Switch Mode

အခန်း (၂၅၂)

လုချန်ရှန်း။

နယ်မြေစစ်ပွဲက နယ်မြေနှစ်ခုကြားတွင် ဖြစ်ပေါ်သော စစ်ပွဲတစ်ခုဖြစ်သည်။

ရင်းမြစ်များနှင့် လူ့စွမ်းအားများက အလွန်ပင်များပြားစွာ လိုအပ်လေသည်။

နယ်မြေနှစ်ခုကြား စစ်ပွဲက အလွယ်တကူဖြစ်လေ့မရှိပေ။

ဖြစ်ပြီဆိုပါကလည်း သေခြင်းရှင်ခြင်းတိုက်ပွဲဖြစ်ပေါ်ကာ လူများစွာနှင့် အရင်းအမြစ်များကလည်း အကုန်ပျက်စီးဆုံးရှုံးမည်ဖြစ်သည်။

ကန္တရဒေသရှိ ယခင်တုန်းကဖြစ်ပွားခဲ့သော တိုက်ပွဲလိုပင်။

ကုန်းမြေတိုက်ကြီးတိုက်ရိုက်ပျက်ဆီးခြင်းမဖြစ်ပွားခဲ့သော်လည်း ၎င်းကြောင့်ဘဲ ကျင့်ကြံခြင်းအဆင့်တန်းကို နှစ်တစ်သောင်းခန့် ဆုတ်ယုတ်သွားစေခဲ့သည်။

ထို့ကြောင့် သိုင်းဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူများကို မတွေ့ရတော့သည်မှာ ယခုချိန်ထိပင်။

သို့သော်လည်း ယခုတွင်…

ဂိုဏ်းများစွာက တိမ်ဖီးနစ်အင်ပါယာ၏ မြို့တော် တိမ်ဖီးနစ်မြို့ထဲတွင်စုဝေးနေကြသည်။

တိမ်ဖီးနစ်မြို့တော်အလယ်တွင် မြင့်မားပြီး လှပသော ရဲတိုက်ကြီးကို ဝန်းရံထားသည့် မြင့်မားသောမြို့များစွာရှိသည်။

ထိုမြို့တော်က လေပေါ်တွင် အမှန်ပင် လွင့်မျောနေလေသည်။

၎င်းက တိမ်ဖီးနစ်အင်ပါယာ၏ နိုင်ငံရတနာတစ်ခုပင်။

လွှင့်မျောမြို့တော်က ကောင်းကင်ဘုံနယ်ပယ် ထိပ်ဆုံးအဆင့် ကာကွယ်ရေးရတနာဖြစ်လေသည်။

ထိုအထဲတွင် အစီအရင်မြောက်များစွာရှိလေသည်။

၎င်း၏ အကာအကွယ်သည် စိတ်ဝိဉာည်ရတနာအဆင့်နှင့် အတော်လေး နီးစပ်သည်ဟု ဆိုနိုင်သည်။

လွင့်မျောနေသော မြို့တော်က ဟုန်ရင်၏ လက်ရှိ နန်းဆောင်ဖြစ်လေသည်။

အစည်းအဝေးကျင်းပမည့်နေရာသည် လွင့်မျောမြို့တော် ၏ဘေးဘက်ခန်းမတစ်ခုတွင်ဖြစ်သည်။

ဂိုဏ်းချုပ်များနှင့် မိသားစုခေါင်းဆောင်များက ဤနေရာတွင် စုဝေးရောက်ရှိနေကြပြီဖြစ်သည်။

ထိုအထဲတွင် လျှို့ဝှက်တာအိုကျောင်းတော်မှ ကျောင်းအုပ်ယန်၊ လျှို့ဝှက်ဓားဂိုဏ်းချုပ် လင်းရုဖုန်း၊ အဂ္ဂိရတ်ဂိုဏ်းချုပ် ကန်းချွင်း၊ ကောင်းကင်အစီအရင်ဂိုဏ်းချုပ် ယွင်ကျုံးဟေဲာ၊ မုမိသားစုခေါင်းဆောင် မုဟေဲာကျေစ်း၊ လီမိသားစုခေါင်းဆောင်တို့ ပါဝင်ကြလေသည်။

ဤလူခြောက်ယောက်စုဝေးနိုင်သည်ဆိုသောအချက်မှာ လူတိုင်းကို တုန်လှုပ်သွားစေလောက်အောင်ပင်ဖြစ်နိုင်သည်။

