Switch Mode

အခန်း (၂၅၁)

ကွန်ဖြူးရှပ်ဝါဒနှင့် ဗုဒ္ဓဝါဒ၏ တာအိုဆွေးနွေးပွဲပြီးနောက် ကုန်မြေတိုက်ကြီးက အချိန်တိုအတွင်း ထူးထူးဆန်းဆန်း ငြိမ်းချမ်းနေလေသည်။

လက်တလောနှစ်များတွင် အဖြစ်အပျက်ကြီးများစွာ ဒေသငါးခုစလုံးတွင် ဖြစ်သွားခဲ့လေသည်။

ထို့ပြင် ၎င်းက စံအိမ်တော်၏ တပည့်များကြောင့်ဖြစ်ပေသည်။

အချို့လူများက ငြိမ်းချမ်းနေခြင်းနှင့် အသားမကျသေးပေ။

သို့သော်လည်း ဂိုဏ်းကြီးများက ၎င်းသည် မုန်တိုင်းမလာခင် လေငြိမ်နေသည်ဖြစ်ကြောင်း ခံစားမိနေကြသည်။

ထိုငြိမ်းချမ်းသောနေ့ရက်များက ကြာရှည်ခံမည်မဟုတ်ပေ။

ထို့ကြောင့် ဂိုဏ်းအသီးသီးက သူတို့၏ အပြင်ရောက်နေသော တပည့်များနှင့် အကြီးအကဲများကို ​အစောတလျှင်ပြန်ခေါ်လိုက်သည်။

မုန်တိုင်းတိုက်ခတ်လာပါက အသင့်အနေထားရှိစေရန်ဖြစ်သည်။

ထိုအခိုက် တောင်ပိုင်းဒေသ၏ လျို့ဝှက်တာအိုကျောင်းတော်။

စံအိမ်တော်တွင် ရှောင်ဟေးက မှော်သားရဲများကို အမဲလိုက်ရန် မြောက်ပိုင်းရေခဲပြင်များသို့ ထွက်ခွာသွားလေသည်။

အတွင်းမိစ္ဆာခန္ဓာကိုယ်ကို သန့်စင်ရန် ဖြစ်ကာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒမျဉ်းများကို စုဆောင်းရန်ဖြစ်လေသည်။

ရှစ်ရှန်းက စံအိမ်တော်တွင်ပင်ရှိသေးသည်။

ဖီးနစ်နိဗ္ဗာန်နကြောင့် သူ့ခန္ဓာကိုယ်အား ပြန်လည်တည်ဆောက်ပေးပြီးနောက်တွင် ရှစ်ရှန်း၏ ကျင့်ကြံခြင်းအလျှင်က အလွန်အမင်းမြန်ဆန်လာလေသည်။

ယခု သူက အာကာသနတ်ဘုရားနယ်ပယ်ကို ထိုးဖောက်ဝင်ရောက်ခါနီးပြီဖြစ်သည်။

လုချန်ရှန်းက ပလက်ကုလားထိုင်ပေါ်တွေ လက်ပေါ်ခေါင်းတင်၍ အနားယူနေသည်။

သူက ပျင်းရိနေဟန်ဖြင့် သက်ပြင်းချလိုက်သည်။

“ငါက နည်းနည်းသူတော်ကောင်းယောင်ဆောင်မိသွားပြီနဲ့တူတယ်။ ကောင်စုတ်လေးတွေ စံအိမ်တော်မှာရှိတုန်းက သူတို့ကို အာရုံနောက်ဖို့ကောင်းတယ်လို့ထင်မိတာ။ သူတို့လဲ မရှိရော နည်းနည်းတောင် ပျင်းဖို့ကောင်းလာပြီ။ ရှစ်ရှန်းက ပြဿနာမရှာတက်ပေမဲ့လည်း ကျင့်ကြံဖို့ဘဲသိပြီး ငါ့နဲ့စကားလာမပြောဘူး”

“ဒီကောင်စုတ်လေးတွေ ဘာလုပ်နေကြလဲမသိ”

ထို့သို့ပြောပြီး အလင်းမျက်နှာပြင်တစ်ခုက သူ့ရှေ့တွင်ပေါ်လာ၏။

[အကြီးဆုံးတပည့်၊ ယဲ့ချိုးပိုင်]

[ကျင့်ကြံခြင်း၊ ချန်းယွမ်နယ်ပယ် ထိပ်ဆုံးအဆင့်၊ ဓားဘိုးဘေးနယ်ပယ်]

[ဒုတိယတပည့်၊ ဟုန်ရင်]

[ကျင့်ကြံခြင်း၊ အာကာသနတ်ဘုရားနယ်ပယ် စဦးအဆင့်]

