ဗုဒ္ဓဂိုဏ်းတော်က စိန်ခေါ်ချက်တစ်ခု ထုတ်ပြန်၏။
ခုနှစ်ရက်ကြာပြီးနောက် အနောက်ပိုင်းဒေသ၊ စာကြည့်ဆောင်တွင်၊
၎င်းက နင်းချန်ရှင်းတည်ထောင်ခဲ့သော အင်အားစုတစ်ခုပင်။
ဗုဒ္ဓဂိုဏ်းတော်မှ ဗောဓိသတ္တက နင်းချန်ရှင်းနှင့် တိုက်ခိုက်ကာ တာအိုဆွေးနွေးမည်ဖြစ်သည်။
၎င်းတွင် အလောင်းအစားတော့မရှိ၊ သို့သော်ငြားလည်း အကယ်၍ နင်းချန်ရှင်း ရှုံးပါက တည်ထောင်ခါစဖြစ်သော စာကြည့်ဆောင်က အသေအချာကိုထိခိုက်သွားလိမ့်မည်ဖြစ်သည်။
မတူညီသည်ကတော့ နင်းချန်ရှင်းအနိုင်ရပါက…
ဗုဒ္ဓဂိုဏ်းတော်၏ ဂုဏ်သတင်းကို ကြီးမားစွာ ထိခိုက်သွားနိုင်မည်ဖြစ်သည်။
တချိန်တည်းတွင် စာကြည့်ဆောင်ကိုတည်ထောင်ခြင်းက အလွန်အမင်းချောမွေ့နေလိမ့်မည်ပင်။
သို့သော်ငြားလည်း သူက စိန်ခေါ်မှု့ကိုငြင်းဆိုလိုက်ပါက စာကြည့်ဆောင်၏ ဂုဏ်သတင်းလည်း ထိခိုက်သွားမည်ဖြစ်သည်။
တည်ထောင်ခါက အဖွဲ့အစည်းက ထိုသို့ဂုဏ်သတင်းထိခိုက်မှု့ကို တောင့်ခံနိုင်မည်မဟုတ်ပေ။
နင်းချန်ရှင်းက စိန်ခေါ်စာကိုလက်ခံလိုက်ကာ ငြင်းဆိုရန်မရှိပေ။
ချက်ချင်းဆိုသလိုပင် ပြန်စာက လူအားလုံး၏မျက်စိအောက်တွင် ဗုဒ္ဓဂိုဏ်းတော်သို့ ပြန်ရောက်လာခဲ့သည်။
တာအိုဆွေးနွေးပွဲကိုလက်ခံလိုက်သည်ဖြစ်ကြောင်းပြောထားလေသည်။
ထိုအဖြေထွက်ပေါ်လာမည်ကို ကြိုတင်ခန့်မှန်းထားခဲ့သော်လည်း လူတိုင်းက အံ့သြနေဆဲပင်။
ဗုဒ္ဓဝါဒနှင့် ကွန်ဖြူးရှပ်ဝါဒကြား နှစ်တစ်သောင်းကြာတိုက်ပွဲများဖြစ်ပွားခဲ့၏။
ရှေးခေတ်တိုက်ပွဲများပြီးနောက် ရှေးရိုးစွဲ ကွန်ဖြူးရှပ်တာအိုက တိမ်မြုပ်ပျောက်ကွယ်သွားခဲ့သည်။
ယခုတော့ လျှို့ဝှက်တာအိုကျောင်းတော်တွင်သာ ကွန်ဖြူးရှပ်ကျောင်းတော်တည်ရှိတော့သည်။
ကံမကောင်းစွာနှင့် အခြေခံမကောင်းခဲ့သောကြောင့် ဝင်ခွင့်လက်ခံမှု့များမှာ အနည်းငယ်သာရှိ၏။
ဗုဒ္ဓဂိုဏ်းတော်တစ်ခုတည်းကသာ ယခုအချိန်ထိ တည်တံ့နေခဲ့ခြင်းဖြစ်သည်။
ကန္တာရဒေသအတွင်းတွင် မရေတွက်နိုင်သော ယုံကြည်သူများစွာရှိလေသည်။
အနောက်ပိုင်းဒေသတွင်၊
စာကြည့်ဆောင်က ဟေဲာမင်တောင်ပေါ်တွင်တည်ရှိသည်။
၎င်းက ကွန်ဖြူးရှပ်တာအိုမွေးဖွားရာနေရာဖြစ်ပြီး ကွန်ဖြူးရှပ်ဝါဒတည်ရှိသော နေရာဟောင်းတစ်ခုဖြစ်သည်။
