Switch Mode

အခန်း (၂၄၀)

ကျန့်ချောင်မြန်၏ ဓားတာအို

ချိုးတောက်တောင်ကြောင့်သာ လျှို့ဝှက်တာအိုကျောင်းတော်က လက်ရှိအနေအထားရောက်နေသည့်အကြောင်းအရင်းဖြစ်လေသည်။

ရှေးအရင်ခေတ်များတွင်ပင် ထိုချိုးတောက်တောင်ကို အဖွဲ့အစည်းများစွာက ထိန်းချပ်ထားခဲ့၏။

ဟုန်ရင်သည်လည်း ထိုနေရာတွင် ကျင့်ကြံနေသည်။

မျက်တစ်ခတ်တွင် အချိန်နှစ်ရက်ကုန်ဆုံးသွားသည်။

ဒုတိယပွဲစဥ်ပြီးဆုံးရန် တစ်ရက်သာလိုတော့သည်။

ထိုအခိုက်တွင် မည်သူကမှ အရှိုန်အဝါနယ်ပယ်ကို နားမလည်ကြသေးပေ။

အပြင်ဘက်ကမ္ဘာတွင်၊

လင်းရုဖုန်းက ပြုံးလျှက်​ပြော၏။ “ဘယ်သူကမှ အရှိုန်အဝါနယ်ပယ်ကို နားမလည်မှာကို မကြောက်ဘူးလား”

သုံးရက်အတွင်း အရှိုန်အဝါနယ်ပယ်ကို နားလည်သဘောပေါက်ရန်လိုသည်။

ပထမပွဲတွင် ချိုးတောက်​တောင်ရှိ အရှိုန်အဝါနယ်ပယ်နှင့် ဆက်သွယ်ခဲ့ပြီးဖြစ်သော်လည်း အရှိုန်အဝါနယ်ပယ်ကို လုံးလုံးနားလည်လိုခြင်းမှာ ကောင်းကင်သို့တက်ရသကဲ့သို့ အလွန်ခက်ခဲနေသေးသည်။

ကျောင်းအုပ်ယန်က ခေါင်းခါကာ ရှင်းမပြတော့ပေ။

အချိန်ကအလွန်ကပ်နေပြီဖြစ်သောကြောင့် သူမှာရွေးစရာဘဲ ထိုသို့လုပ်မှရမည်။

ချင်းထျန်းနျန်က ချိုးတောက်တောင်ကို စိတ်ပူနေသောအကြည့်ဖြင့် လှမ်းကြည့်လိုက်လေသည်။

သုံးရက်အတွင်း အရှိုန်အဝါနယ်ပယ်ကို နားလည်ဖို့က ဒီကောင်လေးတွေအတွက်တောင် နည်းနည်းခက်ခဲနေဦးမှာဘဲ။

သို့သော် နောက်ခဏတွင် ချင်းထျန်းနျန်၏ မျက်ခုံးများတွန့်ချိုးသွား၏။

ချိုးတောက်တောင်မှ ပြန်လည်ဝင်စားခြင်းစိတ်စွမ်းအားက ကောင်းကင်သို့ထိုးတက်သွားသည်။

ဒါက ဟုန်ရင်ဘဲ။

ပြန်လည်မွေးဖွားခြင်းစိတ်စွမ်းအားက ဟုန်ရင်ယခင်က ထုတ်လွတ်ခဲ့သည့်အရှိုန်အဝါထက်ပင် သန်မာနေသည်။

ချိုးတောက်တောင်အပြင်ဘက်ရှိ ကျွမ်းကျင်သူများပင် လေးနက်သောအမူအရာများရှိနေလေသည်။

“ရှေးခေတ်က နောက်ဆုံးသော ဧကရီလို့ခေါ်ထိုက်ပါပေတယ်”

မုဟေဲာကျောစ်းကက သက်ပြင်းချ၏။ “နှစ်ရက်က အရှိုန်အဝါနယ်ပယ်အသစ်တစ်ခုကို နားလည်ဖို့မလုံလောက်ဘူး။ ဒါပေမယ့် အဲ့တာကိုအသုံးချပြီး ရှိပြီးသားအရှိုန်အဝါနယ်ပယ်ကို အဆင့်တစ်ခုထိ မြှင့်တင်လိုက်နိုင်တယ်”

