တိမ်ဖီးနစ်မြို့တော်က စိတ်ဝိဉာည်ချီများဖြင့် ပြည့်နက်နေသည်။
လူတိုင်းက မြေပြင်တွင် ခြေချိတ်ထိုင်နေကြကာ သန့်စင်သော စိတ်ဝိဉာည်ချီများကို အငန်းမရစုပ်ယူနေကြသည်။
ဟုန်ရင်က ပြုံးလျှက်ပြောလေသည်။ “ဧကရာဇ်မင်းဆရာ၊ ရှင့်ကြည့်ရတာ ဒီလိုနေ့မျိုးရောက်လာမှာကို ကြိုမြင်နေသလိုဘဲ။ ပြင်ဆင်ထားပြီးပြီလား”
ဧကရာဇ်မင်းဆရာက ပြုံး၍ ပြောလေသည်။ “အရှင်မက အရမ်းကို ကြင်နာပါတယ်။ ကျွန်တော်မျိုးက နှစ်တစ်သောင်းလုံးဘာမှ မလုပ်နိုင်ခဲ့ပါဘူး”
“ဒီနှစ်တွေထဲ ကျွန်တော်မျိုးက စိတ်ဝိဉာည်ချီတွေကို ဒီနေ့အထိ ဆန်းကြယ်နယ်မြေအတွင်းမှာ အဆက်မပြတ် သန့်စင်နေခဲ့ပါတယ်”
ကျင့်ကြံသူများစုပ်ယူလေ့ရှိသော စိတ်ဝိဉာည်ချီများက လုံးဝသန့်စင်ခြင်းမရှိပါက ကျင့်ကြံသူအနေနှင့် ခန္ဓာကိုယ်အတွင်းမစုပ်ယူမှီ သွေးကြောအတွင်းရှိ ပထမဆုံးကျင့်စဉ်တစ်ခုကိုအသုံးပြုကာ စိတ်ဝိဉာည်ချီအတွင်းမှ မသန့်စင်မှု့များကို စစ်ထုတ်ပြီးမှ တန်းထျန်အတွင်သို့ဝင်ရောက်ကာ ကိုယ်ပိုင်ခွန်အားအဖြစ်ပြောင်းလဲပေးသည်။
သို့သော်လည်း မသန့်စင်မှု့များကို လုံးလုံးတော့ စစ်မထုတ်နိုင်သေးပေ။ ထို့ကြောင့် သူ့ကျင့်ကြံခြင်းအလျှင်က အတော်ပင်လျှော့ကျသွားသည်။
သို့ပေမည့် ယခုတော့ ဧကရာဇ်မင်းဆရာ သန့်စင်ထားသော စိတ်ဝိဉာည်ချီများ တန်းထျန်အတွင်းသို့ တိုက်ရိုက်စုပ်ယူနိုင်ပြီး သူ့ကျင့်ကြံခြင်းနယ်ပယ်ကို မြှင့်တင်နိုင်လေသည်။
ထိုနည်းလမ်းဖြင့် သူ၏ကျင့်ကြံခြင်းနည်းလမ်းက အလွန်လျှင်မြန်စွာတိုးတက်သွားပေမည်။
နှစ်တစ်သောင်းအတွင်းတွင် ဧကရာဇ်မင်းဆရာက စိတ်ဝိဉာည်များကို သန့်စင်ခဲ့သည်။
လူတော်တော်များများက ရက်တစ်တည်းနှင့် အဆင့်ချိုးဖြတ်ကြကုန်သည်။
ချန်းယွမ်နယ်ပယ်အထွတ်အထိပ်အဆင့်မှ အာကာသနတ်ဘုရားနယ်ပယ်တစ်ပိုင်းအဆင့်ကို ချိုးဖြတ်ဝင်ရောက်သွားနိုင်သူများလည်းရှိလေသည်။
လက်ရှိအရှိုန်နှင့် သန့်စင်သောစိတ်ဝိဉာည်ချီများကို စုပ်ယူလိုက်ပါက လူတိုင်းသည် နယ်ပယ်အဆင့်တစ်ခုထိ တိုးတက်သွားမည်ဖြစ်သည်။