[တတိယတပည့် နင်းချန်ရှင်း]

[ကျင့်ကြံခြင်း၊ ကြီးမြတ်သောကွန်ဖြူးရှပ်နယ်ပယ် (အာကာငနတ်ဘုရားနယ်ပယ်နှင့်ညီမျှသည်။)]

[စတုတ္တတပည့်၊ ရှောင်ဟေး]

[ကျင့်ကြံခြင်း၊ အတွင်းမိစ္ဆာခန္ဓာကိုယ် အဆင့်သုံး]

[ပဉ္စမတပည့်၊ ရှစ်ရှန်း]

[ကျင့်ကြံခြင်း၊ အာကာသနတ်ဘုရားနယ်ပယ် တစ်ပိုင်းအဆင့်]

“ယဲ့ချိုးပိုင်က ပြဿနာရှာတဲ့နေရာမှာ တော်တယ်။ ဘာလို့ သူ့ကျင့်ကြံခြင်းအဆင့်က ဘာလို့တိုးတက်တာနှေးရတာလဲ။”

“တခြားလေးယောက်တောင် သူကိုကျော်တက်သွားပြီ”

“စိတ်ပျက်ဖို့ကောင်းလိုက်တာ”

ထိုအခိုက်တွင် ချင်းထျန်းနျန်က ရုတ်တရက်ပေါက်ချလာသည်။

ချင်းထျန်းနျန်ကို မြင်သောအခါ လုချန်ရှန်းက ကြက်သီးထသွား၏။

သူက အလျှင်အမြန်ထရပ်ကာ ရှစ်ရှန်းကို အော်ပြောလိုက်လေသည်။ “အဖိုးကြီးချင်မေးရင် ငါအပြင်သွားနေတယ်လို့ပြောလိုက်”

ရှစ်ရှန်းက နားမလည်သော်လည်း သူ့ဆရာပြောသည့်အတိုင်းလုပ်မည်ဖြစ်သည်။

လုချန်ရှန်း ထွက်ပြေးရန်ပြင်နေဟန်ပြင်စဥ် သူ့အကြောင်းသိနေသော ချင်းထျန်းနျန်က အော်လိုက်၏။ “ကောင်စုတ်လေး၊ မင်းကိုမြင်နေရတယ်။ ပြေးဖို့မစဥ်းစားနဲ့”

၎င်းကိုကြားသော် လုချန်ရှန်းက ထွက်ပြေးရန်ကြံနေခြင်းကို လက်လျှော့လိုက်ရသည်။

ချင်းထျန်းနျန်ပေါ်လာတိုင်း ကောင်းသည့်အရာများဖြစ်မလာခဲ့ပေ။

သို့သော်လည်း လုချန်ရှန်းက ဟန်ဆောင်ပန်ဆောင်နေရဦးမည်ပင်။ သူ့မျက်နှာပေါ်ရှိ ခါးသီးသောအမူအရာကို အမြန်ဖယ်ရှားလိုက်သည်။

သူက ရှေ့ထွက်လာပြီး အပြုံးနှင့်ပြောလေသည်။ “အိုက်ယား၊ ဦးလေးချင်၊ ဘယ်ကလှည့်လာတာလဲ။ ကျွန်တော် ဘယ်မှမပြေးပါဘူး”

ချင်ထျန်းနျန်းသည် လုချန်ရှန်း မျက်နှာပေါ်ရှိ ဂန္ဓမာပန်းရိုးတံနှင့်တူသော အပြုံးကို ကြည့်လိုက်သည်။

သူက ကြက်သီးဖြန်းဖြန်းထသွား၏။

သူ့လက်မောင်းကုတ်ကာ ပြောလိုက်သည်။ “အရူးထမနေနဲ့ ငါမင်းကို ပြောစရာရှိလို့လာတာ”

သိသားဘဲ။

လုချန်ရှန်းက မျက်ကို မျက်ဖြင့်ကိုင်ကာ ပြောလိုက်၏။ “ဘာကိစ္စလဲမသိဘူး”

“မင်းအထက်ကမ္ဘာက ကိစ္စကို သိတယ်မလား”

ချင်းထျန်းနျန်၏ မျက်နှာက လေးနက်နေကာ ဆက်ပြော၏ “ကောင်းကင်အစီအရင်ဂိုဏ်းလူတွေက ကန္တာရဒေသကို ဥိီးတည်လာနေတဲ့ အပြင်ဘက်နယ်ပယ်က သိုင်းကျင့်ကြံသူတွေကို ရှာတွေ့လိုက်တယ်လို့ပြောတယ်။”

