Switch Mode

အခန်း (၂၄၁)

လူတွေအားလုံးထဲမှာမှ ဘာလို့ရှောင်ဟေးကို ရွေးလိုက်ရတာလဲ။

ကျန့်ချောင်းမြန်က စိတ်ဝင်စားသည်မှာ တစ်ခုတည်းရှိ၏။ ၎င်းက သူ့လက်ထဲရှိ ဓားကိုပင်။

သူ့အတွက်က ဓားတာအိုသည် အရာအားလုံးဖြစ်၏။

သူလူမှန်းသိတက်စအရွယ်ထဲက ဓားကို လက်ထဲတွင် ဆွဲကိုင်လာခဲ့ခြင်းဖြစ်သည်။

ဓားကို သူ့ဘေးမှ ဘယ်သောအခါမှ ချန်မထားခဲ့ဖူးပေ။

ထိုအကြောင်းကြောင့်ဘဲ ကျန့်ချောင်မြန်၏ ဓားတာအိုနယ်ပယ်က အလွန်လျှင်မြန်စွာတိုးတက်ခဲ့ခြင်းဖြစ်သည်။ ယဲ့ချိုးပိုင်သာပေါ်မလာခဲ့လျှင် ကျန့်ချောင်မြန်၏ ဓားတာအိုပါရမီက ဤကုန်းမြေတိုက်ကြီးတွင် အလွန့်အလွန် ထူးခြားပြောင်​မြောက်နေပေလိမ့်မည်။

ကံမကောင်းစွာနှင့် သူက အချိန်မှားယွင်းစွာမွေးဖွားလာခဲ့သည်။

ကျန့်ချောင်မြန်က စိတ်ဓာတ်ကျညိုးငယ်ခြင်းမျိုးမဖြစ်ပေါ်ပေ။

သူ့ထက် အဆများစွာ သန်မာသော ယဲ့ချိုးပိုင်ကို ကြည့်လိုက်လေသည်။

သူ့မျက်လုံးတွင် အကြောက်တရားများမရှိ တိုက်ပွဲဆန္ဒတစ်ခုသာရှိလေသည်။ (အရှိုန်အဝါတွေကို ဆန္ဒလို့ပြောင်းသုံးပါမယ်ဗျ)

ထို့နောက် ဓားဆန္ဒတစ်ခုက ကောင်းကင်ပေါ်သို့ထိုးတက်သွားလေသည်။

ကျန့်ချောင်မြန်က ဓားကိုဆုပ်ကိုင်ထားပြီး လေထဲသို့လွှဲခုတ်ချလိုက်လေသည်။

ဓားဆန္ဒက ကျန့်ချောင်မြန်၏ အမိန့်ကိုနာခံနေဟန်ရ၏။ ၎င်းက ဓားချီတစ်ခုအဖြစ်အသွင်ပြောင်းသွားကာ ယဲ့ချိုးပိုင်ဆီတိုးဝင်သွားတော့သည်။

သူထံလာနေသော ဓားဆန္ဒကိုကြည့်ကာ ခပ်ဖျော့ဖျော့ပြုံးလိုက်လေသည်။

သူက သစ်သားဓားကိုဆတ်ခနဲလှုပ်လိုက်ရာ ဓားနယ်မြေက အသက်ဝင်လာလိုက်၏။

သူကိုတိုက်ခိုက်လိုက်သော ဓားချီက လေထုထဲတွင် ကွယ်ပြောက်သွားလေသည်။

ကျန့်ချောင်မြန်က အတန်ငယ် ကြက်သေ သေသွားသည်။

သူထုတ်လွှင့်လိုက်သော ဓားဆန္ဒပင်လျှင် ဓားနယ်မြေ၏ ဖိနှိပ်မှု့ကိုခံထားရသည်။

ဓားနယ်မြေထဲတွင်…

ယဲ့ချိုးပိုင်က ထိုကမ္ဘာထဲတွင် ဓားတာအို၏ ဘုရင်ဖြစ်လေသည်။

၎င်းက သူ၏ ကိုယ်ပိုင်နယ်မြေဖြစ်၏။

ထိုနယ်မြေထဲတွင် မည်သည့်ဓားကျင့်ကြံသူမဆို ယဲ့ချိုးပိုင်၏ ဓားတာအိုဖိနှိပ်ခြင်းကို ခံရပေမည်။

