Switch Mode

အခန်း (၂၄၈)

ချင်းယွမ်ဓားဂိုဏ်း၊ စာကြည့်ခန်း၊ တိမ်ဖီးနစ်အင်ပါယာ။

လုချန်ရှန်းက ရှောင်ဟေးနှင့်အတူပြန်လာ၏။

နင်းချန်ရှင်းက တောင်ပေါ်မှ ထွက်ခွာသွားပြီဖြစ်ကာ ဟန်ရင်ပေးထားခဲ့သော လိပ်စာအတိုင်းနောက်မှလိုက်သွားသည်။

သူက ကွန်ဖြူးရှပ်ဝါဒ၏ အပျက်အဆီးများသို့ ဦးတည်သွားလိုက်သည်။

ညစာစားပွဲ၌ ယဲ့ချိုးပိုင်က လုချန်ရှန်းနှင့်ခွက်တိုက်လိုက်ပြီး “တတိယဆရာတူညီလေးက ကွန်ဖြူးရှပ်ဝါဒ ထုံးတမ်းစဥ်လာတွေကို ပြန်တည်ဆောက်ချင်နေတယ်”

“စတုတ္တဆရာတူညီလေးက ငရဲကိုးထပ်နန်းတော်ကို ဦးဆောင်နေပြီ”

“ပြီးတော့ ဆရာတူညီမလေးကလည်း တိမ်ဖီးနစ်အင်ပါယာကို ပြန်လည်ထူထောင်ဖို့လုပ်နေပြီ”

“ဆရာတူအကိုကြီးအနေနဲ့ ကျွန်တော့်မှာ ဘာမှလုပ်စရာမရှိဘူးဖြစ်နေတယ်။ ဒါကတော့ နည်းနည်းမဖြစ်သင့်ဘူးမလား”

လုချန်ရှန်းက မျက်လုံးစွေကြည့်ပြီး “ကိစ္စမရှိဘူး။ မင်းသာ ဘာပြဿနာမှမရှာရင်ရပြီ”

ယဲ့ချိုးပိုင်:”…”

မုဝမ်အာက တခစ်ခစ်ရယ်မောကာ “အကိုကြီးချိုးပိုင်၊ညီမက နောင်ကျရင် မုမိသားစုကို ဦးဆောင်ရမှာကို စိုးရိမ်နေမိတယ်”

“အဖေက ညီမကို သူ့နေရာဆက်ခံဖို့လုပ်ခိုင်းနေတယ်”

ယဲ့ချိုးပိုင်က ပြုံးကာ ပြော၏။ “ဂုဏ်ယူပါတယ်”

သုံးခွက်ခန့်သောက်ပြီးနောက် ဟုန်ရင်မျက်နှာက နှင်းဆီပန်းတစ်ပွင့်လို အနည်းငယ် ပန်းရောင်သန်းလာကာ အလွန်လှပနေသည်။

ဟုန်ရင်က ယဲ့ချိုးပိုင်ကို သူမ၏ ဖီးနစ်မျက်လုံးလေးများဖြင့် ကြည့်ကာ ပြောလိုက်လေသည်။ “ဆရာတူအကိုကြီး ဒီလိုဆို ကျွန်မတို့ ထွက်သွားရင် အကိုကြီးအထီးကျန်ပြီးကျန်ခဲ့မှာပေါ့”

ယဲ့ချိုးပိုင်က လက်ရမ်းပြကာ ပြုံး၍ “ဒါပေါ့၊ ဒါပေမဲ့လည်း ဆရာတူညီလေးတို့ ညီမတို့က သူတို့ရဲ့ ကိုယ်ပိုင်အနာဂတ်တွေရှိကြတယ်။ ဘာကိစ္စကြောင့် တစ်ကိုယ်ကောင်းဆန်ပြီး မင်းတို့ကိုတားရမှာလဲ”

“ဒါနဲ့ ဆရာတူညီလေးက ငါ့နဲ့ကျန်ခဲ့ဦးမှာလေ”

“အိုး ဒါနဲ့ ဆရာ”

ထို့ကြောင့် လုချန်ရှန်းက ယဲ့ချိုးပိုင်အား တောင်ကို သန့်ရှင်းရေးလုပ်ခိုင်းခြင်းဖြစ်သည်။

