Switch Mode

အပိုင်း(၇၈၆)

မလုံလောက်သော

မြေရိုင်းပြည်နယ်ကား တော်ဝင်မြေများ အကြား နောက်ထပ် နေရာတစ်ခုကို ရရှိခဲ့ပြီဖြစ်သည်။

“နောက်တစ်လှည့် မင်းထွက်လိုက်… ဂျီယူ…” ရီဝူချင်း ကွင်းထဲမှ မထွက်မီပင် ရီဖူရှင်းက ဟွာဂျီယူကို စိတ်ဖြင့် ပြောသည်။ အားကောင်းသော တော်ဝင်မြေများက မြေရိုင်းပြည်နယ် နောက်တစ်ဆင့် တက်ရန်ကို တမင် ပိတ်ဆို့ နေကြဟန်ရသည်။ ထို့ကြောင့် လက်ဦးမှုရယူကာ စိန်ခေါ်ခြင်းက သူမအတွက် အခွင့်အရေး ပိုရှိပေသည်။

ဟွာဂျီယူက ခေါင်းညိတ်သည်။ ရီဝူချင်းက ကွင်းထဲမှ ထွက်လိုက်သည်တွင် ဟွာဂျီယူက ရှေ့ကို တက်လာပြီး ယွီပြည်နယ်မှ ကျောက်တုံးရှန့်ထို၏ တပည့် တစ်ယောက်အား စိန်ခေါ်သည်။ သူကား တိုက်ခိုက်ရေးတွင် အားကောင်းကာ စိတ်ဝိညာဉ်ပိုင်းတွင် အားနည်းရာ ဟွာဂျီယူက သိပ်အားထုတ်စရာ မလိုဘဲ အနိုင်ရခဲ့သည်။

ဟွာဂျီယူက သူမ၏နေရာကို ပြန်သွားသောအခါ လူအများအပြားက မြေရိုင်းပြည်နယ် ဘက်ကို လှမ်းကြည့်ကြသည်။ ယခု မြေရိုင်း ပြည်နယ်က နောက်ဆုံး ၂၄နေရာ လူစာရင်း၌ သုံးနေရာကို သူတို့က ရယူထားပြီး ဖြစ်သည်။

“အတော်ဆုံး ၂၄ ယောက်…” ကောင်းကင်ရှန့်ထိုက ရယ်မောလိုက်သည်… “မြေရိုင်းပြည်နယ်က တကယ်ပဲ​ အားလုံးကို အံ့အားသင့်စေခဲ့တယ်…” မြေရိုင်းပြည်နယ်မှ သုံးယောက်က အတော်ဆုံး ၂၄ယောက်စာရင်းသို့ တက်ရောက် နိုင်ခဲ့ကြသည်။ သူတို့ကား ထိပ်သီး ဆယ်ယောက် စာရင်းသို့ ဝင်ရန် သိပ်မလိုတော့ပေ။

နောက်ထပ် တိုက်ပွဲများတွင် မြေရိုင်းပြည်နယ်မှ အပ တခြား မည်သည့် တော်ဝင်မြေမှ နှစ်နေရာ မရကြပေ။ ရှားကလန်ပင်လျှင် သူတို့၏အတော်ဆုံး တပည့်တစ်ယောက်သာ ပြိုင်ပွဲ၌ ကျန်ရစ်သည်။

ယခု လက်ကျန် ၂၄ယောက်ကား တော်ဝင်မြေများ အားလုံးထဲ၌ ​အတော်ဆုံးများ ဖြစ်ကြပေသည်။

၂၄ယောက်ထဲတွင် မြေရိုင်းပြည်နယ်မှ ယူချင်း၊ ရီဝူချင်းနှင့် ဟွာဂျီယူတို့က သုံးနေရာ ယူထားကြသည်။ အရှေ့ဘက် ပြည်နယ်တွင် ရာရာက တစ်နေရာ ယူထားကာ သူမက တော်ဝင်မြေမှ မဟုတ်ပေ။ အရှေ့ဘက်ပြည်နယ်မှ နောက်နှစ်ယောက်ရှိကာ တစ်ယောက်ကား ရှီဟွာတောင်မှ ဟွာယွန်ရှုဖြစ်ပြီး နောက်တစ်ယောက်က ကျောက်မဟာ ပြည်ထောင်မှ ကျောက်ယိုဖြစ်၏။

