နောက်တစ်ရက်တွင် ကျောင်းသားအားလုံးကို တစ်ချိန်တည်းစုဝေးစေလိုက်သည်။
ဒေသလေးခုရှိ ကျောင်းတော်များနှင့် အဓိကကျောင်းတော်မှ ကျောင်းသားများက ရင်ပြင်တွင် စုဝေးရောက်ရှိနေကြသည်။
မတူညီသော ကျောင်းတော်များက ကျောင်းသားမျာသည် တစ်ယောက်ကိုတစ်ယောက် အကဲခတ်နေကြသည်။
“အဓိကကျောင်းတော်က လူတွေကလည်း ဒီကျောင်းတော်ဖလှယ်ပွဲမှာ ဝင်ပြိုင်ကြမှာ မဟုတ်လား”
“ဒီလိုတော့ ကြားထားတာဘဲ”
“ပြိုင်ပွဲရဲ့ရည်ရွှယ်ချက်က ဘာလဲ။ အဓိကကျောင်းတော်က ကျောင်းသားတွေက ငါတို့ထက် ရစ်မြစ်တွေပိုရတာ သူတို့ရဲ့စွမ်းရည်နဲ့ ခွန်အားကို ပြောမနေနဲ့တော့”
“ဒါတော့ အမှန်ဘဲ။ အဓိကကျောင်းတော်က အလယ်ပိုင်းဒေသရဲ့ အဖွဲ့အစည်းကြီးတစ်ခုဘဲလေ”
“ဒါပေမဲ့ အခုချိန်မှာအဓိကထားရမှာက အဓိကကျောင်းတော်က မဟုတ်ဘူး…”
ထိုသို့ တစ်ယောက်က ထပြောသည်နှင့် ဘေးနားရှိ ကျောင်းသားများက အသံတိတ်သွားသည်။
ဟုတ်၏။ သူတို့ ဂရုပြုရမည့်သူများက အဓိကကျောင်းတော်မှကျောင်းသားများမဟုတ်ပေ။
ဒီတချိန်တွင် အဓိကကျောင်းတော်၏ ကျောင်းသားများက အသန်မာဆုံးမဟုတ်တော့ပေ။
ထိုမကောင်းဆိုးဝါးများနှင့်စာလျှင် အဓိကကျောင်းတော်ရှိ အတော်ဆုံး ကျောင်းသားများကပင်လျှင် အသန်မာဆုံးဖြစ်နိုင်တော့မည်မဟုတ်ပေ။
“ဒီစံအိမ်တော်ကလူတွေ ဘယ်လိုကျင့်နေလဲ မပြောတက်တော့ဘူး …”
“သူက ငါတို့နဲ့မျိုးဆက်တူတူဆိုပေမဲ့ ကွာဟချက်ကတော့ ကြီးတယ်။ ငါတို့က ကျောင်းသာဖလှယ်ပွဲမှာဘဲရှိနေတုန်း သူတို့က အာကာသနတ်ဘုရားအဆင့် ကျွမ်းကျင်သူတွေကို ပါသတ်နေနိုင်ပြီ”
“ဟူး၊ ဒီမှာလာပြီး ဟန်ဆောင် သရုပ်ပြနေရတယ်”
“ငါတော့မထင်ဘူး၊ ဒီတခါတော့ စံအိမ်တော်နဲ့ အဓိကကျောင်းတော်ကြားက ကွာခြားချက်ကို မြင်နိုင်ရုံတင်မကဘူး။ ငါတို့ တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးသွားနိုင်တာဘဲ”
“မင်းကလား၊ မင်းကိုယ်မင်း ထိုက်တန်တယ်ထင်လို့လား”
“ကြည့်ကြသေးတာပေါ့”
ကျောင်းသားများစကားပြောနေစဉ် ရုတ်တရက် အားကောင်းသောအော်ရာများက ကောင်းကင်ပေါ်မှ ထွက်ပေါ်လာသည်။
