လူအိုကြီး၏ မျက်လုံးများက နွယ်နယ်ဖျော့တော့နေ၏။
သူက ဘေးပတ်ဝန်းကျင်ကို လိုက်ကြည့်ကာ တစ်ကိုယ်တည်းရေရွတ်နေမိသည်။ “ဘယ်သူမှ မရှိတော့ဘူး…”
လုချန်ရှန်းက ထိုင်ချကာ လက်ကိုဝှေ့ရမ်းလိုက်ရာ သူ့လက်ထဲတွင် အဖြူရောင်အလင်းများပေါ်လာပြီး လူအိုကြီး၏ မျက်လုံးများကို ပိတ်ပေးလိုက်သည်။
၎င်းက လူအိုကြီးကို စိတ်ငြိမ်သွားစေသည်။
“လူအိုကြီး၊ ဒီမှာဘာဖြစ်ခဲ့တာလဲဆိုတာကို သေသေချာချာလေးပြောပြပေးပါ”
လူအိုကြီးက မျက်ရည်များဖြင့် လုချန်ရှန်းကိုကြည့်ကာ ခါးသက်စွာပြောလိုက်လေသည်။ “ဒါတွေက အနက်ရောင်ကျောက်တုံးကြောင့်ဖြစ်ကုန်တာဘဲ”
လူအိုကြီး၏ ပြောကြားချက်အရ လုချန်ရှန်းနှင့် ရှောင်ဟေးတို့နှစ်ဦးစလုံးက မည်သည်တို့ဖြစ်ပျက်နေသည်ကို နားလည်လိုက်သည်။
လယ်ယာစိုက်ပျိုးခြင်းမှလွဲလျှင် ဆည်းဆာရွာလေးတွင် မည်သည်ကိုမှမလုပ်ကိုင်ကြပေ။
သူတို့က ရံဖန်ရံခါတွင်တော့ သားရိုင်းကောင်များကို အမဲလိုက်ထွက်လေ့ရှိ၏။
သူက အမဲလိုက်ထွက်စဥ် ထိုအနက်ရောင်ကျောက်တုံးကိုတွေ့သောအခါ တစ်စုံတစ်ခု ထူးခြားသည်ဟု ခံစားလိုက်ရကာ ရွာသို့ ပြန်လည်သယ်ဆောင်ခဲ့လေသည်။
ထိုမှစ၍ ကံဆိုးမိုးမှောင်ကျလေတော့သည်။
အနက်ရောင်ကျောက်တုံးမှ ထွက်ပေါ်လာသော မိစ္ဆာအရှိုန်အဝါများက သာမန်သိုင်းကျင့်ကြံသူများပင် တောင့်မခံနိုင်ပေ။
မည်ကဲ့သို့ သေမျိုးများက ထိုမိစ္ဆာအရှိုန်အဝါကို ခုခံနိုင်မည်နည်း။
မိစ္တာအရှိုန်အဝါက ရွာထဲရှိ လူအားလုံး၏ ဝိဉာည်ထဲသို့ ကျုးကျော်ဝင်ရောက်သွားတော့သည်။
၎င်းကြောင့် ရွာသားများက အချင်းချင်းသတ်ဖြတ်ကြတော့သည်။
အဆုံးတွင်တော့ သူတို့အားလုံးသေဆုံးသွားကြကာ ရွာသူကြီးတစ်ဦးသာ ရှင်ကျန်ရစ်တော့သည်။
သူ၏ လက်ရှည်များအောက်တွင် ရွာသားများအားလုံးသေဆုံးခဲ့ကြရသည်။
ရွာသူကြီးက ငိုကြွေး၍ “ဒီလိုဖြစ်မှာမှန်းသိခဲ့ရင် ဒီကျောက်တုံးကို ပြန်လွှတ်ပြစ်ပါတယ်ကွာ”
လုချန်ရှန်းက ရှောင်ဟေးကိုကြည့်ရင်းမေးလိုက်သည်။ “မင်းဒါကို ဘယ်လိုကိုင်တွယ်မလဲ”
ရှောင်ဟေး ခေါင်းငုံ့နေသည်။
