လျှို့ဝှက်တာအိုကျောင်းတော်သည် အလယ်ပိုင်းဒေသ၏ အဖွဲ့အစည်းကြီးတစ်ခုဖြစ်လာရသည့် အကြောင်းအရင်းတစ်ဝက်က ချိုးတောက်တောင်ကြောင့်ဖြစ်လေသည်။
ထို့ပြင် ၎င်းက အခြားအဖွဲ့အစည်းများလိုချင်တပ်မက်နေသော ကျင့်ကြံခြင်းရတနာတစ်ခုလည်းဖြစ်ပေသည်။
အရှိုန်အဝါနယ်ပယ်က နားလည်သဘောပေါက်နိုင်သော် ချက်ချင်းရရှိနိုင်သောအရာမဟုတ်ပေ။
အရှိုန်အဝါနယ်ပယ်ကို တိုးမြှင့်ရန် လိုအပ်ချက်က အလွန်ကြီးမား၏။
အချို့ကျွမ်းကျင်သူများက သူတို့ဘဝတစ်လျှောက်လုံး အရှိုန်အဝါနယ်ပယ်တစ်ခုကိုသာနားလည်ခဲ့ကြပြီး ၎င်းကလည်း အခြေခံအကျဆုံးတစ်ခုဖြစ်လေသည်။
သို့သော်လည်း ချိုးတောက်တောင်တွင် လူတစ်ဦး၏ အရှိုန်အဝါနယ်ပယ်ကို တိုးမြှင့်နိုင်ရန် အလွန်များပြားသောအခွင့်အလမ်းတစ်ခုရှိလေသည်။
ဥပမာအနေနှင့် ဓားအရှိုန်အဝါကို ဓားသမား၊ ဓားသခင်၊ မဟာဓားသခင်၊ ဓားဘိုးဘေး၊ မဟာဓားဘိုးဘေးနှင့် ဓားသူတော်စင်ဟူ၍ ခွဲခြားထားသည်။ ၎င်းတို့က မတူညီသော နယ်ပယ်များဖြစ်ကြသည်။
လူအများအပြားက ဓားအရှိုန်အဝါကို နားလည်သဘောပေါက်နိုင်သော်လည်း ဓာသမားအဆင့်နှင့် ဓားသခင်အဆင့်ထိသာရောက်နိုင်ကြသည်။
ထို့ပြင် ဓားအရှိုန်အဝါက နားလည်ရန် အလွန်ခက်ခဲသော အရှိုန်အဝါနယ်ပယ်ဖြစ်၏။
ထို့ကြောင့်ပင် အဖွဲ့အစည်းအများစုက ချိုးတောက်တောင်ကို လိုချင်တပ်မက်နေကြခြင်းပင်။
ထိုအခိုက် ဒေသလေးခုရှိ ကျောင်းသားများက ကျောင်းတော်ဖလှယ်ပွဲကို ဆင်နွဲနေကြပြီဖြစ်သည်။
ချိုးတောက်တောင်ခြေကိုရောက်သည်နှင့် သူတို့မျက်နှာတွင် စိတ်လှုပ်ရှားမှု့များဖြင့် ပြည့်နှက်နေတော့သည်။
သူတို့ မော့ကြည့်လိုက်သောအခါ မြင့်မားသော တောင်ထွတ်ကိုလှမ်းမြင်နေရသည်။
တောင်ခြေတွင်ပင် တောင်၏ အမျိုးမျိုးသော အရှိုန်အဝါများကို ခံစားနေရသည်။
သူတို့က ဤနေရာသို့ဝင်ကာ နှစ်ဝက်ခန့်လေ့ကျင့်လိုက်ပါက သူတို့၏ အရှိုန်အဝါနယ်ပယ်က သေချာပေါက် ထိုးတက်သွားမှာအမှန်ပင်။
လင်းရုဖုန်းက ချိုးတောက်တောင်ကို ကြည့်လိုက်၏။
သူက စိတ်ခံစားချက်ပြင်းစွာဖြင့်ပြောလိုက်လေသည်။ “အဖိုးကြီးယန်၊ မင်းရဲ့ လျှို့ဝှက်တာအိုကျောင်းတော်က တကယ်ကို့ ကောင်ကင်ဘုံက ချီးမြှောက်တာခံထားရတာဘဲ”
