အချိန်ကား လဝက်ခန့်သာရှိ၏။
၎င်းက လုချန်ရှန်းပေးသော အချိန်ပမာဏဖြစ်သည်။
အဖွဲ့အစည်းများက အပြင်တွင်နေထိုင်သော အင်အားစုများကို ပြန်လည်ခေါ်ဆိုနေကြသည်။
သူတို့က ပြင်ပဒေသများက တိုက်ခိုက်လာမှု့များအတွက် ကြိုတင်ပြင်ဆင်ရန် အလယ်ပိုင်းဒေသတွင် စုရုံးလာကြသည်။
နယ်မြေစစ်ပွဲက စတင်တော့မည်ဖြစ်သည်။
ထိုအခိုက်တွင် လွင့်မျောမြို့တော်၏ အင်ပါယာနန်းတော်ထဲတွင် လုချန်ရှန်းနှင့် ယဲ့ချိုးပိုင်မှလွဲ၍ မည်သူမှ မရှိတော့ပေ။
ဟုန်ရင်က မေးလိုက်သည်၊ “ဆရာ၊ ကောင်းကင်ဘုံလမ်းမှာ အစီအရင်တစ်ခုကို တည်ဆောက်ခဲ့တာ တကယ်လား”
လုချန်ရှန်းက မျက်လုံးစွေကြည့်ပြီး ပြောလိုက်လေသည်၊ “မဟုတ်ရင် ဒီကို တစ်ယောက်ယောက်ကို လွှတ်ထားလောက်ပြီလေ။ ဘာလို့ အခုအချိန်အထိ စောင့်နေရမှာလဲဟ”
၎င်းကိုကြားသော် ဟုန်ရင်က ခေါင်းညိမ့်လေသည်။
အမှန်စင်စစ်၊ တဖက်အဖွဲ့က လော့ယီမင်းဆက်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို လက်တုံ့ပြန်ရန်မှာ မဖြစ်နိုင်ပေ။
သေခြင်းတရားကို စောင့်ဆိုင်းခြင်းသည် ပြင်ပလောကမှ လူများ၏ ပုံစံမဟုတ်ပေ။
“လဝက်က မဆိုးပါဘူး။ နည်းနည်းတော့ အသက်ရှုချောင်သွားတာပေါ့”
ဟုန်ရင်က ပြုံးလျှက်ပြောသည်၊ “တိုက်တိုက်ဆိုင်ဆိုင်၊ ကျွန်မတို့ကလည်း ဧကရာဇ်မင်းဆရာကို တခါးပိတ်ကျင့်ကြံနေရာကနေ ဖိတ်ခေါ်ထားလိုက်နိုင်တယ်”
တိမ်ဖီးနစ်အင်ပါယာအတွင်းတွင် ဟုန်ရင်ပြီးလျှင် ဧကရာဇ်မင်းဆရာသည် ဒုတိယလိုက်လေသည်။
ယခုအချိန်တွင် ထိုသို့သောအခြေအနေရှိနေသည့် တိမ်ဖီနစ်အင်ပါယာအတွက် ဧကရာဇ်မင်းဆရာ၏ ပံ့ပိုးကူညီမှုသည် လျှော့တွက်၍မရဟု ဆိုနိုင်သည်။
ဟုန်ရင်က တိမ်ဖီးနစ်အင်ပါယာ၏ အသည်းနှလုံး ဝိဉာည်ဆိုပါက ဧကရာဇ်မင်းဆရာက အရိုးစုဖြစ်လေသည်။
ကျိုးထျန်းမျိုးနွယ်စုကလည်း ဝင်ပြောလိုက်လေသည်၊ “အရှင်မ၊ ကျွန်တော်မျိုးတို့ နောက်ကလိုက်ခဲ့ရမလား”
ဟုန်ရင်က ခေါင်းခါကာ ငြင်းပယ်လိုက်သည်၊ “မင်းတို့က စစ်တပ်ကို ဟန်ချက်ညီအောင်ထိန်းရဦးမယ်။ ငါတစ်ယောက်တည်းသွားလို့ရတယ်”
