စံအိမ်တော်သို့ ပြန်လာကြပြီးနောက် ထင်ထားသည့်အတိုင်း၊
ဟုန်ရင်က လုချန်ရှန်းကို အရင်ဆုံးအနေနှင့် အကုန်လုံးပြောပြလိုက်၏။
သူမက ယဲ့ချိုးပိုင်ကို အပြစ်ဖို့လိုက်သည်။
ဟုတ်ပေသည်။
ယဲ့ချိုးပိုင်ကို သူ့ဆရာတူညီမက အပြစ်ဖို့လိုက်ပြန်ပြီဖြစ်သည်။
လုချန်ရှန်းက ယဲ့ချိုးပိုင်ကို တနေကုန် ကြိမ်းမောင်းခဲ့လေသည်။
လုချန်ရှန်း၏ စကားထဲတွင် ကြမ်းတမ်းသောစကားများမပါ စကားလုံးများထပ်မနေပင်။
ယဲ့ချိုးပိုင်အပေါ် လုချန်ရှန်းမည်မျှဒေါသထွက်နေသည်ကို သိနိုင်သည်။
အသေအချားပင် ယဲ့ချိုးပိုင်က အပြစ်ပေးခြင်းက မလွတ်မြောက်နိုင်ပေ။
ပြီးနောက် ခဏအကြာတွင် ယဲ့ချိုးပိုင်တို့က ကျင့်ကြံခြင်းအခြေခိုင်အောင် တံခါးပိတ်ကျင့်ကြံကြတော့သည်။
တချိန်တည်းမှာပင် ယဲ့ချိုးပိုင်က ချန်းယွမ်အလယ်အလတ်အဆင့်ကို ချိုးဖောက်ဝင်ရောက်သွား၏။
အာဒိကပ္ပဓားသိုင်းကျမ်းကို အဆင့်ချိုးဖြတ်ခြင်းက သူ့နယ်ပယ်ကို အဆင့်တိုးမြင့်သွားစေ၏။
ယခု ချန်းယွမ်အလယ်အလတ်အဆင့်ကို ချိုးဖောက်သွားခြင်းက အချိန်တစ်ခုသာလိုအပ်သည်။
အခြားတစ်ဖက်တွင် ကြယ်စွမ်းအားများ၏ လမ်းပြမှု့ကို အသုံးပြု၍ ရှစ်ရှန်း၏ ကျင့်ကြံခြင်းအရှိုန်က အတော်ပင်မြန်လာသည်။ သူက အာကာသနတ်ဘုရားတစ်ပိုင်းအဆင့်ကိုလည်း ရောက်ရှိသွားပြီဖြစ်သည်။
တစ်ချိန်တည်းမှာ ကြယ်စွမ်းအားဖြင့်သန့်စင်ခြင်းခံထားရပြီးနောက် ရှစ်ရှန်း၏ပါရမီစွမ်းရည်က S အဆင့်မှ SS အဆင့်သို့ရောက်ရှိသွားလေပြီဖြစ်သည်။
သူက စနစ်မှပေးအပ်သောမစ်ရှစ်ကိုပြီးဆုံးရန် အဆင့်နှစ်ခုသာလိုအပ်တော့သည်။
လိုအပ်ချက်၊ ပါရမီစွမ်းအားက SSS အဆင့်ကိုရောက်ရန်၊ ပင်ကိုယ်အရည်အချင်းက ဧကရာဇ်အဆင့်ရောက်ရန်။
သုံးရက်ကြာပြီးနောက် အဂ္ဂိရတ်ဂိုဏ်းက မဟာအကြီးအကဲသည် လျှို့ဝှက်တာအိုကျောင်းတော်သို့ လူကိုယ်တိုင်လာရောက်ခဲ့သည်။
သူတို့က လုချန်ရှန်းကို အဂ္ဂိရတ်ဂိုဏ်းသို့ခေါ်ကာ သူတို့၏မေးခွန်းများကို ဖြေရှင်းပေးစေချင်သည်။
အဂ္ဂိရတ်ဂိုဏ်းက ဆေးလုံးဖော်စပ်သည့်နယ်ပယ်တွင် အလွန်မောက်မာကြသည်။