နင်းချန်ရှင်းက ဟေဲာမင်တောင်ထိပ်တွင် ခြေချိတ်ထိုင်၍ သူ့ရှေ့တွင် ခုံပုလေးတစ်ခုတည်ရှိနေသည်။
ခုံပုလေးအထက်တွင် အငွေတထောင်းထောင်းထကာ လက်ဖက်ရည်ကြမ်းအနံများသင်းကြိုင်ကာ ထွက်ပေါ်နေသော လက်ဖက်ရည်ကြမ်းအိုးတစ်လုံးရှိနေလေသည်။
စိမ်းလန်းသော မိုးမခပင်များက လေအဝှေ့တွင် ယိမ်းနွဲ့နေ၏။
မိုးမပင်၏အခက်များအချင်းချင်းရိုက်ခတ်သံများကိုလည်း အတိုင်းသားကြားနေနိုင်သည်။
နေရောင်က သေးသွယ်သောမိုးမခရွက်များအကြားမှ နင်းချန်ရှင်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေသည်။
၎င်းက ရွှေရောင်အလင်းကွက်များကို ဖြစ်ပေါ်နေ၏။
ထိုအခိုက်တွင် နင်းချန်ရှင်းက ဖတ်လက်စစာအုပ်ကို လက်ထဲတွင်ကိုင်ထားလေသည်။ သူက တီးတိုးရေရွတ်နေကာ စာရွက်ကို တစ်ရွက်ချင်းတစ်ရွက်လှန်ဖတ်နေလေသည်။
သူ့ဘေးတွင် ကွန်ဖြူးရှပ်ဝါဒ၏ အမွေအနှစ်စာအုပ်များပုံလျှက်သာရှိနေသည်။
ထိုစာအုပ်များက အချိန်တိုက်စား၍ အလွန်အမင်းပျက်စီးကာ နင်းချန်ရှင်းက ပြန်ပြုပြင်ထားရသည်။
ခုနှစ်ရက်အတွင်း ဂိုဏ်းပေါင်းများစွာက ဟေဲာမင်တောင်ပေါ်သို့လာရောက်ကြမည်ဖြစ်သည်။
သူတို့က ကွန်ဖြူးရှပ်ဝါဒနှင့် ဗုဒ္ဓဝါဒတို့အကြား တိုက်ပွဲကို မျက်မြင်တွေ့လိုကြသည်။
ဗုဒ္ဓဂိုဏ်းတော်၏ဖက်တွင် ယုံကြည်သူအများအပြားရှိနေပြီး တဖက်တွင်တော့ အကျဘက်သို့ရောက်နေသော ကွန်ဖြူးရှပ်တာအိုဂိုဏ်းသာရှိသည်။
သို့သော်လည်း နင်းချန်ရှင်းတွင် အခြားသော ဂုဏ်ပုဒ်တစ်ခုရှိသည်။
၎င်းကတော့ စံအိမ်တော်ရှိ လုချန်ရှန်း၏ တပည့်ဟူ၍ပင်။
စံအိမ်တော်သည် ကုန်းမြေတိုက်ကြီး၏ အာရုံစိုက်မှု့အလယ်တွင်ရောက်နေသောကြောင့် ဗုဒ္ဓဂိုဏ်းတော်က စာကြည့်ဆောင်၏ နင်းချန်ရှင်းကို စိန်ခေါ်လိုက်ရခြင်းဖြစ်သည်။
အပြင်ပန်းတွင်တော့ ဗုဒ္ဓဝါဒက မှန်ကန်သောလမ်းစဥ်အတွက် ယှဥ်ပြုင်ခြင်းဟု ထင်ရသော်လည်း လက်တွေ့တွင် ဗုဒ္ဓဂိုဏ်းတော်က စံအိမ်တော်ကို စိန်ခေါ်လိုခြင်းဖြစ်သည်။
သူတို့က နင်းချန်ရှင်းက မည်သို့တုံ့ပြန်မည်နည်းကို သိချင်သည်က တကြောင်း နင်းချန်ရှင်းနှင့် ဗုဒ္ဓဂိုဏ်းတော်၏ ပြိုင်ဘက်ကင်းပါရမီရှင်များအကြား မည်မျှကွာခြားသနည်းကိုလည်း သိချင်ကြသည်။