နွေဦးပြည်နယ်မှကား ရှားကလန်မှ ရှားရီ၊ ပြည်နယ်ကိုးခု ကျောင်းတော်မှ ရီကုဟောင်၊ ရိကလန်မှ​ ရီကျူးရောင်နှင့် ယွီကလန်မှ ယွီမင်းချီတို့ ဖြစ်ကြသည်။

ချီပြည်နယ်တွင်ကား ချီကလန်မှ ချီဟွာရန်၊ ကျိရှားနန်းတော်မှ ကျူးကော့ရီ၊ တော်ဝင် အလင်းနန်းတော်မှ ကျိဟွားနှင့် ယွီအိမ်တော်မှ ယွီရန်တို့ ဖြစ်ကြသည်။

တိမ်တိုက် ပြည်နယ်တွင်ကား ချူမဟာကလန်မှ ချူချိန်၊ လီနန်းတော်မှ စုထု၊ တောင်ကုန်း တစ်ထောင်မှ တန်တေပေ့ရှင်းနှင့် ယွန်မိန်မြို့၏ ပိုင်ယွီတို့ ဖြစ်ကြသည်။

စစ်ဘုရင်ပြည်နယ်မှကား ဗာဂျာရာဒေသမှ ဝူပေ၊​ လို့ဟွားနန်းတော်မှ မိုလျို၊ ဆယ်မျက်နှာ ဘုရားကျောင်းမှ ရှီရန်တို့ ဖြစ်ကြသည်။

ဖုန်းပြည်နယ်မှကား ဖုန်းတူအိမ်တော်မှ ဆွန်ချီ၊ တာလျို တော်ဝင်တောင်မှ တိုင်ကွန်တို့ ဖြစ်ကြသည်။

ပင်လယ် ပြည်နယ်၌ကား နတ်ဘုရား ကမ်းပါးမှ မိုလီသာ ကျန်ရစ်၏။

ယွီပြည်နယ်ကား တစ်ယောက်မှ မကျန်ရစ်ပေ။

လက်ကျန် ၂၄ယောက်ကား နိုဘယ်အဆင့် အမြင့်ဆုံး၌ တွေ့နိုင်သော အကောင်းဆုံးများထဲမှ​ အကောင်းဆုံးများ ဖြစ်ကြသည်။

သည်နှစ်၏ အိမ်ရှင်ဖြစ်သော အရှေ့ဘက် ပြည်နယ်ကား ပြိုင်ပွဲဝင် သုံးယောက်သာ ကျန်ရစ်ကာ နွေဦးပြည်နယ်၊ ချီပြည်နယ်၊ တိမ်တိုက် ပြည်နယ်တို့က လေးယောက်စီ ရကြသည်။ ပြည်နယ်တစ်ခုစီ၏ အင်အားက သူတို့၏လက်ကျန် ပြိုင်ပွဲဝင်များအား ကြည့်ခြင်းဖြင့် ခန့်မှန်း သိရှိနိုင်သည်။ သို့သော် မြေရိုင်းပြည်နယ်ကား မတူကွဲပြား ခြားနားသည်။ သူတို့က လက်ကျန် ၂၄နေရာ၌​ သုံးနေရာပင် ရယူထား နိုင်ပေသည်။

ရီဖူရှင်း၏နောက်မှ ပရိသတ်များ အားလုံးက တိတ်ဆိတ် ငြိမ်သက်နေကြသည်။ လာမည့်တိုက်ပွဲ တစ်ပွဲစီတိုင်းက အလွန်အမင်း ပြင်းထန် ပေတော့မည်။