ထိုသူများက အလယ်ပိုင်းဒေသရှိ ဂိုဏ်းကြီးခြောက်ခုပင်။

မူလက မုရုန်မိသားစုရှိလေသည်။

သို့သော်လည်း မုရုန်မိသားစုက ပျောက်ခြင်းမလှပျောက်ကွယ်သွားလေသည်။

သူတို့လက်ရှိ ရင်းမြစ်များသည်လည်း လူများ၏ လောဘအောက်တွင် ပျောက်ကွယ်သွားလေသည်။

ယခုတော့ မုရုန်မိသားစုက နာမည်သာကျန်တော့လေသည်။

ဟုန်ရင်က အနီရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး သူရဲကောင်းဆန်သော ရွှေရောင်ချပ်ဝတ်တန်ဆာကို ၀တ်ထားသည်။

သူမ၏ လှပသော မျက်နှာလေးရှိ နှဖူးအလယ်တွင် အနီရောင်မီးတောက်အမှတ်လေးတစ်ခုရှိနေလေသည်။

၎င်းကြောင့် သူမကို ပို၍ပင် လှပစေလေသည်။

ဟုန်ရင်၏ နောက်တွင် ယဲ့ချိုးပိုင်နှင့် နင်းချန်ရှင်းတို့နှစ်ယောက်ရှိလေသည်။

သူတို့က တိမ်စိမ်းဓားဂိုဏ်းနှင့် စာကြည့်ဆောင်ကို ကိုယ်စားပြုလေသည်။

ခန်းမထဲတွင် လေထုက တင်းမာနေလေသည်။

လူတိုင်းမျက်နှာတွင် လေးနက်နေသော အမူအရာနှင့်ရှိနေကြသည်။ တစ်ချိန်တည်းမှာဘဲ လူတစ်ချို့က တည်ငြိမ်သော အမူအရာနှင့်ရှိနေလေသည်။

ကျောင်းအုပ်ယန်က လေးနက်စွာပြောလိုက်သည်၊ “သတင်းကတော့ အတည်ဖြစ်သွားပြီ။ သုံးရက်အတွင်းမှာ အထက်ကမ္ဘာက စစ်တပ်တွေက ကောင်းကင်ဘုံလမ်းကို ရောက်လာမှာ စိုးရတယ်”

“အစီအစဉ်က ဘာလဲ”

လူတိုင်းက ဟုန်ရင်ကို ကြည့်လိုက်ကြသည်။

ဟုန်ရင်က တိမ်ဖီးနစ်ဧကရီဖြစ်လေသည်။ သူမက တိမ်ဖီနစ်ဧကရီအဖြစ် အခြားဒေသများမှ လူများနှင့် ဆက်ဆံပြီးပြီဖြစ်သောကြောင့် သူမတွင် သေချာပေါက် နားလည်မှုတစ်ခုရှိမည်ဖြစ်သည်။

၎င်းကို မြင်သော် ဟုန်ရင်က ညင်သာစွာပြောလေသည်။ “ခဏစောင့်ပါဦး”

သူမဆီမှ စကားသံတစ်ခုသာထွက်လာသည်။

စောင့်ရမယ်။

ဘာကို စောင့်ရမှာလဲ။

သူတို့က အတက်ကမ္ဘာကလူတွေကို မကိုင်တွယ်နိုင်ဘူးလား။

ယဲ့ချိုးပိုင်နှင်း နင်းချန်ရှင်းက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြလေသည်။ သူတို့က ဟုန်ရင်ဆိုလိုသည်ကို နားလည်လေသည်။

ထိုအခိုက်တွင် ချင်းထျန်နျန်က ခန်းမအတွင်းသို့ ဝင်ရောက်လာသည်။

လူတိုင်းက သူ့ကို လှမ်းကြည့်လိုက်လေသည်။

သူ့ကို စောင့်နေတာလား။

သူမက တောင်ပိုင်းဒေသရဲ့ ကျောင်းအုပ် ချင်းထျန်နျန်ကို စောင့်နေတာလား။

ဒါက ဘာသဘောလဲ။

သူက ကျောင်းအုပ်တစ်ဦးဖြစ်သော်လည်း ဤခန်းမအတွင်းရှိ လူတိုင်း၏ အင်အားလောက်သာရှိလေသည်။

သူက မသန်မာပေ။

ချင်းထျန်နျန်၏နောက်တွင် လူငယ်တစ်ဦးက ဝင်လိုက်လာလေသည်။ ဟုန်ရင်နှင့် အခြားနှစ်ဦးက ထိုလူငယ်ကိုမြင်သောအခါ မနေနိုင်ဘဲ ပြုံးလိုက်လေသည်။