ထို့နောက် ဟုန်ရင်က လုချန်ရှန်းကို ဦးညွတ်ပြီး တောင်ပိုင်းဒေသ ကန္တာရသို့ ဦးတည်ထွက်သွားလေသည်။
တိမ်ဖီးနစ်ဆန်းကြယ်နယ်မြေက ကန္တာရရှိ အနက်ရှိုင်းဆုံးအပိုင်းတွင် တည်ရှိလေသည်။
အလယ်ပိုင်းဒေသ ကောင်းကင်အစီအရင်မုဒ်ဝတွင်၊
ထိုဂိုဏ်းက အစီအရင်အရာတွင် နာမည်ကြီးလေသည်။
အဂ္ဂိရတ်ဂိုဏ်းက မှော်ဆေးပညာရှင်များအတွက် မြင့်မြတ်နယ်မြေတစ်ခုဆိုလျှင် ကောင်းကင်အစီအရင်မုဒ်ဝက ဤကုန်းမြေကြီးရှိ အစီအရင်ဆရာသခင်များ ဂါရဝပြုသွားရောက်ရမည့်နေရာဖြစ်သည်။
ထိုအခိုက် ကောင်းကင်အစီအရင်ဂိုဏ်းရှိ ကွင်းပြင်တစ်ခုတွင် မိုးထိုးနေသော မျှော်စင်ကိုးခုတည်ရှိ၏။
ထိုမျှော်စင်ကိုးခုက ထူးခြားသော အနေအထားဖြင့် တည်ရှိနေသည်။
တစ်ချိန်တည်းတွင် မျှော်စင်တစ်ခုစီတွင် မရေတွက်နိုင်သော မျဉ်းကြောင်းများရှိနေလေသည်။
ထိုမျှော်စင်ကိုးခု၏အလယ်တွင် ဆံပင်ဖြူအဖိုးကြီးသုံးဦးက အစီအရင်ပုံစံကို ထိန်းသိမ်းဖို့အတွက် အစီအရင်အရှိုန်အဝါများ ဘေးပတ်လည်တွင်လှည့်ပတ်နေသော စည်းတံတိပ်များကို ပြုလုပ်နေကြသည်။
ထိုသူသုံးဦးက အလွန်အမင်းတည်ငြိမ်နေသည်။
သို့သော်ငြားလည်း ရုတ်ချည်းဆိုသလို သူတို့၏ အမူအရာများက ပြောင်းလဲသွားပြီး မျက်လုံးများကို ဖွင့်လိုက်ကြသည်။
သူတို့၏ မျက်လုံးများက ထိတ်လန့်ကြောက်ရွံ့နေမှု့များဖြင့် ပြည့်နေသည်။
“ဒါက… ဘာလို့ သူတို့က ကောင်းကင်ဘုံလမ်းမှာ ရောက်နှင့်နေတာလဲ”
“သုံးရက်လောက်ကြာရဦးမှာ မဟုတ်လား။ အခုမှ တစ်ရက်ဘဲ ရှိသေးတယ်လေ”
“ဘယ်လို ဖြစ်ဖြစ် ငါတို့ အင်ပါယာကို အကြောင်းကြားမှ ဖြစ်မယ်”
ထိုသို့ဖြင့် သူတို့ သုံးယောက် တပြိုင်တည်းအော်ဟစ်လိုက်ကြသည်။
မျှော်စင်ကိုးခုရှိ မျဉ်းကြောင်းများက ပျိုးပျိုးပျက်ပျက်အလင်းများလင်းလာပြီး ကောင်းကင်သို့ ထိုးတက်သွားကာ တိမ်များအကြားတိုးဝင်သွားတော့သည်။
အလယ်ပိုင်းဒေသနှင့် ဒေသလေးခုရှိ အဖွဲ့အစည်းများအားလုံးက ၎င်းကို အာရုံခံမိလိုက်သည်။
ကျောင်းအုပ်ယန်က ပင်မလျှို့ဝှက်တာအိုကျောင်းတော်တွင် အလင်းများ ကောင်းကင်ပေါ်သို့ ထိုးတက်နေသော မျှော်စင်ကိုးခုကို ကြည့်လိုက်လေသည်။