အရှိုန်အဝါနယ်မြေကို နားလည်ခြင်းဖြင့် သူမ၏ အရှိုန်အဝါနယ်ပယ်ကို တိုးမြှင့်ခဲ့သည်။

ထိုစကားနှစ်ခွန်းက တူသလိုနှင့် မတူချေ။

သို့သော်လည်း ၎င်းကို အကောင်အထည်ဖော်ရန် ပို၍ခက်ခဲသည်။

မုဝမ်အာက ချိုသာစွာပြုံးကာ “ဒါဘဲလေ အမဟုန်ရင်က တအားအစွမ်းထက်တာ”

မုဟေဲာကျောစ်းက သူ့သမီးကို ထူးဆန်းသောအမူအရာဖြင့်ကြည့်နေလေသည်။

တိမ်ဖီးနစ်ဧကရီကို ထိုသို့ပြောရဲသည်မှာသူ့သမီးက ဘာကိုမှမမှုသည့်ဟန်ပင်။

သို့သော် ၎င်းက ကောင်း၏။ အနည်းဆုံးတော့ မုဝမ်အာက တိမ်ဖီးနစ်ဧကရီနှင့် ဆက်ဆံရေးကောင်းတစ်ခုတည်ဆောက်ထားနိုင်လေသည်။

၎င်းကလည်း မုမိသားစုအတွက် အခွင့်ကောင်းတစ်ခုပပင်။

ထို့နောက်တွင် အဆုံးမဲ့စိတ်စွမ်းအားတစ်ခုက ထွက်ပေါလာသည်။

သစ်ပင် ပန်းမန်များအားလုံးကို ချိုးတောက်တောင်၏ အဆုံးမဲ့ စိတ်စွမ်းအားတစ်ခုက လွှမ်းခြုံသွား၏။

ထိုသစ်ပင် ပန်းပင်များက စတင်၍ ကြီးထွားလာတော့သည်။

ကျောင်းအုပ်ယန်က ထိုမြင်ကွင်းကိုမြင်သောအခါ အတန်ငယ်အံ့သြသွားသည်။

“ဒါက သစ်သားအရှိုန်အဝါနယ်ပယ်လား။ ဒါပေမဲ့ သစ်သားအရှိုန်အဝါနယ်ပယ်နဲ့လည်း မတူဘူးဖြစ်နေတယ်”

“သာမန်သစ်သာအရှိုန်အဝါနယ်ပယ်က ဒီလိုမျိုးသက်ရောက်မှု့မရှိဘူး”

အဆုံးမဲ့ဘဝ၏ အဓိပ္ပါယ်က ဒြပ်ကြီးငါးခုကို ကျော်လွန်နေပြီဖြစ်သည်။

တာအိုနိယာမအဖြစ်ပြောင်းလဲခြင်းက အမြင့်ဆုံးတာအိုနိယာမတစ်ခုဖြစ်သည်။

ကျောင်းအုပ်ယန်နှင့် အခြားသူများမသိသည်မှာ သာမန်သာဖြစ်သည်။

ထိုအခိုက် ချိုးတောက်တောင်ပေါ်ရှိ ယဲ့ချိုးပိုင်ခန္ဓာကိုယ်ပတ်လည်တွင် အဆုံးမဲ့ဘဝစိတ်စွမ်းအားများက လည်ပတ်နေသည်။

အာဒိကပ္ပဓားသိုင်းကျမ်းက ဒုတိယအဆင့်ကို ရောက်ရှိသွားပြီဖြစ်သည်။

ပထမအဆင့်က ငြိမ်းချမ်းသော တောင်တန်းနှင့်မြစ်ပြင်ဖြစ်ကာ ဒုတိယအဆင့်က တောင်တန်းနှင့်ပင်လယ်မှောက်လှန်ခြင်းဖြစ်သည်။