ထိုအခိုက် ဟုန်ရင်က ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
သူက နားမလည်နိုင်စွာဖြင့် ယဲ့ချိုးပိုင်ကို မေးလိုက်လေသည်။ “ဆရာက ဘယ်ကိုသွားနေတာလဲ”
“အိုး”
ယဲ့ချိုးပိုင်က ကောင်းကင်ကို လက်ညိုးထိုးပြပြီး၊ ပြုံးလိုက်သည်။ “ပိုပြီး အန္တရာယ်အောင်လို့ဆိုပြီး သူက နောက်ထပ်အစီအရင်တွေသွားပြီး တည်ဆောင်နေတယ်”
ဟုန်ရင်က အကူညီမဲ့စွာ ပြုံးလေသည်။
သူတို့ဆရာက အရာရာတိုင်းတွင်တော်လွန်းနေသည်။
ပျင်းရိကာ အဆိပ်ပြင်းသည့်ပါးစပ်ရှိသည်မှလွဲ၍ သူက အလွန်သတိရှိလေသည်။
ထို့ပြင် သူမည်မျှသန်မာမှန်း သူမသိပေ။
ယခင်တုန်းက ဟုန်ရင်နှင့် အခြားသူများက လုချန်ရှန်းမည်မျှသန်မာကြောင်းပြောပြရန်ကြိုးစားခဲ့သေးသည်။
သူက အလွန်သန်မာလွန်း၍ သူတို့ပင် ဖောက်မမြင်နိုင်ခဲ့သော်ငြားလည်း သူက မယုံကြည်ပေ။
သူတို့က ဘယ်လိုပြောရမည်နည်း။
သူက သတိထားတာကို နည်းနည်းလောက် လျှော့ပေးလို့မရပေဘူးလား။
တစ်ဖက်လူက သူ၏ခွန်အားကို ဖုံးကွယ်ထားပြီး ဝှက်ဖဲရှိနေရင်ရော၊ သို့မဟုတ် သူ့နောက်တွင် သန်မာသောသူတစ်ဦးရှိနေလျှင်ရော။
သူတို့ ဒုက္ခရောက်သွားနိုင်လေသည်။
လုချန်ရှန်းပြောသည်ကို အကြမ်းဖြင်းနားလည်လေသည်။
ဟုန်ရင်တို့အုပ်စုက လုချန်ရှန်း၏ ပင်ကိုယ်ဗီဇကို ဘာမှမလုပ်နိုင်ကြပေ။
မိနစ်၃၀ ခန့်ကြာပြီးနောက်
ဟုန်ရင်က ရုတ်တရက် အနောက်ဘက်ယွန်းယွန်းကို လှမ်းကြည့်လိုက်လေသည်။
ဧကရာဇ်မင်းဆရာကလည်း ပြောလိုက်လေသည်။ “ဖိတ်မခေါ်ထားတဲ့ ဧည့်သည်တွေရောက်လာတာနဲ့တူတယ်”
ကျိုထျန်းမျိုးနွယ်စုက လက်နက်များကို ဆွဲထုတ်လိုက်ကာ ဟုန်ရင်နှင့် ဧကရာဇ်မင်းဆရာရှေ့တွင် ရပ်နေလိုက်သည်။
ထိုအခိုက်
“ဘယ်သူတွေလဲ”
ယွင်ကျန့်က အော်ပြောလိုက်သည်။
ထိုစဉ် အနောက်ဘက် ကောင်းကင်ယံတွင်၊
လူငါးဦးက အလွန်လျှင်မြန်သော အရှိုန်ဖြင့် ပျံသန်းလာနေသည်။
တချိန်တည်းမှာပင် သူတို့အပေါ်တွင် ဗုဒ္ဓအလင်းများလင်းလက်ကာနေလေသည်။
မဟာယနဗုဒ္ဓဂိုဏ်းတော်ကလား သူတို့ဘာလာလုပ်ကြတာလဲ။
အခြားအဖွဲ့အစည်းများက မှင်သက်သွားကြသည်။