မုဟေဲာကျောစ်းက သဘောတူစွာခေါင်းညိမ့်၏။
ထိုချိုးတောက်တောင်က အဖွဲ့အစည်းတစ်ခုအတွက် အလွန်အရေးပါလေသည်။
၎င်းသာ အခြားဂိုဏ်းများက ပိုင်ဆိုင်ထားပါက သူတို့၏ အလုံးစုံခွန်အားက တရှိုန်ထိုးမြှင့်တက်သွားပါလိမ့်မည်။
ကံကောင်းသည်က လျှို့ဝှက်တာအိုကျောင်းတော်က ပြင်ပတိုက်ပွဲများတွင် ဝင်ရောက်မစွက်ဖက်တက်သောကြောင့် အခြားအဖွဲ့အသည်းများသည် ခြိမ်းခြောက်မှုကို မခံစားရပေ။
သူတို့သာ ဝင်ပါခဲ့ပါက လျှို့ဝှက်တာအိုကျောင်းတော်၏ အခြေခံအုတ်မြစ်က ကြောက်မက်ဖွယ်ရာကောင်းသွားပေလိမ့်မည်။
ကျောင်းအုပ်ယန်က ပြုံးကာ ခေါင်းညိမ့်၏။ “ငါ့ ကျောင်းတော်အကြောင်းမပြောနဲ့ဦး။ မင်းရဲ့ လျှို့ဝှက်ဓားဂိုဏ်းမှာလည်း ဓားသင်္ချိုင်းရှိနေတာဘဲမဟုတ်ဘူးလား”
လင်းရုဖုန်းက ခေါင်းခါကာ ပြောလိုက်သည်။ “ဒါကလည်း မင်းကျောင်းက ယဲ့ချိုးပိုင်က အမွေအနှစ်ကို ယူသွားလို့မဟုတ်ဘူးလား”
“ဟား ဟား ဟား”
၎င်းကိုကြားသော ကျောင်းအုပ်ယန်က မနေနိုင်ဘဲ ဂုဏ်ယူစွာရယ်မောလိုက်လေသည်။
စည်းကမ်းထိန်းသိမ်းရေးခန်းမအကြီးအကဲများ၏ ကြေညာချက်အောက်တွင် လူတိုင်းက ချိုးတောက်တောင်ခြေရင်းသို့ ရောက်ရှိလာကြပြီဖြစ်သည်။
လူတစ်ဦးက ချိုးတောက်တောင်၏ အရှိုန်အဝါနယ်ပယ်တစ်ခုနှင့်ဆက်သွယ်နိုင်ပါက ထိုသူသည် ဒုတိယပွဲစဥ်သို့ တက်ရောက်နိုင်မည်ဖြစ်၏။
ထိုမှသာ သူက ချိုးတောက်တောင်သို့ ဝင်ရောက်နိုင်မှာလည်း ဖြစ်သည်။
၎င်းက ပါဝင်ယှဥ်ပြိုင်ကြသော ကျောင်းသားများအတွက် အလွန်အရေးကြီးလေသည်။
သူတို့က ဒုတိယပွဲစဥ်သို့ ရောက်နိုင်မည့် အခွင့်ရေးကိုဆုပ်ကိုင်ထားရမည်ပင်။
“အဖိုးကြီးချင်း၊ ဘယ်သူက အရှိုန်အဝါနယ်ပယ်နဲ့ ပထမဆုံးဆက်သွယ်နိုင်မယ်ထင်လဲ”
ဘေးရှိ အနောက်ပိုင်းဒေ ကျောင်းတော်မှ ကျောင်းအုပ်တစ်ဦးက မေးလိုက်ခြင်းဖြစ်သည်။
ချင်းထျန်းနျန်က ခဏမျှစဥ်းစားပြီးနောက် ဝိရောဓိဖြစ်နေဟန်ရသည်။
၎င်းကိုမြင်သော် အရှေ့ပိုင်းဒေသ ကျောင်းတော်မှ ကျောင်းအုပ်က ရယ်မောကာ ပြောလိုက်၏ “ရွှေးရတာခက်နေလို့လား”
“နည်းနည်းတော့ခက်တယ်”
