Switch Mode

အခန်း (၂၄၅)

မှတ်ဉာဏ်အပိုင်းအစများ။

ထိုရွာက မိုးထိုးနေသော တောင်တန်းကြီး၏ နောက်တွင်တည်ရှိလေသည်။

နေဝင်တော့မည်ဖြစ်၍ နေအလင်းကတောက်ပနေသည်။ ရွာ၏နာမည်ကို နေဝင် ဆည်းဆာအလင်းမှအမည်မှည့်ယူထားခြင်းဖြစ်သည်။

ဆည်းဆာရွာ။

ထိုရွာက သာမန်သေမျိုးရွာတစ်ရွာပင်။ မည်သူကမှ ထိုရွာကို အလေးမထားကြပေ။

ထိုအချိန်က နေဝင်ချိန်ဖြစ်၏။

နေဝင်ချိန်၏ ဆည်းဆာအလင်းက ထိုရွာလေးသို့ ကျရောက်လင်းလက်နေသည်။

သို့သော်ငြားလည်း ရွာလေးက အလွန်အမင်တိတ်ဆိတ်နေလေသည်။

သစ်ရွက်လေတိုက်သံများကသာ ထိုရွာလေးအတွင်းတွင် ပဲ့တင်ထပ်နေသည်။ ထိုမျှလောက် တိတ်ဆိတ်နေသည်က ကြောက်စရာပင်ကောင်းလေသည်။

လုချန်ရှန်းက အနားပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သက်ရှိအရိပ်အယောင်တခုတ​လေကိုမှ မတွေ့ရကြောင်းသိလိုက်ရသည်။

မိစ္ဆာစိတ်ဆန္ဒ ခပ်ရေးရေး တစ်ခုကိုပင် အာရုံခံမိနေ၏။

၎င်းက လေထဲတွင် လွင့်မျောနေဟန်ရသည်။

“တစ်ယောက်မှမရှိဘူးလား?”

လုချန်ရှန်း ဘဝင်မကျဖြစ်သွားသည်။

ထိုအရှိူန်အဝါက ရွာထဲတွင် ပျံ့နှံ့နေသည်။

သူက တစ်စုံတစ်ခုကို ရှာတွေ့လိုက်၏။

အရှေ့ရှိအိမ်တစ်လုံးက အခြားသစ်သာတဲများနှင့် ကွာခြားနေလေသည်။

ထိုအိမ်က ကျောက်သားဖြင့်ထုလုပ်ထားသော နှစ်ထပ်တိုက်တစ်လုံးပင်ဖြစ်တော့သည်။

ထိုအိမ်တွင်နေထိုင်ခဲ့သူက ဆည်းဆာရွာ၏ ရွာလူကြီးဖြစ်ဟန်ရပေမည်။

ကျောက်သားအိမ်အတွင်းတွင် သေမျိုးများထက်ပိုသန်မာသော အရှိုန်အဝါတစ်ခုကို လုချန်ရှန်းက အာရုံခံမိလိုက်သည်။

ထိုအခိုက် ရှောင်ဟေး ဆည်းဆာရွာအတွင်းသို့ဝင်ရောက်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်ရှိ အနက်ရောင် မိစ္ဆာချီများက လေထုအတွင်းရှိ အနက်ရောင်အရှိုန်အဝါများဖြင့် ချိတ်ဆက်သွားဟန်ရှိ၏။

ထိုအရှိူန်အဝါများက ပေါင်းစည်းသွားကာ အသီးသီးလမ်းပြပေးနေသည်။

လုချန်ရှန်းနှင့် ရှောင်ဟေးက အလျှင်အမြန် ကျောက်တုံးအိမ်ဆီသို့ ချည်းကပ်လာကြသည်။

သူအနားသို့ကပ်လာလေ ရှောင်ဟေးခန္ဓာကိုယ်ရှိ အနက်ရောင်မိစ္ဆာအရှိုန်အဝါများက ပို၍ပင် တုန်ခါလာတော့သည်။

