါက်များဖြစ်ပေါ်ကာ တုန်ခါနေလေသည်။
၎င်းကြောင့် ကျောင်းအုပ်ယန်တို့ကို လေးနက်သောအမူအရာဖြစ်စေ၏။
သိုင်းဧကရာဇ်တစ်ပိုင်းအဆင့်ကျွမ်းကျင်သူများနှင့် သူတို့ကြားတွင် ကြီးမားသော ခြားနားချက်မှာ အမှန်ပင်ဖြစ်သည်လား။
ဟုန်ရင်၊ ယဲ့ချိုးပိုင်၊ နင်းချန်ရှင်းနှင့် ရှစ်ရှန်းက လေပေါ်ရှိတိုက်ပွဲကိုရပ်ကြည့်နေလေသည်။
ရှစ်ရှန်းက ခေါင်းကုတ်ကာ ပြောလိုက်သည်။ “ဆရာတူအမ၊ ကျွန်တော်တို့ တကယ်ဘဲ မကူညီပေးရဘူးလား”
ဟုန်ရင်က ခေါင်းခါလိုက်၏။ “အခုချိန်မှာ ငါတို့က သိုင်းဧကရာဇ်တစ်ပိုင်းအဆင့်ကျွမ်းကျင်သူတွေရဲ့တိုက်ပဲဲကြားမှာ ဝင်ကူလောက်နိုင်တဲ့ထိ မသန်မာသေးဘူး”
သူတို့က သိုင်းဧကရာဇ်အဆင့်နှင့် ခြေတစ်လှမ်းဝေးကွာနေသော်လည်း သူတို့၏အဆင့်တွင် ဧကရာဇ်ဆိုသည့်စကားကပါနေသေးသည်။
၎င်းက အာကာသနတ်ဘုရားနယ်ပယ်နှင့်အကွာကြီးဖြစ်သည်။
သန်မာသည့်သူက နယ်ပယ်ပိုမြင့်၏။ နယ်ပယ်နှစ်ခုကြားခြားနားချက်က ဖြတ်ကျော်ရန်ခက်ခဲသည်။
အရှင်ဗုဒ္ဓက ညင်သာစွာအော်လိုက်သည်။
သူ့နောက်ရှိ ရွေရောင်ဗုဒ္ဓကလည်း ပါးစပ်ကိုဖွင့်လိုက်၏။
ဗုဒ္ဓခြင်္သေ့ဟိန်းသံ။
စက်ဝိုင်းသဏ္ဍန်ရွှေရောင် အသံလိုင်းများက ဧကရာဇ်မင်းဆရာဆီသို့ဝင်ရောက်သွား၏။
မြေပြင်က တုန်ယင်သွားသည်။
ကောင်းကင်နှင့် မြေကြီးပင် တုန်ခါနေသည်။
နောက်ရှိ စိတ်ဝိဉာည်အကာအရံထဲမှ အာကာသနတ်ဘုရားအဆင့် ကျွမ်းကျင်သူများက ကျင့်ကြံခြင်းများရပ်တန့်လိုက်ရကာ နားများကို အုပ်ထားလိုက်ကြသည်။
အချို့ဆိုလျှင် ခွာရနှစ်ခုပေါက်က သွေးများယိုစိမ့်ကာ မြေပြင်ပေါ်သို့လဲကျနေတော့သည်။
ဘေးနားရှိ အဂ္ဂိရတ်ဂိုဏ်းမှ အကြီးအကဲတစ်ဦးက ဆေးလုံးများကို ချက်ချင်းဘဲ ပို့ပေးလိုက်သည်။
ထိုမှသာ သူတို့က အသက်ဘေးမှ လွတ်သွားကြသည်။
သိုင်းဧကရာဇ်တစ်ပိုင်းအဆင့်ကျွမ်းကျင်သူများတိုက်ကွက်က အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူများကို ပုရွတ်ဆိတ်များလိုဖြစ်စေ၏။
ချင်းယွမ်နယ်ပယ်နှင့်အောက်အဆင့်များဆိုလျှင် ပြောမနေနှင့်တော့။
ဧကရာဇ်မင်းဆရာ၏ မျက်နှာက နက်မှောင်သွားသည်။
တစ်ဖက်ကလူ ဤနေရာသို့ လာရသည့်အကြောင်းကို သူသိလေသည်။
မဟာမိတ်တပ်များ သန့်စင်သောစိတ်ဝိဉာည်ချီကို စုပ်ယူ၍ အင်အားတိုးမြှင့်ခြင်းမှ နှောင့်ယှက်ခြင်းပင်ဖြစ်လေသည်။
၎င်းက မဟာမိတ်တပ်များ၏ အင်အားကို ယုတ်လျော့စေခဲ့သည်။
သူ့ရည်ရွယ်ချက် အလွန်ယုတ်ညံ့ကာ သေဖို့ထိုက်တန်လေသည်။
ဧကရာဇ်မင်းဆရာက အလျှင်အမြန် တန်ပြန်တိုက်ခိုက်လိုက်လေသည်။
လက်ထဲရှိ တောင်ဝှေးအားဝှေ့ရမ်းလိုက်၏။
တောင်ဝှေးထဲတွင်မြောက်များစွာသော စိတ်ဝိဉာည်ချီများက စိတ်ဝိဉာည်ချီမြစ်အဖြစ်ပြောင်းလဲသွားသည်။