ကျန့်ချောင်းမြန်သည်လည်း ချွင်းချက်မရှိပေ။

ထို့နောက် ဓားနယ်မြေအတွင်းရှိ နေရာတိုင်းတွင်ရှိနေသော ဓားဆန္ဒများက ယဲ့ချိုးပိုင်၏ခြေရင်းတွင် လာရောက်စုပုံကုန်၏။

ထိုဓားဆန္ဒများက သူ့ကိုလေပေါ်သို့ ဖြေးဖြေးချင်း ပင့်တင်လိုက်သည်။

ဓားဆန္ဒများက ဓားဆန္ဒမြစ်တစ်စင်းအဖြစ်ပြောင်းလဲသွားသည်။

ယဲ့ချိုးပိုင်က ကျန့်ချောင်းမြန်ကို ငုံ့ကြည့်ကာ ညင်သာစွာပြောလိုက်သည်။ “အရင်က ဒီနည်းကိုသုံးပြီး မင်း ဓားဆန္ဒကိုနားလည်အောင်လုပ်ပေးခဲ့တယ်”

“အခု မင်းဒီအတွေ့အကြုံကိုထပ်ခံစားပြီး မင်းဘာထပ်လုပ်နိုင်မလဲဆိုတာကို ကြည့်ရအောင်”

ယဲ့ချိုးပိုင်က သစ်သားဓားကို ကျန့်ချောင်းမြန်ဆီ ထိုးပြလိုက်သည်။

ထိုအခိုက်အတန့်တွင် ဓားဆန္ဒမြစ်ကြီးက ကျန့်ချောင်းမြန်ဆီသို့ တိုးဝင်သွားသည်။

ကျန့်ချောင်မြန်က သူ့ဆီတိုးဝင်လာသော ဓားဆန္ဒမြစ်ကြီးကိုကြည့်ကာ ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားလိုက်သည်။

ဓားဆန္ဒက ဓားပတ်လည်တွင်ဖြစ်တည်လာကာ စတင်၍ တုန်ခါလာကာ အသံများထွက်ပေါ်လာ၏။

ထိုဓားသိုင်းက ကျန့်ချောင်မြန် တီထွင်ထားခြင်းပင်။

၎င်းက ဓားကို ပို၍ပင် ထက်ရှလာစေသည်။

ထို့နောက် ချက်ချင်းပင် ဓားဆန္ဒမြစ်ရှိရာသို့ ခုတ်ပိုင်းချလိုက်လေသည်။

သို့သော် ဓားဆန္ဒမြစ်က အလွန်တရာ ကြမ်းတမ်းလှိုင်းထန်နေခဲ့၏။

ဓားဘိုးဘေးဓားဆန္ဒက ကျန့်ချောင်မြန်၏ ဓားဆန္ဒကို အသာလေး ချေဖျက်နိုင်၏။

ကျန့်ချောင်မြန်၏ ဓားရှည်က ဓားဆန္ဒမြစ်အတွင်းတွင် ညှပ်နေကာ ချက်ချင်းဆိုသလိုပင် နစ်မြုပ်သွားတော့သည်။

ထိုမြင်ကွင်းကြောင့် လူတိုင်းက ထိတ်လန့်သွားကြသည်။

ကျန့်ချောင်မြန်တော့ ​ပြီးဆုံးသွားပြီ။

ထင်သည့်အတိုင်း ယဲ့ချိုးပိုင်၏ ဓားတာအိုနယ်ပယ်အဆင့်က အလွန်ပင် နက်နဲသိမ်မွေ့လေသည်။

၎င်း၏ အင်အားက အာကာသနတ်ဘုရားနယ်ပယ်အဆင့်နှင့် နှိုင်းယှဥ်နိုင်လေသည်။

ထိုသို့သော ပြိုင်ဘက်ကို ကျန့်ချောင်မြန်မပြောနှင့် သူတို့အတွက်ပင် မယှဥ်နိုင်ပေ။

ဓားဆန္ဒမြစ်ကြီးတွင် ကျန့်ချောင်မြန်၏ တစ်ကိုယ်လုံးက ယဲ့ချိုးပိုင်၏ ဓားဆန္ဒများဖြင့် သန့်စင်ခံနေရသည်။