သို့သော်လည်း ယဲ့ချိုးပိုင်၏ လက်ရှိခွန်အားဖြင့် တောင်တန်းနှင့်ပင်လယ်မှောက်လှန်ခြင်းကို အစွမ်းကုန်သုံးပါက သူ့ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိဉာည်ချီများခန်းခြောက်သွားလိမ့်မည်။

တစ်ဖက် စာကြည့်ခန်းတွင်

နင်းချန်ရှင်းက လက်ထဲရှိစာအုပ်ကိုကြည့်ကာ အပြုံးဖျော့ဖျော့တစ်ခုကို ပြုံးလိုက်၏။

ကျောင်းတော်သားတာအိုစိတ်စွမ်းအားက သူ့ဘေးတွင် ဝန်းရံနေသည်။

ထို့နောက်တိတ်တဆိတ်ပင် သူ၏ မျက်ခုံးနှစ်ဖက်အလယ်သို့ဝင်ရောက်သွားတော့သည်။

တစ်ချိန်တည်းတွင် သွေးနီရောင်မျဥ်းကြောင်းများက ရှောင်ဟေး၏လက်သီးမှတစ်ဆင့် လက်မောင်းတစ်ခုလုံးသို့ ဆန့်ကားသွားတော့သည်။

သတ်ဖြတ်ခြင်းစိတ်ဆန္ဒများက သွေးနီရောင် မျဉ်းကြောင်းများမှ ထွက်ပေါ်လာပြီး ပို၍ပင် သိပ်သည်းလာတော့သည်။

ထိုအချိန်တွင်ကြယ်ကောင်းကင်ရှိ ရှစ်ရှန်းက၊

၏ ကြယ်ကောင်းကင်တန်းထျန်တွင် ဒုတိယကြယ်က စတင်၍ မှိန်ဖျော့ဖျော့လင်းလက်လာ၏။

ထိုအ​ခြေအနေတွင် စံအိမ်တော်၏တပည့်များက အတော်လေးကို တိုးတက်လာတော့သည်။

၎င်းမြင်ကွင်းကို ကျောင်းအုပ်ယန်နှင့်အခြားကျင့်ကြံသူများက သတိထားမိလိုက်သည်။

ချင်းထျန်းနျန်က စိတ်သက်သာရရဟန်ဖြင့် သက်ပြင်းချ၏။

မျှော်လင့်ထားသည့်အတိုင်း ထိုငါးယောက်က စိတ်ပူစရာမလိုပင်။ သူတို့ မကောင်းဆိုးဝါးဆန်လှသည်။

ကျောင်းအုပ်ယန်က ထင်ထားသည့်အတိုင်းပြုံးလိုက်လေသည်။ “ထင်ထားတဲ့အတိုင်း သူတို့ငါးယောက်ဘဲ”

နောက်ဆုံးနေ့တွင် စံအိမ်တော်၏ တပည့်ငါးဦးက တတိယပွဲစဥ်သို့ တက်ရောက်နိုင်ခဲ့ကြသည်။

မြောက်ပိုင်းဒေသ၏ကျန့်ချောင်းမြန်နှင့် အဓိကကျောင်းတော်က တပည့်နှစ်ဦးကလည်း တတိယပွဲစဥ်သို့တက်ရောက်နိုင်ခဲ့၏။

ကျောင်းတော်ဖလှယ်ပွဲ၏ တတိယပွဲစဥ်က တိုက်ပွဲတစ်ခုဖြစ်သည်။

တတိယပွဲစဥ်သို့ တက်ရောက်လာသူများသည် သက်ဆိုင်ရာကျောင်းအလိုက် ယှဉ်ပြိုင်မည်ဖြစ်သည်။

သို့သော်လည်း ထိုရလဒ်ကြောင့်စည်းကမ်းထိန်းသိမ်းရေးခန်းမအကြီးအကဲက ​ခေါင်းခါကာ ခါးသီးစွာပြုံးလိုက်လေသည်။

စံအ်မ်တော်၏ ငါးယောက်စလုံးက အောင်မြင်ခဲ့ကြ၏။

အခြားကျောင်းတော်များက သုံးဦးသာအောင်မြင်ခဲ့သည်။

သူ ဘယ်လိုလုပ်၍ မျှခွဲပေးမည်နည်း။

ထိုအခိုက် ကျောင်းအုပ်ယန်က ပြုံးကာပြော၏ “ဘာလို အဲ့ဒီလိုလုပ်ရမှာလဲ။ ချိူးပိုင် မင်းတို့ ငါးယောက်က သူတို့ကို သင်ပြပေးလိုက်ပါဦး”