မကြာမီ ထိပ်သီး ဆယ်နေရာ စာရင်းလည်း ထွက်လာတော့မည်။ လာမည့် တိုက်ပွဲများတွင် မည်သည့် စည်းမျဉ်းများ ဖြစ်လာမည်နည်း။

ထိုအခိုက်တွင် စင်မြင့်ထက်မှ အကြီးအကဲက စတင်၍ ကြေညာသည်.. “အခု ပြည်နယ်ကိုးခု ညီလာခံမှာ လူ၂၄ယောက် ကျန်ရစ်တယ်… ဒီနှစ်ရဲ့ ထိပ်သီး ဆယ်ယောက်ကို နောက်လာမည့် တိုက်ပွဲက အဆုံးအဖြတ် ပေးလိမ့်မယ်… စည်းမျဉ်းတွေက… ပြိုင်ပွဲဝင်တိုင်းက ကိုယ့်ရဲ့ပြိုင်ဘက်ကို စိတ်ကြိုက် ရွေးချယ် စိန်ခေါ်နိုင်တယ်… သူတို့က နောက်ဆုံး လက်ကျန် ဆယ်ယောက်အထိ အဆက်မပြတ် စိန်ခေါ်ပိုင်ခွင့်လည်း ရှိတယ်… မျှတအောင် စိန်ခေါ်မှုတစ်ခု လုပ်ပြီးတဲ့ ဘယ်သူကိုမဆို တခြား လူများကလည်း ပြန်ပြီး စိန်ခေါ်နိုင်တယ်… သုံးစက္ကန့်အတွင်း ဘယ်သူမှ ပြန်ပြီး စိန်မခေါ်ဘူးဆိုရင် မူလစိန်ခေါ်သူက ဆက်ပြီးတော့ စိန်ခေါ်နိုင်တယ်… စိန်ခေါ်မှု အကြိမ်ရေကို ကန့်သတ်မထားဘူး…”

လူအများအပြားက အံ့အားသင့် သွားကြသည်။ စိန်ခေါ်မှု အရေအတွက်အား မကန့်သတ်ထားပါက သည်စည်းမျဉ်းကား အားကြီးသော လူက အားနည်းသော လူများကို ပြိုင်ပွဲမှ ဆက်တိုက် ထုတ်ပယ်ခွင့် ပေးသည်နှင့် အတူတူပင်။

“မင်းတို့ စလို့ရပြီ…” အကြီးအကဲက ကြေညာသည်။ စင်မြင့်တစ်ခုလုံး တင်းကျပ်သော အငွေ့အသက်များ ဖြစ်လာသည်။

မကြာမီ ထိပ်သီး ဆယ်ယောက် ပေါ်ထွက် လာတော့မည်။

များစွာသော ပြိုင်ပွဲဝင်များက မြန်ဆန်စွာပင် စိန်ခေါ်လိုဟန် ရသော်လည်း အကြီးအကဲက ကြေညာပြီးသည်နှင့် လူတစ်ယောက်က မြန်ဆန်စွာပင် ရှေ့ကို ထွက်လာသည်။ တခြားလူများ၏ ခြေလှမ်းများ ရပ်တန့်သွားကြကာ ရှေ့ကို ထွက်လာသူအား ကြည့်လိုက်ကြသည်။

ဧည့်ပရိသတ်များ အားလုံး အံ့အားသင့် သွားကြရ၏။ လက်ရှိ စည်းမျဉ်းကား စွမ်းအားမြင့်သူများ အတွက် အလေးသာ နေပေသည်။ စိန်ခေါ်သူက အနိုင်ရလျှင်ပင် သူ့အား တခြားလူများက ပြန်လည် စိန်ခေါ်ကြမည်ဖြစ်ရာ လုံလောက်အောင် ယုံကြည်မှု မရှိပါက စင်မြင့်ထက်ကို မတက်သည်က အကောင်းဆုံး ဖြစ်ပေသည်။

သို့သော်လည်း အကြီးအကဲက ပြောပြီးသည်နှင့်ပင် လူအများအပြားက ရှေ့ထွက်ရန် စည်းစား နေကြသည်။