ဓားဘိုးဘေးဓာဆန္ဒ၏ ခွန်အားက သူတွေးထားသည်ထက် ပိုမိုလေးပင်ကာ ထက်ရှ၏။

သူ့ကို ခုခဲရန် အချိန်မပေးချေ။

တခဏအကြာတွင် ဓားဆန္ဒမြစ်ကြီးက ပျောက်ကွယ်သွား၏။

ကျန့်ချောင်မြန်၏ ခန္ဓာကိုယ်က ပေါ်လာတော့သည်။

ထိုအခိုက် သူက လဲမကျစေရန် ဓားရှည်ကိုကိုင်ကာ ကြမ်းပြင်ကို ထိုးစိုက်အားယူထားရသည်။

သူက ဓားကိုပင် လွှဲမခုတ်နိုင်တော့ချေ။

၎င်းက ယဲ့ချိုးပိုင် ညှာထားခြင်းပင်ဖြစ်သည်။

သူသာ အစွမ်းကုန်ထုတ်သုံးပါက ကျန့်ချောင်မြန်က ဓားဆန္ဒမြစ်ထဲ​ကြောင့် ပြာအဖြစ်ပြောင်းလဲသွားနိုင်လေသည်။

ကွာခြားချက်က ကြီးမားလွန်း၏။

ကျန့်ချောင်မြန်က စိတ်ပိုင်းဖြတ်ထားဟန်ဖြင့် ခေါင်းခါလိုက်၏။

ထပ်ပြီး ကြိုးစားဖို့လိုတယ်။

ထို့နောက် ကျန့်ချောင်မြန်က လက်သီးဆုပ်အရိုအသေပေးကာ ပြောလိုက်လေသည်။ “ကျေးဇူးတင်ပါတယ် ညီအကိုယဲ့”

ထို့နောက် သူက ယွင်ကျင်းတို့ကို ဦးညွတ်ကာ စင်မြင့်ပေါ်မှ ထွက်ခွာသွားတော့သည်။

သူက ထပ်ပြီး ကျင့်ကြံရန်လိုအပ်သေးသည်။

ထိုမှသာ သူက ယဲ့ချိုးပိုင်ကို အမှီလိုက်နိုင်မည်ဖြစ်သည်။

လင်းရုဖုန်းက ၎င်းကိုမြင်သောအခါ ခေါင်းအသာဆတ်ပြပြီး ပြောလိုက်လေသည်။ “ယွင်ကျင်း၊ မင်းဘာလို့ သူ့ကို ငါတို့ လျှို့ဝှက်ဓားကို မလာခိုင်းလိုက်တာလဲ”

ယွင်ကျင်းက ပြုံးကာ မည်သည်မှတော့မပြောပေ။

ကျောင်းအုပ်ယန်က သူကို စိုက်ကြည့်၍ ပြောလိုက်သည်။ “မင်း၊ ငါဒီမှာရှိနေသေးတာတောင်မှ ငါတို့လျှို့ဝှက်တာအိုကျောင်းတော်က ကျောင်းသားကို အလစ်သုတ်ဖို့ ကြံစည်နေသေးတာလား”

လင်းရုဖုန်းက ပြန်လည်ချေပသည်။ “ဒီကလေးက ဓားကျင့်ကြံဖို့ အထုံပါလာခဲ့တာ။ ပါရမီအရရော စရိုက်ရောဘဲ”