အဖွဲ့အများစုက တောင်ခြေရင်းတွင် စခန်းချနေကြသည်။
အချို့အဖွဲ့အစည်းကြီးများကတော့ တောင်ပေါ်သို့တက်သွားချင်နေသည်။
သို့သော်လည်း သူတို့က နင်းချန်ရှင်း၏ ငြင်းပယ်ခြင်းကိုခံခဲ့ရသည်။
“တိုက်ပွဲပြီးဆုံးမှ လူတိုင်းတောင်ပေါ်ကိုတက်နိုင်မယ်”
မည်သူကမှ စိတ်မဆိုးပေ။
သူတို့က ခေါင်းငြိမ့်၍ တိတ်ဆိတ်စွာ တာအိုဆွေးနွေးပွဲကို စောင့်ဆိုင်းနေကြသည်။
ခုနှစ်ရက်ကြာသောအခါ တိမ်ဖြူဖြူများကလည်း တအိအိနှင့် ပျောက်ကွယ်သွား၏။
ဂိုဏ်းအများအပြား ဟေဲာမင်တောင်ပေါ်သို့ မော့ကြည့်လိုက်သည်။
ထိုနေရာတွင် နင်းချန်ရှင်းက ခုံပုလေးရှေ့တွင် ခြေချိတ်၍ထိုင်နေစမြဲပင်။
လက်ဖက်ရည်ကြမ်းက ဆူနွေးနေဆဲဖြစ်ပြီး သူက လက်ထဲတွင် စာအုပ်ကိုကိုင်ထားမြဲဖြစ်သည်။
သို့သော်လည်း စာမျက်နှာများက မတူညီတော့ပေ။
တိုက်ပွဲမစခင်တွင် သူက ထိတ်လန့်နေခြင်းမရှိပေ။
သူက တည်ငြိမ်နေသည်။
နေလည်ခင်းသို့ပင်ရောက်တော့မည်ပင်။
ထိုအခိုက်တွင် နေက ချစ်ချစ်တောက်ပူနေလေသည်။
အနောက်ဘက်ယွန်းယွန်းတွင် ဟေဲာမင်တောင်ဆီသို့ ဦးတည်တိုက်ခိုက်ရင်း တောက်လောင်နေသောနေအလင်းကိုပင် ဖုံးလွှမ်းသွားစေသော ရွှေရောင်အလင်းတန်းများကရှိနေသည်။
သူတို့အား ဗုဒ္ဓ၏အရှိုန်အဝါက ကာကွယ်ပေးထားလေသည်။
ရွှေရောင်အလင်းများနှင့် ဗောဓိသတ္တက ဗုဒ္ဓသုတ္တန်များကို ရွတ်ဖတ်နေလေသည်။
မေတ္တရဗုဒ္ဓပင် ဗုဒ္ဓပုတီးကိုကိုင်ထားကာ အပြစ်ကင်းစင်သေယ အပြုံးတစ်ခုကိုဖော်ဆောင်ထားလေသည်။
ဗုဒ္ဓဂိုဏ်းတော်၏ အထင်ကရပုဂ္ဂိုလ်ကြီးသုံးဦးပင် တစ်ချိန်တည်းတွင် ပေါ်လာလေသည်။
၎င်းကလည်း ဗုဒ္ဓဂိုဏ်းတော်၏ အတုမရှိနည်းစနစ်များကို ကိုယ်စားပြုရာလည်းရောက်သည်။
မူလက ထိုပုဂ္ဂိုလ်သုံးဦးကိုမြင်သော ဗုဒ္ဓဂိုဏ်းတော်က အင်အားအပြည့်နှင့်ရောက်လာသည်ဟုထင်လိုက်ကြသည်။
သို့သော်လည်း သူတို့က ထိုလူပုဂ္ဂိုလ်သုံးဦး၏အောက်တွင် ပိန်ပါးသောပုံရိပ်တစ်ခုကိုမြင်လိုက်ရသောအခါ သူတို့က မှင်သက်သွားကြသည်။
တစ်ယောက်တည်းလား။
ထိုလူက ဗုဒ္ဓဂိုဏ်းတော်ရှိ ပုဂ္ဂိုလ်သုံးဦးကို ယှဥ်နိုင်သည်လော။
ထိုဗုဒ္ဓက ဗုဒ္ဓဂိုဏ်းတော်ရှိ အတုမဲ့ပါရမီရှင်လော။