မျက်လုံးပေါင်းများစွာက ရှေ့ကို တက်လာသူအား ကြည့်ကြသည်။

သူကား မြေရိုင်းပြည်နယ်မှ တော်ဝင်ကျဲ နန်းတော်၏တပည့် ယူချင်းဖြစ်ပေသည်။

“သေစမ်း…” ယူချင်းက ရှေ့ကို ထွက်လာသည်တွင် သူ ဘာလုပ်လိုသည်ကို ရီဖူရှင်းက ရိပ်မိလိုက်သည်။

“ကျောက်မဟာ ပြည်ထောင်က ကျောက်ယို…” ယူချင်း၏မျက်လုံးများက အလွန်အမင်း ထက်ရှသွားကာ အရှေ့ဘက်ပြည်နယ်မှ ကျောက်ယိုထံကို ရောက်သွားသည်။ ဖီးနစ်ဝတ်စုံအား လှပသေသပ်စွာ ဝတ်ဆင်ထားသော ကျောက်ယို၏ မျက်လုံးများကလည်း အေးစက်သွားသည်။

မင်းက ငါ့ကို ဦးဆုံး စိန်ခေါ်တာလား…။ သေချင်တာလား… တစ်ခုခုလား…။

ဘုန်း… ရွှေရောင် အလင်းတန်းတစ်ခု စင်မြင့်ထက်ကို ကျဆင်းလာကာ ကျောက်ယိုက ယူချင်းရှေ့တွင် ရပ်သည်။ သူ့အား အလွန်ထက်ရှသော အငွေ့အသက်များ လွှမ်းခြုံထား၏။ နောက်ဆုံး တိုက်ပွဲတွင် သူကား ဖီးနစ်ကြောင့် ဒဏ်ရာရခဲ့ကာ ထိုသို့သော အမှားမျိုး နောက်ထပ် ဖြစ်မည် မဟုတ်တော့ပေ။

မြေရိုင်းပြည်နယ်မှ​ ယူချင်းကား ပြည်နယ်ကိုးခု ညီလာခံ၏ ပထမနေရာကို ရယူရာတွင် သူ၏ လှေကားထစ်တစ်ခု ဖြစ်ရပေမည်။

“ဒီပွဲမှာ  ဘယ်သူ နိုင်မယ်လို့ မင်းတို့ ထင်ကြလဲ…” ကောင်းကင်ရှန့်ထိုက တိုက်ပွဲကွင်းပြင်ကို ကြည့်ကာ မေးသည်။ လက်ရှိ တိုက်ပွဲများကား ရှန့်ထိုများပင် စိတ်ဝင်စားရသော အခိုက်အတန့်ကို ရောက်နေပြီ ဖြစ်သည်။

“ဒီနှစ်မှာ ကျောက်ယိုက ကျောက်မဟာ ပြည်ထောင်က အတော်ဆုံး တပည့်ပဲ… ယူချင်းက အားကောင်းတယ် ဆိုပေမဲ့ သူ့မှာ တိုက်ခိုက်ရေး နည်းလမ်းတွေ သိပ်ရှိဟန်မတူဘူး… တကယ်လို့ ကျောက်ယိုကသာ ယူချင်းရဲ့ခုခံမှုကို ကျော်ဖြတ်နိုင်ရင် သူ့အနိုင်က သေချာတယ်… ကျောက်ယိုရဲ့ တိုက်ခိုက်ရေး စွမ်းအားကလည်း ယူချင်းကို လှဲသိပ်ဖို့ လုံလောက်တယ်လို့ ကျုပ်ထင်တယ်…”  ရှီဟွာတောင်မှ မိုးစက်ရှင့်ထိုက ပြောသည်။ သူက ကျောက်ယို၏ စွမ်းရည်ကို စောင့်ကြည့်လိုသည်။ အကယ်၍​ ယူချင်းကသာ ဆက်လက်၍​ အနိုင်ရကာ နောက်ဆင့်ကို တက်သွားပါက ရှီဟွာတောင်က တော်ဝင်ရတနာ တစ်ခုနှင့်အတူ တောင်းပန်ရန် လိုအပ်ပေသည်။ ထိုစကားများက ရှီဟွာတောင် ရှန့်ထိုကိုယ်တိုင် ပြောထားရာ နောက်ပြန်ဆုတ်၍ မရပေ။