ထို့နောက် သူက ကျန့်ချောင်မြန်နှင့်အခြားနှစ်ဦးကိုကြည့်ကာပြောလိုက်လေသည်။ “မင်းတို့က မင်းတို့ပြိုင်ဘက်တွေကို စိတ်တိုင်းကျရွေးချယ်နိုင်တယ်”

“ဒီလိုဆိုအဆင်ပြေလား”

နောက်ဆုံးစကားက…

ကျောင်းအုပ်ယန်က ယဲ့ချိုးပိုင်တို့တတွေကိုကြည့်လိုက်သည်။

သူ့လေသံက မောက်မာခြင်းမရှိပေ။

သူက ယဲ့ချိုးပိုင်တို့ကို အငယ်များလိုသဘောမထားသကဲ့သို့ပြောလိုက်သည်။

ထိုအစားသူက ရွယ်တူတန်းတူများလိုဆက်ဆံလိုက်သည်။

သို့သော် ၎င်းက သာမန်သာဖြစ်သည်။

ယဲ့ချိုးပိုင်နှင့်အခြားသူများက ကျောင်းအုပ်ယန်ထက် အားမနည်းသည်သာ။

ပြောရလျှင် သူထက်ပင် ပိုသန်မာသေး၏။

လင်းရုဖုန်းက သဘောကျသည့်ဟန်ဖြင့် “အဖိုးကြီးယန် မင်းက တော်တော်လေးနှိမ့်ချတာဘဲ”

ထိုသို့ကြားသောအခါ သူ့က မျက်စိစွေကြည့်ကာ လက်ကာပြကာ “ငါတို့လုပ်နိုင်တာ ဘာမှမရှိဘူးလေ။ ဒီကောင်စုတ်လေးတွေရဲ့ခွန်အားကိုကြည်ဦး။ ဘယ်လိုလုပ်ပြီး သူတို့နဲ့ပြိုင်ငြင်းနိုင်မှာလဲ”

“မင်းလည်း ဒီလိုဘဲ လုပ်မိမှာဘဲလေ”

ထိုမြင်ကွင်းကိုမြင်သော ကျောင်းသားများကလည်း အံ့သြသည့်ပုံမရပေ။

စံအိမ်တော်၏ ခွန်အားကို ပြသထားခဲ့သည်မဟုတ်ပါလား။

သူတို့ထဲတွင် ဟုန်ရင်က တိမ်ဖီးနစ်ဧကရီပင်ဖြစ်သေး၏။

စီနီယာအရပြောရရင် သူမက သူတို့၏ ကျောင်းအုပ်ထက်ပင် မြင့်သေးသည်။

ကျန့်ချောင်းမြန်က ၎င်းကို​ကြားသောအခါ ထုံးတမ်းစဥ်လာပင်လုပ်မနေနဲ့ ထပြော၏။

သူက ယဲ့ချိုးပိုင်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်လေသည်။ “ညီအကိုယဲ့ သင်ကြားပေးမှု့အတွက်ကျေးဇူးတင်ပါတယ်”

ယဲ့ချိုးပိုင်ကလည်း ခေါင်းညိမ့်ပြကာ ခုန်ဝင်လိုက်၏။

သူတို့နှစ်ဦးက ဓားကိုယ်စီဆွဲထုတ်လိုက်သည်။

ကျန့်ချောင်မြန်က လေးနက်စွာပြောလိုက်သည်။ “မင်းဆီမှာရှုံးနိမ့်ခဲ့ပြီးထဲက မင်းကို ငါ့ရည်မှန်းအချက်တစ်ခုအနေနဲ့ သတ်မှတ်ထားခဲ့တယ်”

“ဒါ​ပေမဲ့လည်း အချိန်တွေကုန်လာတဲ့နဲ့ သိလိုက်ရတာက ဘယ်လောက်ကြိုးစားကြိုးစား မင်းကို မမှီတာဘဲ”