ဒါက ဒီကောင်စုတ်လေးပြောတာဘဲ။

ငါက အလိုတူအလိုပါဖြစ်နေပြီလားမသိ။

သို့သော်လည်း ယဲ့ချိုးပိုင်နှင့်အတူအချိန်အတန်ကြာနေပြီးနောက် လုချန်ရှန်းက သူ့စရိုက်ကိုနားလည်နေပြီဖြစ်သည်။

သူ့မျက်လုံးထဲတွင် အထီးကျန်မှု့ကိုမြင်နေရသည်။

ဝိုင်ခွက်ထဲ ဝိုင်လောင်းထည့်ပြီးနောက် လုချန်ရှန်းက ဝိုင်ခွက်ကို လက်ထဲမှချကာ “မင်းလဲ အပြင်ဘက်ထွက်ပြီးတခုခုကြိုးစားကြည့်ချင်လား”

ရက်ပိုင်းအတွင်းကျင့်ကြံပြီးနောက် ယဲ့ချိုးပိုင်၏ ခွန်အားက ချန်းယွမ်နယ်ပယ် နှောင်းပိုင်းအဆင့်ကို ရောက်နေပြီဖြစ်သည်။

သာမန် အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူများက သူ၏ ပြိုင်ဘက်ဖြစ်နိုင်တော့မည်မဟုတ်ပေ။

ဤနေရာကထွက်ပြီး လေ့ကျင့်ချင်နေသည်လား။ ဤနယ်​မြေမှတွင် လေ့ကျင့်ရန်အကောင်းဆုံးနေရာမရှိပေ။

“မင်းလေ့ကျင့်ချင်ရင် သွားလို့ရတယ်”

ဟုန်ရင်က ပြုံးလျှက်ပြောသည်။ “အကိုကြီး သွားစရာမရှိရင် ညီမကို ကူပေးလို့ရတယ်”

ယဲ့ချိုးပိုင်က အတန်ကြာတွေးပြီးနောက် ခေါင်းခါလိုက်၏။

“မင်းက ကိုယ့်အဖွဲ့အစည်းကို အခြေကျအောင်ထူထောင်ပြီးသွားပြီလေ။ ဆရာတူအကိုတစ်ယောက်အနေနဲ့ ငါအတွက်က ဘာမှလုပ်ပေးစရာမလိုတော့ဘူး”

လုချန်ရှန်းက တငုံသောက်ကာ ပြုံးလိုက်သည်။

ကျစ်၊ ဒီခွေးသူတောင်စား အောင့်ကျောင်းဘဲ။ (အပြင်ဘက်မှာတော့ အေးစက်စက်လုပ်ပြပြီး အတွင်းစိတ်ကတော့ နူးညံသူ)

ယဲ့ချိုးပိုင်က ပြုံးကာ ပြော၏။ “ငါပြောသလိုဘဲ။ မနက်ဖြန်ကျရင် အပြင်ဘက်ထွက်ပြီး အဖွဲ့အစည်းတစ်ခုတည်ထောင်မယ်”

ရှစ်ရှန်းက ခေါင်းကုတ်ကာ ပြောလေသည်။ “ကျွန်တော်က ဆရာ့ကိုဘဲ အဖော်ပြုပြီးနေပါမယ်”

ရှစ်ရှန်းအတွက်က ဤနေရာသည် သူ၏ ဒုတိယအိမ်ဖြစ်ကာ အဖွဲ့စည်းတစ်ခုထူထောင်ရန်လည်း စိတ်မဝင်စားပေ။

လုချန်ရှန်းက ခံစားသွားရသည်။

နောက်ဆုံးတော့ သူ့ကို ပြဿနာမပေးသော တပည့်တစ်ဦးရခဲ့လေပြီဖြစ်သည်။

၎င်းက မလွယ်ကူပေ။

ယဲ့ချိုးပိုင်က ဖန်ခွက်ကိုမြှောက်ကာ ထရပ်လိုက်၏။

ဟုန်ရင် ရှစ်ရှန်းနှင့် မုဝမ်အာသည်လည်း ထရပ်ကာ ပြုံးလျှက် ဖန်ခွက်မြှောက်လိုက်ကြသည်။

“နောင်အနာဂတ်မှာ ငါတို့လေးယောက်က ကိုယ်ပိုင်အဖွဲ့အစည်းအသီးသီးကို ထူထောင်နိုင်လိမ့်မယ်”

“အဲ့ဒီ့အချိန်မှာ ငါတို့လေးယောက်က ဒီကုန်း​မြေကြီးရဲ့ ကျွမ်းကျင်သူတွေဖြစ်လာရမယ်”