သူက စင်မြင့်၏ ထိပ်ပိုင်းတွင် နေရာယူလိုက်သည်။
ထိုသူသည် အဓိကျောင်းတော်၏ လျှို့ဝှက်တာအိုကျောင်းတော်ကျောင်းအုပ် အာကာသနတ်ဘုရာအဆင့် ကျောင်းအုပ်ယန်ဖြစ်သည်။
သူ့နောက်ခြေလှမ်းတစ်ဝက်ခန့်တွင်ရပ်နေသူများမှာ လျှို့ဝှက်တာအိုကျောင်းတော်လေးခု၏ ကျောင်းအုပ်များဖြစ်သည်။
ထို့နောက် အခြားအဖွဲ့အစည်းများ၏ ကျွမ်းကျင်သူများက တစ်သုတ်ပြီး တစ်သုတ်ရောက်လာ၏။
“လျှို့ဝှက်ဓားဂိုဏ်းချုပ် လင်းရုဖုန်း”
“မုမိသားစုခေါင်းဆောင် မုဟေဲာကျောစ်း”
“ပြီးတော့ လီမိသားစုခေါင်းဆောင်”
“အဂ္ဂိရတ်ဂိုဏ်း”
“ဘာတွေဖြစ်ကုန်တာလဲ။ ဘာလို့ အင်အားကြီးပုဂ္ဂိုလ်တွေက ကျောင်းတော်ဖလှယ်ပြိုင်ပွဲလာကြည့်လာရတာလဲ”
ထိုအခိုက် ကျောင်းသားများက မှင်သက်သွား၏။
သာမန်ကျောင်းတော်ဖလှယ်ပွဲများက ကျောင်းတော်အသီးသီး၏ ခွန်အားကိုစစ်ဆေးရန်နှင့် စိတ်ဓာတ်တက်ကြွစေရန် အချင်းချင်းကျင်းပသည့်ပွဲတော်တစ်ခုသာဖြစ်သည်။
ဘယ်လိုကြောင့် အခြားသော အာဏာပါဝါရှိသော လူများက လာကြည့်နေရသနည်း။
ထို့ပြင် လျှို့ဝှက်တာအိုကျောင်းတော်နှင့် အဆင့်တူရှိသော အဖွဲ့အစည်းကြီးများဖြစ်ကြသည်။
လင်းရုဖုန်းက ပြုံးကာ ပြောလေသည်။ “အဖိုးကြီးယန်၊ မင်းငါတို့ကို ဖိတ်တာ ကြွားဖို့ သက်သက်ဘဲလား”
လူတိုင်းက လင်းရုဖုန်းပြောသည့် ကြွားဝါခြင်းကို သဘောပေါက်၏။
ကျောင်းအုပ်ယန်က ပြန်လည်ချေပကာ နောက်လိုက်သည်။ “ဒါပေါ့၊ ငါတို့အဖွဲ့အစည်းမှာ မကောင်းဆိုဝါးဆန်တဲ့သူတွေအရမ်းများနေတော့ သူတို့ကို လမ်းလျှောက်ထွက်ဖို့ဘဲခေါ်ထုတ်ရမှာလား”
“ဟားဟားဟား မင်းလုပ်နိုင်ရင်တော့ ငါစိတ်ထဲမထားပါဘူး”
လီမိသားစုခေါင်းဆောင်က မုဟေဲာကျောစ်းကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။ “မင်းသမီး မုဝမ်အာလည်း စံအိမ်တော်ကို ရောက်နေပြီမဟုတ်လား”
ထိုစကားပြောပြီးနောက် ကျောင်းအုပ်ယန်နှင့် အခြားသူများက မုဟေဲာကျောစ်းနောက်ရှိ ချစ်စရာကောင်းသော မိန်းမငယ်လေးကို ကြည့်လိုက်ကြ၏။