သူက အပြင်လူကို ဘယ်သောအခါမှ ဖိတ်ခေါ်ခြင်းမရှိခဲ့ဖူးပေ။
အခုတော့ သူက လုချန်ရှန်းကို အဂ္ဂိရတ်ဂိုဏ်းသို့ဖိတ်ခေါ်ရန်ရောက်လာကြသည်။
၎င်းက သမိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်ပေသည်။
အဂ္ဂိရတ်ခန်းမသခင်ဟူချင်းက အဂ္ဂိရတ်ဂိုဏ်း၏ မဟာအကြီးအကဲကို စံအိမ်တော်သို့ခေါ်ဆောင်လာပေးသည်။
ထိုနောက် သူက သူလာရောက်ရသည့်အကြောင်းအရင်းကို လုချန်ရှန်းကိုပြောပြ၏။
၎င်းကိုကြားသော် လုချန်ရှန်းခေါင်းကိုက်သွားရသည်။
ယဲ့ချိုးပိုင် ဒိကောင်စုတ်လေး။
“ယဲ့ချိုးပိုင်”
အဂ္ဂိရတ်ဂိုဏ်းမဟာအကြီးအကဲနှင့် ဟူချင်းက ကြောင်အသွားကာ လုချန်ရှန်းဘာကြောင့် ရုတ်တရက်စိတ်ဆိုးသွားမှန်းမသိပေ။
ယဲ့ချိုးပိုင်က အမြန်ပြေးလာကာ သူ့ဆရာ၏ အမူအရာကိုမြင်လိုက်ရသော် ဇာတ်ပုသွားလေသည်။
လုချန်ရှန်းက ဒေါသတကြီးအော်ဟစ်လိုက်လေသည်။ “တောင်ပေါ်ပြန်သွားပြီး ကျင့်ကြံခြင်းကိုပြန်ဖိနှိမ့်စမ်း။ ပြီးရင် ရေတံခွန်အောက်မှာ သုံးရက်သွားနေ”
ယဲ့ချိုးပိုင်အမူအရာက အေးခဲ့သွား၏။
သူ့ကျင့်ကြံခြင်းကိုဖိနှိမ့်ပြီး ရေတံခွန်အောက်မှာ သုံးရက်နေရမယ်။
သူမသေရင်တောင် အရေပြားတစ်လွှာလောက်ကတော့ ပေါက်ပြဲကုန်မှာအမှန်ဘဲ။
သို့သော် လုချန်ရှန်း၏ ဒေါသတကြီးအမူအရာကိုမြင်သော် ယဲ့ချိုးပိုင်က မည်သည်မှ ဆက်မပြောနိုင်တော့။
မဟုတ်လျှင် သုံးရက်ထက်ပိုသွားလိမ့်မည်။
သူက ခါးသက်သက်ပြုံး၍ တောင်ပေါ်သို့ပြန်သွားလိုက်ချိန် ဟုန်ရင်ဘေးကို ဖြတ်ကျော်သွားသည်။
သူက ဟုန်ရင်ပြောလိုက်သည်ကိုပင် ကြားလိုက်ရသည်။
“ဆရာတူအကိုကြီးက တကယ့်ကို တရားမျှတမှု့ရှိတာဘဲ”
ယဲ့ချိုးပိုင်က ဟုန်ရင်၏ ကျေနပ်နေသောအကြည့်ကိုကြည့်ကာ သူအံကြိတ်လိုက်မိသည်။
သို့သော်လည်း သူက သူမကို မည်သည်မှမလုပ်နိုင်ပေ။
ဟုန်ရင်ကို သူ့ဆရာတူညီမအဖြစ်ခေါ်ယူဖို့ မည်သူက ပြောခဲ့သနည်း။ ဟူး၊ သူက သည်းခံရုံပင်တက်နိုင်သည်။
တဖက်တွင် လုချန်ရှန်းက ကြောင်အနေသော လူနှစ်ဦးကိုကြည့်လိုက်သည်။