ချင်းထျန်းနျန်က အမှန်တရားကိုပြောနေသည့်ဟန်ရှိနေကာ လေးနက်သောအမူအရာဖြင့် ပြောလိုက်လေသည်။ “ယဲ့ချိုးပိုင်၊ ဟုန်ရင်၊ နင်းချန်ရှင်း၊ ရှောင်ဟေး၊ ရှစ်ရှန်းတို့အားလုံးက ပါရမီရှိတော့ ဒီအခွင့်ရေးကိုရနိုတယ်”
“”ဒီငါးယောက်တည်းက ဘယ်သူအရင် နားလည်သဘောပေါက်သွားမလဲဆိုတာကို ပြောဖို့ခက်တယ်”
ဒေသလေးခုရှိ ကျောင်းအုပ်များနှင့် ကျောင်းအုပ်ယန်က ထိုစကားကိုကြားသော် မှင်သက်သွားကြသည်။
ဘုရားရေ။
မင်းအရင်ကပြောခဲ့တဲ့ တောင်ပိုင်းဒေသကကျောင်းတော်က လူငယ်လေးငါးယောက်လား။
အခြားကျောင်းသားတွေအတွက်ကိုရော အကောင်းမမြင်ပေးတော့ဘူးလား။
ကျောင်းအုပ်ယန်က ခေါင်းခါကာ အကူညီမဲ့စွာဖြင့် “ဒါပေမယ့် ဒါက သာမန်ဘဲလေ။ ဒီငါးယောက်ရဲ့ ပါရမီနဲ့ ခွန်အားက အတော်ကို ထူးချွန်နေတော့ အခြားပါရမီရှင်တွေက ခေါင်းမော့နိုင်မှာမဟုတ်တော့ဘူး”
သူက ထိုသို့ပြောပြီးနောကလ ဓားအရှိုန်အဝါတစ်ခုက ကောင်းကင်ပေါ်သို့ ထိုးတက်သွား၏။
၎င်းက တစ်ဖြေးဖြေး ချိူးတောက်တောင်၏ ဓားအရှိုန်အဝါနှင့် ချိတ်ဆက်သွားတော့သည်။
လူတိုင်းက ထိတ်လန့်သွားကာ ဓားအရှိုန်အဝါထွက်ပေါ်လာသော နေရာကို လှမ်းကြည့်လိုက်ကြလေသည်။
“စံအိမ်တော်က ယဲ့ချိုးပိုင်ဘဲ”
ချက်ချင်းဆိုသလိုပင် ချိုးတောက်တောင်မှ အနီရောင်လေဆင်နှမောင်းတစ်ခုက အနီဝတ်အမျိုးသမီးတစ်ဦးကို ဝန်းရံထားတော့သည်။
ဤအချိန်တွင် မီးအရှိုန်အဝါဖြစ်ပေသည်။
“စံအိမ်တော်က တိမ်ဖီးနစ်ဧကရီ ဟုန်ရင်”
သူတို့ဘေးတွင် သွေးနီရောင်သတ်ဖြတ်ခြင်းအရှိုန်အဝါက ထိုးထွက်လာသည်။
ရှောင်ဟေး၏လက်သီးတွင် သွေးနီရောင်မျဥ်းကြောင်းများက တဖြေးဖြေးစုစည်းလာ၏။
တခြားတစ်ဖက်တွင် နင်းချန်ရှင်းက တရာမျှတမှု့အရှိုန်အဝါများ ထိုးထွက်နေသည်။
ကျောင်းတော်သားတာအိုအရှိုန်အဝါက သူ့ဘေးတွင်ရှိနေလေသည်။
သူက ချိုးတောက်တောင်ပေါ်မှ ကျောင်းတော်သားတာအိုအရှိုန်ဝါကို ဆက်သွယ်နေသလိုပင်။
ရှစ်ရှန်းက သူတို့နောက်မှ မလှမ်းမကမ်းလိုက်ပါနေသည်။
သူ့မျက်ခုံးနှစ်ဖက်ကြားတွင် ကြယ်တစ်လုံးက တဖျက်ဖျက်ဖြစ်နေသည်။
ချိုးတောက်တောင်မှ တဖျက်ဖျက်တောက်ပနေသော ကြယ်စိတ်စွမ်းအားက ရှစ်ရှန်းခန္ဓာကိုယ်အတွင်းမှ တောက်ပလာ၏။
“ဒီ ဒီ စံအိမ်တော်က ကျောင်းသားငါးဦးက ချိုးတောက်တောင်က အရှိုန်အဝါနယ်ပယ်ကို ချက်ချင်း ဆက်သွယ်နိုင်ပါလား”