“အခြေအနေကို ကြည့်ရတာတော့ ဘယ်သူကမှ ယူချင်းကို ခြိမ်းခြောက်နိုင်ဟန် မရဘူး… ကျောက်ယိုက ဖီးနစ်ကြောင့် ဒဏ်ရာရခဲ့တယ်.. ယူချင်းက အခွင့်အရေး ပိုများတယ်လို့ ထင်တယ်…” မှန်နန်းတော် သခင်မက ပြောသည်။

“ကျောက်ယိုက ပြိုင်ဘက်ကို လျှော့တွက်ခဲ့လို့ ထာဝရမီးတောက်က သူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက် လောင်ကျွမ်းခဲ့တယ်… အဲဒီတိုက်ပွဲမှာ ကျောက်ယိုက စွမ်းအားကုန် မသုံးခဲ့ဘူး… ကျောက်ယို ရှုံးမယ်ဆိုတာ မဖြစ်နိုင်ဘူး…” ဘုရင်မင်းမြတ် နောက်တွင် ရပ်နေသော ကျောက်ရာက ပြောသည်။ သူ၏ထက်ရှသော မျက်လုံးများက မြေရိုင်းပြည်နယ် ဘက်ကို ရောက်သွားကာ မေးသည်… “နန်းတော် သခင်ရီက ဘယ်လိုထင်လဲ…”

ရီဖူရှင်းက ခေါင့်မော့ကာ သူ့အား ညစာစားပွဲ၌​ လာရောက် နှုတ်ဆက်သော လူငယ်လေးအား ကြည့်သည်။ သူကား ငယ်ငယ်ရွယ်ရွယ်ဖြင့် ရှီအဆင့်ကို တက်လှမ်းနိုင်ခြင်းက ကျောက်ယိုထက် ပါရမီမြင့်ကြောင်း ထင်ရှား၏။

ရီဖူရှင်းက ပြုံးလျက်ပြောသည်… “ကျုပ်က အမှန်ကို ပြောရမလား…”

“သေချာတာပေါ့.. ” ကျောက်ရာက ပြုံးလျက် ပြောသည်။

“အခြေအနေကို ကြည့်ရသလောက်ကတော့…” ရီဖူရှင်းက ကျောက်ရာကို ပြုံးလျက်ကြည့်ကာ ခိုင်မာ ပြတ်သားစွာ ပြောသည်… “ကျောက်ယိုက မလုံလောက်ဘူး…”

ကျောက်ရာကား မှင်တက်သွားသည်။ ကျောက်မဟာ ပြည်ထောင်၊ ရှီဟွာတောင်ရှန့်ထို၊ မှန်နန်းတော် သခင်မနှင့် တခြားလူများ အားလုံးကလည်း ရီဖူရှင်းကို ကြည့်ကြသည်။ သူ၏အပြုံးကို မြင်သည်တွင် ရီဖူရှင်း၏ယူချင်းအပေါ် အကြွင်းမဲ့ ယုံကြည်မှု ကိုလည်း မြင်ကြရသည်။

မြေရိုင်းပြည်နယ်၏ နှိမ့်ချတတ်သော ခေါင်းဆောင်ငယ်ကား ယခု သူ၏မာနကို ဖော်ပြလိုက်သည်လား…။ ကျောက်ယိုကား မလုံလောက်ပေ။

စကားလုံးများက အလွန်အမင်း တဲ့တိုး ဆန်လှသည်။ သူက လာမည့်တိုက်ပွဲကို လုံးဝ ဂရုစိုက်ဟန်ရပေ။

ကျောက်ယိုက ရှုံးနိမ့်ပါ့မလား…။

***

Comment

Leave a Reply

Options

not work with dark mode
Reset