သူက ရှင်းပြ၏။ “ခင်ဗျားတို့ရှေ့မှာ ကျုပ်အရှက်ကို ကျုပ်ခွဲနေမိသလိုဖြစ်ကုန်ပြီ။ ကျူပ်တပည့်က ပြဿနာအရမ်းရှာတာ။ သူကအမြဲတမ်းလိုလို အပြင်ဘက်မှာ ကျုပ်ကူညီပါမယ်ဆိုပြီး ကတိတွေပေးပေးလာတက်တယ်”
အဂ္ဂိရတ်ဂိုဏ်းက မဟာအကြီးအကဲက ပြောစရာစကားမဲ့သွား၏။
ခင်ဗျားက ကျုပ်တို့ အဂ္ဂိရတ်ဂိုဏ်းကိုပြောနေတာလား။
လုချန်ရှန်းက လက်ခါရမ်း၍ ပြောလိုက်၏။ “ခင်ဗျားတို့အမှားမဟုတ်ပါဘူး”
“တကယ်လား”
ဟူချင်းက မျက်နှာကိုကာလိုက်၏။
သူကိုယ်သူဖော်ပြနေတာလား။
“အဟမျး အဟမျး”
အဂ္ဂိရတ်ဂိုဏ်း၏ မဟာအကြီးအကဲက လည်ချောင်းရှင်းကာ မေးလိုက်လေသည်။ “အကြီးအကဲဘယ်တော့လောက်အားမလဲ”
လုချန်ရှန်းက အခုမအားဟုပြောလိုက်ရန်ပြင်နေသည်။
ထင်မထားစွာဖြင့် အဂ္ဂိရတ်ဂိုဏ်းက မဟာအကြီးအကဲသည် လုချန်ရှန်းကို စကားစဖြတ်ပြောလိုက်သည်။
“ရပါတယ်။ အကြီးအကဲ တခုခုလုပ်စရာရှိရင်လုပ်ပါ။ ကျူပ် ဒီမှာစောင့်နေနိုင်ပါတယ်”
လုချန်ရှန်း “…”
ဒုက်ခဘဲ။
သို့သော်လည်း တဖက်လူက ထိုသို့ပြောနေပြီဆိုမှတော့ စံအိမ်တော်တွင် စောင့်ခိုင်းနေလျှင် မကောင်းပေ။
ထိုသို့တွေးပြီးနောက် လုချန်ရှန်းက ခေါင်းညိမ့်ကာ “အခုသွားကြရအောင်”
အဂ္ဂိရတ်ဂိုဏ်းက အလယ်ပိုင်းဒေသ၏ ဧရာမဂိုဏ်းကြီးတစ်ခုဖြစ်သည်။
အဂ္ဂိရတ်ပညာရှင်တို့၏ မြင့်မြတ်သောနယ်မြေတစ်ခုလည်းဖြစ်သည်။
အဂ္ဂိရတ်ဂိုဏ်း၏ အဖွဲ့များကို ဒေသလေးခုအတွင်း ဖြန့်ကြတ်ထားလေသည်။
၎င်းတို့က အဂ္ဂိရတ်ပညာရှင်တစ်ဦး၏ အဆင့်ကို သတ်မှတ်စစ်ဆေးလေသည်။
လုချန်ရှန်းက တပည့်များကို အသိမပေးဘဲ အဂိ္ဂရတ်ဂိုဏ်းသို့ လိုက်သွားလေသည်။
သူက အဂ္ဂိရတ်ဂိုဏ်း၏ အဓိကခန်းမကြီးသို့ တိုက်ရိုက်ပင်ဝင်သွားလိုက်၏။
ထိုအခိုက် အဂ္ဂိရတ်ဂိုဏ်းချုပ် ကန်းချွင်းက အပြင်တွင် ထွက်စောင့်နေ၏။
လုချန်ရှန်းကို မြင်သောအခါအပြုံးဖြင့်နှုတ်ဆက်လိုက်သည်။ “အဂ္ဂိရတ်ဂိုဏ်းကနေ ကြိုဆိုပါတယ် အကြီးအကဲ”
လုချန်ရှန်းက လက်ယမ်းပြကာ ပြော၏။ “ခင်ဗျားတို့နားမလည်တာရှိရင် ကျုပ်ကိုမြန်မြန်ပြောပါ”
လုချန်ရှန်း၏ တုံ့ပြန်မှု့ကိုမြင်သော ကန်းချွင်းက မအံ့သြပေ။
တဖက်လူက ကောင်းကင်အဆင့်ဆေးလုံးကို အချိန်တိုအတွင်း၌ ဖော်စပ်ခဲ့သူဖြစ်လေသည်။