သူက ဒီကိစ္စကိုဆက်လုပ်လိုပါက သူ့ကြောင့်ဖြစ်ခဲ့သည်ကို သူနားလည်ထား၏။
မည်သို့ဖြစ်စေ သူ့ကြောင့်သာမဟုတ်လျှင် ထိုကျောက်တုံးက ဤတောင်ကြားအတွင်းသို့ ကျရောက်လာမည်မဟုတ်ချေ။
ထိုကျောက်တုံးမကျလာပါက ဤရွာလေးရှိ အဖြစ်ဆိုးများလည်း ဖြစ်ပေါ်တော့မည်မဟုတ်တော့ပေ။
အကယ်၍ အခြားသိုင်းကျင့်ကြံသူများသာဆို သူတို့က ဂရုစိုက်မည်မဟုတ်ပေ။
သေမျိုးများ၏အသက်က သူတို့နှင့် မည်သို့သက်ဆိုင်သနည်း။
အဘယ်ကြောင့်ဆိုသော် သူတို့က ကမ္မကြမ္မာကို ဂရုမစိုက်သောကြောင့်ပင်။
လူတစ်ဦးက သန်မာလာလေ ကမ္မကြမ္မာက ပို၍အရေးကြီးလာလေဖြစ်သည်။
အချို့ကျင့်ကြံသူများနှင့် ထိပ်တန်းကျွမ်းကျင်သူများကလောကီကိစ္စများကို ဘာကြောင့် ဝင်မပါရသနည်း။ သူတို့က စိတ်ခံစားချက်ခုနှစ်ခု၊ လိုအင်ဆန္ဒခြောက်မျိုးကို ဖျက်တောက်ထား၍ အခြားသူများ၏ ကိစ္စတွင်ဝင်မပါရသည်လား။
အဘယ်ကြောင့်ဆိုသော် သူတို့တစ်ခါဝင်ပါလိုက်သည်နှင့် ကမ္မကြမ္မာ၏စွမ်းအားက သူတို့အပေါ်သက်ရောက်သွားစေလိမ့်မည်။
ထိုစွမ်းအားက ဖော်ပြ၍မရနိုင်လောက်အောင်ပင်။
သူက ထိုကိစ္စကို အလေးအနက်ထား၍ ဆောင်ရွက်မှရမည်ပင်။
လုချန်ရှန်းက ရှောင်ဟေးကိုကြည့်ရာ ရွှေးချယ်ရန်အချက်ပြလိုက်သည်။
ပထပဆုံးအနေနှင့် ရှောင်ဟေးစခဲ့သည့်ကိစ္စကို သူကဘဲပြန်အဆုံးသတ်ပေးရမည်။
ဒုတိယအနေဖြင့် ယင်းက သူ၏ အနာဂတ်လမ်းကြောင်းကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။ ကြီးမြတ်သောတာအိုက နှလုံးသားမဲ့သူဖြစ်သွားမည်လော အသွေးအသားဖြင့် အသက်ရှင်နေထိုင်မည်လောပင်။
ရှောင်ဟေးက အရမ်းတွေးမနေဘဲ လေးနက်သောအမူအရာဖြင့် ပြောလိုက်သည်။ “ဆရာ၊ သူတို့ကို ကယ်ဖို့နည်းလမ်းရှိသေးလား?”
လုချန်ရှန်းက ပြုံး၏။
သူတို့က ပြဿနာရှာတက်ကြသော်လည်း သူတပည့်များသည် နှလုံးသာမဲ့သူများမဟုတ်ကြပေ။
“ရှိတာပေါ့”
လုချန်ရှန်းက ထရပ်ကာ ရှောင်ဟေးနှင့်အတူပျောက်ကွယ်သွားတော့သည်။
ရွာသူကြီးက လုချန်ရှန်းတို့ပျောက်ကွယ်သွားသောနေရာကို ဦးတိုက်ကာ “တန်ခိုးရှင်ကြီး သူတို့ကို ကယ်တင်ပေးပါ!”