ထိုမှသာ လုချန်ရှန်းပေါ့ပျက်ပျက်အမူအရာများကိုရပ်လိုက်ကာ အနည်းငယ်အလေးနက်ဖြစ်သွား၏။

“သူတို့ နောက်ဆုံးတော့ မခံနိုင်တော့ဘူးဘဲ”

ချင်းထျန်းနျန်က မှင်သက်သွား၏။ “ဘာဖြစ်တယ်။ မင်းတစ်ခုခုသိထားတယ်လား”

လုချန်ရှန်းက ခေါင်းခါကာ ပြောသည်။ “ဘာမှမဟုတ်ပါဘူး။ ဆက်ပြောပါ”

ချင်းထျန်းနျန်က ခေါင်းညိမ့်ကာဆက်ပြေသည်။ “အခုတော့ အလယ်ပိုင်းဒေသက အဓိကအင်အားစုတွေက စုဝေးပြီး တိမ်ဖီးနစ်အင်ပါယာပြန်လည်တည်ဆောက်တဲ့နေရာမှာ တိုက်စစ်ဆင်ဖို့ဆွေးနွေးနေကြတယ်”

“ပြီးတော့လည်း ကျောင်းအုပ်ယန်နဲ့ ဂိုဏ်းချုပ်လင်းက ရန်သူကို ဘယ်လိုတိုက်မလဲဆုံးဖြတ်ဖို့ မင်းကိုသွားစေချင်နေတယ်”

တိမ်ဖီးနစ်အင်ပါယာပြန်လည်တည်ဆောက်ပြီးနောက် ကုန်းမြေတိုက်ပေါ်ရှိ ခုနှစ်ဆယ်ရာခိုင်နှုန်းသော အင်အားစုများက တိမ်ဖီးနစ်အင်ပါယာပြန်လည်တည်ဆောက်ရန် သဘောတူကြ၏။

အင်အားတစ်ဝက်ခန့်က တိမ်ဖီးနစ်အင်ပါယာ၏ လက်အောက်ခံများဖြစ်ကြသည်။

ထိုအထဲတွင် လျို့ဝှက်တာအိုကျောင်းတော်နှင့် လျို့ဝှက်ဓားဂိုဏ်းလည်းပါသည်။

၎င်းကိုကြားသော် လုချန်ရှန်းက ချက်ချင်းအဖြေပြန်မပေးသေးပေ။

ထိုအစား သူက မေ့စေ့ကိုစိတ်ကာ အတွေးနက်နေလေသည်။

သူက ငြင်းဆိုရမလား လက်ခံရမလားကို ချိန်ဆနေ၏။

ဒီအရူးတွေတိုက်ခိုက်လာရင် ငါ့အတွက် နစ်နာလိမ့်မယ်။

လော့ယီမင်းဆက်အုပ်ချုပ်ချိန်တုန်းက သူတို့ရဲ့ အရေးပါအရာရောက်တဲ့သူကို သတ်ခဲ့တာဆိုတော့။

ထပ်ပေါင်းပြောရရင် ငါရဲ့ရည်ရွယ်ချက်က သူတို့ကိုတားဆီးဖို့လားဘာကို သူတို့က မသေချာဖြစ်နေတယ်။

ဒါကြောင့် သူတို့က ငါပါပါမပါပါ လက်ဦးမှု့ရယူထားလိမ့်မယ်။

အဲ့အပြင်ကို…

လုချန်ရှန်းက သက်ပြင်းချလေသည်။

သူက နယ်မြေနှလုံးသားသူ့ကိုပြောခဲ့သည်ကို ပြန်အမှတ်ရလိုက်သည်။

တဖက်လူ၏ ပြစ်မှတ်က နယ်မြေနှလုံးသားဖြစ်၏။ သူက လက်မခံခဲ့သော်လည်း သူတပည်မ ဟုန်ရင်က လက်ခံခဲ့သည်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့က ငါကိုပြဿနာ​ပေးနေကြတုန်းဘဲလား။

“ကြည့်ရတာ ငါရှောင်လွဲလို့မရတော့ဘူးနဲ့တူတယ်”

လုချန်ရှန်းက အကူညီမဲ့စွာ ခေါင်းခါရမ်းလိုက်သည်။

ထိုအခိုက် ချင်းထျန်းနျန်က ဘေးက ဆော်သြလိုက်သည်။ “ဘယ်လိုလဲ ချန်ရှန်း၊ မြန်မြန်ဆုံးဖြတ်။ အခုအခြေအနေက ငြိမ်းချမ်းနေတယ်မထင်နဲ့။ တစ်ဖက်က ဝင်တိုက်လာရင် ပြင်ဆင်ဖို့ အရမ်းနောက်ကျလိမ့်မယ်”