“အဲ့ဒီ့အချိန်မှာ ဆရာလည်း စိတ်အေးသွားရမယ်။ ဘယ်သူကမှ ငါတို့ကို ထိပါးရဲမှာမဟုတ်တော့ဘူး”

လုချန်ရှန်းက မျက်စောင်းထိုးလိုက်သည်။

မင်းတို့ကို ယုံကြည်ရမှလား။

ထို့သို့ဖြင့် သူတို့က ခွက်ချင်းတိုက်လိုက်ကြတော့သည်။

နှစ်အနည်းငယ်အကြာတွင်၊ ကန္တရဒေသနှင့် အထက်ကမ္ဘာရှိ ဂိုဏ်းများပင် စံအိမ်တော်၏ တပည့်လေးဦးတည်ထောင်ခဲ့သော အင်ပါယာ ဂိုဏ်းအဖွဲ့အစည်းများကို လေးစားကြ၏။

လုချန်ရှန်းက ထိုမြင်ကွင်းကိုမြင်သော် သူက ခေါင်းခါ၍ ပြုံးလိုက်မိသည်။

နောက်တစ်ရက်တွင် ယဲ့ချိုးပိုင်နှင့် ဟုန်ရင်က တောင်ပေါ်မှဆင်းသွားကြသည်။

ဟုန်ရင်တည်ထောင်ထားသော တိမ်ဖီးနစ်အင်ပါယာမှာ ယခင်တိမ်ဖီးနစ်တည်ရှိသောနေရာတွင်ရှိလေသည်။

၎င်းက အလယ်ပိုင်းဒေသတွင်ရှိ၏။

ယဲ့ချိုးပိုင်က တောင်ပိုင်းဒေသတွင် အဖွဲ့အစည်းတစ်ခုကိုတည်ထောင်ရန်ရွေးချယ်ခဲ့သည်။

ရက်အနည်းငယ်ကြာသောအခါ သတင်းတစ်ခုက ကုန်းမြေကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။

ချင်းယွင်ဓားဂိုဏ်းက တောင်ပိုင်းဒေသတွင် တည်ထောင်ခဲ့သည်။

ဂိုဏ်းချုပ်က စံအိမ်တော်၏အကြီးဆုံးတပည့် ယဲ့ချိုးပိုင်ပင်ဖြစ်သည်။

အလယ်ပိုင်းဒေသတွင် တိမ်ဖီးနစ်အင်ပါယာ၏ ပြန်လည်တည်ဆောက်နေခြင်းက ပြီးဆုံးသွားပြီဖြစ်သည်။

ယခင်နေရာတွင်ဘဲ အင်ပါယာအဆောက်အဦးများက တစ်ခုပြီးတစ်ခုပေါ်ထွက်လာသည်။

စံအိမ်တော်၏ ဒုတိယတပည့်မတစ်ဖြစ်လည်း တိမ်ဖီးနစ်ဧကရီ ဟုန်ရင်က ထိုအင်ပါယာကို အုပ်စိုးမည်ဖြစ်သည်။

အနောက်ပိုင်းဒေသတွင်လည်း အဖွဲ့အစည်းကြီးတစ်ခုပေါ်ပေါက်လာသည်။

၎င်းက ဗုဒ္ဓဘာသာဂိုဏ်းတစ်ခုပင်။

ထိုအခိုက်တွင် စာကြည့်ခန်းဟူသော အဖွဲ့အစည်းတစ်ခုပေါ်လာသည်။

ထိုအဖွဲ့စည်း၏ တာဝန်က ကွန်ဖြူးရှပ်ဝါဒကို ဖြန့်ကျတ်ရန်ပင်။

တစ်ချိန်တည်းမှာ စာကြည့်ခန်း၏ ဂိုဏ်းချုပ်က စံအိမ်တော်၏ တတိယတပည့် နင်းချန်ရှင်းပင်။

စံအိမ်တော်၏ တပည့်သုံးဦးက တောင်ပေါ်မှဆင်းကာ ကိုယ်ပိုင်အဖွဲ့အစည်းအသီးသီးကို တည်ထောင်လိုက်ကြသည်။

ချင်းယွမ်ဓားဂိုဏ်းတည်ထောင်ခြင်းအခမ်းအနားသို့ ဂိုဏ်းပေါင်းမြောက်များစွာကလာရောက်ဂုဏ်ပြုပေးကြသည်။

ထိုအထဲတွင် လျှိုဝှက်တာအိုကျောင်းတော်၊ လျှို့ဝှက်ဓားဂိုဏ်း၊ မုမိသားစုနှင့် လီမိသားစုတို့ပါဝင်သည်။

ထို့ပြင် အမျိုးမျိုသော အင်အားစုများကလည်း လာရောက်ကြသည်။

သူတို့က စံအိမ်တော်နှင့် ဆက်ဆံရေးတစ်ခုတည်ဆောက်ချင်ကြသည်။

သို့သော်ငြားလည်း လုချန်ရှန်းကို ဘယ်နေရာတွင်မှ ရှာမတွေ့ပေ။

သူ့ကို လူချင်းတွေ့ဖို့ကခက်ခဲလေသည်။

သူက သူ့တပည့်များအပေါ်တွင်ဘဲ အာရုံထားလေသည်။

လုချန်ရှန်းက ချင်းထျန်းနျန်ကိုပင် သူ့အစား ဂုဏ်ပြုလက်ဆောင်ပို့ပေးရန်တောင်းဆိုခဲ့သည်။

လက်ဆောင်မူကာ လက်ရေးလှပန်းချီတစ်ခုပင်။

ယဲ့ချိုးပိုင်က ဖွင့်ကြည့်ပြီးနောက် ခါးသီးစွာပြုံးလိုက်မိသည်။

ဘယ်ဘက်ရှိ နှစ်ကြောင်းစပ်ကဗျာ၊ တာ်ငြိမ်စွာနဲ့ အောင်မြင်အောင်လုပ်ပါ။

ညာဘက်ရှိနှစ်ကြောင်းစပ်ကဗျာ၊ ကိုယ်တိုင်တိုးတက်အောင်လုပ်ပါ။

အလယ်ရှိ နှစ်ကြောင်းစပ်ကဗျာ၊ ပြဿနာမရှာပါနဲ။

ဘုရားရေ။ ဆရာကတော့ ဆရာပါဘဲ။

သို့သော်လည်း ထို နှစ်ကြောင်စပ်ကဗျာများတွင် စိတ်ဝိဉာည်အားဖြည့်​ရေးအစီအရင်တစ်ခုရှိနေသည်။

၎င်းကြောင့် ချင်းယွမ်ဓားဂိုဏ်း၏ ပိုက်နက်တွင် စိတ်ဝိဉာည်ချီများစွာ သိပ်သည်းလာလေသည်။

၎င်းကလည်း တောင်ပိုင်းဒေသ၏ စိတ်ဝိဉာည်ချီအားနည်းမှု့ကို ဖြေရှင်းပေးလိုက်နိုင်သည်။

ဂိုဏ်တည်ထောင်ခြင်းအခမ်းအနားပြီးဆုံးသောအခါ

ချင်းယွမ်ဓားဂိုဏ်းက ဒေသလေးခုရမှ တပည့်များကို စတင်၍ လက်ခံတော့လေသည်။

မှန်၏။ ဝင်ခွင့်လိုအပ်ချက်သည်တော့ အလွန်အမင်းတင်းကြပ်လေသည်။

ပါရမီအရည်အချင်း အသက်အကန့်အသက်တို့ရှိလေသည်။

တစ်ချိန်တည်းမှာပင် ၎င်းတို့က ဓားကျင့်ကြံသူများဖြစ်ရပေမည်။

အရေးကြီးသည်က စိတ်နေသဘောထားပင်။

တပည့်လက်ခံသည့်လိုအပ်ချက်ကိုကြည့်ကာ အဖွဲ့အစည်းအများအပြားက ခေါင်းကိုသာ ခါမိလိုက်သည်။

