ယနေ့အောင်မြင်သော အရေအတွက်မှာ အောက်ပါအတိုင်းဖြစ်သည်။
အလယ်ပိုင်းဒေသ၏ လျှို့ဝှက်တာအိုကျောင်းတော်က လူငါးဦးစလုံးအောင်မြင်၏။
မြောက်ပိုင်းဒေသ လျှို့ဝှက်တာအိုကျောင်းတော်က ကျန့်ချောင်းမြန်တစ်ဦးသာရှိလေသည်။
အရှေ့ပိုင်းဒေသ လျှို့ဝှက်တာအိုကျောင်းတော်တွင် တစ်ဦးမှမရှိပေ။
အနောက်ပိုင်းဒသ လျှို့ဝှက်တာအိုကျောင်းတော်ကတော့ လင်ဟေဲာဟုဆိုသော သူတစ်ဦးဖြစ်လေသည်။
တောင်ပိုင်းဒေသ လျှို့ဝှက်တာအိုကျောင်းတော်အတွက်မူ ငါးဦးစလုံးအောင်မြင်သွား၏။
တစ်ချိန်တည်းမှာပင် ထိပ်တန်းငါနေရာကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။
ပြောပြရန်ပင် ရယ်စရာကောင်းနေ၏။
ချိုးတောက်တောင်ပေါ်တွင် အရှိုန်အဝါနယ်ပယ်က ပို၍ပင်ထူထပ်လာ၏။
အခြားနေရာမှာက စိတ်ဝိဉာည်ချီများဖြင့်ဖုံးလွှမ်းနေပါက ချိုးတောက်တောင်သည် အရှိုန်အဝါနယ်ပယ်များက နေရာတိုင်းတွင် ရှိနေလေသည်။
ဒုတိယပွဲစဥ်သို့ တက်ရောက်နိုင်သော ကျောင်းသားများက သုံးရက်အတွင်း အရှိုန်အဝါနယ်ပယ်ကို နားလည်သဘောပေါက်အောင်လုပ်နိုင်ရမည်ဖြစ်၏။
လူတိုင်းက စည်းကမ်းကို ကြားသောအခါ သူတို့ မှင်သက်သွားလေသည်။
အရှိုန်အဝါနယ်ပယ်ကိုနားလည်ရမယ်။ သုံးရက်ထဲနဲ့။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
အဓိကကျောင်းတော်၏ ကျောင်းသားများပင် ထိုစည်းကမ်ကိုကြားသော် ခါးသီးစွာပြုံးလိုက်ကြ၏။
သူတို့က ချိုးတောက်တောင်ပေါ်တွင်ကျင့်ကြံရမည်ဆိုသော်လည်း အရှိုန်အဝါနယ်ပယ်ကို သုံးရက်အတွင်းနားလည်ရန်က အလွန်ခက်ခဲလေသည်။
သို့သော်လည်း စည်းကမ်းက စည်းကမ်းပင်။ သူတို့ ဆန့်ကျင်၍မရပေ။
လျှို့ဝှက်တာအိုကျောင်းတော်တွင် အချိန်မရှိတော့ပြီဖြစ်သောကြောင့် ကျောင်းအုပ်ယန်လည်း ရွေးချယ်စရာမရှိတော့ချေ။
သူက အတိုင်းအတာတစ်ခုအတွင်း ပျိုးထောင်ပေးရန်ထိုက်တန်သော ပါရမီရှင်များကို ရွှေးချယ်ရန်လိုအပ်သည်။
တစ်ချိန်တည်းတွင် ကျောင်းတော်မှ ကျောင်သားများကို စိတ်အားတက်ကြွစေရန်လည်းရည်ရွယ်သည်။
ထိုသို့ဖြင့် စစ်ပွဲခေတ်ကြီးတွင် လျှို့ဝှက်တာအိုကျောင်းတော်ကို ရှင်ကျန်နိုင်ခဲ့စေမည်။
သို့ရာတွင် ယဲ့ချိုးပိုင်တို့အဖွဲ့ဖိအားရှိပုံမရဘဲ ဟိုဟိုဒီဒီလျှောက်ကြည့်နေသည်။
ဟုန်ရင်က ပြုံးကာ ပြောလိုက်၏။ “ဆရာတူအကို၊ အရင်က ဒီကိုလာဖူးတာကို မှတ်မိတယ်မလား”
ယဲ့ချိုးပိုင်ကပြုံးကာ ခေါင်းဆတ်ပြပြီး ဓားတစ်ချောင်းရှိနေသော နေရာကို ညွန်ပြလိုက်လေသည်။
“ဒီချိုးတောက်တောင်က အကြီးအကဲဆီကနေ ငါက ဓားနယ်မြေကို အမွေရခဲ့တာ”
ဓားနယ်မြေက ယဲ့ချိုးပိုင်အများဆုံးသုံးသော တာအိုနည်းစနစ်များမှ တစ်ခုဖြစ်သည်။
၎င်း၏ စွမ်းအား၊ ကျယ့်ပြန့်ခြင်းနှင့် ကြီးမားခြင်းတို့က အလွန်မြင့်မားကောင်းမွန်သည်။
၎င်းက ယဲ့ချိုးပိုင်အဆင့်မြင့်လာသည်နှင့်အတူ ကြီးထွားလာနိုင်သည်။
ဓားနယ်မြေကို ရှာဖွေတွေ့ရှိခဲ့သော အကြီးအကဲကို သူ အမြဲတမ်း အားကျ လေးစား၏။
သူက အမှန်ပင် ပါရမီရှင်ဖြစ်လေသည်။
“မင်းတို့ အရင် ကျင့်ကြံနှင့်၊ ငါ ဓားအစွန်းဆီခဏသွားလိုက်ဦးမယ်”
ထိုသို့ဖြင့် ယဲ့ချိုးပိုင်၏ သူ့စိတ်ထဲရှိ မှဏ်ဉာဏ်များကိုသုံးကာ ဓားအစွန်းထိရောက်သွားစေလိုက်၏။
ဓားအမှတ်အသားများပြည့်နေသော ကျောက်နံရံကြီးတစ်ခုရှိနေသည်။
ယခင်က ယဲ့ချိုးပိုင်က ထိုနေရာတွင် ဓားနယ်မြေကို အမွေရရှိခဲ့ခြင်းဖြစ်သည်။
ယဲ့ချိုးပိုင်က ဓားအမှတ်အသားများကို လေးစားစွာ ဦးညွတ်လိုက်သည်။
၎င်းက ဓားနယ်မြေကို ဖန်တီးခဲ့သော သူကို အရိုအသေပေးခြင်းဖြစ်လေသည်။
ဓားနယ်မြေသည် လမ်းတစ်လျှောက် ယဲ့ချိုးပိုင်ကို များစွာကူညီခဲ့သည်။
ထို့နောက် ချိုးတေက်တောင်ကိုရှာဖွေပြီးထိုနေရာတွင် အရှိုန်အဝါနယ်ပယ်ကိုတွေ့လိုက်၏။
သူ၏ ဓားအရှိုန်အဝါနယ်ပယ်သည် ဓားဘိုးဘေး နယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် သူသည် ချိုးတောက်တောင်၏ တောင်နံရံတွင်ပင် နောက်ထပ်မတိုးတက်နိုင်တော့ပေ။
ထိုအဆင့်၏အထက်တွင် မဟာဓားဘိုးဘေးနှင့် ဓားသူတော်စင်ဟူ၍ ရှိ၏။
သူတွင် မီးအရှိုန်အဝါ၊ ရေခဲအရှိုန်အဝါ၊ လေအရှိုန်အဝါ၊ သစ်သားအရှိုန်အဝါနှင့် ဓားအရှုန်အဝါတို့ ရှိနေလေသည်။
အခု မည်သည့် အရှိုန်အဝါနယ်ပယ်ကို နားလည်အောင်လုပ်သင့်သနည်း။
အခြားသူများသာ ယဲ့ချိုးပိုင်တွေးနေသည်ကိုသိပါက သူတို့က သေချာပေါက် သေလောက်အောင် ဒေါသထွက်နေပေလိမ့်မည်။
သူတို့က ကံတရားကိုသာ မှီခိုရပေသည်။ သူတို့က အရှိုန်အဝါနယ်ပယ်တစ်ခုကိုသာ နားလည်ရင်သာ လုံလောက်ပေမည်။
ယဲ့ချိုးပိုင်လို သူနှစ်သက်သည့်အတိုင်း မည်သို့ရွေးချယ်နိုင်မည်နည်း။
ယဲ့ချိုးပိုင်က တောအုပ်လမ်းလေးတွင် လမ်းလျှောက်နေသည်။
ထိုနေရာတွင် ယဲ့ချိုးပိုင်က သစ်သားအရှိုန်အဝါနယ်ပယ်ကို အာရုံခံမိနေသည်။
သစ်သားအရှိုန်အဝါနယ်ပယ်က အဆုံးမဲ့ဘဝစိတ်စွမ်းအား၏ အထက်တွင်ဖြစ်သည်။
အာဒိကပ္ပဓားသိုင်းကျမ်းက အဆုံးမဲ့ဘဝစိတ်စွမ်းအားအပေါ်တွင် မူတည်နေလေသည်။
ဘာကြောင့် သစ်သားအရှိုန်အဝါနယ်ပယ်ကို နားမလည်နိုင်ရမည်နည်း။
သစ်သားအရှိုန်အဝါနယ်ပယ်ကို မြှင့်တင်ရမည်လော။
၎င်းက ယဲ့ချိုးပိုင်၏ အာဒိကပ္ပဓားသိုင်းကျမ်းအပေါ် နားလည်မှု့ကို ပိုမိုနက်ရှိုင်းသွားစေမည်လား။
ထို့ပြင် သူက အခြားသော အရှိုန်အဝါနယ်ပယ်များက ယဲ့ချိုးပိုင်အတွက် သိပ်အသုံးမဝင်ပေ။
လူတစ်ဦးက ဝါးနိုင်သည်ထက် ပိုမစားသင့်ပေ။
ထိုသို့တွေးကာ ယဲ့ချိုးပိုင်က တောအုပ်လမ်းလေးတွေင် ထိုင်ချကာ သူ့အနားရှိ ထူးထပ်သော အသက်စွမ်းအင်များကို စတင်ဆင်ခြင်နေတော့သည်။
တစ်ဖက်တွင်မူ ဟုန်ရင်က လျှောက်သွားနေသည်။
သူမက လေထဲတွင် ပြန်လည်မွေးဖွားခြင်းစိတ်စွမ်းအားများကို ရှာတွေ့လိုက်၏။
“ချိုးတောက်တောင်က ရှေးခေတ်လက်ကျန်ဆိုတာ မထင်ခဲ့မျဘူး”
“ဒီလိုဆိုရင် ပြန်လည်မွေးဖွားခြင်းစိတ်စွမ်းအားက ပြန်လည်မွေးဖွားခြင်းအက်ကွဲကြောင်းထဲမှာ ရှိသင့်တာ”
ဟုန်ရင်က တိမ်ဖီးနစ်ဧကရီဖြစ်သည်။
ချိူးတောက်တောင်က ရှေးခေတ်အချိန်က ကျန်ရှိနေခဲ့ခြင်းဖြစ်သည်။
သူမက ချိုးတောက်တောင်နှင့် ရင်းနှီးနေသည်မှာ မဆန်းတော့ပေ။
သူမက မှတ်ဉာဏ်အတိုင်းလိုက်ကာ ပြန်လည်မွေးဖွားခြင်းအက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားသည်။
တစ်ဖက်တွင် ရှောင်ဟေးက ကျင်းနက်ကြီးတစ်ခုအနားကို ရောက်ရှိသွား၏။
ထိုကျင်းနက်ကြီးအထဲတွင် အလောင်းများတောင်ပုံရာပုံရှိနေလေသည်။
အပျက်အဆီးအကြွင်းအကျန်များကနေရာတိုင်းတွင်ရှိနေပြီး သွေးကွက်များက မြေကြီးကို အနီရောင်ဆိုးထားသလိုရှိနေ၏။
နီစွေးနေသော မြေကြီးတွင် ဓားကျိုး လှံကျိုးမျိုးစုံကို တွေ့နိုင်သည်။
သိသာစွာပင် ထိုနေရာတွင် အလွန်ကြေကွဲဖွယ်ကောင်းသော စစ်ပွဲတစ်ခုဖြစ်ခဲ့ဟန်ပင်။
တချိန်တည်းမှာပင် ထိုကျင်းထဲမှ အလွန်အမင်းပြင်းထန်သော သက်ဖြတ်ခြင်းအရှိုန်အဝါတစ်ခုရှိနေသည်။
သတ်ဖြတ်ခြင်းအရှိုန်အဝါက အလွန်ကိုမှကြီးမား၏။
အလွန်ခြိမ်းခြောက်မှု့ပေးနိုင်၏။
စိတ်မခိုင်သော သိုင်းကျင့်ကြံသူတစ်ဦးကသာ ထိုနေရာသို့ဝင်ရောက်လာပါက သူ့အသိစိတ်ပင်လယ်ကို ထိုသတ်ဖြတ်ခြင်းအရှိုန်အဝါများက ကြီးစိုးသွားလိမ့်မည်။
ထိုအခါ သတ်ဖြတ်ခြင်းကိုသာသိသော သတ်ဖြတ်စက်ကြီးတစ်ခုလိုဖြစ်ပေါ်သွားလိမ့်မည်ပင်။
ဟုတ်၏။ ရှောင်ဟေးအတွက်မူ ၎င်းက ပြဿနာမဟုတ်ပေ။
ရှောင်ဟေးက အပျက်အစီးပုံကြားထဲကို တည်ငြိမ်စွာဝင်လာ၏။ ထို့နောက် အလယ်တွင် သူက ခြေချတ်ထိုင်လိုက်သည်။
သူ့လက်သီးများတွင် သွေးနီရောင်မျဥ်းကြောင်းများစတင်၍ပေါ်လာတော့သည်။
ကျင်းထဲရှိ သတ်ဖြတ်ခြင်းအရှိုန်အဝါများက ရှောင်ဟေး၏ ဆင့်ခေါ်ခြင်းခံရသလို သူ့ဆီသို့ ရူးသွပ်စွာ တိုးဝင်လာတော့သည်။
၎င်းတို့က ရှောင်ဟေး၏ သွေးနီရောင်မျဥ်းများထဲသို့ တလိမ့်လိမ့်တိုးဝင်လာတော့သည်။
ထိုနေရာတွင် သတ်ဖြတ်ခြင်းအရှိုန်အဝါများကို အမှန်ပင် စုပ်ယူနေ၏။
ကျောင်းအုပ်ယန်ပင် ထိုမြင်ကွင်းကိုမြင်လိုက်ရလျှင် အလွန်အံ့သြနေမည်မှာအမှန်ပင်။
ချိုးတောက်တောင်၏ အရှိုန်အဝါနယ်ပယ်ကို မည်သူကမှ မစုပ်ယူဘူးသောကြောင့်ဖြစ်လေသည်။
ချိုးတောင်တောင်သို့ဝင်ရောက်ကြသည့်သူများက အရှိုန်အဝါနယ်ပယ်ကိုအသုံးပြုပြီး နားလည်ရန်လုပ်ကြသည်။
မည်သူက ရှောင်ဟေးနှင့်တူနိုင်မည်နည်း။ မည်သူက ရှောင်ဟေးလိုစွမ်းရည်ရှိသနည်း။
သတ်ဖြတ်ခြင်းအရှိုန်အဝါကိုစုပ်ယူခြင်းက အခန့်မသင့်လျှင် သူ၏စိတ်ကိုဖျက်ဆီးပြီး အသိစိတ်ပင်လယ်ကို သတ်ဖြတ်ခြင်းအရှိုန်အဝါများက သိမ်းပိုက်သွားလိမ့်မည်။
သို့သော်လည်း ရှောင်ဟေးက မကြောက်။