သူ့အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။
“သုံးရက်နေမှ ဖြစ်ရမှာလေ”
လျို့ဝှက်ဓားဂိုဏ်း၏ တောင်ထိပ်တွင် လင်းရုဖုန်းက လက်နောက်ပြစ်ပြီး ကောင်းကင်ကို မော့ကြည့်နေသည်။
ထိုနေရာတွင် အလင်းများထိုးထွက်နေသော မျှော်စင်ကိုးခုရှိလေသည်။
“ကြည့်ရတာ… စစ်ပွဲက စောစောစီးစီးစနေပြီထင်တယ်…”
အလယ်ပိုင်းဒေသ၊ မုမိသားစုတွင်
မုဝမ်အာက မေးလိုက်သည်။ “အဖေ၊ အဲ့တာက ဘာလဲ”
မုဟေဲာကျောစ်းက သူ့သမီးအမေးကို ပြန်မဖြေ။ ထိုအစား သူက ချက်ချင်း အကြီးအကဲများကို သွားရှာကာ ပြတ်သားစွာပြောလိုက်သည်။ “မျိုးနွယ်စုရဲ့ တိုက်ခိုက်ရေးအင်အားကို ချက်ချင်းစစ်ဆေးပြီး ငါနဲ့ တိမ်ဖီးနစ်မြို့တော်ကိုလိုက်ခဲ့ကြ”
အကြီးအကဲများက ၎င်းကိုကြားသော် သူတို့က တုံ့ဆိုင်းခြင်းမရှိပေ။ သူတို့၏ မျက်နှာများတွင် လေးနက်သောအမူအရာများနှင့် ပြည့်နှက်နေလေသည်။
စစ်ပွဲစတင်ပြီဆိုကတည်းက သူတို့တာဝန်ကို ချက်ချင်းပင်လုပ်ဆောင်ကြတော့သည်။
ထိုအခိုက်တွင် အဖွဲ့အစည်းများစွာက ထိုသတင်းကိုကြားသော် ချက်ချင်းလှုပ်ရှားတော့လေသည်။ သူတို့က တိမ်ဖီးနစ်မြို့တော်တွင် တပ်ဖွဲ့များအားလုံးကို စုစည်းထားလိုက်လေသည်။
တိမ်ဖီးနစ်မြို့တော်တွင် ကျိုထျန်းမျိုးနွယ်၏ ခေါင်းဆောင် ယွင်ကျန့်သည်လည်း သူ့တပ်ဖွဲ့များကို တက်နိုင်သမျှ အလျှင်အမြန် စုစည်းလိုက်လေသည်။
ထို့နောက် သူက လုချန်ရှန်းကို ကြည့်လိုက်ကာ တလေးတစားဖြင့် မေးလိုက်လေသည်။ “အကြီးအကဲ၊ ကျေးဇူးပြုပြီး အမိန့်ပေးပါ”
ကျိုထျန်းမျိုးနွယ်က လုချန်ရှန်းထင်မြင်ချက်ကို တောင်းဆိုရသည့်အကြောင်းရင်းက
လုချန်ရှန်း၏ နားမလည်နိုင်သော ခွန်အားကြောင့်သာ မဟုတ်ဘဲ ဟုန်ရင်က သူမ မထွက်ခွာမီတွင် သူ့ကိုညွှန်ကြားထားပြီးဖြစ်သောကြောင့်ဖြစ်သည်။
နင်တို့ ငါမရှိချိန်မှာ သိချင်တာရှိရင် ဆရာကို မေးလို့ရတယ်။
ဆရာ့စကားက သူ့စကားဘဲ။
လုချန်ရှန်းက ကြောင်အသွားပြီး မေးလိုက်လေသည်။ “ဘာလို့ ငါက အမိန့်ပေးရမှာလဲ”