လုချန်ရှန်းတို့ထွက်သွားလျှင်ပင် ရွာသူကြီးက ဆက်လက်ဦးတိုက်ရှိခိုးနေလေသည်။
ကြမ်းပြင်နှင့်အကြိမ်ကြိမ်ဆောင့်ထားသောကြောင့် သူ့နှဖူးတွင် သွေးလေးသာစိုနေသော်လည်း ဒဏ်ရာတော့မရရှိပေ။
အဘယ်ကြောင့်ဆိုသော် လုချန်ရှန်း၏ဆေးလုံးက ရွာသူကြီး၏ ပြင်ပခွန်အားကို တိုးမြှင့်ပေးလိုက်ခြင်းကြောင့်ပင်။
လူတစ်ဦးသေဆုံးသွားပြီးနောက် သာမန်ဆိုလျှင် ထိုသူ၏ ဝိဉာည်က ပြန်လည်မွေးဖွားခြင်းစက်ဝိုင်းအတွင်းသို့ရောက်သွားလေ့ရှိသည်။
ပြန်လည်မွေးဖွားခြင်းနယ်မြေက မရဏလောကတွင်တည်ရှိလေသည်။
မရဏလောကတွင်၊
မရေတွက်နိုင်သောဝိဉာည်များက ခိုကိုးရာမဲ့တံတားကို ဖြတ်ကျော်သွားနေကြသည်။
ခိုကိုးရာမဲ့တံတားအောက်တွင် သေဆုံးခြင်းမြစ်ရှိ၏။
ယခင်က လုချန်ရှန်းဤနေရာသို့လာရောက်ကာ သေဆုံးခြင်းမြစ်၏ စိတ်ဝိဉာည်ကို “ငှါးရမ်း” ပြီး မရဏကိုးလောကအစီအရင်ကို တည်ဆောက်ခဲ့သည်။
ရှောင်ဟေးက အနားကိုကြည့်ကာ မေးလိုက်သည်။ “ဆရာ၊ ဒီနေရာမှာ ဆည်းဆာရွာသားတွေကို ကယ်နိုင်မှာလား?”
လုချန်ရှန်းက ပုခုံးတွန့်ပြကာ “ပြန်လည်မွေးဖွားခြင်းစက်ဝိုက်းထဲမဝင်မချင်း သီအိုရီအရတော့ ဖြစ်နိုင်တယ်”
မရဏလောကတွင် တစ်စုံတစ်ယောက်က သက်ရှိတစ်ဦး ဝင်ရောက်လာသည်က အာရုံခံမိလိုက်သည်။
အနက်ရောင်ဝတ်ရုံရှည်ကြီးများကို ဝတ်ဆင်ထားသော ပုံရိပ်သုံးက လုချန်ရှန်းရှေ့တွင်ပေါ်လာ၏။
“သခင်ကြီး ဒီကိုပြန်ရောက်လာပါပြီလား”
“ဒီတခါ မရဏလောကကို စောင့်ကျပ်ပေးဖို့ ပြင်ဆင်ပြီးသွားပြီလား?”
ယခင် လုချန်ရှန်းက သေဆုံးခြင်းမြစ်၏ စိတ်ဝိဉာည်ကို ငှားယူခဲ့စဥ်က တဖက်လူနှင့် သဘောတူညီချက်တစ်ခုလုပ်ခဲ့သည်။
ထိုကိစ္စတွေပြီးဆုံးပြီးနောက်တွင် သူက မရဏလောကို စောင့်ကြပ်ပေးပြီး မရဏလောက၏သခင်ဖြစ်လာရန်ပင်။
ကန္တရဒေသရှိ မရဏလောကတွင် စောင့်ကြပ်ပေးမည့် သခင်မရှိသေးပေ။
လုချန်ရှန်းက ပြုံးလျှက်ပြောသည်။ “ဟုတ်တယ်၊ ဒါပေမဲ့ ငါမဟုတ်ဘူး”
အနက်ရောင်ဝတ်ရုံရှည်နှင့်ပုံရိပ်သုံးခုက တစ်ဦးကို တစ်ဦးကြည့်လိုက်ကြသည်။
သိသာစွာပင် သူတို့က လုချန်ရှန်းဆိုလိုသည်ကို နားမလည်ပေ။
ထို့ကြောင့် လုချန်ရှန်းက ရှောင်ဟေးကိုလက်ညိုးထိုးပြပြီး အပြုံးနှင့်ပြောလေသည်။ “ငါ့တပည့်က မရဏကမ္ဘာကို ဦးဆောင်ပေးလိမ့်မယ်”
“အရှင်သခင်ရဲ့ တပည့်?”