“မင်းတို့ လျှို့ဝှက်တာအိုကျောင်းတော်မှာရှိနေတာက ဖြုန်းတီးရာရောက်တယ်”

“ငါ့သူ့ကို လျှို့ဝှက်ဓားဂိုဏ်းကို ခေါ်ပြီး ကိုယ်တိုင်ကိုယ်ကျသင်ပေးမယ်” “နောက်ဆိုရင် ဒီကုန်​မြေကြီးမှာ နောက်ထပ် ကျော်ကြားတဲ့ ဓားသမားတစ်ဦးပေါ်လာလိမ့်မယ်”

ကျောင်းအုပ်ယန်က မျက်လုံးစွေကြည့်၍ ပြောလိုက်၏ “မင်းပြောသလိုက မသိရင် ငါတို့ လျှိုဝှက်တာအိုကျောင်းတော်မှာ ဓားကျင့်ကြံသူတစ်ယောက်မှမရှိတဲ့ပုံနဲ့”

“ဒါပေမဲ့ ဓားကျင့်ကြံခြင်းမှာဆိုရင်တော့ မင်းရဲ့ လျှို့ဝှက်တာအိုကျောင်းတော်က ငါတို့ လျှို့ဝှက်ဓားဂိုဏ်းထက်နိမ့်ကျနေသေးတယ်”

ကျောင်းအုပ်ယန်က ထိုအချက်ကို မငြင်းပေ။

လျှို့ဝှက်ဓားဂိုဏ်းက ဓားသမားတိုင်း ဝင်ရောက်ချင်ကျသော မြင့်မြတ်နယ်မြေကြီးပင်။

၎င်းက ငြင်းမရသောအချက်ဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ ကျောင်းအုပ်ယန်က ထိုသို့သာပြောနိုင်သည်။ “ဒါဆို မင်းသူ့ကို သွားမေးကြည့်လေ။ သူ မင်းတို့လျှို့ဝှက်ဓားဂိုဏ်းဝင်ချင်ရင် ငါမတားဘူး”

မည်သို့ဖြစ်စေ လျှို့ဝှက်တာအိုကျောင်းတော်က တာအိုကိုလေ့ကျင့်သင်ကြားပေးသည်သာဖြစ်သည်။

ကျောင်းသားများကို သူက အတင်းအကျပ်နေရန်ပြောလို့မရပေ။

ကျန့်ချောင်းမြန် ဆန္ဒရှိပါက ကိစ္စမရှိချေ။

ထို့ပြင် ကျန့်ချောင်းမြန်က လျှို့ဝှက်ဓားဂိုဏ်းသို့ဝင်ရောက်ပါက သူ့အနာဂတ် ဖွံဖြိုးတိုးတက်မှု့တွက် အမှန်ပင် ကောင်းမွန်၏။

ကျောင်းအုပ်ယန်၏ ခွင့်ပြုချက်ကိုရပြီးနောက် လင်းရုဖုန်းက ပြုံးကာပြော၏။ “စိတ်မပူပါနဲ့၊ အချိန်တန်ရင် ဒီကလေးကို လျှို့ဝှက်ဓားဂိုဏ်းကိုလာပြီး အတွေ့အကြုံလာယူစေချင်တယ်။ သူပြန်ချင်မှာတောင်မဟုတ်တော့ဘူး”

“မင်းသဘောဘဲ”

ထို့နောက် အဓိကကျောင်းတော်မှ လူနှစ်ဦးက ထွက်လာတော့သည်။

တစ်ယောက်က ရှစ်ရှန်းကို ရွေး၏။

တစ်ယောက် ရှောင်ဟေးကို ရွေးချယ်လိုက်သည်။

ဟုန်ရင်ကိုမူ မည်သူမှ မရွေးချယ်ရသနည်း။

သူမက ရှေးခေတ်က ဧကရီတစ်ပါးဖြစ်၏။

သူမခွန်အားကိုအသာထား ထိုကဲ့သို့ အထောက်အထားနှင့် ရှေးခေတ် ဧကရီတစ်ပါးကို မည်သူက သင်ပြရဲမည်နည်း။