ယွင်ကျန့်က ဒူးတစ်ဖက်ထောက်ကာ လက်သီးဆုပ်အရိုအသေပေးလိုက်ပြီး “အရှင်မက သူ့မရှိချိန်မှာ အကြီးအကဲရဲ့ အမိန့်ကို နားထောင်ရမယ်လို့ ပြောထားလို့ပါ”
လုချန်ရှန်း:”…”
ဘုရားရေ။
သူတပည့်များက သူ့ကို အဆုံးထိ စိတ်ပူအောင်လုပ်သွားသေးသည်။
သို့သော်ြငါးလည်း လုချန်ရှန်းတွင် ရွှေးချယ်စရာမရှိပေ။
၎င်းက စစ်ပွဲတစ်ခုဖြစ်လေသည်။ ခေါင်းဆောင်မရှိခြင်းက တားမြစ်ချက်တစ်ခုဖြစ်လေသည်။
ယခုတော့ ဟုန်ရင်မရှိချိန်တွင် သူက သူမ၏ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကို လောလောဆယ် ပုခုံးပေါ်တင်ထားရဦးပေမည်။
“စစ်တပ်က စုစည်းပြီးပြီဆိုတော့ တခြားအဖွဲ့တွေက လူတွေနဲ့တွေ့ပြီး ငါတို့အင်အားကို ရေတွက်ကြည့်ရအောင်”
“မှော်ဆေးဆရာတွေက တောက်ပို့အနေနဲ့ ဆေးလုံးတွေ သန့်စင်ပေးရမယ်။ သူတို့ကို မပျက်တောက်စေရဘူး”
“အစီအရင်ဆရာသခင်တွေက အကူအညီပေးရမယ်”
“တစ်ချိန်တည်းမှာ အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေက ကိုယ်ပိုင်အဖွဲ့တွေကို ဦးဆောင်ရမယ်”
“အဲ့တာတွေပြီးရင် ငါတို့က ကောင်းကင်ဘုံလမ်းကို သွားမယ်”
လုချန်ရှန်းက သူ၏အစီအရင်သည် မြို့အရှင်ကို အနည်းဆုံး ၁၅ ရက်လောက် ထိန်းထားနိုင်မည်ကို မသိသော်လည်း ရက်အနည်းငယ်လောက်ထိန်းထားနိုင်မည်ဆိုလျှင် အဆင်ပြေသေးသည်။
ဘာပဲဖြစ်ဖြစ် ငါ ဒီလောက် မပျော့ညံ့နိုင်ဘူး မဟုတ်လား။
လုချန်ရှန်း၏ အမိန့်ကို ရရှိပြီးနောက်…
ယွင်ကျင်းက အမိန့်ကိုရရှိပြီးချင်း အခြားသူများကို ဦးဆောင်၍ စတင်အကောင်အထည်ဖော်တော့သည်။
တချိန်တည်းတွင် ဟုန်ရင်က မျှော်စင်ကိုးခုတွင် အလင်းရောင်များလင်းလက်နေသည်ကို တွေ့လိုက်ရသည်။
“ငါ မြန်မြန်သွားမှရမယ်…”
ထိုသို့ဖြင့် သူမက လေဟာနယ်ကိုထိုးခွဲကာ တိမ်ဖီးနစ်ဆန်းကြယ်နယ်မြေအတွင်းသို့ ဝင်ရောက်သွားသည်။
သူမက ဆန်းကြယ်နယ်မြေအတွင်းရှိ ဝါးအိမ်လေးသို့ရောက်ရှိလာ၏။
ထင်မှတ်မထားစွာပင် ဧကရာဇ်မင်းဆရာက ဘရိုကိတ်ဝတ်စုံကို ဝတ်ထားပြီး တောင်ဝှေးကို ဆွဲကိုင်ထားလေသည်။
