“မရဏတမန်တော်”
ထိုလူက လက်ကာရမ်းပြကာ အနက်ရောင်ပုံရိပ်သုံးခုက ဟန့်တားလိုက်သည်။
“ကျုပ်သိချင်တာက ဘယ်ဝိဉာည်ကိုများ ခေါ်သွားလိုတာပါလဲ?”
“ဆည်းဆာရွာက ရွာသားတွေကိုပါ”
ထိုလူက ခေါင်းညိမ့်ကာ အနက်ရောင်ဝတ်ရုံနှင့်ပုံရိပ်တစ်ခုကို ကြည့်လိုက်သည်။
၎င်းကိုမြင်သော် အနက်ဝတ်လူက သက်ပြင်းချလိုက်ကာ ဆည်းဆာရွာ၏ ဝိဉည်ခြောက်ဆယ့်ကိုးယောက်ကို ခေါ်ထုတ်လိုက်သည်။
ရှောင်ဟေးက ခေါင်းညိမ့်ကာပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်”
“မလိုအပ်ပါဘူး”
ထိုလူ၏အပြုံက ရှင်းမပြနိုင်အောင်ပင်။ သူက ပြော၏။ “မင်းသန်မာလာတဲ့အခါကျရင် ငရဲကိုးထပ်နန်းတော်ကို သိမ်းပိုက်ဖို့ကိုသာ မမေ့ပါနဲ့”
လုချန်ရှန်းက ထိုကိစ္စများကိုပြီးမြောက်သောအခါ ရှောင်ဟေးနှင့်အတူထွက်ခွာသွားတော့သည်။
ထိုမှသာ အနက်ရောင်ဝတ်ရုံနှင့်ပုံရိပ်က ရှေ့ကိုထွက်လာကာ စိုးရိမ်ကြီးစွာဖြင့်ပြောလိုက်သည်။ “မရဏတမန်တော်၊ ဘာလို့ဒါကိုသဘောတူလိုက်ရတာလဲ? ဒါက မရဏလောကရဲ့ အမိန့်ကို ဖျက်ဆီးပြစ်နိုင်တယ်!”
ထိုလူက ပြုံးကာ ခေါင်းခါ၏။ “ဒါက အပေးအယူဘဲ”
“ဒါပေမဲ့ ရှောင်ဟေးနဲ့ငါက ဒီအပေးအယူရဲ့ ပြစ်မှတ်မဟုတ်ဘူး”
“ဘာကိုဆိုလိုတာလဲမသိဘူး” ၎င်းကိုကြားသော် အနက်ရောင်ဝတ်ရုံနှင့်ပုံရိပ်က ကြောင်အသွားသည်။
“ငါဒီလိုလုပ်ရတာက အဲ့ဒီ့လူရဲ့နောက်ထပ်အကူအညီကိုရအောင်လုပ်ဘဲ”
“သူက သူ့တပည့်ကိုခေါ်လာပြီ ငရဲကိုးထပ်နန်းတော်ကို ဦးဆောင်ခိုင်းတယ်။ ဒါက သေဆုံးခြင်းမြစ်ရဲ့ စိတ်ဝိဉာည်ကိုငှားလိုက်တဲ့အတွက် ပြန်ရတဲ့အကူအညီဘဲ”
“ဒါပေမဲ့ ငါရှောင်ဟေးတောင်းဆိုချက်ကိုလက်ခံခဲ့တာက သူ့ကို နောက်ထပ်ကျေးဇူးကြွေးတင်ခံရအောင်လို့ဘဲ။ ဒါသဘောတူညီချက်က သေချာပေါက်အမြတ်ထွက်မှာ”
တဖက်တွင်တော့ လုချန်ရှန်းက ဆည်းဆာရွာသို့ မဲမှောင်သောမျက်နှာဖြင့် ပြန်ရောက်လာ၏။
အရှုံးပဲ၊ နည်းနည်နောနောမဟုတ်ဘူး ရှုံးသွားတာ။
မူလက သူအကြွေးပြန်ဆပ်ရန်လုပ်ထားသော်လည်း နောက်အကြွေးတစ်ခုပင်တင်လာ၏။
သို့သော်ငြားလည်း သူဘာမှမတက်နိုင်ပေ။
ဒီခွေးသူတောင်းစားက လူတွေကိုလှည့်စားတဲ့နေရာမှာတော်တော့်ကိုတော်တယ်။
မရဏတမန်တော်မျက်နှာရှိအပြုံးကိုပြန်တွေးမိတိုင်း လုချန်ရှန်းဒေါသထွက်လာ၏။