ကျောင်းအုပ်ယန်နှင့် လင်းရုဖုန်းကလည်း ဟုန်ရင်ဆိုလိုသည် စောင့်ပါဦး သည့်စကားကို နားလည်သွားလေသည်။

ထိုလူသာဆိုလျှင် စောင့်ဆိုင်းခြင်းဟူသော စကားက ထိုက်တန်လေသည်။

ဟုတ်ပေသည်၊ ၎င်းက လုချန်ရှန်ပင်။

ယင်းက လုချန်ရှန်း လူပုံအလယ်တွင် ပထမဆုံးလူလုံးပြခြင်းပင်။ ကျောင်းအုပ်ယန်ထက် သူ့အကြောင်းကို မည်သူမှ မသိပေ။

“ချင်းထျန်နျန်နောက်က ဘယ်သူလဲ”

“ချင်းထျန်နျန်ရဲ့ တပည့်လား”

“ချင်းထျန်နျန်ရဲ့တပည့်က ဟွမ်းယွမ်မဟုတ်ဘူးလား။ သူက နောက်တပည့်တစ်ယောက်လက်ခံထားတာလား”

သို့သော်လည်း ဤအချိန်တွင်၊ သူသည် မည်သူမျှမသိသော “အငယ်” တစ်ဦး မျှသာဖြစ်သောကြောင့် သူသည် များစွာအာရုံစိုက်ခံရမည်မဟုတ်ပေ။

တစ်တည်းပင် ဟုန်ရင်တို့က သူကို အရိုအသေပေးလိုက်ကြသည်။

“ဆရာ”

လူတိုင်းက ထိတ်လန့်သွားကြသည်။

သူတို့ရှေ့ရှိလူငယ်လေးက စံအိမ်တော်၏ ပိုင်ရှင်လား။

မကောင်းဆိုဝါးများကိုလေ့ကျင့်ပေးပြီးသူ၊ တိမ်ဖီးနစ်ဧကရီ၏ ဆရာပင် ဖြစ်နေသည်လား။

ထိုအချိန်တွင် လူတိုင်း၏ အံ့အားသင့်သော အကြည့်များ ပျောက်ကွယ်သွားသည်။

စံအိမ်တော်သည် လူသိများသော အဖွဲ့တစ်ခုဖြစ်သည်။

သူတို့က လူအနည်းငယ်သာရှိသော်လည်း လူတိုင်းက ကိုယ်နာမည်ကိုယ်ရေးထိုးနိုင်ခဲ့သည်။

သူတို့က အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူများကိုပင် ချေမှုန်းနိုင်လေသည်။

ထိုသို့ တပည့်များကို ပျိုးထောင်နိုင်သောသူက မည်သို့ သာမန်လူဖြစ်နိုင်ပါမည်နည်း။

ကျောင်းအုပ်ယန်နှင့် လင်းရုဖုန်းသည်ပင် လုချန်ရှန်းကို အရိုအသေပေးလိုက်သည်။

၎င်းက လေးစားမှု့ကို ပြသခြင်းဖြစ်သည်။

သူက လုချန်ရှန်း၏ အင်အားတစွန်းတစကိုသာသိသော်လည်း အထင်မသေးပေ။

လင်းရုဖုန်းက ဟုန်ရင်ကို ဖြတ်ကျော်သွားပြီး လေးစားစွာပြောလေသည်။ “အကြီးအကဲကတော့ ဖြစ်ကြောင်းကုန်စင်ကို သိတယ်မလား”

လုချန်ရှန်းက ခေါင်းညိမ့်လေသည်။

“အကြီးအကဲ ဘာအစီအစဉ်များရှိပါသလဲ”

လုချန်ရှန်းက ထင်ထင်ပေါ်ပေါ်မဖြစ်ချင်ပေ။ သူက ကူညီချင်ရုံသာဖြစ်လေသည်။ သို့သော်ငြားလဲ တဖက်လူက အတင်းတွန်းပို့ခဲ့လေသည်။

ဟုန်ရင်သည်ပင် စိတ်မရှိဘဲ သူမက လုချန်ရှန်းပြောပြမည့်အကြံစည်ကို စောင့်မျှော်နေသည်။

၎င်းကိုမြင်သော် လုချန်ရှန်းက ရွေးချယ်စရာမရှိဘဲ ပြောရလေသည်။ “စိတ်မပူပါနဲ့ ကျုပ်တို့ရဲ့အင်အားကိုဘဲ အရင် ပြင်ဆင်ရအောင်”