သူက သတ်ဖြတ်ခြင်းအရှိုန်အဝါများကို ဆက်လက်စုပ်ယူနေတော့သည်။
ရှောင်ဟေး၏ လက်သီးများတွင် သွေးနီရောင်မျဥ်းကြောင်းများကကျယ်ပြန့်လာပြီး လက်မောင်းနားထိကို ရောက်ရှိသွား၏။
နင်းချန်ရှင်းကို ကြည့်လိုက်ရအောင်။
နင်းချန်ရှင်းက ကောက်ရိုးတဲလေးတစ်ခုကို ရှာတွေ့လိုက်၏။
သူက တံခါးကိုတွန်းဖွင့်၍ အထဲကိုဝင်လိုက်လေသည်။
ကောက်ရိုးတဲက စာအုပ်များစွာဖြင့် ပြည့်နေသည်ကို သူမြင်လိုက်ရသည်။
ထိုစာအုပ်များက အဝါရောင်ပင်သန်းနေ၏။
အချို့ဆို ထိလိုက်သည်နှင့် ပြာအဖြစ်ပင်ပြောင်းလဲသွားသည်။
သို့သော် ၎င်းက စာကြည့်ခန်းတစ်ခုမှန်း သိနိုင်၏။
တစ်ချိန်တည်းမှာပင် ထိုအခန်းက ကျောင်းတော်သားစိတ်စွမ်းအားများဖြင့်ပြည့်နေသည်။
နင်းချန်ရှင်းက ပြုံး၍ စာကြည့်ခန်းကို ရှင်းလင်းလိုက်သည်။
သူက အချိန်တိုက်စားထားသော စာအုပ်များကို ကျောင်းတော်သားစိတ်စွမ်းအားကို အသုံးပြုလိုက်သည်။
ထိုမှသာ သူက ကြမ်းပေါ်တွင် ထိုင်ချကာ စာအုပ်တစ်အုပ်ပြီးတစ်အုပ်ကို ဖတ်ရှုနေတော့၏။
သူ့မျက်နှာတွင် ငြိမ်းချမ်းသော အပြုံးတစ်ခုက ရှိနေသည်။
သူ့အတွက်က တိတ်ဆိတ်စွာ ထိုင်၍ စာအုပ်ဖတ်နိုင်ခြင်းက ဘဝတွင် အကြိုက်ဆုံး အရာအနည်းငယ်ထဲတစ်ခုဖြစ်သည်။
အခန်းထဲရှိ ကျောင်းတော်သား အရှိုန်အဝါက နင်းချန်ရှင်း၏ ဆွဲဆောင်မှု့ကို ခံနေရကာ သူစာဖတ်နေစဥ်တွင် သူ့ဘေးတွင် ဗဟိုပြုကာ လည်ပတ်နေသည်။
ချိုးတောက်တောင်တွင် သစ်ပင်တစ်ပင်မှမရှိဘဲ လွှင်ပြင်တစ်ခုရှိနေလေသည်။
ထိုနေရာက ပို၍ပင် မှော်ဆန်နေသည်။
ယခုက နေအချိန်မှန်း သိသာနေသည်။
သို့သော် ကောင်းကင်တွင် ကြယ်များစွာရှိနေလေသည်။
ထိုကြယ်စွမ်းအားများက ကြယ်များနှင့်အတူတကွ ချိတ်ဆက်နေသည်။
ရှစ်ရှန်းက ခေါင်းညိမ့်ကာ ခြေကိုတောက်၍ခုန်ကာ ကြယ်များကြားတွင် စတင်၍ ကျင့်ကြံလိုက်သည်။
စံအိမ်တော်ရှိလူငါးဦးက ထိုကျောင်းတော်ဖလှယ်ပွဲက အရေးကြီးသည်ဖြစ်စေ မကြီးသည်ဖြစ်စေ သူတို့က အရှိုန်အဝါနယ်ပယ်ကို နားလည်သဘောပေါက်အောင်လုပ်နေကြသည်။
အရေးကြီးဆုံးအချက်က သူတို့၏ အင်အားကို တက်နိုင်သမျှ မြှင့်တင်ရန်ပင်။ ၎င်းက အရေးအကြီးဆုံးသာဖြစ်၏။