ထိုဂိုဏ်းများနှင့် အဖွဲ့အစည်းများက နင်းချန်ရှင်းကို တဖန်ကြည့်လိုက်ကြသည်။
သူတို့ မသေချာဖြစ်နေသည်။
နက်းချန်ရှင်းက စံအိမ်တော်၏ တပည့်ဖြစ်နေလျှင်ပင် ကွန်ဖြူးရှပ်တာအိုနယ်ပယ်က အလွန်တရာ သိမ်မွေ့နက်နဲသည်။
သို့သော်လည်း ထိုသို့ပါမီရှင်တစ်ဦးကို သူရင်ဆိုင်နိုင်မည်လား။
‘ခက်ခဲမယ်လို့ ထင်တာဘဲ’
ထိုအခိုက်တွင် နင်းချန်ရှင်းက လက်ထဲမှ စာအုပ်ကို ဘေးချလိုက်သည်။ သူက မျက်ခုံးပင့်ကာ ရွှေရောင်အလင်းများနှင့်လူကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
ဗုဒ္ဓဂိုဏ်၏ အချုပ်အနှောင်ကို ထိုသူက လက်တစ်ဖက်တည်းဖြင့် ပုံဖော်နေသည်။ သူက ဟေဲာမင်တောင်၏ အထက်ကောင်းကင်တွင် ခြေချလိုက်၏။
သူက မေးလိုက်သည်။ “တာအိုက ဘာလဲ”
မည်သည့်ခမ်းခမ်းနားနားမှလုပ်မပြ မည်သည့် အပိုစကားမှမပြောဘဲ တိုက်ရိုက်ပင်သွားလိုက်၏။
ဗုဒ္ဓအလောင်းအလျာက တာအိုဆွေးနွေးပွဲကို တိုက်ရိုက်ဆန်စွာပင်စတင်လိုက်သည်။
တာအိုက ဘာလဲ။
ရိုးရှင်းသောစကားလုံးသုံးလုံးပင်၊ သို့သော် ဖြေရန်ခက်ခဲသည်။
လူတိုင်းက ခုံပုလေးရှေ့တွင် ထိုင်နေသော နင်းချန်ရှင်းကို ဝိုင်းကြည့်လိုက်ကြသည်။
သူတို့က သူဘယ်လိုဖြေမလဲကို သိချင်နေကြသည်။
နင်းချန်ရှင်း၏ နှုတ်ခမ်းထောင့်တွင် ကွေးသွား၏။
တာအိုကဘာလဲ။
၎င်းက အလွန်ကျယ်ပြန့်သော အကြောင်းအရာပင်။
နင်းချန်ရှင်းက ထရပ်ကာ ညင်သာစွာပြောလိုက်သည်။ “ကောင်းကင်နှင့်မြေကြီးမှာ မွေးဖွားလာတာက တာအိုဘဲ”
သူပြောပြီးသည်နှင့် နင်းချန်ရှင်းဘေး တာအိုလှိုင်းများက စက်ဝိုင်းသဏ္ဍန်လှည့်ပတ်နေသည်။
၎င်းက ကြီးကျယ်ခမ်းနားသော ဗုဒ္ဓအလင်းရောင်ဖြင့် ပြိုင်ဆိုင်မှု ဖြစ်ပေါ်လာသည်။
“တာအိုက ကြီးကျယ်နက်နဲ့ပြီး အကန့်သတ်မဲ့တယ်။ ကိုယ်ထည်က ဗလာဖြစ်ပြီး အမှန်တရာက နက်နဲတယ်”
“ပန်းပင်တွေနဲ့ မြက်တွေက တာအိုဘဲ”
နင်းချန်ရှင်းက ခါးကုံးကာ မြေကြီးတစ်ဆုပ်ကို ယူလိုက်သည်။ သူက နူးညံ့စွာပြော၏။ “သစ်သားနဲ့ မြေကြီးကလည်း တာအိုဘဲ”
“ဒီလောကကြီးမှာရှိတဲ့ အရာအားလုံးက တာအိုဘဲ”
ဗုဒ္ဓအလောင်းအလျာက အတန်ငယ်ခေါင်းညိမ့်ပြသည်။သူ၏ ပထမဆုံးမေးခွန်းဖြင့် နင်းချန်ရှင်းကို အနိုင်ရမည်ဟုလည်း သူမထင်ပေ။