“ထင်ထားတဲ့အတိုင်း ပါရမီရှင်တွေထဲက ပါရမီရှင်တွေပါဘဲ”
“ဒါပေမယ့် အရမ်းမမြန်လွန်းဘူးလား။ ငါ့တို့ အဓိကကျောင်းတော်က ရှစ်ရှုံးတွေကို ကြည့်လိုက်ဦစ၊ တရားထိုင်ကျင့်ကြံနေတုန်းဘဲရှိသေးတာ”
“ဟူး မတက်နိုင်ဘူးလေ။ ယဲ့ချိုးပိုင်တို့အဖွဲ့က သက်တူရွယ်တူတွေထက်ကိုကျော်လွန်နေပြီ။ ဘယ်လိုဘဲပြောပြော သူတို့က အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူတွေကိုတောင် သတ်နေနိုင်ပြီလေ”
ချင်းထျန်းနျန်က လေထဲတွေရပ်နေကာ ဂုဏ်ယူနေသောအပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။
ထိုမိတ်ဆွေလေးငါးဦးက အမှန်ပင် သူ့ကိုဂုဏ်ယူစေ၏။
အိုး မဟုတ်သေးဘူး။ တိမ်ဖီးနစ်ဧကရီကို မိတ်ဆွေလေးလို့ခေါ်လို့မှမရတာ။
ဒုက္ခ ဒုက္ခ။
မုဟေဲာကျောစ်ဘေးတွင်ရပ်နေသော မုဝမ်အာက စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်နေသည်။
“အမဟုန်ရင်၊ အကိုချိုးပိုင်၊ အကိုတို့က အတော်ဆုံးဘဲ”
ကျောင်းအုပ်ယန်နှင့် လင်းရုဖုန်းက တစ်ယောက်ကိုတစ်ယောက်ကြည့်၍ပြုံးလိုက်မိသည်။
အခုတော့ သူတို့ဘက်ရွှေးချယ်ဆုံးဖြတ်ချက်က မှန်ကန်ကြောင်း ပို၍ပင် ယုံကြည်လာတော့သည်။
မည်သို့ပင်ဆိုစေကာမူ စံအိမ်တော်၏ တပည့်များက အလွန်ပင် မကောင်းဆိုးဝါးဆန်လွန်းသည်။
စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ အကြီးအကဲက မှင်သက်သွားလေသည်။
ကျောင်းအုပ်ယန်၏ သတိပေးချက်ကြောင့် သူ့အသိပြန်ဝင်လာသည်။
“အမ်… စံအိမ်တော်၏ ယဲ့ချိုးပိုင်”
“စံအိမ်တော်က ဟုန်ရင်”
“စံအိမ်တော်က နင်းချန်ရှင်း”
“စံအိမ်တော်က ရှောင်ဟေး”
“စံအိမ်တော်က ရှစ်ရှန်းတို့က ပထမပွဲစဥ်ကို အောင်မြင်သွားပြီး ဒုတိယပွဲစဥ်ကိုတက်ရောက်သွားပါပြီ”
ကျန့်ချောင်းမြန်နှင့်အခြားသူများက သာမန်အားဖြင့် အကြီးအကဲ၏ ကြေညာချက်ကို ကြားလိုက်ရလေသည်။
ညီအကိုယဲ့က ပိုပိုပြီးသန်မာလာသည်ကို သူသတိထားမိလိုက်သည်။
သူဒီထက်ပိုမကြိုးစားခဲ့လျှင် သူနောက်ကောက်ကျကျန်ခဲ့တော့မည်ဖြစ်သည်။
ထိုသို့တွေးမိကာ ကျန့်ချောင်းမြန်က သူ့အတွေးများကို ဖိနှိမ့်လိုက်ကာ ချိုးတောက်တောင်ရှိ ဓားအရှိုန်အဝါကို ချိတ်ဆက်နိုင်ရန် အစွမ်းကုန်ကြိုးစားတော့သည်။