ဆည်းဆာရွာ၏ ရွာသူကြီးက လုချန်ရှန်းတို့ကိုမြင်လိုက်ရသောအခါ ဒူးတောက်ကာ အရိုအသေပေးနေတော့သည်။
သူ လုချန်ရှန်း၏ခြေထောက်ကို နောက်ဆုံးသော မျော်လင့်ချက်တစ်ခုတဖွယ် ဆုပ်ကိုင်ထားလေသည်။
“တန်ခိုးရှင်ကြီး၊ မသေမျိုး တန်ခိုးရှင်ကြီး သူတို့ကိုကယ်ပေးပါ”
“မသေမျိုးတွေက သေဆုံးသူတွေကို အသက်ပြန်သွင်းပေးနိုင်တယ်လို့ ကြားဖူးပါတယ်”
“သူတို့ကိုကယ်ပေးရင် ကျွန်တော်က မသေမျိုးတန်ခိုးရှင်ကြီးရဲ့ အစေခံလုပ်ပါ့မယ်”
ရှောင်ဟေးက ပြောလိုက်သည်။ “စိတ်မပူပါနဲ့ ဆရာက ခင်ဗျားကို ကူညီမှာပါ”
လုချန်ရှန်းက အမှန်ပြင်ပေးလိုက်သည်။ “ကယ်ပေးမှာက မင်းလေ”
ထိုသို့ပြောပြီးနောက် သူက ရွာသူကြီးကိုပြောလိုက်သည်။ “ဖက်မနေနဲ့တော့။ မင်းဖက်ထားရင် ငါက သူတို့ကို ဘယ်လိုကယ်ရမှာလဲ”
၎င်းကိုကြားသော် ရွာလူကြီးက ချက်ချင်းလက်လွှတ်လိုက်ကာ ငိုယို၍ “ကျေးဇူးတင်ပါတယ်။ မသေမျိုးတန်ခိုးရှင်ကြီး”
လုချန်ရှန်းစကားကြောင့် ရွာလူကြီး၏စိတ်နှလုံးထဲတွင် မျှော်လင့်ချက်များတဖန်ပေါ်ပေါက်လာ၏။
လုချန်ရှန်းက ကျောက်တုံးအိမ်အတွင်းသို့ ဝင်လာသည်။
သူက အရိုးများ အသွေအသားများနှင့် ခေါင်းပြတ်တစ်ခုကိုကြည့်လိုက်သည်။
သူက လက်တစ်ဖက်ကမ်းလိုက်သည်။
ထိုအကျွင်းအကျန်များကို အဆုံးမဲ့စိတ်စွမ်းအားများကဝန်းရံသွား၏။
တစ်ခဏအတွင်း ထိုအကျွင်းအကျန်များက မျက်စိရှေ့တွင်ပင် ကြီးထွာလာသည်။
အရိုးများတွင် အသားစများထွက်ပေါ်လာသည်။
နှလုံးများက စတင်၍ ခုန်လာသည်။
လုချန်ရှန်း၏ ရှင်သန်ခြင်းစိတ်စွမ်းအားများက အဆုံးမရှိပေ။
၎င်းက တာအိုနိယာမနယ်ပယ်သို့ရောက်ရှိနေပြီဖြစ်သည်။
ယင်းကို ရှင်သန်ခြင်းနိယာမဟုပင်ခေါ်ဆိုနိုင်သည်။
မကြာခင်တွင် သူတို့၏ ခန္ဓာကိုယ်များက ပြန်လည်သက်သာလာသည်။
စုစုပေါင်း ခန္ဓာကိုယ် ခြောက်ဆယ့်ကိုးခုရှိ၏။
ထို့နောက်ရှောင်ဟေးက ဝိဉာည်များကို လွှတ်ပေးလိုက်သည်။
ထိုဝိဉာည်များက သူတို့၏ခန္ဓာကိုယ်ကိုရှာဖွေပြီး နှဖူးအလယ်သို့တိုးဝင်သွားကြသည်။
ထို့နောက်တွင် ထိုအလောင်းများက အသက်ပြန်ဝင်လာကြတော့သည်။
ဆည်းဆာရွာသားခြောက်ဆယ့်ကိုးဦးက အသက်ပြန်ရှင်လာကြ၏။
“အယ်? ဘာဖြစ်သွားတာလဲ!”
“ငါမသေသေးဘူးလား?”
ထိုအံ့ဖွယ်ဖြစ်ရပ်ကိုမြင်လိုက်ရသောအခါ ရွာလူကြီးက ဝမ်းသာမျက်ရည်များကျဆင်းလာတော့သည်။
ရွာသူကြီးက ထိုကိစ္စကိုရွာသားများကိုပြောပြပြီးနောက် သူတို့က ရှောင်ဟေးရှိရာဘက်သို့ လှမ်းကြည့်ပြီး ဒူးထောက်အရိုအသေပေးကြ၏။
“ကျေးဇူးတင်ပါတယ်။ မသေမျိုးသခင်ကြီး ကျေးဇူးတင်ပါတယ်”
ရှောင်ဟေးက သူတို့၏ အလွန်ရိုးသားကာ ကျေးဇူးတင် ပျော်ရွင်နေသော မျက်နှာများကိုကြည့်ကာ သူသည်လည်း မနေနိုင်ဘဲ ရိုးရှင်းစွာပြုံးလိုက်မိသည်
“တကယ်တော့ ကျုပ်သိပ်မလုပ်လိုက်ရပါဘူး။ ဆရာကသာ”
သို့သော်လည်း သူဘေးကိုကြည့်လိုက်သောအခါ လုချန်ရှန်းက ရှိမနေတော့ပေ။
အသံတစ်ခုသာ သူ့ခေါင်းထဲသို့ဝင်ရောက်လာ၏။
“ငတုံးကောင် ငါရွာအပြင်ဘက်မှာစောင့်နေမယ်”
“ဒါက မင်းလုပ်တာဘဲ။ သူတို့ကို အသက်ပြန်သွင်းပေးဖို့စိတ်ဆန္ဒရှိခဲ့တာက မင်းဘဲ။ နားလည်ပြီလား”
ရှောင်ဟေးက အတန်ငယ်ကြောင်အနေသည်။
သူ့နှလုံးသားထဲတွင် ကျေးဇူးတင်သည့်အရိပ်အယောင်တစ်ခုရှိနေသည်။
ရွာသားများကိစ္စကိုဖြေရှင်းပြီးနောက် ရှောင်ဟေးက ရွာသားများ၏လိုက်ပါပို့ဆောင်ပေးခြင်းနှင့်အတူ ဆည်းဆာရွာမှပြန်လာခဲ့သည်။
လုချန်ရှန်းက မြက်ပင်တစ်ပင်ကို ပါးစပ်တွင် ကိုက်ကာ သစ်ပင်တစ်ပင်အောက်တွင် လှဲနေလေသည်။
ရှောင်ဟေးထွက်လာသည်ကိုမြင်သော် သူက ပြုံးကာ ပြောလိုက်သည်။ “မင်းဘာတွေအချိန်ဖြုန်းနေတာလဲ။ မြန်မြန်ပြန်ရအောင်”
ရှောင်ဟေးက ပြုံးကာခေါင်းညိမ့်သည်။
သူတို့နှစ်ဦးက စံအိမ်တော်သို့ ပြန်လာကြသည်။
သို့သော်လည်း အပြန်လမ်းတွင် လုချန်ရှန်းက ရှောင်ဟေးစိတ်ရှုပ်ထွေးသွားစေမည့်အရာကိုပြောလိုက်သည်။
“မင်းမှတ်ထားဖို့က”
“မင်းမိစ္ဆာနတ်ဆိုးဖြစ်နေရင်တောင် အဲ့ဒီမိစ္ဆာက မယုတ်မာဘူး”
“သူက စိတ်ကောင်းရှိတယ်။ သူလုပ်ချင်တာသူလုပ်ပြီး သေမျိုးကမ္ဘာရဲ့စည်းကမ်းတွေက သူကိုထိန်းချုပ်လို့မရနိုင်ဘူး”
“မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အားလုံးက မင်းနှလုံးသားပေါ်မှာပဲ မူတည်တယ်”
…
ထိုအချိန် စံအိမ်တော်တွင် နင်းချန်ရှင်းက ကမ်းပါးပေါ်တွင်ထိုင်ကာ နေဝင်ဆည်းဆာကို ခံစားနေလေသည်။
ဟုန်ရင်က သူ့ဘေးတွင်လာရပ်ကာ “နင့်အတွက် လုပ်စရာမရှိဘူးထင်နေတာလား”
၎င်းကိုကြားသောအခါ နင်းချန်ရှင်းက ကြောင်အသွားသည်။
ထို့နောက် သူက ခေါင်းညိမ့်ပြသည်။
ယခုတော့ ကမ္ဘာကြီးကို သူတစ်ဦးတည်းပြောင်းရန်မှာ ခက်ခဲမှန်း သူနားလည်သွားလေသည်။
နင်းချန်ရှင်းက ဘာလုပ်ရမှန်းမသိသေးသော်လည်း သူက အရှုံးမပေးသေးပေ။
ဟုန်ရင်က တခဏစဥ်းစားပြီးနောက် နင်းချန်ရှင်းကိုကြည့်လိုက်သည်။ သူမက လေးနက်စွာပြောလိုက်သည်။ “နင် ကမ္ဘာကြီးကို ငြိမ်းချမ်းပြီး စစ်ပွဲတွေမဖြစ်စေချင်ရင် နင့်အရင်နည်းလမ်းကို မှီခိုနေလို့မရဘူး”
“နင်ဟောပြောမှရမယ်”
ဟောပြောရမယ်။
“ကျွန်တော် နေရာတိုင်းမှာ ဟောပြောခဲ့ပြီးပြီလေ”
ဟုန်ရင်က ခေါင်းခါကာ “ဒါက မထိရောက်ဘူး”
“နင် အဖွဲ့အစည်းတစ်ခုကိုစတင်ဖို့လိုတယ်”
ဟုတ်တယ်၊ ဗုဒ္ဓဂိုဏ်းလိုဘဲ။
မည်သို့ကြောင့် ဗုဒ္ဓဂိုဏ်းက လူအများအပြား၏ စိတ်နှလုံးထဲသို့ ရောက်ရှိနိုင်ခဲ့သနည်း။
ထို့ပြင် လူအများ ဗုဒ္ဓကိုယုံကြည်အောင် သူတို့က လုပ်ဆောင်နိုင်ခဲ့သည်။
ထိုသို့ဖြစ်ရသောအကြောင်းအရင်းတစ်ခုက ဗုဒ္ဓဂိုဏ်းတော်သည် ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်လေသည်။
၎င်းက အများလက်ခံထားသော ဗုဒ္ဓဝါဒအမွေအနှစ်တစ်ခုဖြစ်သည်။
နင်းချန်ရှင်း၏ ယခင်လုပ်ရပ်က ရေပုံးထဲက ရေတစ်စက်သာသာပင်။