သူက နောက်ထပ်ခြေတလှမ်းတိုးလိုက်သည်။
ကြီးကျယ်ခမ်းနားသော ဗုဒ္ဓအလင်းရောင်က တောက်ပလာသည်။
“ဒါဆို အရာအားလုံးက တာအိုဆိုရင် ဗုဒ္ဓဝါဒနဲ့ ကွန်ဖြူးရှပ်ဝါဒက ဘာကွာလဲ”
“ဘာလို့ စာကြည့်ဆောင်ကိုတည်ထောင်ပြီး ကွန်ဖြူးရှပ်တာအိုကို ဖြန့်ဝေရတာလဲ”
“သင်က ကျွန်ုပ်တို့ဗုဒ္ဓဂိုဏ်းရဲ့ ကြီးမြတ်သောတာအိုကို တိုးတက်အောင်မလုပ်တာလဲ”
မှန်ပေသည်။ အရာအားလုံးက တာအိုဖြစ်သည်။
ဗုဒ္ဓဝါဒနဲ့ ကွန်ဖြူးရှပ်ဝါဒက မည်သို့ကွားခြားသနည်း။
နင်းချန်ရှင်းက မရပ်တန့်ပေ။
သူက ဥပဒေသတစ်ခု
သူ၏စကားလုံးများက တည်တံ့နေသည်။
“ပထမအချက်က အရာအားလုံးက တာအိုဖြစ်တယ် ဒါပေမယ့် တာအိုနဲ့ တာအိုကြားမှာ ခြားနားချက်တွေရှိတယ်။
“ဥပမာ ရေနဲ့မီး သေခြင်း ရှင်ခြင်း တို့က ဆန့်ကျင်ဘက် ကြီးမြတ်တဲ့တာအိုတွေဘဲ”
“ဒါကြောင့် ဗုဒ္ဓဝါဒနဲ့ ကွန်ဖြူးရှပ်ဝါဒက ခြားနားတယ်”
ဗုဒ္ဓအလောင်းအလျာက မေးလိုက်သည်။ “ဘာက ခြားနားတာလဲ”
နင်းချန်ရှင်းက ပြော၏။ “တာအိုဝါဒက ကတိကဝတ်အကြောင်းပြောတယ်။ ကျူးလွန်တဲ့သူတွေက သူတို့ရဲ့သားစဉ်မြေးဆက်တွေကို အရိပ်ပေးမယ့် ကောင်းမှုကုသိုလ်တွေစုပြုံလာလိမ့်မယ်။ ဆန့်ကျင်ဘက်အနေနဲ့ သူတို့ရဲ့သားစဥ်မြေးဆက်တွေက အပြစ်တင်ခြင်းကို ရလိမ့်မယ်”
“အကယ်၍ ဗုဒ္ဓက မျက်မှောက်ကမ္ဘာကို ဒုက္ခပင်လယ်အဖြစ် မှတ်ယူတယ်ဆိုရင် မွေးဖွားခြင်းက လွတ်မြောက်အောင် ကျင့်ကြံအားထုတ်ဖို့ ဟောပြောခဲ့တယ်”
“ဒီလိုဆို တာအိုက ဘဝကိုပျော်ရွင်အောင်နေဖို့ဘဲ။ ဒီလောကကြီးရဲ့ကောင်းကွက်က လက်ရှိလောကကြီးကို ကောင်းကင်ဘုံအဖြစ်မှတ်ယူဖို့ဘဲ”
“ကျုပ်ဘဝက ကျုပ်လက်ထဲမှာဘဲ။ ကောင်းကင်ဘုံက ပိုင်တာမဟုတ်ဘူး။ ကျုပ် မသေမျိုးအဖြစ်ရအောင် ကျင့်ကြံမယ်”
“ဗုဒ္ဓက ဘယ်မှာလဲ။ ခင်ဗျားက ကောင်းကင်ဘုံတာအိုကိုလိုက်နာမယ်ဆိုရင် ခင်ဗျားက ဗုဒ္ဓတစ်ပါးဖြစ်လာမယ်။ ခင်ဗျားက ကောင်းကင်ဘုံကို ဆန့်ကျင်ခဲ့မယ်ဆိုရင်တော့ ငရဲကြီးရှစ်ထပ်မှာ အပြစ်ပေးခံရမယ်”
“ဒုတိယအနေနဲ့ ဗုဒ္ဓဂိုဏ်းကလူတွေက ကိုယ့်ဆန္ဒကို ဖြည့်ဆည်းဖို့ ဗုဒ္ဓရဲ့ အတွေးအမြင်တွေကို မကျင့်ကြံတဲ့သူတွေ တကယ်ရှိတယ်လို့ ထင်လား”