၎င်းက အလွန်တင်းကြပ်၏။

သို့သော်လည်း နောက်ဆုံးရလဒ်က ထိုအဖွဲ့အစည်းများထင်ထားသည်ထက် ကျော်လွန်နေခဲ့သည်။

မရေတွက်နိုင်သော ဓားကျင့်ကြံသူများက ချင်းယွမ်ဓားဂိုဏ်းကို ဝင်ချင်​နေကြ၏။

သူတိာ့က ဒေသလေးခုအပြင် အလယ်ပိုင်းဒေသပင်ပါသေးသည်။

ထိုအထဲတွင် ကျန့်ချောင်းမြန်နှင့် လျှန်ဖုန်းလည်းပါလေသည်။

ယဲ့ချိုးပိုင်က ကျန့်ချောင်းမြန်ပါသည်ကို မအံသြပေ။

သို့သော် အဘယ်ကြောင့် လျှန်ဖုန်းက ပါလာရသနည်း။

သူက ယဲ့ချိုးပိုင်နှင့် ကျန့်ချောင်းမြန်က စိုက်ကြည့်နေသည်ကို ပြန်ကြည့်နေ၏။

လျှန်ဖုန်းက ပုခုံးတွန့်ပြကာ ပြောလိုက်သည်။ “ငါက ဆရာနဲ့ ကြိုဆွေးနွေးပြီးသွားပြီ”

“နောက်တော့ ငါအရိုက်ခံရပြီး တောင်အောက်ကိုဆင်းလာရတာဘဲ”

“ဒါပေါ့ ဆရာတပည့်ဆက်ဆံရေးကတော့ ပျက်မသွားပါဘူး။ ငါက လျို့ဝှက်ဓားဂိုဏ်းက ထွက်လာတာလေးပါဘဲ”

မှန်ပေသည်။ ၎င်းက လင်းရုဖူန်း ချက်ချင်းသဘောတူမည့်အရာဖြစ်သည်။

လျှန်ဖုန်းက ယဲ့ချိုးပိုင်နှင့် သူငယ်ချင်းသာဖြစ်လေသည်။

သူက ထိုသို့ဖြစ်လာသည်ကို ဝမ်းသာနေသည်။

ယဲ့ချိုးပိုင်က ပါရမှရှင်အများအပြားထဲတွင် ပါခဲ့သူဖြစ်သည်။

ချင်းယွမ်ဓားဂိုဏ်း၏ ပထမအသုတ် တပည့်အဖြစ်
သူ လူလေးဦးကိုသာရွေးချယ်ခဲ့လေသည်။

ထိုအချိန်မှစ၍ ချင်းယွမ်ဓားဂိုဏ်းသည် ၎င်း၏ပထမခြေလှမ်းကို စတင်ခဲ့သည်။

တဖက်တွင်တော့ တိမ်ဖီးနစ်အင်ပါယာတွင် လက်အောက်ခံများစွာရှိနေပြီဖြစ်သည်။

မထင်မှတ်ထားသည့်အရာတစ်ခုက

အနောက်ပိုင်းဒေရှိ စာကြည့်ခန်းပင်ဖြစ်သည်။

စာကြည့်ခန်းတည်ထောင်သည့်ပထမဆုံးရင်တွင်

နင်းချန်ရှင်းက ဗုဒ္ဓဂိုဏ်း​တော်မှ စိန်ခေါ်စာတစ်​စောင်ကိုရခဲ့သည်။

ခုနှစ်ရကိကြာလျှင် စာကြည့်ခန်းတွင် တာအိုဆွေးနွေးမည်ဖြစ်သည်။

စိတ်ခေါ်သူကာ ဗုဒ္ဓဂိုဏ်းမှ ပါရမီရှင်တစ်ဥိးဖြစ်သော

ဗောဒိသတ္တပင်။

အဖွဲ့အစည်းများက ဗောဒိသတ္တကို မမြင်ဖူးကြပေ။ ကြားဖူးရုံသာရှိလေသည်။

ထိုလူက ဗုဒ္ဓဂိုဏ်းတော်တွင် ပေါ်မလာဖူးသော နတ်ဆိုးတစ်ကောင်ဖြစ်သည်။

ဗောဓိသတ္တက နင်းချန်ရှင်းနှင့် တာအိုဆွေးနွေးချင်နေသည်။

ထိုအဓိပ္ပါယ်က ရှင်း၏။

ဗုဒ္ဓဂိုဏ်းက စာကြည့်ခန်းတည်ဆောက်မည်ကို မလိုလားပေ။

နင်းချန်ရှင်းအတွက်မူကား။

သူက လက်ခံလေသည်။

၎င်းက ကွန်ဖြူးရှပ်တာအိုကို နာမည်ကျော်ကြားစေရန်အတွက် ပထမဆုံးခြေလှမ်းပင်။

ရှုံးမည်ကိုစိုးသည်လား။

နင်းချန်ရှင်းက ၎င်းကို တွေးမထားပေ။

Comment

  1. heintayzar955588257 says:

    😊😊😊😊😊

Leave a Reply

Options

not work with dark mode
Reset