လုချန်ရှန်းက ခေါင်းညိမ့်၍ ပြောလိုက်သည်။ “ဟုတ်ကဲ့ ဟုတ်ကဲ့။ နားလည်ပါပြီ။ ကျွန်တော်လိုက်ခဲ့ပါမယ်”

ချင်းထျန်းနျန်က စိတ်ကျေနပ်စွာခေါင်းညိမ့်လေသည်။

“အချိန်မရှိဘူး။ သွားရအောင်”

“ဟေး ဟေး ခဏနေပါဦးဗျ။ ကျွန်တော် ပြီးအောင်စားသောက်ပါရစေဦး”

“ဘာလို့စားနေဦးမှာလဲ။ အဲဒီကိုသွားပြီး မင်းအတွက် ချက်ပြုတ်ဖို့ စားဖိုမှူးကို ခေါ်လာခဲ့လိုက်”

“ရှစ်ရှန်း ငါနဲ့လိုက်ခဲ့”

ရှစ်ရှန်းက ကျင့်ကြံခြင်းကို ရပ်တန့်ကာ လုချန်ရှန်းနောက်ကို လိုက်လာ၏။

မိုးမခပင်က သူတို့ထွက်သွားပြီးနောက် ဖော်ပြမရသောအဓိပ္ပါယ်ဖြင့် တစ်ခုခုပြောလိုက်လေသည်။

“ဘယ်လိုလုပ် ကမ္မကြမမ္မာတာအိုက တကယ်တကူရှောင်လွဲလို့ရနိုင်မှာလဲ။ ရှောင်လွဲလို့မရမှတော့ အတင်းအကျပ်ဖြေရှင်းရုံဘဲရှိတော့တယ်။ ဘာကြောင့်လဲဆိုတော့ ရှောင်လွဲလို့မရတဲ့ အရာတွေကရှိနေတာမို့လို့ဘဲ”

ယခု လုချန်ရှန်း၏ အားနည်းချက်က သူ၏ တပည့်များဖြစ်လေသည်။

သူက သာမန်အားဖြင့် သူတပည့်များကို ဂရုမစိုက်ဟန်ရ သူကိုယ်တိုင်သာ ဆူငေါက်မည်။ အခြားသူများက သူ့တပည့်များကို လာအနိုင်ကျင့်၍တော့မရပေ။

သူတို့၏ဂိုဏ်းကို အရင်ပျက်ဆီးဖြစ်မှာဖြစ်သည်။

ဟုတ်ပေသည်၊ ပထမဆုံးအနေနှင့် တစ်ဖက်အဖွဲ့၏ အင်အားကို အတည်ပြုရမည်ပင်။ သူတို့ကို သူမနိုင်ပါက သေဖိုရန်တန်းဆီစောင့်နေရမည်ဖြစ်သည်။

ငှက်ကလေးက မိုးမခပင်၏စကားကိုကြားသောအခါ ခေါင်းကိုငုံ့ထားလိုက်သည်။

နားလည်သဘောပေါက်ခြင်းတစ်ခုက သူ့မျက်လုံးထဲတွင် ပေါ်လာလေသည်။

ကမ္မကုသိုလ်တာအိုသည် ရှောင်လွဲ၍မရ အတင်းအကျပ်ဖြေရှင်းမှသာရပေမည်။

တစ်ဖက်တွင်မူ အလယ်ပိုင်းဒေသ တိမ်ဖီးနစ်အင်ပါယာပိုင်နက်တွင်။

အဆောက်အဦများက မြေပြင်မှထွက်ပေါ်နေကာ ပုံသဏ္ဍန်ပေါ်ပေါက်လာပြီး အံ့မခန်းခန်းနားလေဟန်ရလေသည်။

၎င်းက တိမ်ဖီးနစ်အင်ပါယာ၏ လက်ရှိပိုင်နက်ရှိ မြို့တော်ဖြစ်လေသည်။

တိမ်ဧကရာဇ်မြို့တော်ပင်။

စျေးဗန်းခေါင်းရွက်သည်များစွာလည်း မြို့အတွင်းတွင်တည်ရှိနေကြ၏။

အချိန်တစ်ခုအတွင်း ၎င်းက အလွန်စည်ပင်လာခဲ့သည်။

ပြောရလျှင် ၎င်းမြို့က အခြားမြို့များနှင့်စာလျှင် မညံ့ပေ။

သို့သော်လည်း ထို အေးငြိမ်းချမ်းသာမှု့နောက်တွင် မျက်စိဖြင့်မမြင်နိုင်သော တိမ်မြုပ်နေသောကိစ္စများက စီးဆင်းနေလေသည်။

၎င်းတို့သာ ပေါက်ထွက်သွားပါက နယ်မြေစစ်ပွဲကြီးတစ်ခု စတင်ဖြစ်ပွားတော့မည်ဖြစ်လေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset