Switch Mode

အခန်း (၂၄၄)

ပုံမှန်မဟုတ်သောရှောင်ဟေး၊ ထူးခြားသောရွာ

ဘုရားရေ။

နားလည်သွားပြီလား။

ကန်းချွင်း၏ စိတ်အားထက်သန်နေသော အမူအရာနှင့် တောက်ပနေသောမျက်လုံးကိုကြည့်ကာ လုချန်ရှန်းကြောင်အသွားသည်။

သူက သာမန်ကာရှန်ကာ စကားအနည်းငယ်သာပြောလိုက်ခြင်းပင်။

သူက ဒီလိုမျိုး နားလည်သွားတာလား။ ဒီလိုမျိုးကိုလေ။

ကန်းချွင်းက လုချန်ရှန်းလက်နှစ်ဖက်ကို လက်ဆွဲနှုတ်ဆက်သကဲ့သို့ အထက်အောက်ရမ်းခါလိုက်သည်။ “ဟားဟား အကြီးအကဲရဲ့ ဆေးလုံးဖော်စပ်တဲ့စွမ်းရည်က တကယ့်ကို နက်ရှိုင်းလွန်းလှပါတယ်”

“ကျုပ်ကို စကားလုံးအနည်းငယ်နဲ့ လှုပ်နှိုးလိုက်တာဘဲ”

လုချန်ရှန်း၏ ညာဘက်မျက်လုံးက တွန့်သွား၏။ ညာဘက်နှုတ်ခမ်းထောင့်သည်ပင် တွ့န့်ကွေးသွား၏။

“အမ်… ဟက်… ဟဲဟဲဟဲ ဒါ ဒါက ကောင်းပါတယ်”

ကန်းချွင်းက ဆက်ပြော၏။ “အကြီးအကဲရဲ့ အဂ္ဂိရတ်အသိနဲ့ဆို ကျုပ်တို့ အဂ္ဂိရတ်ဂိုဏ်းကိုလာပြီး ဂုဏ်ထူးဆောင်အကြီးအကဲလာလုပ်ပါလား”

“အဲ့တာက ဘာလဲ”

“ဂုဏ်ထူးဆောင်အကြီးအကဲဆိုတာက မဟာအကြီးအကဲပါဘဲ ဒါပေမဲ့ သူက မဟယအကြီးအကဲထက် အဆင့်ပိုမိုမြင့်ပါတယ်”

“ကျုပ်က အကြီးအကဲဆန္ဒမပါဘဲ အတင်းအကျပ်တော့လုပ်မရပါဘူး”

“ဒါပေမယ့် တစ်ခုခုအကူညီလိုတာဘဲဖြစ်ဖြစ် ကျုပ်တို့ အဂ္ဂိရတ်ဂိုဏ်းက အကြီးအကဲစိတ်ကျေနပ်တဲ့အထိ အကောင်းဆုံးလုပ်ပေးပါမယ်”

အိုး တော်တော်တော့ အဆင်ပြေသားဘဲ။

သူ့အရင်ဘဝက သူ့ကိုအထင်ကြီးစေရန်လုပ်ပြသော ဂုဏ်သွေးစုပ်ကုမ္ပဏီများလိုပင်။

လုချန်ရှန်းက နေသားကြပြီဖြစ်သည်။

သူကပြောသည်မှာ အလွန်စွဲမက်စရာကောင်းသော်လည်း အဂ္ဂိရတ်ဂိုဏ်းတွင် တခုခုဖြစ်လာသောအခါ သူကမည်သို့လုပ်၍ လှုပ်ရှားရတော့မည်နည်း။

သူက ခေါင်းညိမ့်သဘောတူသောအခါ လုချန်ရှန်းနှင့် အဂ္ဂိရတ်ဂိုဏ်း၏ အနာဂတ်က ချည်နှောင်ထောင်ခံထားရတော့မည်။

လုချန်ရှန်းက အရှုံးများသည့်အပေးအယူကို သူလက်မခံပေ။

“မလိုပါဘူး”

ကန်းချွင်းက မအံသြပေ။

ထိုသို့သို့သော လူက မည်သို့ လွယ်လွယ်နှင့် သိမ်းသွင်းလို့ရမည်နည်း။

သို့သော်လည်း သူက လုချန်ရှန်းကို မယှဥ်နိုင်သော်လည်း အနည်းဆုံးတော့ သူတည်ရှိမှု့ကို လုချန်ရှန်းရှေ့တွင် သိအောင်ပြသရမည်။

ထိုသို့တွေးကာ ကန်းချွင်းက ပြုံးလျှက်ပြောသည်။ “ကောင်းပါပြီ။ အကြီးအကဲက ကျူပ်ကိုအများကြီးကူညီခဲ့တော့ ဘာကြောင့် ကျုပ်တို့ အဂ္ဂိရတ်ဂိုဏ်းကို လိုက်မလည်တာလဲ”

“ဒါပေါ့ ဆေးလုံးမျှော်စင်ကို အကြီးအကဲအတွက် အခမဲ့ကြည့်ရှုလို့ရပါတယ်။ ကြိုက်တာတွေ့လို့ရှိရင်လဲ စိတ်ကြိုက်ယူသွားနိုင်ပါတယ်”

ဆေးလုံးမျှော်စင်။

ဆေးလုံးမျှော်စင်က ဆေးလုံးဖော်စပ်နည်းများ၊ ဝိဉာည်ကျင့်ကြံခြင်းနည်းစနစ်များနှင့် ဆေးလုံးများကို သိုလောင်ထားသောနေရာတစ်ခုဖြစ်သည်။

၎င်းက အဂ္ဂိရတ်ဂိုဏ်း၏ အရေးပါသောနေရာတစ်ခုအဖြစ်မှတ်ယူနိုင်၏။

သူက လုချန်ရှန်းကို ပိုမိုရင်းနှီးချင်သောကြောင့်ပင်။

မင်းက ဂိုဏ်းသားတွေအတွက် စစ်ဆေးပေးချင်လို့ လုပ်တာမလား။

သာမန်အားဖြင့် လုချန်ရှန်းရလည်း သူဆိုလိုသည်ကို နားလည်သည်။

မင်းနောက်နေတာမလား။ ငါမင်းပစ္စည်းတစ်ခုခုကိုယူလိုက်မယ်ဆိုရင် မင်းတောင်းဆိုတာကို ငါကလုပ်ပေးနေရဦးမယ်

လုချန်ရှန်းက ချက်ချင်းငြင်း၏။ “မလိုက်တော့ဘူး။ ကျုပ်တပည့်တွေစောင့်နေသေးတယ်။ လုပ်စရာမရှိရင် ကျုပ်ပြန်တော့မယ်”

“အမ်…” ကန်းချွင်းက အေးခဲသွားသည်။

သူက လုချန်ရှန်း အလွန် သတိကြီးမည်ဟု ထင်မထားခဲ့ပေ။

သူက မည်သူနှင့်မှ အပေးအယူမလုပ်ချင်သည်မှာ သိသာ၏။

သို့သော်လည်း သူဘာမှမတက်နိုင်ပေ။

လူတစ်ဦးကသန်မာလာလေ အကြောင်းအရင်းများကို ဂရုစိုက်လာလေဖြစ်သည်။

ကံ၏အကျိုးအဆက်ပင်။

ရှေးခေတ်အချိန်ကတည်းကပင် ၎င်းက ကြိုမမြင်နိုင်သောအရာဖြစ်သည်။

လုချန်ရှန်းက သူကို ငြင်းပယ်ပါက သူဘာမှမတက်နိုင်ပေ။

ကန်းချွင်းက ခေါင်းညိမ့်ကာ အားတင်းပြုံးကာ “ဒါဆိုလည်း ကျုပ်တစ်ယောက်ယောက်ကိုခေါ်ပြီး အကြီးအကဲကို ပြန်ပို့ခိုင်းလိုက်ပါမယ်”

“ခဏလေးနေပါဦး”

ထိုသို့ဖြင့် လုချန်ရှန်းက ထွက်ပြေးလေသည်။

သူအခုမှ ထွက်မသွားလျှင် သူက အမျိုးသမီးအချို့နှင့် ဂိုဏ်းတစ်ခုလုံးကိုပင် သူ့ဆီကို ပို့လွှတ်လိုက်မည်ပင်။

လုချန်ရှန်းက အပြန်လမ်းတွင် ထိုသို့အလျှင်အမြန်ပြောလိုက်လေသည်။ “အော်မီတော်ဖော်၊ အော်မိတော်ဖော်၊ ရမ္ပမက်ခြောက်ပါးစလုံးကင်းစင်းပါတယ်”

လုချန်ရှန်းက စံအိမ်တော်ကို ပြန်ရောက်သောအခါ၊

ရှောင်ဟေး၏ ခွန်အားက တိုးတက်နေပြန်သည်။

သူ၏လက်ရှိခွန်အားနှင့်ဆို အလယ်အလတ် အာကာသနတ်ဘုရားအဆင့်ကျွမ်းကျင်သူပင် သူ၏ပြိုင်ဘက်ဖြစ်ချင်မှဖြစ်တော့မည်။

သို့သော်လည်း။

ထိုအခိုက်၊ ရှောင်ဟေးနှင့်ပတ်သတ်၍ တစ်ခုခုထူးခြားနေ၏။

သူက ခေါင်းကိုကိုင်ကာ မြေပြင်ပေါ်တွင် လူးလိမ့်နေ၏။

သူ့မျက်လုံးတွင် မိစ္ဆာချီများလွှမ်းမိုးနေလေသည်။

မိုးမခပင်သာသူ့ဘေးတွင် ထိန်းမထားပေးပါက သူရူးသွပ်သွားလိမ့်မည်ပင်။

ယဲ့ချိုးပိုင် ဟုန်ရင် နင်းချန်ရှင်းနှင့် မုဝမ်အာတို့က သူ့ဘေးတွင်ရှိနေကြသည်။

“ဘာတွေဖြစ်နေတာလဲ”

ယဲ့ချိုးပိုင်က လေးနက်သောအမူအရာဖြင့် ပြောသည်။ “ရှောင်ဟေး ဘာဖြစ်တာလံ၊ ခဏနေဦး။ ဆရာပြန်လာတော့မယ်”

မုဝမ်အာက ​စိတ်ပူပင်စွာပြောလေသည်။ “သမီးတို့ဘယ်လိုလုပ်ကြမလဲ။ အမကြီးဟုန်ရင် ဘာဖြစ်တာလဲသိပြီလား”

ဟုန်ရင်က စိတ်ဒုက္ခရောက်နေဟန်ဖြင့် ခေါင်းခါကာပြောသည်။

သူမ၏ အမူအရာအရ ရှောင်ဟေးတွင် ဘာဖြစ်နေမှန်းမသိပေ။

နင်းချန်ရှင်းက တာအိုသိုင်းကျမ်းကိုထုတ်ယူကာ နှလုံးသန်စင်မန္တာန်ကို ရွတ်ဖတ်လိုက်သည်။

အဖြူရောင်အလင်းတန်းတစ်ခုက ရှောင်ဟေးခန္ဓာကိုယ်ပေါ်သို့ ပျံ့ကျဲသွားသည်။

သို့သော် သက်ရောက်မှု့က အနည်းငယ်သာရှိ၏။

ရှောင်ဟေး မျက်လုံးအတွင်းမှ မိစ္တာအရှိုန်အဝါကို ထိန်းချုပ်၍မရပေ။

ငှက်ကလေးက မိုးမခပင်ကို ကြည့်လိုက်သည်။

“သူ့ကိုယ်ထဲက အချုပ်အနှောင်က ပြေသွားပြီမလား”

မိုးမခပင်၏အကိုင်းများက ညင်သာစွာလှုပ်ခတ်သွားပြီး ပြန်ဖြေလိုက်သည်။ “သူ့ခွန်အားက တနေ့ထက်တနေ့တိုးတက်လာတာနဲ့ သူ့အသိစိတ်ပင်လယ်ထဲမှာရှိတဲ့ စတင်ပြီးတော့ ပြေလျှော့လာပြီ”

“ဒါဆို ပြန်ပြီး ချုပ်နှောင်လို့မရဘူးလား”

“ရတယ် ဒါပေမဲ့ ပြန်ပြီးချုပ်နှောင်လိုက်တာက သူအသိစိတ်ပင်လည်ကို နာကျင်စေလိမ့်မယ်။ ဒီလိုသာဖြစ်လာရင် သူ့နောင်ပိုင်းကျင့်ကြံခြင်းတိုးတက်မှု့ကို ထိခိုက်စေမှာ”

ငှက်ကလေးက ခေါင်းကို ညင်သာစွာညိမ့်၍ ဆက်မပြေတော့ပေ။

သူက လုချန်ရှန်းအပြန်ကိုသာ စောင့်နေရတော့မည်။

လုချန်ရှန်းက အပြန်ပြန်ရောက်လာ၏။

ယဲ့ချိုးပိုင်အသံပို့လွှတ်လိုက်သည်ကိုရရှိသည်နှင့် ရှောင်ဟေးဖြစ်နေသည်ကို သူလည်း သိချင်၏။

သူက လေဟာနယ်ကိုထိုးခွဲကာ စံအိမ်တော်သို့ပြန်လာခဲ့သည်။

ထို့နောက် မျက်မှောင်ကြုတ်က ရှောင်ဟေးအနားကိုလျှောက်လာ၏။

သူက တစ်ချက်ကြည့်ယုံနှင့်ပြဿနာကိုသိလိုက်သည်။

“အချုပ်အနှောင်က ပြေသွားပြီ”

“ဒါပေမဲ့လည်း တိကျတဲ့မှတ်ဉာဏ်အစိတ်အပိုင်းတွေမရှိသေးဘူး။ ရှောင်ဟေးမှတ်ဉာဏ်တွေက အချုပ်အနှောင်ပြေသွားတော့ ပျောက်ကုန်ပြီ”

“ဒါကြောင့် ဒီလိုအခြေအနေရောက်ကုန်တာဘဲ”

ရှောင်ဟေးက အချုပ်အနှောင်မှလွှတ်မြောက်ရန် သိပ်မဝေးတော့ဟု လုချန်ရှန်းသိနေ၏။

သို့သော် ရှောင်ဟေး၏ ခွန်အားက အကြိမ်အနည်းငယ်လေ့ကျင့်ရုံ အလျှင်အမြန်တိုးတက်သွားမည်ကို မည်သူသိမှာလဲ။

၎င်းကြောင့်ပင် အချုပ်အနှောင်ကို ပို၍ လျှော့သွားစေခြင်းဖြစ်သည်။

သို့သော် သူက မှတ်ဉာဏ်အပိုင်းအစများကို မည်သည့်နေရာတွင် သွားကြည့်ရမည်နည်း။

“ရှောင်ဟေး မင်းတစ်ခုခု ခံစားမိလား”

“ငါမကူညီခင် မင်းကိုယ့်အခြေအနေကို ကိုယ်သိရမယ်”

လုချန်ရှန်းအသံက သိပ်မကျယ်သော်လည်း ရှောင်ဟေး၏ စိတ်အတွင်းသို့ရောက်သွားသေး၏။

ရှောင်ဟေးက သူယုံကြည်ရသော ရင်းနှီးနေသော အသံကိုကြားလိုက်သည်။

သူက အလွန်နာကျင်စွာဖြင့် ချက်ချင်း ခေါင်းပြန်ညိမ့်ပြ၏။

အမွေးတိုင်တစ်တိုင်ထွန်းခန်အကြာတွင်

ရှောင်ဟေးမျက်နှာရှိ နာကျင်မှု့က ပိုမိုပြင်းထန်လာဟန်ရသည်။

သူ့မျက်လုံးရှိ မိစ္ဆာချီများက စိမ့်ထွက်လာ၏။

ထိုကိစ္စကိုာမြန်မြန်ဖြေမရှင်းလျှင် အကျိုးဆက်က တွေးကြည့်၍မရအောင်ပင်။

ထိုအခိုက် ရှောင်ဟေး၏ နှုတ်ခမ်းက တုန်ယင်လာကာ တီးတိုးရေရွတ်လိုက်သည်။ “ကျောက်တုံး၊ ကျောက်တုံး”

ကျောက်တုံး။

လုချန်ရှန်းက မှင်သက်သွားသည်။

ဘာကျောက်တုံးလဲ။

သူက ရှောင်ဟေးနှင့်တွေ့ကြုံခဲ့ရသည်များကို ပြန်တွေးမိလိုက်သည်။

ထိုအချိန်က ကောင်းကင်မှကျလာသော အနက်ရောင်ကျောက်တုံးမှ သူက ခုန်ထွက်လာကာ လုချန်ရှန်းက သူ့ကို တပည့်အဖြစ်လက်ခံခြင်းဖြစ်သည်။

လုချန်ရှန်းက ၎င်းကိုတွေးမိပြီးနောက် အတန်ငယ်ကြောင်အသွားသည်။

ကျောက်တုံး၊ အနက်ရောင်ကျောက်တုံး၊ ဖြစ်နိုင်တာကတော့။

လုချန်ရှန်းက လက်ကိုဝှေ့ရမ်းကာ ရှောင်ဟေးကို ပင့်တင်လိုက်သည်။

ထိုနောက် အခြားလက်တစ်ဖက်ကို အသာအယာဝှေ့ရမ်းလိုက်ရာ လေထုက ကွဲအက်သွားသည်။

သူက ရှောင်ဟေးကိုသယ်ကာ ထိုအထဲဝင်ရောက်သွားပြီး စံအိမ်တော်မှပျောက်ကွယ်သွားတော့သည်။

အနက်ရောင်ကျောက်တုံးကျရောက်သော အလယ်ပိုင်းဒေသတွင်။

လျှို့ဝှက်တာအိုကျောင်းတော်နှင့် လျှို့ဝှက်ဓားဂိုဏ်းကို ဆက်သွယ်ထားသော တောင်တန်းတစ်ခုရှိလေသည်။

လုချန်ရှန်းက ထိုနေရာကို မှတ်မိနေသေးသည်။

သူထိုနေရာကိုရောက်သွားသောအခါ အနက်ရောင်ကျောက်တုံးက မရှိတော့ပေ။

သို့သော်လည်း မိစ္ဆာချီများက ထိုနေရာတွင် တောက်လောင်နေသည်။

ဘာသစ်ပင်ပန်းမန်မှမပေါက်ရောက်။ သေခြင်းတရား၏နယ်မြေလိုဖြစ်နေ၏။

လုချန်ရှန်းက မျက်မှောင်ကုတ်ကာ အနက်ရောင်ကျောက်တုံး၏ အရှိုန်အဝါကို လေထဲတွင် အာရုံခံလိုက်သည်။

သူက ရှောင်ဟေး၏အရှိုန်အဝါရှိသော အနက်ရောင်ကျောက်တုံးနောက်သို့ပြေးလိုက်သွားသောအခါ ရွာတရွာကို တွေ့လိုက်လေသည်။

သို့သော်လည်း ထိုရွာနှင့်ပတ်သတ်ပြီး တစ်စုံတစ်ခုထူးခြားနေသည်ကို ခံစားလိုက်ရသည်။

Comment

Leave a Reply

Options

not work with dark mode
Reset