ထိုအခိုက်တွင် ရှောင်ဟေး၏ နာကျင်ခြင်းကို ပိုမိုတိုးလာစေသည်။

မိုးမခပင်ပေးလိုက်သော သူ၏ရင်ဘက်ရှိ မိုးမခရွက်က သိမ်မွေ့သောအစိမ်းရောင်အလင်းတစ်ခုထုတ်လွှတ်လိုက်ကာ ရှောင်ဟေးခန္ဓာကိုယ်မှ မိစ္တာအရှိုန်အဝါကို ဖိနှိမ့်ပေးနေလေသည်။

ထိုမိုးမခရွက်က ရှောင်ဟေးကို ရူးသွပ်မသွားစေရန် ကူညီပေးနေသည်။

ကျောက်တုံးအိမ်အနားသို့ လျှောက်လာသောအခါ မူလက တင်းကျပ်စွာပိတ်ထားသောသစ်သားတံခါးက ထိုအခိုက်တွင် ရုတ်ချည်းဆိုသလို ပေါက်ကွဲထွက်သွားသည်။

အနက်ရောင်ပုံရိပ်တစ်ခု၏ လက်နှစ်ဘက်က ဆန့်ထွက်လာတော့သည်။

ထိုသူ၏ လက်သည်းချွန်ချွန်များက လက်ချောင်းမှ အပြင်ဘက်သို့ ထိုးဖောက်ထွက်နေသည်။

ထိုလက်သည်းနက်နက်များဖြင့် လုချန်ရှန်းကို ကုတ်ဆွဲလိုက်လေသည်။

လုချန်ရှန်း၏ အမူအရာက တည်ငြိမ်နေ၏။

သူက နေရာတွင်ပင်ရပ်နေကာ လက်တစ်ဖက်ဆန့်ထုတ်ကာ အနက်ရောင်ပုံရိပ်၏ ခေါင်းကို ပိတ်ဆို့လိုက်၏။

ထိုလူ၏ တစ်ကိုယ်လုံးက အနက်ရောင်အရှိုန်အဝါများဖြင့်ဖုံးလွှမ်းနေသည်။ ထိုလူက သရဲလော လူလောဆိုတာကိုပင် ပြောဖို့ ခက်ခဲနေသည်။

သို့သော်လည်း လုချန်ရှန်း၏ခွန်အားဖြင့် ထိုသူ၏စိတ်က မိစ္ဆာစိတ်ဆန္ဒများအပိုင်စီးထားလိုက်သည်ကို သူပြောနိုင်၏။

ထိုသူက ရှောင်ဟေးကဲ့သို့ပင်။

သူက ရူးသွပ်သောစိတ်အခြေအနေသို့ကျရောက်သွားပြီး သတ်ဖြတ်ခြင်းကိုသာ သိတော့သည့် သတ်ဖြတ်စက်တစ်ခုကဲ့သို့ဖြစ်သွားချေပြီ။

၎င်းက ထိုအနက်ရောင်ကျောက်တုံးကြောင့် ဖြစ်ဟန်တူသည်။

လုချန်ရှန်း၏ လက်များက အသက်စွမ်းအားဖြင့်ပြည့်နက်နေသည်။

၎င်းက အနက်ရောင်ပုံရိပ်ကိုဝန်းရံထားကာ အဆက်မပြတ်သန့်စင်နေလိုက်သည်။

အဆုံးမဲ့စိတ်စွမ်းအား၏ သန့်စင်မှု့ကြောင့် အနက်ရောင်မြူများက စတင်၍ တရှဲရှဲမည်သံများထွက်ပေါ်လာသည်။

ထိုအသံက ဆီပူများ ပွက်ပွက်ဆူနေသကဲ့သို့ပင်။

အနက်ရောင်မြူများအတွင်းမှ နာနာကျင်ကျင်အော်သံတစ်ခုက ဟိန်းထွက်လာသည်။

သွေးဆာနေသောလက်သည်းများက လုချန်ရှန်းကို လှမ်းကုတ်လိုက်သည်။

သို့သော်ငြားလည်း အဆုံးမဲ့စိတ်စွမ်းအား၏ ဝန်းရံခြင်းမှ မချိုးဖောက်နိုင်ပေ။

အသက်လေးငါးရှိုက်ခန့်ကြာသောအခါ၊

ထိုလူအနားရှိအနက်ရောင်မြူများက အလုံးစုံသန့်စင်ပြီးသွားလေသည်။

ထိုအခါ အဖိုးအိုတစ်ဦး၏ ပုံရိပ်ကပေါ်လာ၏။ ထိုအဖိုးအို၏ မျက်လုံးများက မျက်တွင်းဟောက်ပတ်ဖြစ်နေသည်။