“ဘယ်လိုပဲဖြစ်ဖြစ် အဲ့တာကြောင့်ဘဲ ငါကျင့်ကြံဖို့ ပိုပြီး
အားစိုက်ထုတ်လာခဲ့တယ်”

“ငါ့ဘဝမှာ မင်းလို ပန်းတိုင်တစ်ခုရှိခဲ့တာ ဝမ်းသာတယ်”

ထိုစကားများပြောပြီးနောက် သူနှလုံးသားက ရှင်းလင်းသွားတော့သည်။

ဓားက သူ့အတွက် အရာအားလုံးပင်။

ကျန့်ချောင်မြန်၏ ဓားတာအိုက အလွန်အမင်း သန့်စင်၏။

ထိုအခိုက် ကျန့်ချောင်မြန်၏ ဓားဆန္ဒက ထိုးတက်လာပြန်သည်။

၎င်းက ဓားဘိုးဘေးနယ်ပယ် တစ်ပိုင်းအဆင့်သို့ ရောက်သွားတော့သည်။

၎င်းကိုမြင်သောအခါ ယွင်ကျင်းက အသာအယာပြုံးလိုက်သည်။

သူ့မျက်လုံးထဲတွင် သူ့တပည့်ကြောင့် ဂုဏ်ယူမှု့တစ်စိတ်တစ်ပိုင်းကို ခံစားနေရသည်။

ကျောင်းအုပ်ယန်က ပြုံး၍ ခေါင်းညိမ့်၏ “အကြီးအကဲယွင်၊ ခင်ဗျားက တပည့်ကောင်းတစ်ယောက်ကိုပိုင်ဆိုင်ထားတာဘဲ”

လျို့ဝှက်ဓားဂိုဏ်းချုပ် လင်းရုဖုန်းအား နံပါတ်တစ် ဓားကျင့်ကြံသူဟုသိကြသည်။

သူပင်လျှင် လေးပင်စွာ ခေါင်းညိမ့်၍ ချီးမွန်းလိုက်သည်။ “ဒီလိုတိုက်ခိုက်မှု့တွေကြုံရတဲ့အခါမှာတောင် သူက စိတ်ဓာတ်ကျမသွားဘူး”

“သူ့ပန်းတိုင်တစ်လိုသတ်မှတ်ထားတဲ့ ယဲ့ချိုးပိုင်လို မကောင်းဆိုးဝါးတစ်ကောင်နဲ့ရင်ဆိုင်ရတဲ့အခါမှာတောင် သူ့ရဲ့ စိတ်အခြေအနေက ပိုပြီးတောင်တိုးတက်လာတယ်”

“သူက ဓားကျင့်ကြံခြင်းအတွက် မျိုးစေ့ကောင်းတစ်ခုဘဲ”

ထို့နောက် လင်းရုဖုန်းက ယွင်ကျင်းကိုကြည့်ကာ ပြောလိုက်လေသည်။ “ခင်ဗျား သူ့ကို ကျုပ်တို့ လျှို့ဝှက်ဓားဂိုဏ်းလာပြီး ဓားသင်္ချိင်းမှာ လာကျင့်ကြံဖို့ လာခွင့်ပြုလိုက်ပါ”

ယွင်ကျင်းက ပြုံးကာ ခေါင်းညိမ့်၏ “ကြင်နာမှု့အတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်လင်း”

လျှို့ဝှက်ဓားဂိုဏ်းက ဓားကျင့်ကြံသူများ တောင့်တ​နေသော ဓားတာအို၏ မြင့်​မြတ်နယ်မြေဖြစ်သည်။

ဓားသင်္ချိင်းသည် လျှို့ဝှက်ဓားဂိုဏ်း၏ အခြေခံအုတ်မြစ်ဖြစ်သည်။

ဓားသင်္ချိင်းသို့ ဝင်ခွင့်ပြုလိုက်ခြင်းက ကျန့်ချောင်မြန်အတွက် သေချာပေါက် ကတိပေးချက်တစ်ခုပင်။

Comment

Leave a Reply

Options

not work with dark mode
Reset