ထိုမိန်းကလေးက ထိုစွမ်းအားကြီးပုဂ္ဂိုလ်များ၏ အကြည့်ကို ဘာမှမခံစားရကာ သူမက တစ်စုံတစ်ဦးကိုရှာနေဟန်ဖြင့် လိုက်ကြည့်နေလေသည်။
၎င်းကိုမြင်သော် မုဟေဲာကျောစ်းက မိန်းကလေးခေါင်းကိုအသာပုတ်ကာ ပြောလိုက်လေသည်။ “ဝမ်အာ၊ အပြုအမူကို ဆင်ခြင်ဦး”
ထိုမှသာ မုဝမ်အာက တုံ့ပြန်၏။ သူမက ခေါင်းလေးကိုလက်နှစ်ဖက်ဖြင့်ကာထားကာ နှာခေါင်းလေးတွန့်လိုက်ပြီး နှုတ်ခမ်းဆူလိုက်လေသည်။ “ခေါင်းကိုသိပ်မရိုက်ပါနဲ့။ သမီးဉာဏ်တုံးသွားရင် ဘယ်လိုလုပ်မလဲ”
ထိုသို့ပြောပြီး မုဟေဲာကျောစ်း၏ အကူညီမဲနေသောပုံဖြင့် အရိတ်အမြွတ်ပြနေသည်ကိုမြင်သော် သူမက ကျောင်းအုပ်ယန်နှင့် အခြားသူများကြည့်နေသည်ကို သတိထားမိလိုက်သည်။
ချက်ချင်းဆိုသလိုဘဲ သူမက နာခံစွာ ဦးညွတ်လိုက်သည်။
“နှုတ်ဆက်ပါတယ် ဦးလေး”
လင်းရုဖုန်းက ပြုံးကာ ပြော၏။ “ကလေးမလေးက စကားတော်တော်တက်တာဘဲ”
ထိုအခိုက်တွင် သူက ပစ္စည်းသေးသေးလေးတစ်ခုကိုထုတ်ယူကာ မုဝမ်အာကို ပေးလိုက်လေသည်။
မုဟေဲာကျောစ်းက ပြုံးကာ ပြောလိုက်သည်။ “သမီး ဂိုဏ်းချုပ်လင်းကို ကျေးဇူးတင်လိုက်လေ”
မုဝမ်အာက ပြောသည့်အတိုင်းလုပ်၏။
ထို့နောက် ကျောင်းအုပ်ယန်က လီမိသားစုခေါင်းဆောင်ကိုကြည့်ကာ ပြုံး၍ပြောသည်။ “သမီးက ဦးလေးတို့ကို ဦးလေးလို့ခေါ်လို့ရပေမဲ့ ဒီအဖိုးကြီးကိုတော့ အဖိုးလို့ခေါ်သင့်တယ်မလား”
အားလုံးက ဝိုင်းရယ်ကြသည်။
လီမိသားစုခေါင်းဆောင်က အေးစက်စွာနှုာမှုတ်လိုက်ပြီး စိတ်တော်မဆိုးပေ။
မုဟေဲာကျောစ်းက ထပ်ပြော၏။ “ဝမ်အာ…”
သို့သော်လည်း သူစကားမဆုံးသေးခင် မုဝမ်အာက ရုတ်တရက် အံသြသောအကြည့်ဖြင့်လှမ်းကြည့်လိုက်သည်။
ထို့နောက် ချက်ချင်းဆိုသလိုဘဲ ထိုနေရာက ပြေးထွက်သွားတော့သည်။
“ဟူး… ဒီကလေးမကတော”
မုဟေဲာကျောစ်းက ခေါင်းခါမိလိုက်သည်။
ကျောင်းအုပ်ယန်က ပြုံးကာ စလိုက်၏။ “အဖေတစ်ယောက်အနေနဲ့ မင်းရဲ့ အခွင့်အာဏာက မလုံလောက်ဘူးထင်တယ်”