သူ၏ဦးခေါင်းတွင် ဆံပင်ဖြူကျိုးတိုးကျဲတဲသာရှိလေသည်။

ခါးတွင်လည်း ဘို့ကြီးတစ်ခုရှိနေသည်။

လက်သည်းများကလည်း သူ့လက်ချောင်းများအတွင်းသို့ ပြန်ဝင်သွားလေသည်။

ထို့နောက်တွင် ခါးကုန်းကြီးက လုချန်ရှန်းကို စိတ်ရှုပ်ထွေးသောအကြည့်နှင့်ကြည့်နေလေသည်။

လူအိုကြီးက ထို့နောက်တွင် ချုံးပွဲချငိုချလိုက်လေသည်။

“မရှိတော့ဘူး… ဘယ်သူမှမရှိတော့ဘူး…”

လူအိုကြီးက တောင့်ခံမထားနိုင်တော့သလို သတိလစ်လဲကျသွားတော့သည်။

၎င်းက အဓိပ္ပါယ်ရှိလေသည်။ သာမန်သေမျိုးတစ်ဦးက ထိုသို့ရူးသွပ်ပြီးနောက် မည်သို့ သတိရှိကာ နေနိုင်မည်နည်း။

သူက ချက်ချင်း ခြေကုန်လက်ပန်းကျပြီး သေမသွားသည်ကပင် အတော်လေးကောင်းမွန်နေလေသည်။

လုချန်ရှန်းက အဖိုးကြီးကို ဆွဲထူပေးလိုက်သည်။

သူက ဆေးလုံးတစ်လုံးကိုထုတ်ယူကာ အမှုန့်အဖြစ်ချေလိုက်ပြီး လူအိုကြီးခန္ဓာကိုယ်အပေါ်သို့ကျဲချလိုက်သည်။

ချက်ချင်းဆိုသလိုပင် လူအိုကြီး၏ရင်ဘက်မှ အဖြူရောင်အလင်းတန်းများက ပေါ်ထွက်လာသည်။

သူက လူအိုကြီး၏ ခန္ဓာကိုယ်ကို ပြန်လည် ကုသပေးနေ၏။

တစ်ချိန်တည်းမှာပင် လုချန်ရှန်းက လူအိုကြီး၏ နှဖူးအလယ်သို့ အဆုံးမဲ့စွမ်းအားများကို ပို့လွှတ်လိုက်သည်။

အလွန်အမင်းထိခိုက်ထားသော အသိစိတ်ပင်လယ်ကို ပြန်လည်ပြုပြင်ပေးခြင်း။

ထိုသို့အားလုံးကိုလုပ်ဆောင်ပြီးနောက် လုချန်ရှန်းက ရှောင်ဟေးကို ခေါ်ကာ ကျောက်တုံးအိမ်အတွင်းသို့ခေါ်ဆောင်သွားသည်။

ကျောက်တုံးအိမ်၏ အလယ်တွင်။

အနက်ရောင်ကျောက်တုံးက ယဇ်ပလ္လင်ပေါ်တွင်ရှိနေလေသည်။

ဘေးပတ်လည်တွင်မူ ပူဇော်ထားသောပဏ္ဏာများလည်းရှိနေသည်။

သို့သော်လည်း ၎င်းတို့က အရိုးဖြူများ၊ သွေးနီရောင်အသားများနှင့် ပုပ်သိုးလုနီးပါးဖြစ်နေကာ အမဲရောင်သို့ပင်ပြောင်းလဲနေသော အသားစများပင်ဖြစ်တော့သည်။

ထို့ပြင် နှလုံးတစ်ခု၊ မျက်လုံးပြူးကျယ်ကာ ကြောက်လန့်တကြားဖြစ်နေဟန်ရသော ဦးခေါင်းပြတ်တစ်ခုတို့လည်းရှိနေ၏။