အနက်ရောင်ဝတ်ရုံရှည်နှင့်ပုံရိပ်တစ်ခုက ရှောင်ဟေးကို မသင်္ကါသည့်ဟန်ဖြင့်ကြည့်နေလေသည်။
“အရှင်သခင်ရဲ့ တပည့်က မရဏကမ္ဘာကို စောင့်ကြပ်နိုင်တဲ့စွမ်းအားရှိလို့လား?”
မည်သို့ဖြစ်စေ လုချန်ရှန်းတွင် တာအိုနိယာမရှိလေသည်။
ထိုသို့သော ကျွမ်းကျင်သူကသာ မရဏလောကကို အုပ်ချုပ်နိုင်မှာဖြစ်သည်။
“သူက ပြည့်စုံပြီးသား”
လုချန်ရှန်းက ရှောင်ဟေးကို ကြည့်ကာပြောလိုက်သည်။ “မင်းရဲ့စွမ်းအားတွေထုတ်လွှတ်လိုက်”
ရှောင်ဟေးခေါင်းညိမ့်ပြသည်။
ထိုအခိုက်ရှောင်ဟေးခန္ဓာကိုယ်မှ မိစ္တာအရှိုန်အဝါတစ်ခု ဒလဟောထိုးထွက်လာ၏။
အနက်ရောင်ကျောက်တုံးက ရှောင်ဟေး၏ ပျောက်ကွယ်နေသော မှတ်ဉာဏ်များနေရာတွင် အစားထိုးပြီးနောက် သူ၏ အချုပ်အနှောင်က လျှော့ကျသွားလေသည်။
လက်ရှိရှောင်ဟေးက မိစ္ဆာစိတ်ဆန္ဒတစ်စိတ်တစ်ပိုင်းကို ရူးသွပ်သည့်အခြေအနေကိုမရောက်ဘဲ ထုတ်သုံးနိုင်နေပြီဖြစ်သည်။
၎င်းက ရှောင်ဟေး၏ ခွန်အားကို အဟုန်ထိုးတိုးတက်သွားစေသည်ဟုပြော၍ရလေသည်။
အနက်ရောင်ပုံရိပ်သုံးခုက ရှောင်ဟေးထံမှ ထွက်ပေါ်လာသော မိစ္တာစိတ်ဆန္ဒကို အာရုံခံမိလိုက်သည်။
သူတို့၏ အမူအရာက ပြောင်းလဲသွားသည်။
မိစ္တာစိတ်ဆန္ဒက မရဏချီနှင့်မတူညီသော်လည်း ခပ်ဆင်ဆင်တူသည်ဟုပြောနိုင်သည်။
ထို စိုးမိုးနိုင်သော မိစ္တာစိတ်ဆန္ဒက မရဏလောကကိုဖိနှိပ့်နိုင်သည်။
လုချန်ရှန်း၏ ဓားတာအိုနိယာမနှင့်ယှဥ်လျှင် ၎င်းက ပိုသင့်တော်သည်။
ခွန်အားအရာအရဆိုလျှင် လုချန်ရှန်းက ပိုသင့်တော်၏။
သို့သော်လည်း လုချန်ရှန်းက မရဏလောကတွင် မနေလိုသည်မှာအသိအသာပင်။
ခေါင်းဆောင်ဖြစ်ဟန်ရသော အနက်ရောင်ဝတ်ရုံနှင့်ပုံရိပ်က ခေါင်းညိမ့်ကာ ပြော၏။ “ဒါက ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူ့လက်ရှိခွန်အားက ငရဲကိုးထပ်နန်းတော်ကိုဖိနှိပ်ဖို့ မဖြစ်နိုင်သေးဘူး”
လုချန်ရှန်းက ခေါင်းခါကာ “အချိန်တစ်ခုဘဲလိုတာပါ။ မင်းတို့အမြန်မလိုသေးဘူးမလား?”