သိရမည်က မဟာယနဗုဒ္ဓဂိုဏ်းတော်သည် တိမ်ဖီးနစ်အင်ပါယာနှင့် မပူးပေါင်းဘဲ နယ်မြေစစ်ပွဲတွင် ပါဝင်ရန်ဆန္ဒမရှိကြပေ။
ဟုန်ရင်တို့တတွေသာ မဟာယနဗုဒ္ဓဂိုဏ်းတော်က ပြဿနာရှာရန်ရောက်လာခြင်းကို သိကြသည်။
သူတို့က အထက်ကမ္ဘာနှင့်တဖွဲ့တည်းဖြစ်လေသည်။
ဧကရာဇ်မင်းဆရာက ဦးဆောင်လာသောလူကို တည်ငြိမ်သော အကြည့်နှင့် ကြည့်နေလေသည်။ “ဒီမြည်းဂတုံးအိုကြီးက မသေနိုင်သေးဘူးဘဲ။ သူ့လက်အိုးထဲမှာ လှည့်ကွက်တွေရှိပုံရတယ်နဲ့တူတယ်”
ဦးဆောင်လာသော ဘုန်းတော်ကြီးက လက်အုပ်ချီကာ ပြောလိုက်လေသည်။ “အောမီတော်ဖော်၊ အရှင်ဧကရာဇ်မင်းဆရာက သက်ရှိထင်ရှားရှိနေသေးပါလား။ ဒီဘုန်းကြီးအိုကြီးက မိတ်ဆွေဟောင်းကြီးကို ထားပြီးအရင် မသွားချင်သေးပါဘူး”
ထိုဘုန်းတော်ကြီးက အလွန်ငယ်ရွယ်ဟန်ရသော်လည်း သူ့ကိုယ်သူ ဘုန်းကြီးအိုကြီးတစ်ပါးသို့ ရည်ညွန်းပြောဆိုနေလေသည်။
တစ်ချိန်တည်းတွင် မဟာယနဗုဒ္ဓဂိုဏ်း၏ အကြီးအကဲ လေးဦးသည် သူ့နောက်တွင် တလေးတစား ရပ်နေ၏။
၎င်းကြောင့် လူတိုင်းကို တွေးတောစေမိသည်။
ထိုလူက ဘယ်သူနည်း။
သိပ်မကြာခင် ဧကရာဇ်မင်းဆရာက အဖြေပေးလိုက်သည်။
“အရှင်ဗုဒ္ဓ၊ မင်းငါ့ကိုတွေ့ချင်ရုံသက်သက်နဲ့ ဒီကိုလာခဲ့တာမဟုတ်ဘူးလား”
အရှင်ဗုဒ္ဓ၊
မဟာယနဗုဒ္ဓဂိုဏ်းတော်၏ အရှင်သခင်။
လူတိုင်းက ထိတ်လန့်သွားတော့သည်။
မဟာယနဗုဒ္ဓဂိုဏ်းတော်က လျှို့ဝှက်နက်နဲကာ နိမ့်ချစွာနေလေသည်။
ကျောင်းအုပ်ယန်တို့ပင် မဟာယနဗုဒ္ဓဂိုဏ်းတော်တွင် အာကာသနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ ခြောက်ဦးသည် နေ့စဉ်အရေးကိစ္စများကို တာဝန်ခံကြောင်းသာ သိကြသည်။
သို့သော်ငြားလည်း ထိုအာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူခြောက်ဦးအထက်တွင် အရှင်ဗုဒ္ဓတစ်ပါးရှိနေသေးလေသည်။
ထို့ပြင် ဧကရာဇ်မင်းဆရာ၏ လေသံအရ အရှင်ဗုဒ္ဓက သူနှင့် မျိုးဆက်တူတူဖြစ်လေသည်။
ထိုသို့ဆိုလျှင် အရှင်ဗုဒ္ဓ၏ ခွန်အားကမည်သည့်အဆင့်ကို ရောက်နေပြီလဲ။