၎င်းက မိစ္ဆာများကျင်းပသော ယဇ်ပူဇော်ပွဲတစ်ခုလိုပင်။

အလွန်သွေးဆာ ရက်စက်လွန်းသည်။

အနက်ရောင်ကျောက်တုံးက ထိုယဇ်ပူဇော်သည့်ပစ္စည်းများ၏ အလယ်တွင်ရှိနေသည်။

တစ်ချိန်တည်းမှာဘဲ ၎င်းက မိစ္တာအရှိုန်အဝါများကို ထုတ်လွှင့်နေလေသည်။

လူအိုကြီးရူးသွပ်သွားရသည့်အ​ကြောင်းအရင်းကလည်း ထိုမိစ္ဆာအရှိုန်အဝါများကူးစက်သွားသည်ကြောင့်သာဖြစ်နိုင်၏။

သူက သက်ပြင်းတစ်ချက်ချကာ အနက်ရောင်ကျောက်တုံးကိုယူကာ ရှောင်ဟေးအရှေ့သို့ချပေးလိုက်လေသည်။

သူတို့က ဆက်နွယ်နေသည့်ဟန်ပင်။

ချက်ချင်းပင် အနက်ရောင်ကျောက်တုံးက အနက်ရောင်အလင်းတန်းအဖြစ်ပြောင်းလဲသွားပြီး ရှောင်ဟေး၏ မျက်ခုံးနှစ်ဖက်ကြားသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။

ထိုအချိန်၊ ရှောင်ဟေး၏ တစ်ကိုယ်လုံးတွင် အနက်ရောင်အလင်းများတောက်ပနေ၏။

အချုပ်အနှောင်က ပြေသွားကာ ပျောက်ဆုံးနေသည့် မှတ်ဉာဏ်များက ပြန်ပေါ်ပေါက်လာသည်။

ထိုအခိုက်တွင် မှတ်ဉာဏ်များကို အနက်ရောင်ကျောက်တုံးက အစားထိုးပေးလိုက်သည်။

ဖုန်တက်နေသောမှတ်ဉာဏ်များက သေတ္တတစ်ခုကိုဖွင့်လိုက်သလိုပင် အပြင်သို့ထိုးထွက်လာ၏။

“ညီလေး၊ မင်းမသန်မာသေးရင် ငါ့ကိုလိုက်မရှာပါနဲ့”

“ဟဲ ဟဲ၊ မိစ္ဆာဘုရင်၊ ကျုပ်တို့က ဒါကို နှစ်သန်းချီအစီအစဥ်ချခဲ့ရတာ။ နောက်ဆုံးတော့ အောင်မြင်သွားခဲ့ပြီဘဲ”

“နောက်အနာဂတ်မှာ ငါက မင်းအတွက် မိစ္ဆာနယ်မြေကို ထိန်းချုပ်ပေးပါ့မယ်…”

ညီလေး?

မိစ္ဆာဘုရင်?

မိစ္ဆာနယ်မြေ?

အစီအစဥ်တစ်ခုရှိနေတယ်?

ရှောင်ဟေးက အသိစိတ်ပင်လယ်အတွင်းတွင် ပေါ်လာသော မှတ်ဉာဏ်အပိုင်းအစများကို ကြည့်လိုက်၏။

ထိုမှတ်ဉာဏ်များက မပြည့်စုံသေးသည်ကို သူသိလိုက်ရသည်။

ပျက်ဆီးနေသော မှတ်ဉာဏ်ပုံရိပ်များကိုကြည့်ကာ ယခင်က မည်သည်တို့ဖြစ်ခဲ့လည်းဆိုသည်ကို သူမသိရှိနိုင်ပေ။

မှတ်ဉာဏ်များ၏အဆုံးတွင် မီးခိုးရောင်အရှိုန်အဝါများပြည့်နေသော တောင်ကြားတစ်ခုကိုမြင်လိုက်ရသည်။