ဧကရာဇ်မင်းဆရာက ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။
စိတ်ဝိဉာည်ချီမြစ်က တဖန်ပြောင်းလဲသွားပြန်သည်။
၎င်းက အလွန်ကြီးမားသော လှိုင်းလုံးသဖွယ်ပြောင်းလဲကာ အသံလှိုင်းများကို တားဆီးလိုက်၏။
၎င်းကိုမြင်သောအခါ အရှင်ဗုဒ္ဓက တိုက်ခိုက်မှု့ကိုရပ်ကာ နောက်ကိုဆုတ်လိုက်သည်။ သူပြုံး၍ ပြောလေသည်။ “အောမီတော်ဖော်၊ ကိုယ်တော်ရဲ့ မိတ်ဆွေဟောင်းကြီးရဲ့ခွန်အားက ယခင်အတိုင်းဘဲဆိုတော့ စိတ်သက်သာရာရသွားပါတယ်”
ဧကရာဇ်မင်းဆရာက စိတ်ဝိဉာည်ချီမြစ်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ သူအမူအရာက တည်ငြိမ်နေသော်လည်း သူ့အကြည့်က မြူဆိုင်းနေသည်။
“သူတော်ကောင်းယောင်ဆောင်နေစရာမလိုဘူး”
“ငါတူက ဘက်မတူတော့မှတော့ ရန်သူတွေဘဲ။ အနာဂါတ်မှာ စစ်ပွဲစတင်တဲ့အခါ ငါတော့ ညှာနေမှာမဟုတ်ဘူး”
ထိုသို့ပြောပြီး ဧကရာဇ်မင်းဆရာ၏ကိုယ်မှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒများက ထိုးထွက်လာသည်။
အရှင်ဗုဒ္ဓအမူအရာက မပြောင်းလဲ။ သူ၏မျက်နှာတွင် ညင်သာသောအပြုံးတစ်ခုရှိနေသေးသည်။
“ကောင်းပါပြီ။ ဒါဆို ကိုယ်တော့အရင်ပြန်ကြွလိုက်ပါဦးမယ်”
ထိုသို့ပြောပြီးနောက် အရှင်ဗုဒ္ဓက ဘုန်းတော်ကြီးလေးဦးနှင့်အတူ တိမ်ဖီးနစ်မြို့မှ ပြန်လည်ထွက်သွားတော့သည်။
ဧကရာဇ်မင်းဆရာအမူအရာက အောက်ရှိတပ်သားများကိုကြည့်ကာ နက်မှောင်သွား၏။
ဗုဒ္ဓအရှင်၏ အသံလှိုင်းကြောင့် သူတို့က ကျင့်ကြံခြင်းများကို ရပ်တန့်လိုက်ရသည်။
ဒဏ်ရာကြီးကြီးငယ်ငယ်ရသည်က အကြောင်းမဟုတ်။
အရေးကြီးသည်က မဟာမိတ်တပ်များ၏ စိတ်အခြေအနေက သက်ရောက်ခြင်းခံလိုက်ရသည်။
“ဘယ်လိုတောင် ကောင်းလိုက်တဲ့ အကွက်ရွှေ့မှု့လဲ”
ဧကရာဇ်မင်းဆရာက သက်ပြင်းချ၏။
ယခုတော့ ကောင်းကင်ဘုံလမ်းသို့မသွားမှီ မဟာမိတ်တပ်များ၏ ဒဏ်ရာအပြင်ကို စိတ်အခြေအနေများကိုပါ ပြန်လည်ကုသရတော့မည်။
တစ်ချိန်တည်းမှာ ကောင်းကင်ဘုံလမ်းနှင့် မဝေးသောနေရာတွင်
အနက်ရောင်ပုံရိပ်များက ကန္တာရဒေသသို့ ဦးတည်၍လာနေ၏။
ထိုသူများကို လူရှစ်ဦးက ဦးဆောင်၍လာနေသည်။
ထိုရှစ်ဦးထဲတွင် ကောင်းကင်ဘုံစိတ်ဝိဉာည်ဂိုဏ်းရှိ ဂိုဏ်းချုပ် ခုန်းကျန်းဟန့်ပင်။
အခြားခုနှစ်ဦးကတော့ ကောင်းကင်ဘုံစိတ်ဝိဉာည်ဂိုဏ်း၏ ထိပ်တန်းကျွမ်းကျင်သူများဖြစ်ကြသည်။
ပြောရလျှင် ကောင်းကင်ဘုံစိတ်ဝိဉာည်ဂိုဏ်းက သူတို့၏အင်အားများကို စုသည်းလာကာ နယ်မြေနှလုံးသားကို ရအောင်ယူမည့်ဟန်ရလေသည်။
နှစ်တစ်သောင်းကျော်ကြာပြီးနောက် ခုန်းကျန်းဟန့်က စိတ်မရှည်နိုင်တော့ပေ။
သူမည်သို့မှ အချိန်ဆွဲ၍ မရတော့ချေ။