သက်ရောက်မှု့က လုံးဝနီးပါးမရှိပေ။
“ဥပမာ၊ နင်က ကွန်ဖြူးရှပ်ဝါဒကို ကျင့်ကြံလို့ရတယ်”
နင်းချန်ရှင်းက တခဏတွေးကာ ပြောလိုက်သည်။
“ဒါပေမယ့် ကျွန်တော်မှာ အခြေခံတွေမရှိဘူး”
ယခုတော့ နင်းချန်ရှင်းတွင် ကွန်ဖြူးရှပ်တာအိုနှင့်ပတ်သတ်သော တာအိုသိုင်းကျမ်းရှိလေသည်။
ထို့ပြင် ထို တာအိုသိုင်းကျမ်းက တခြားလူကို ပေးပြစ်ရန်မှာ မဖြစ်နိုင်ပေ။
မည်သို့ဖြင့် သူက ကွန်ဖြူးရှပ်ဝါဒဂိုဏ်းကို တည်ဆောင်ရမည်နည်း။
တည်ထောင်ခဲ့မည်ဆိုလျှင် ဝင်ရောက်မည့်လူရှိမည်မဟုတ်ပေ။
ဟုန်ရင်က ခေါင်းခါလျှက် ပြုံးလိုက်သည်။ “နင် ကွန်ဖြူးရှပ်ဘုရားကျောင်းအပျက်ဆီသွား။ အဲ့မှာတစ်ခုခုရှိနေတယ်”
“ကွန်ဖြူးရှပ်ဝါဒအခြေခံကို အမွေဆက်ခံပြီးရင် ငါနဲ့ မင်းဆရာတူညီအကိုတွေရှိသေးတယ်လေ”
“တကယ်လိုအလုပ်မဖြစ်ရင်တောင် ဆရာရှိသေးတာဘဲ။ အရင်းအမြစ်တွေ အများကြီးရှိလို့ ကွန်ဖြူးရှပ်ဝါဒကို ထူထောင်ဖို့ မင်းအတွက် လုံလောက်တာထက် ပိုနေတယ်”
နင်းချန်ရှင်းက ခေါင်းညိမ့်၏။ ၎င်းက ဖြစ်နိုင်လေသည်။
ကွန်ဖြူးရှပ်ဝါဒကိုတည်ဆောက်ပြီးချိန်တွင် ဟောပြောခြင်းက ပို၍ပင် သက်ရောက်မှု့ရှိမည်ဖြစ်သည်။
သို့သော်လည်း သူကြောက်နေသည့်အရာတစ်ခါရှိသေးသည်။
၎င်းက ဧကရာဇ်ကွန်ဖြူးရှပ်ပြောခဲ့သည့်အရာဖြစ်သည်။
ကွန်ဖြူးရှပ်ဝါဒကိုတည်ထောင်ပြီးချိန်တွင် အရာအားလုံးက ည် ထိန်းမနိုင်သိမ်းမရဖြစ်ကုန်ကြကာ သူ၏ရည်ရွယ်ချက်ကို မေ့သွားခဲ့လေသည်။
မဟုတ်ဘူး။
နင်းချန်ရှင်းက ခေါင်းခါကာ ပြုံး၍ပြော၏။ “ကိုယ့်နှလုံးသားစေစားရာနောက်ကိုဘဲ လိုက်ရမယ်”
ထို့ပြင် နင်းချန်ရှင်းတွင် အားသာချက်တစ်ခုရှိလေသည်။
သူဘေးတွင် အလွန်စွမ်းအားကြီးသော ဆရာသခင်တစ်ဦးရှိနေလေသည်။