သူ၏ ဆေးလုံးဖော်စပ်သည့်ကျွမ်းကျင်မှု့က သူ့ထက် အများကြီးသာလေသည်။
အနည်းငယ်မောက်မာသည်က သာမန်သာဖြစ်လေသည်။
လုချန်ရှန်းက အချိန်မဖြုန်းတော့ပေ။
သူက လက်ခါပြကာ ဧည့်ခံကျွေးမွေးရန်ပြင်နေသော မဟာအကြီးအကဲကို မလုပ်ရန်ပြောပြီး လိုရင်းကိုပြောလိုက်သည်။
“အကြီးအကဲ ခန်းမထဲကို ကြွပါ”
လုချန်ရှန်းက ခေါင်းညိမ့်ကာ ခန်းမအတွင်းသို့ လိုက်ဝင်သွားတော့သည်။
ခန်းမအတွင်းတွင် သူတို့နှစ်ဦးသာရှိလေသည်။
ကန်းချွင်းက လုချန်ရှန်းအချိန်မဖြုန်းလိုသည်ကိုသိနေသောကြောင့် တိုက်ရိုက်မေးလိုက်လေသည်။
“အကြီးအကဲ ဆေးလုံးဖော်စပ်တဲ့နေရာမှာ ကျုပ်နားမလည်တာလေးရှိနေတယ်”
လုချန်ရှန်းက သူ၏မေးစေ့ကိုပွတ်ကာ ဆက်ပြောရန် အချက်ပြလိုက်သည်။
“ဆေးလုံးသန့်စင်တဲ့အခါ အောင်မြင်မှု့ကတော့ မြင့်ပါတယ်။ ဟုတ်ပါတယ် တစ်လုံးကမှတော့ ကောင်းကင်အဆင့်မပါခဲ့ဘူးပေါ့နော်။ ဒါပေမဲ့ ကျုပ်က ကိုယ်ပိုင်ဆေးလုံးဖော်မြူလာတစ်ခုကို ဖန်တီးချင်နေတာ”
“ကျုပ်က မြေကြီးအဆင့်အောက် ဆေးလုံးကိုတော့ ဖန်တီးနိုင်ပေမဲ့ မြေကြီးအဆင့်ဆေးလုံးကိုတော့ ဘယ်လိုလုပ်လုပ် အောင်မြင်အောင်မဖော်စပ်နိုင်ဘူး”
ကန်းချွင်း၏ လက်ရှိဆေးလုံးဖော်စပ်သည့်ကျွမ်းကျင်မှု့က ဤကုန်းမြေတိုက်ကြီးတွင် ထိပ်ထန်းအဆင့်တွင်ရပ်တည်နေပြီးသားဖြစ်သည်။
သူက ရှေ့သို့ဆက်စရာမရှိတော့ဟု သူက ယုံကြည်နေလိုက်၏။
ထို့ကြောင့် သူက အဆင့်မြင့်ဆေးလုံးများကို အကောင်းဆုံးအနေနှင့် ကြိုးစားဖော်စပ်ရန်သာတက်နိုင်တော့သည်။
ထိုမှသာ သူ့နာမည်ကို သမိုင်းတွင် ရေးထိုးခဲ့နိုင်မှာဖြစ်သည်။
လုချန်ရှန်းက ဆေးလုံးဖော်စပ်ဆွေးနွေးပွဲတွင်ပါဝင်တုန်းက သူ၏ ပြောင်မြောက်လှသော မှော်ဆေးဖော်စပ်ခြင်းအစွမ်းကို ပြသခဲ့သည်။
ဆေးလုံးများစွာကို ကိုယ်တိုင်ဖန်တီးပြခဲ့သည်။
အဆုံးသတ်တိုင်း ကောင်းကင်အဆင့်ဆေးလုံးကို သန့်စင်ပြနိုင်ခဲ့သည်။
ထို့ကြောင့်ပင် သူက လုချန်ရှန်း၏အကူအညီကို လိုနေခြင်းဖြစ်သည်။
“အကြီးအကဲ ဖြေရှင်းနည်းလေးများရှိမလားမသိဘူး”