“ဧကရာဇ်မင်းဆရာ၊ အားလုံးအဆင်သင့်ဖြစ်ပါပြီ။ ကျွန်မနောက်ကလိုက်ခဲ့ပါ”
ဧကရာဇ်မင်းဆရာက ခေါင်းညိမ့်ကာ ပြောလိုက်သည်၊ “ကျုပ်က ဒီနေ့အတွက်ကို ပြင်ဆင်ခဲ့တာ ကြာပြီ။ အရှင်မ၊ အခုသွားရအောင်”
ဧကရာဇ်မင်းဆရာ၏ ခန္ဓာကိုယ်က လုံးဝ ပြန်လည်သက်သာသွားပြီဖြစ်သည်။
သူ့နယ်ကပယ်က သိုင်းဧကရာဇ်တစ်ပိုင်းအဆင့်ဖြစ်သည်။
ဧကရာဇ်မင်းဆရာက ရှေးယခင်ခေတ်ကဖြစ်ကာ သူ့ခွန်အားက တိမ်ဖီးနစ်ဧကရီပြီးလျှင် ဒုတိယလိုက်လေသည်။
သူတို့နှစ်ဦးက ဆန်းကြယ်နယ်မြေမှ ထွက်ခွာသွားတော့သည်။
မင်းဧကရာဇ်ထွက်ခွာသွားသည်နှင့် ဆန်းကြယ်နယ်မြေသည်လည်း ပြိုလဲသွားတော့သည်။
လမ်းတစ်လျှောက်တွင် ဟုန်ရင်က ဧကရာဇ်မင်းဆရာကို ဖြစ်ကြောင်းကုန်စင်မှန်သမျှကို ရှင်းပြလိုက်လေသည်။
“ပြောရရင် အရှင်မရဲ့ ဆရာတည်ဆောက်ထားတဲ့ အစီအရင်က အနည်းဆုံးတော့ ၁၅ ရက်လောက်ခံဦးမယ်ပေါ့”
ဟုန်ရင်က ခေါင်းညိမ့်ကာ ပြောလိုက်လေသည်။ “၁၅ ရက်လို့ပြောပေမဲ့ အဲ့ထက်လည်းပိုကြာနိုင်မယ်”
ဧကရာဇ်မင်းဆရာက ပြုံးကာ ခေါင်းညိမ့်လိုက်လေသည်၊ “၁၅ ရက်က လုံလောက်ပါတယ်”
“ကုန်းမြေတိုက်ကြီးက စုစုပေါင်းအင်အားနဲ့ဆိုရင်တောင် အခုအထက်ကမ္ဘာကလူတွေနဲ့ရင်ဆိုင်ရရင် ကျုပ်တို့လုံးဝရှုံးနိမ့်လိမ့်မယ်”
“၁၅ ရက်အတွင်း ကျုပ် သူတို့ရဲ့ အလုံးစုံအင်အားကို ၁၀ ရာခိုင်နှုန်းတိုးတက်အောင်လုပ်ပေးမယ်”
သူတို့နှစ်ဦးက တိမ်ဖီးနစ်မြို့သို့ အလွန်လျှင်မြန်သော အရှိုန်ဖြင့် ပြန်လာကြသည်။ ယခုအချိန်တွင် အင်အားစုအားလုံးက တိမ်ဖီးနစ်မြို့တွင်စုစည်းနေပြီဖြစ်သည်။
ဟုန်ရင်ပြန်လာသည်ကို မြင်သော် အားလုံးက ဒူးတစ်ဖက်ထောက်ကာ အရိုအသေပေးလိုက်လေသည်။
“အရှင်မ၊ ကျွန်တော်မျိုးတို့ကို လမ်းညွန်ပေးပါ”
ဟုန်ရင်က ခေါင်းညိမ့်လိုက်သည်။
ထို့နောက် သူမက ဧကရာဇ်မင်းဆရာကို စတင်ရန် အချက်ပြလိုက်သည်။
အနောက်ပိုင်းဒေသတွင်၊
မဟာယနဗုဒ္ဓဂိုဏ်းတော်မှ ဘုန်းကြီးအိုလေးပါးက ပျံသန်းလာ၏။
တစ်ချိန်တည်းတွင်၊ သူတို့၏ ရှေ့တွင် သက်လတ်ပိုင်းလူတစ်ဦးရှိနေလေသည်။
သူတို့၏ ဦးတည်ရာကား တိမ်ဖီးနစ်မြို့တော်သို့ဖြစ်လေသည်။