အရှင်ဗုဒ္ဓက ပြုံး၍ ပြောလေသည်။ “ဒကာကြီးရဲ့ ဒေါသက မပြောင်းလဲဘူးဘဲ။ ကိုယ်တော်ကွေ့ပတ်ပြီး မပြောချင်ဘူး၊ ဒကာကြီးတို့က ဒီစစ်ပွဲကို တကယ်ဆက်ဖြစ်ချင်နေတာလား”
ဧကရာဇ်မင်းဆရာက ဘာမှမပြောပေ။
သို့သော်လည်း အရှင် ဗုဒ္ဓက ဟုန်ရင်နှင့် ဧကရာဇ်မင်းဆရာတို့ကိုတစ်လှည့်ကြည့်ပြီးနောက် ခေါင်းညိမ့်ကာပြောလိုက်လေသည်။ “အင်းပါ၊ ညှိနှိုင်းဖို့ မဖြစ်နိုင်ဘူးဆိုတော့။ ကိုယ်တော်တို့ တဖက်တည်းမဖြစ်နိုင်တော့ဘူးလေ၊ စိတ်မကောင်းစရာဘဲ”
ထိုသို့ပြောပြီးနောက် အရှင်ဗုဒ္ဓ၏ခန္ဓာကိုယ်တွင် အလင်းရောင်များတောက်ပလာသည်။
သူက လက်အုပ်ချီလိုက်၏။ သူ့နောက်တွင် ဗုဒ္ဓရောင်တော်ကအလျှင် အမြန်စုဝေးလာကာ ရွှေရောင်ဗုဒ္ဓတစ်ပါးဖြစ်ပေါ်လာလေသည်။
ထိုအရှိုန်အဝါက အာကာသနတ်ဘုရားနယ်ပယ်ထက် အဆပေါင်းများစွာ သန်မာလေသည်။
ကျောင်းအုပ်ယန်နှင့် အခြားအာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူများက ထိုအရှိုန်အဝါကြောင့် အသက်ရှုကြပ်နေလေသည်။
ချင်းယွမ်နယ်ပယ်ရှိသူများဆိုလျှင် ပြောနေစရာပင်မလိုပေ။
“ဒါဆို၊ ကျုပ်ကလည်း တားဆီးရမှာပေါ့” ဧကရာဇ်မင်းဆရာက သူ၏ တောင်ဝှေးကို ထုတ်ယူလိုက်လေသည်။ ဧကရာဇ်မင်းဆရာ၏ခန္ဓာကိုယ်မှ တူညီသော အရှိုန်အဝါများပေါ်လာလေသည်။
“ဒကာကြီးတားနိုင်မှာလား”
ထိုသို့ပြောပြီးနောက်တွင် ဧကရာဇ်မင်းဆရာက တောင်ဝှေးကို ရမ်းလိုက်လေသည်။
မြောက်များလှစွာသော စိတ်ဝိဉာည်ချီများပါဝင်သောလှိုင်းလုံးကြီးတစ်ခုက အရှင်ဗုဒ္ဓထံသို့ တိုးဝင်သွားလေသည်။
တစ်ချိန်တည်းမှာပင် အရှင်ဗုဒ္ဓက လက်ဝါးတစ်ချက်ကို ထုတ်ဖော်လိုက်သည်။
အရှင်ဗုဒ္ဓ၏လက်ဝါးနှင့် သူ့နောက်ကျောရှိ ရွှေရောင်ဗုဒ္ဓကလည်း လက်ဝါးချက်တစ်ခုကို ထုတ်ဖော်လိုက်လေသည်။
သိုင်းဧကရာဇ်တစ်ပိုင်းအဆင့်ကျွမ်းကျင်သူနှစ်ဦး၏ တိုက်ခိုက်မှုများက ထိပ်တိုက်တွေ့ဆုံသွားကြသည်။
ဘေးပတ်လည်ရှိ လေထုက ကွဲအက်သွားကာ အက်ကွဲကြောင်းများ အတွင်းမှ လေဟာနယ်မုန်တိုင်းများဖြစ်ပေါ်လာလေသည်။
ကျောင်းအုပ်ယန်နှင့် အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူများက အကာအကွယ်တစ်ခုကို တည်ဆောက်လိုက်ကြသည်။