နင်းချန်ရှင်းကား အဘယ်နည်း။

သို့သော်လည်း သူတို့က နင်းချန်ရှင်းသည် ငါးဦးထဲတွင် အားအနည်းဆုံးဖြစ်သည်ဟုထင်နေကြသည်။

နင်းချန်ရှင်းကို စိန်ခေါ်ခြင်းက နူးညံ့သောတည်သီးကိုရွေးချယ်ကြသည်ဟု လူတိုင်းက ထင်သွားစေလိမ့်မည်။

၎င်းက သူတို့ မျက်နှာကောင်းရတော့မည်မဟုတ်။

သို့သော် သူတို့ စိန်ခေါ်လိုက်သည်နှင့် နောင်တရသွားကြသည်။

ရှစ်ရှန်းနှင့် ရင်ဆိုင်တိုက်ခိုက်ရသောသူက…

ရှစ်ရှန်း၏ လက်ထဲရှိ မင်ဧကရာဇ်မှော်ပုဆိန်​ကြောင့် မြေပြင်ပေါ်တွင် လှဲအိပ်နေရတော့သည်။

သူက ကြယ်စွမ်းအားကိုပင် မသုံးတော့ပေ။

မင်ဧကရာဇ် မှော်ပုဆိန်၏ အလေးချိန်ကိုသာအသုံးပြုပြီး သူ့ပြိုင်ဘက်ကို ဖိချေလိုက်၏။

ရှောင်ဟေးကို စိန်ခေါ်သောသူမှာ ပို၍ပင်အခြေအနေဆိုးနေသည်။

သူက အားကုန်သုံး၍ ထိုးချလိုက်ရာ တိုက်ပွဲက ပြီးဆုံးသွားလေပြီ။

အဓိကကျောင်းတော်က ကျောင်းသားက ရှောင်ဟေး၏ လက်သီးချက်ကြောင့် ဒဏ်ရာပြင်းထန်စွာရရှိသွားကာ ပြိုင်ပွဲစင်မြင့်မှ ပေပေါင်းများစွာအကွာကိုလွင့်ထွက်သွား၏။

ရှောင်ဟေးက ရိုးသားသောဟန်ဖြင့် ခေါင်းကိုတဗျင်းဗျင်းကုတ်၍ ဖျော့တော့စွာပြောလိုက်လေသည်။ “ကျွန်တော်အားကို ထိန်းသုံးလိုက်ပါတယ်။ ဒါပေမဲ့ သူဒီလောက်အားနည်းမယ်လို့ မထင်တာပါ”

အဓိကကျောင်းတော်က လူက ဒဏ်ရာအပြင်းအထန်ရထားကာ မြေပြင်တွင် လဲကျနေပြီး ရှောင်ဟေးစကားကိုကြားသောအခါ သူကြောင်အသွားလေသည်။

သူရင်ဘက်ကို ဖိထားမိလိုက်ကာ သွေးတလုတ်အန်လိုက်တော့သည်။

သူက သတိလစ်သွားလေပြီ။

ဘယ်လောက်တောင် နှလုံးကြေကွဲစရာကောင်းသနည်း။

ကျောင်းအုပ်ယန်က အကူညီမဲ့စွာ ခေါင်းခါ၏။

ဘာလို့ သူက ရှောင်ဟေးကို ရွေးလိုက်ရတာလဲ။

စံအိမ်တော်ရှိ တပည့်ငါးဦးတွင် အကြမ်းတမ်းဆုံးသူကိုမှ ရွေးလိုက်လေခြင်း။

ယခင်က သူသည် အာကာသနတ်ဘုရားနယ်ပယ် လွှသွားကြွက်ဖြူနှစ်ကောင်ကို ဆွဲဖြဲခဲ့ဖူးလေသည်။

ကျောင်းအုပ်ယန်ပင် ဤလူသားပုံဖြင့်သားရဲကောင်ကို ရန်မစဝံ့ပေ။

Comment

Leave a Reply

Options

not work with dark mode
Reset