ထိုတောင်ကြားထဲတွင် အလောင်းများဖြင့်ပြည့်နက်နေလေသည်။

တောင်ကြား၏အနက်ရှိုင်းဆုံးအပိုင်းတွင် မိစ္ဆာများမရေတွက်နိုင်အောင်ရှိနေသည်။

တောင်ကြားအဝင်ဝတွင် ကျောက်ပြားတစ်ချပ်ကို ရှောင်ဟေးမြင်လိုက်ရသည်။

ကျောက်ပြားတွင်ရေးထိုးထားသော စာလုံးနှစ်လုံးကို မပီမပြင်တွေ့နိုင်၏။

မိစ္ဆာတောင်ကြား။

ဒါက နောက်ထပ်မှတ်ဉာဏ်အပိုင်းအစတွေရှိမဲ့နေရာများလား။

ဒါမှမဟုတ် ဒီလူတွေက မိစ္ဆာတောင်ကြားထဲမှာလား။

ရှောင်ဟေးမျက်လုံးဖွင့်လိုက်ကာ ခေါင်မိုးကိုကြည့်လိုက်သည်။

“ဘယ်လိုဘဲဖြစ်ဖြစ် ငါမိစ္ဆာတောင်ကြားကို အရောက်သွားရမယ်”

မိစ္ဆာတောင်ကြား။

လုချန်ရှန်းက ရှောင်ဟေး၏ စကားကိုကြားလိုက်ရသော် အတန်ငယ် မှင်သက်သွားသည်။

အဲ့ဒီ့နေရာက ဘယ်လိုမျိုးပါလိမ့်။

ရှောင်ဟေး ကန္တာရဒေသသို့ရောက်လာကတည်းက မိစ္ဆာတောင်ကြားသည် ဤကမ္ဘာကမဟုတ်ကြောင်း သူသိခဲ့သည်။

လုချန်ရှန်းက ရှောင်ဟေးပုခုံးကို ပုတ်ကာပြောလိုက်သည်။ “မင်းနိုးလာပြီဆိုတော့ ဒီကကိစ္စတွေကို အရင် ကိုင်တွယ်ကြရအောင်။ ဘယ်လိုပြောပြော ဒီကိစ္စရဲ့ အကြောင်းရင်းက မင်းပဲဖြစ်နေတော့လေ”

ရှောင်ဟေး ခေါင်ညိမ့်လိုက်၏။

သူရိမ်နေမင်းက သူ့တာဝန်အတိုင်း နောက်တစ်နေ့မနက်တွင် ထွက်ပေါ်လာခဲ့သည်။

သို့သော်ငြားလည်း ဆည်းဆာရွာလေးက တောင်တန်းများ၏အနောက်တွင်တည်ရှိနေသောကြောင့် နေထွက်လာလျှင်ပင် ထိုရွာလေးဆီသို့ အလင်းရောင်များက ရောက်မလာနိုင်ပေ။

ထိုရွာလေးတွင် အမှောင်ထုက ကြီးစိုးနေဆဲဖြစ်သည်။

ထိုအချိန်တွင် လူအိုကြီးက နိုးလာခဲ့သည်။

သူက ဘေးပတ်ဝန်းကျင်ကို မျှော်လင့်ချက်တစ်စွန်းအစဖြင့် လိုက်ကြည့်နေမိသည်။

သူက ဖြစ်ပျက်ခဲ့သမျှကို အိမ်မက်တစ်ခုသာဖြစ်ပါစေဟု မျှော်လင့်နေမိသည်။

သို့သော် လူသူအရိပ်အယောင်မရှိသော ရွာလေးကိုကြည့်ရင်း သူ့မှတ်ဉာဏ်များထဲတွင် အဖြူဝတ်လူတစ်ဦး၏ပုံရိပ်ကိုသာမြင်ယောင်လာတော့သည်။

သူ့၏ မျက်ဝန်းများတွင် စိတ်ပျက်အားငယ်မှု့များက တဖန်ပြန်လည်ဝင်ရောက်လာတော့သည်။

“မရှိတော့ဘူး… သွားပြီ…”

“ဒါတွေအားလုံးက အဲဒီကျောက်တုံးနက်ကြောင့်ပဲ……”

Comment

Leave a Reply

Options

not work with dark mode
Reset