နှစ်နာရီကြာပြီးနောက် ဓားအရှိုန်အဝါက နောက်ဆုံးတော့ ချိုးတောက်တောင်မှဆင်းသက်လာပြီး ကျန့်ချောင်းမြန်၏ ဓားအရှိုန်အဝါနှင့်ပေါင်းစည်းသွားလေသည်။
ထိုမြင်ကွင်းက လူတိုင်း၏ ထင်မြင်ချက်ကိုကျော်လွန်သွားလေသည်။
မမျှော်လင့်ထားစွာဖြင့် ဓားအရှိုန်အဝါကို ဆက်သွယ်လိုက်နိုင်သူက အဓိကကျောင်းတော်က မဟုတ်ပေ။
ထိုသူက မြောက်ပိုင်းဒေသ လျှို့ဝှက်တာအိုကျောင်းတော်မှ ဓားကျင့်ကြံသူ ကျန့်ချောင်းမြန်ဖြစ်လေသည်။
ယဲ့ချိုးပိုင်နှင့် ကျန့်ချောင်းမြန်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးလိုက်လေသည်။
ကျန့်ချောင်းမြန်ပါရမီက အားမနည်းသည်ကို သိထားရပေမည်။
ယဲ့ချိုးပိုင်မတိုင်ခင်က သူသည်ဒေသလေးခုရှိ လူငယ်မျိုးဆက်တွင် နံပါတ်တစ်ဓားကျင့်ကြံသူဖြစ်ခဲ့သည်။
ထိုသို့သော ဓားကျင့်ကြံသူ၏ ပါရမီက အခြားသူတွေထက် အားနည်းလိမ့်မည်လော။
ထို့နောက် ပထမပွဲက တနေကုန်သွားခဲ့သည်။
လူအများအပြားက အရှိုန်အဂါနယ်ပယ်ဖြင့် ဆက်သွယ်နိုင်ခဲ့၏။
သို့သော်လည်း လူတစ်ဝက်ခန့်က ပြိုင်ပွဲမှ ထွက်ခွာသွားခဲ့ရသည်။
ပြိုင်ပွဲမှာ ထွက်သွားသွားရသူများက ရှက်ရွံ့မှုများအပြည့်နှင့်ရှိနေသည်။
“ဟူး နည်းနည်းလေးဘဲ”
“စည်းကမ်းက စည်းကမ်းဘဲ။ ကံမကောင်းစွာနဲ့ဘဲ ငါတော့ ချိုးတောက်တောင်ကိုဝင်ပြီး မကျင့်ကြံနိုင်တော့ဘူး။ တောင်ခြေမှာသာနေလို့ရမယ်ဆိုရင်တောင် ငါ့ရဲ့ အရှိုန်အဝါနယ်ပယ်ကို နားလည်မှု့က ပိုပြီးသန်မာလာမှာဘဲ”
“ထားလိုက်တော့၊ ငါအကျင်းအကျပ်မလုပ်နိုင်တော့ဘူး။ အားလုံးဘဲ ငါအရင်ပြန်ပြီး ကျင့်ကြံတော့မယ်။ ဒီတစ်ချိန်မှာ ငါတော်တော် နားလည်သဘောပေါက်သွားတယ်”
ထုတ်ပယ်ခံရသောကျောင်းသားများက သူတို့၏ အဆောင်များဆီပြန်ကာ ကျင့်ကြံချင်နေ၏။
သူတို့က အရှိုန်အဝါနယ်ပယ်ကို မချိတ်ဆက်လိုက်နိုင်သော်လည်း အတော်ကလေးအကျိုးရှိသွားသေးသည်။
၎င်းက ချိုးတောက်တောင်၏ ကောင်းကင်ကိုဖီဆန်သော သက်ရောက်မှု့သာလျှင်ဖြစ်သည်။
အောင်မြင်သွားသည့် ယဲ့ချိုးပိုင်နှင့်အခြားသူများအတွက်မူ သူတို့က ချိုးတောက်တောင်အတွင်းသို့ ဝင်ရန်ပြင်နေတော့သည်။