ထိုသို့ပြောပြီး သူက လုချန်ရှန်းကို မျှော်လင့်တကြီးဖြင့်ကြည့်နေသည်။
မသိလျှင် အချိန်အကြာကြီးခွဲခွာခဲ့ရသော ချစ်သူရည်းစားလိုပင်။
လုချန်ရှန်း ကြက်သီးထသွား၏။
“ဟမ်… ကျုပ်ဘယ်လိုလုပ်ပေးရမလဲဆိုတော့”
“သိပ်တော့မခက်ပါဘူး”
လုချန်ရှန်းက သူ၏ ဆေးလုံးဖော်စပ်သည့်နည်းစနစ်များနှင့် အတွေ့အကြုံများကို တွေးတောလိုက်သည်။
သူကပြော၏။ “ဒါပေမဲ့ လူတစ်ယောက်က ဆေးလုံးဖော်စပ်တဲ့နည်းလမ်းတစ်ခုတည်းကိုဘဲ မှီခိုနေလို့မရဘူးလို့ ယုံတယ်”
“ကိုယ်ပိုင်နားလည်မှု့နဲ့ မူလဆေးလုံးရဲ့ဖော်စပ်နည်းကို တိုးတက်အောင်လုပ်ဖို့လည်းလိုတယ်။ မှားမှား မှန်မှန် အနည်းဆုံးတော့ စမ်းကြည့်သင့်တယ်”
“ဆေးလုံးဖော်စပ်နည်းရဲ့ကန့်သတ်ချက်ကို ချိုးဖြတ်ဖို့လိုတယ်”
လုချန်ရှန်း၏စကားများကိုကြားသောအခါ ကန်းချွင်းက အတွေးနက်သွားသည်။
သူက မိမိဘာသာ ခပ်တိုးတိုးရေရွတ်နေမိသည်။ “ဆေးလုံးဖော်စပ်နည်းရဲ့ကန့်သတ်ချက်ကို ချိုးဖြတ်ရမယ်”
လုချန်ရှန်းက ဆက်ပြောသည်။ “ခင်ဗျားက ဘဝတစ်လျှောက်လုံး ဆေးလုံးဖော်စပ်နည်းအပေါ်မှာဘဲ မှီခိုခဲ့တာ”
“ကျုပ်အမြင်မှာတော့ ဆေးလုံးဖော်စပ်နည်းက ခင်ဗျားရဲ့စိတ်ကူးစိတ်သန်းတွေကို ပိတ်လှောင်ထားတဲ့ လှောင်အိမ်တစ်ခုဘဲ”
“ဒီလှောင်အိမ်ထဲက ခုန်ထွက်နိုင်ပြီဆိုရင် ခင်ဗျားကိုယ်တိုင် ဆေးဖော်စပ်နည်းကို ဖန်တီးနိုင်ပြီ”
လုချန်ရှန်းက အဆုံး၌ မည်သို့ဖြစ်မည်ကို သေချာမသိပေ။
သို့သော် ကန်းချွင်းကိုယ်တိုင်လုပ်ရမည်ဖြစ်သောကြောင့် သူဘာမှထပ်မပြောနိုင်တော့ပေ။
ကန်းချွင်း အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ သူနှင့်မဆိုင်ချေ။
ထိုအခိုက်တွင် လုချန်ရှန်း၏ စကားများကို ဆက်လက်တွေးတောနေသည်။
သူ့စကားလုံးများက ရိုးရှင်းသော်လည်း နောက်ကွယ်ရှိ သဘောတရားက အလွန်နက်နဲသိမ်မွေ့သည်။
ရိုးရှင်းစွာပြောရလျှင် သက်သောင့်သက်သာနေရသည့်ဘဝက ရုန်းထွက်ရန်ပင်။
ကျင့်ကြံခြင်းမှာလည်း အတူတူဘဲမလား။ တဖြေးဖြေးချင်း သူ၏ ကန်းချွင်းမျက်လုံးများက အရောင်တောက်လာတော့သည်။
“အကြီးအကဲ ကျုပ်နားလည်သွားပြီ”
လုချန်ရှန်း၊ ဟမ်…