၎င်းကိုကြားသော် မုဟေဲာကျောစ်းက ခါးသက်သက်ပြုံး၍ “ဟူး… ဒီကလေးကို ငယ်ငယ်ထဲက သူ့အမေအလိုလိုက်ခဲ့တာ။ အားလုံးဘဲ ရယ်နိုင်ပါတယ်”
စံအိမ်တော်တည်ရှိရာနေရာတွင်။
“အမဟုန်ရင်”
ဟုန်ရင်က ထိုခေါ်သံကိုကြားသော် သူမက နောက်လှည့်ကြည့်လိုက်ရာ မုဝမ်အာ သူမပေါ် ခုန်အုပ်လိုက်သည်ကို မြင်လိုက်ရ၏။
သူမက ကူကယ်ရာမဲ့စွာ ပြုံးလိုက်၏။ သူမက မုဝမ်အာကို ဖက်လိုက်ပြီး အပြုံးဖြင့်ပြောလိုက်သည်။ “ကိစ္စတွေပြီးပြီလား”
မုဝမ်အာက ဟုန်ရင်ကို ဖက်ထားကာ သူမမျက်နှာနှင့် ဟုန်ရင်၏ ရင်ဘက်ကို သူမ ကျေနပ်သည်အထိ ပွတ်နေလေသည်။
“ပြီးပြီ၊ ဒါပေမဲ့က ဒါက ဘာမှမဟုတ်သေးပါဘူး”
ယဲ့ချိုးပိုင်၏က ပြုံးကာပြော၏။ “အမဟုန်ရင်နားကို ကပ်နေပြန်ပြီလား”
မုဝမ်အာက ရှက်သွားကာ လှမ်းကြည့်လိုက်သည်။ သူမက ရယ်မောကာ ပြောလိုက်လေသည်။ “မဟုတ်ပါဘူး။ အကိုကြီးချိုးပိုင်ကိုလဲ လွမ်းနေတာ”
“ပြီးတော့ အကိုရှောင်ဟေးနဲ့ အကို ချန်းရှင်းကိုရောဘဲ”
သို့သော်လည်း မုဝမ်အာက ရှစ်ရှန်းကိုမြင်သော် နှုတ်ခမ်းဆူ၍ ပြောလိုက်လေသည်။ “ရှစ်တိလေး”
ယဲ့ချိုးပိုင်နှင့် ဟုန်ရင်က ၎င်းကိုကြားသောအခါ မနေနိုင်ဘဲ ရယ်မောမိ၏။
ထိုမိန်းကလေးက လုချန်းရှန်း သူမကိုလက်မခံဘဲ ရှစ်ရှန်းကိုတပည့်အဖြစ်လက်ခံခဲ့သည့်အပေါ်ကို ဒေါ်သဖြစ်နေမိသည်။
သူမက အရင်ရောက်နေသူဖြစ်လေသည်။ အခုတော့ ခြောက်ယောက်မြှောက် ဆရာတူညီမလေးသာဖြစ်ရတော့မည်။
သို့ပေမဲ့ မုဝမ်အာက ရှစ်ရှန်းကို သူမ၏ ဆရာတူမောင်လေးအဖြစ်သာ တမင်သက်သက်ခေါ်နေသေးသည်။
ရှစ်ရှန်းက ဂရုမစိုက်ပေ။
သူမက ပြုံးကာ ပြောလိုက်လေသည်။ “အမဝမ်အာ”
ထိုစကားကိုကြားမှ သူမ ပြုံးနိုင်တော့သည်။
ထိုအခိုက်တွင် စင်မြင်ထက်မှ ကျောင်းအုပ်ယန်အသံက ကျောင်းတော်တစ်ခုလုံးပျံနှံ့လာသည်။
၎င်းအသံက လူတိုင်း၏ နားအတွင်း ပဲ့တင်သွား၏။
“ဒီနှစ်ကျောင်းတော်ဖလှယ်ပွဲက အဓိကကျောင်းတော်မှာဘဲ ကျင်းပမယ်”
“စည်းကမ်းတွေက အရင်ကနဲ့မတူဘဲ အနည်းငယ်ပြောင်းလဲသွားမယ်”