“ဒါပေမဲ့ တဖက်အဖွဲ့တွေက သုံးရက်အတွင်း ကောင်းကင်ဘုံလမ်းကို ရောက်လိမ့်မယ်လို့ ခန့်မှန်းရတယ်”

“ကျုပ်တို့မြန်မြန်မလုပ်ရင် သူတို့ကို ဘယ်လိုကိုင်တွယ်ရမလဲ”

၎င်းကိုပြောလိုက်သူက မြောက်ပိုင်းဒေသရှိ ပထမတန်းစားဂိုဏ်းတစ်ခုမှ လူဖြစ်လေသည်။

တစ်ဖက်သား၏ မျက်နှာမှာ ခံစားချက်တွေ ရောထွေးနေသည်။

ဟုန်ရင်က မကျေမနပ်ဖြင့် လှမ်းကြည့်လိုက်သည်။

တစ်ဖက်သား၏ လေသံကြောင့် ဟုန်ရင်သည် အလွန်မကျေမနပ်ဖြစ်နေသည်မှာ ထင်ရှားသည်။

ထိုသူက သူ့လေသံ မလေးစားဖြစ်သွားသည်ကိုသိလိုက်ပြီး အမြန်တောင်းပန်လိုက်၏။ “တောင်းပန်ပါတယ်၊ ကျုပ်အရမ်းစိတ်လောသွားလို့ပါ”

လုချန်ရှန်းက စိတ်မရှိပေ။ တစ်ဖက်သားက မသင့်လျှော်သည့်စကားကို ပြောခြင်းမဟုတ်ပေ။

သူက လက်ရမ်းပြကာ “ဒါက ဘာမှမဟုတ်ပါဘူး”

မုဟေဲာကျောစ်းက ပြုံးလျှက်ပြောလိုက်သည်။ “အကြီးအကဲက သဘောထားကြီးတာဘဲ”

လုချန်ရှန်းကတော့ အပြင်ဘက်တွင်တော့ မပြုံးသော်လည်း သူက စိတ်ထဲတွင်တော့ အလွန်ကျေနပ်နေသည်။

နောက်ဆုံးတော့ ပြီးသွားပြီဘဲ။

သို့သော်လည်း သူကတည်ငြိမ်နေဟန်ရှိကာ ပြောလေသည်။ “ကျုပ်က ကောင်းကင်ဘုံလမ်းမှာ အစီအရင်တစ်ခုလုပ်ထားပြီးသွားပြီ”


အစီအရင်၊

ဘယ်တုန်းကလဲ။

လူတိုင်းက ကြောင်အသွားလေသည်။

ယဲ့ချိုးပိုင်နှင့် အခြားနှစ်ဦးပင် စိတ်ရှုပ်ထွေးနေဟန်ရသည်။

လုချန်ရှန်းက အားလုံးကို ရှင်းပြလိုက်လေသည်။

ဟုတ်ပေသည်၊ သူက နယ်မြေနှလုံးသားအပိုင်းကိုတော့ ချန်လှပ်ခဲ့လေသည်။

“ဒါကြောင့် စိတ်ဝိဉာည်အစီအရင်က သူတို့ကို ခဏလောက်တော့ ထိန်းထားနိုင်တယ်”

လင်းရုဖုန်းက မေးလိုက်လေသည်။ “ဘယ်လောက်ကြာအောင်တားထားနိုင်လဲ”

လုချန်ရှန်းက တခဏမျှတွေးနေသည်။

သူလည်း မသိပေ။

အချိန်တိုလွန်းလျှင် ၎င်းတို့၏ စိတ်ဓာတ်ကို ပျက်ပြားစေနိုင်သည်။

စိတ်ဓာတ်သည် စစ်ပွဲတွင် အရေးအကြီးဆုံးအချက်များထဲမှ တစ်ခုဖြစ်သည်။

သို့သော်လည်း ကာလရှည်လွန်းပါက ဘေးဥပဒ်ဖြစ်စေနိုင်သည်။

လုချန်ရှန်းက လှည့်ပတ်ကြည့်သည်။

လူတိုင်း၏ မျက်လုံးထဲတွင် ယုံကြည်မှု့များရှိနေလေသည်။

သူမသိဘူးဟုပြောရခက်နေ၏။

Comment

Leave a Reply

Options

not work with dark mode
Reset