ထိုအကာအကွယ်ကြောင့် လေဟာနယ်မုန်တိုင်းများက စစ်သည်များကို မထိခိုက်စေနိုင်ပေ။ ၎င်းကြောင့် အပျက်ဆီးမျာစွာဖြစ်ပေါ်ခဲ့သည်။
တစ်ချိန်တည်းမှာပင် အရှင်ဗုဒ္ဓနောက်ရှိ လူအိုကြီးလေးဦးကလည်း တိုက်ခိုက်လိုက်သည်။
သူတို့က တိမ်ဖီးနစ်မြို့ထဲရှိ စိတ်ဝိဉာည်ချီများကို ကုန်ဆုံးစေရန် စတင်၍ တိုက်ခိုက်လိုက်သည်။
သူတို့က တိမ်ဖီးနစ်မြို့ရှိ မဟာမိတ်တပ်သားများ၏ အင်အားတိုးမြှင့်နေခြင်းကို ရပ်တန့်ရန်ရောက်လာခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူတို့က အထက်ကမ္ဘာရှိသူများ ကောင်းကင်ဘုံလမ်းရှိ အစီအရင်ကို ချိုးဖြတ်နိုင်စေရန် အချိန်ဆွဲပေးနေခြင်းပင်။
လူတိုင်းသည် လေးနက်သောအမူအရာများဖြင့် သိုင်းဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူနှစ်ဦးကို လှမ်းကြည့်ကြသည်။
အရှိုန်အဝါက အလွန်အမင်းပြင်းထန်လေသည်။
အနည်းငယ်လွဲမှားသွားတာလေးကပင် သူတို့က ဒဏ်ရာအပြင်းထန် သို့ အသက်ပင်သေစေနိုင်၏။
ဒါ… ဒါက သိုင်းဧကရာဇ်နယ်ပယ်တစ်ပိုင်းအဆင့်လား။
ဟုန်ရင်က သူမခွန်အားကို ပြန်လည်ရရှိပြီး သိုင်းဧကရာဇ်နယ်ပယ်ကိုရောက်ရှိသွားပါက မည်မျှပင် ထိတ်လန့်ဖွယ်ကောင်းမည်နည်း။
သူတို့က တွေးပင်မတွေးရဲပေ။
ထိုအခိုက် အရှင်ဗုဒ္ဓနှင့် ဧကရာဇ်မင်းဆရာက တစ်ပြိုင်တည်း နောက်ကို ဆုတ်လိုက်ကြသည်။
သူတို့ခွန်အားက တူညီနေလေသည်။
“မြည်းဂတုံးအိုကြီး၊ မင်းဒီနှစ်တွေအများကြီးကြာတာတောင် တိုးတက်မလာခဲ့ဘူး”
အရှင်ဗုဒ္ဓက ညင်သာစွာ ပြုံးလျှက်ပြောသည်။ “ဒကာကြီးလဲ တူတူဘဲလေ”
သူတို့က ထပ်မံတိုက်ခိုက်ကြပြန်သည်။
ဘယ်သူကမှ သိုင်းဧကရာဇ်နယ်ပယ်တစ်ပိုင်းအဆင့်ကျွမ်းကျင်သူနှစ်ဦးအကြားတွင် ဝင်မစွက်ဖက်ရဲပေ။
အခြားတစ်ဖက် ကောင်းကင်ဘုံလမ်းတွင်၊
လုချန်ရှန်းက ရောက်လာသည်။
သူက မေ့စေ့ကို ပွတ်ကာ တွေးတောနေလေသည်။
သူ ဘာ အစီအရင်ကို တည်ဆောက်ရင် ကောင်းမလဲ။
မရဏကိုးလောကအစီအရင်ကို ဒီကို ရွှေ့လာလိုက်ရမလား။