“ဒီတစ်ခေါက်က ပထမပွဲစဥ် စမ်းသပ်မှုကို ချိုးတောက် တောင်ခြေရင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်”
ထိုစကားထွက်ပေါ်လာသည်နှင့် ကျောင်းသားများက ချက်ချင်းဆိုသလိုပင် ပျော်ရွှင်သွားကြသည်။ လင်းရုဖုန်းကစုပ်သပ်လိုက်ပြီး “အဖိုးကြီးယန် မင်းက အတော်ရက်ရောလှချည်လား”
လူတိုင်းက ချိုးတောက်တောင်သည် လျှို့ဝှက်တာအိုကျောင်းတော်၏ ထူးခြားဆန်းကြယ်သောနယ်မြေဖြစ်သည်။
ကောလဟာလများအရ ရှေးယခင်ကတည်းက တည်ရှိနေခဲ့သည်ဟုဆို၏။
ထိုထဲတွင် အရှိုန်အဝါနယ်ပယ် အမွေအနှစ်များစွာရှိလေသည်။
ကျောင်းအုပ်ယန်က ဂရုမစိုက်။
ချင်းထျန်းနျန်နှင့် အခြားသူများက ကျောင်းအုပ်ယန်၏ ရည်ရွယ်ချက်ကိုသိလေသည်။
စစ်ပွဲခေတ်ကြီးက စနေပြီဖြစ်သည်။
အကယ်၍ လျှို့ဝှက်တာအိုကျောင်းတော်သာ စစ်ပွဲခေတ်ကြီးတွင် ရှင်ကျန်ရစ်လိုပါက သူတို့၏ အင်အားကို အမြန်ဆုံးမြှင့်တင်ရမည်ဖြစ်သည်။
လျှို့ဝှက်တာအိုကျောင်းတော်ကို ဖွင့်လှစ်ခြင်းက ပထမခြေလှမ်းသာဖြစ်လေသည်။
ကျောင်းအုပ်ယန်က ဆက်ပြောသည်။ “စည်းကမ်းတွေက ဒီအတိုင်းဘဲ”
“ကျောင်းတော်ဖလှယ်ပွဲမှာ ဝင်ပြိုင်ကြမဲ့ ကျောင်းသားတွေက ချွင်းချက်အနေနဲ့ ချိုးတောက်တောင်ခြေထိ ဝင်ရောက်ခွင့်ရှိမယ်။ တောင်ခြေရောက်ရင် ချိုးတောက်တောင်က အရှိုန်အဝါနယ်ပယ်တွေနဲ့ ဆက်သွယ်နိုင်တယ်” “မင်းတို့ အရှိုန်အဝါနယ်ပယ်နဲ့ဆက်သွယ်နိုင်တာနဲ့ အောင်မြင်တယ်လို့ သတ်မှတ်နိုင်တယ်”
“ဒါဆိုရင် မင်းတို့က ဒုတိယပွဲစဥ်ကို ဆက်ပြိုင်နိုင်မယ်”
“ဒုတိယပွဲစဥ်ကျရင်တော့ ချိုးတောက်တောင်စောင်းနံရံတွေမှာ ကျင်းပပါမယ်” ထိုစကားကိုကြားသော် ကျောင်းသားများက အုတ်အုတ်ကျက်ကျက်ဖြစ်သွားသည်။
ချိုးတောက်တောင်အထက်သို့ ပိုမြင့်အောင်တက်နိူင်လေ အရှိုန်အဝါနယ်ပယ်က ပိုမြင့်လာလေဖြစ်၏။
အဓိကကျောင်းတော်ရှိ ကျောင်းသားများပင် အလွန်စိတ်လှုပ်ရှားနေကြသည်။
လူတိုင်းကတော့ ချိုးတောက်တောင်စောင်းများတွင် ကျင့်ကြံရန် အခွင့်ရေးတော့ရှိမည်မဟုတ်သည်ကို သိထားရပေမည်။
good