“မလိုတော့မလိုသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဆွေးနွေးဖို့လိုသေးတယ်”
လုချန်ရှန်းက ခေါင်းညိမ့်၏။
ထိုအခိုက် အနက်ရောင်ဝတ်ရုံနှင့်ပုံရိပ်များက ပျောက်ကွယ်သွားတော့သည်။
သူပြန်လာသောအခါ အဖြေတစ်ခုကိုပါယူဆောင်လာခဲ့သည်။
“ရပါတယ်”
“သူက သိုင်းဧကရာဇ်တစ်ပိုင်းအဆင့်ကျွမ်းကျင်သူကို ခုခံနိုင်တဲ့အချိန်ရောက်ရင်သာ သူက ငရဲကိုးထပ်နန်းတော်ကို ထိန်းချုပ်နိုင်လိမ့်မယ်”
လုချန်ရှန်းက ခေါင်းညိမ့်၏။ “ဟုတ်တာပေါ့၊ ဒါကလည်းသိပ်မကြာတော့ပါဘူး”
ယခုချိန်တွင် ရှောင်ဟေးက အလယ်အလတ် အာကာသနတ်ဘုရားအဆင့်ကျွမ်းကျင်သူကို အနိုင်ယူနေနိုင်ပြီဖြစ်သည်။
သိုင်းဧကရာဇ်တစ်ပိုင်းအဆင့်က အချိန်တစ်ခုသာလိုတော့သည်။
“ဒါပေမဲ့၊ ငါ့မှာ အခြေအနေတစ်ခုရှိတယ်”
“အိုး? ကျွန်တော်တို့ကိုပြောပြလို့ရမလား?”
လုချန်ရှန်းက ရှောင်ဟေးကိုကြည့်လိုက်သည်။
သူက ရှောင်ဟေးကို ကိုယ်တိုင်ပြောရန် အချက်ပြလိုက်သည်။
ရှောင်ဟေးက ခေါင်းညိမ့်ကာ ရှေ့သို့ထွက်လာသည်။ “ကျွန်တော် ပြန်လည်မွေးဖွားခြင်းစက်ဝိုင်းကိုဝင်ပြီး သေမျိုးတစ်ချို့ကို ခေါ်သွားချင်ပါတယ်”
“မဖြစ်နိုင်ဘူး!”
အနက်ရောင်ပုံရိပ်သုံးခုက ချက်ချင်းငြင်း၏။
“မရဏလောကထဲက လူသေတစ်ဦးရဲ့ဝိဉာည်ကိုခေါ်သွားမယ်ဆိုရင် မရဏလောကရဲ့အမိန့်အာဏာတွေ ပျက်ဆီးသွားလိမ့်မယ်!”
ရှောင်ဟေးက ခေါင်းခါကာ “အဲ့အချိန်ဆို ကျူပ်က မရဏလောကရဲ့သခင်ဖြစ်နေပြီ။ ဘာလို ဒါတွေကို ဂရုစိုက်ရမှာလဲ?”
“အဲ့အပြင်ကို အဲ့လူတွေသေရတာက ကျုပ်နဲ့သက်ဆိုင်နေတယ်။ နောက်ပြီးဘသူတို့က သေမျိုးတွေ”
“ဒါဆိုရင်…”
အနက်ဝတ်ပုံရိပ်များက တစ်ဦးကို တစ်ဦးကြည့်လိုက်ကြသည်။
သူတို့သုံးဦးက တုံ့ဆိုင်းနေကြသည်။
လူတစ်ဦးက နှစ်ဖက်ကြားသို့ဝင်ရောက်လာ၏။
လုချန်ရှန်းက ထိုသူကိုမှတ်မိလိုက်သည်။
ထိုလူက သေဆုံးခြင်းမြစ်၏ စိတ်ဝိဉာည်ကိုပေးလိုက်သူဖြစ်သည်။
ထိုသူက ပြုံးကာ ပြေ၏။ “ဒီလိုဆိုမှတော့ မရဏလောကရဲ့သခင်အသစ်အတွက် မိတ်ဆက်လက်ဆောင်အနေနဲ့ပေးလိုက်ပါ့မယ်..”