Switch Mode

အခန်း (၂၃၅)

ငါဘဲ အပြစ်တင်ခံလိုက်တော့မယ်။ 

ရှစ်ရှန်းလက်ရှိခွန်အားဖြင့်ဆိုလျှင် ချန်းမင်ကျိ့တို့ကို မကြောက်ပေ။

ယခင်က သူတို့ကိုးဦးက ပူးပေါင်းရန်စိတ်ကူးမရှိပေ။

သို့သော်လည်း ပြိုင်ပွဲကွင်းကိုဝင်ရောက်ပြီးနောက် အလိုလိုသဘောတူညီချက်ရသွား၏။

သူတို့က တစ်ယောက်ကိုယ်တစ်ယောက်ကြည့်ကာ ခေါင်းအသာညိမ့်ပြသည်။ ကွန်ဖြူးရှပ်ကျောင်းတော်၏ ကျောင်းအုပ်က စတင်ရန်ကြေညာပြီးသည်နှင့် သူတိုက တစ်ပြိုင်တည်း ရှစ်ရှန်းကိုတိုက်ခိုက်တော့သည်။

လူကိုးဦး၏ တိုက်ခိုက်မှု့ကိုရင်ဆိုင်ရင်း ရှစ်ရှန်းက ပြိ ကြယ်စွမ်းအားများက စတင်၍စုစည်းလာတော့သည်။

ကြယ်စွမ်းအားများက မင်ဧကရာဇ်မှော်ပုဆိန်တွင် ရစ်ပတ်လာပြီး တဖြေး​​ဖြေးသိပ်သည်းလာ၏။

၎င်းကိုမြင်လိုက်ရသောအခါ ဘေးနားရှိအကြီအကဲများက မျက်နှာပျက်သွား၏။

သူတို့က အစီအရင်ကို စတင်၍ အားဖြည့်လိုက်တော့သည်။

ရှစ်ရှန်း၏ ပုဆိန်က ကြောက်မက်ဖွယ်ကောင်းလွန်းနေသည်သာဖြစ်သည်။ 

တစ်ယောက်ယောက်က အစီအရင်ကို အားဖြည့်ပေးနေသည်ကို သူက မမှိခိုပေ။

ယခင်ကဖြစ်ပေါ်သည့်အတိုင်း ပြန်ဖြစ်လာနိုင်ပေသည်။

ထိုသို့ဖြင့် လျှို့ဝှက်တာအိုကျောင်းတော်၏ ဆုံးရှုံးမှု့များက အကြောင်းပြချက်မရှိဘဲ တိုးလာလိမ့်မည်။

ကာကွယ်ရေးအစီအရင်က ရင်းမြစ်များစွာကုန်ကျလေသည်သာဖြစ်၏။

အစီအရင်ကို ပြန်လည်တည်ဆောက်တိုင်း အစီအရင်ခန်းမက အကြီးအကဲများသည် မျက်ခုံးလှုပ်ကာ ခေါင်းခဲရပေသည်။

ရှစ်ရှန်းပုဆိန်ကိုမြှောက်လိုက်သည်ကိုမြင်သော လူကိုးဦး၏ မျက်နှာတွင် စိုးရိမ်နေသောအမူအရာများဖြစ်လာသည်။

သူတို့က ထိန်းမထားရဲဘဲ အားကုန်သုံးကာ ရှစ်ရှန်းကို တိုက်ခိုက်လိုက်တော့သည်။

ဤအချိန်တွင် ကြယ်စွမ်းအားများက မင်ဧကရာဇ်မှော်ပုဆိန်တွင် ကြယ်စွမ်းအားများက သိပ်သည်းလာတော့သည်။

ထိုအခိုက် ပုဆိန်က ညင်သာစွာလွဲကျလာသည်။

ထိုညင်သာသောလှိုင်းက ကြယ်တံခွန်တစ်ခုလိုပင်။

ကောင်းကင်နှင့်မြေကြီးပင် နှစ်ပိုင်းကွဲတော့လိုဖြစ်သွား၏။

စင်မြင့်ရှိ အစီအရင်က ထပ်မံတုန်ယင်လာပြန်သည်။

အစီအရင်ခန်းမ အကြီးအကဲများက ပြိုင်ပွဲကွင်း၏ အကာအကွယ်အစီအရင်ကို အကောင်းဆုံးထိန်းသိမ်းနေရ၏။

သို့သော်လည်း သူတို့က မနည်းအားထုတ်ကာ ကြိုးပမ်းနေရခြင်းဖြစ်လေသည်။

ရှစ်ရှန်း၏ ပုဆိန်က ဘယ်လောက်တောင် အားပြင်းလိုက်သလဲ။

ထိုသို့သောသူကို ကျောင်းသားသစ်လို့ခေါ်ဆိုနိုင်ပါဦးမည်လား။

စံအိမ်တော်ရှိလူတိုင်းက မွန်းစတားများလား။

ရှစ်ရှန်း၏ ပုဆိန်က ကျလာ၏။

လူကိုးဦး၏ တိုက်ခိုက်မှု့ကို ၎င်းကအသာလေး ခုတ်ပိုင်းသွားလေသည်။

လူတိုင်း၏ ထိတ်လန့်နေသောအကြည့်အောက်တွင် သူတို့ကိုးဦး၏ တိုက်ကွက်က ချက်ချင်းဆိုသလို ချေပျက်သွားတော့သည်။

တိုက်ခိုက်မှု့များတွေ့ဆုံသွားချိန်တွင် နက္ခတ်တာယာမုန်တိုင်းများကပေါ်ထွက်လာ၏။

၎င်းကြောင့် အကာအကွယ်အစီအရင်က အဆက်မပြတ်တုန်ခါနေတော့သည်။

တစ်ချိန်တည်းမှာ ချန်းမင်ကျိ့တို့က သွေးတစ်လုတ်အန်ကာ နောက်သို့ လွှင့်ထွက်သွားကြ၏။

ထင်သည့်အတိုင်း သူတို့ကိုးဦးပူးပေါင်းလျှင်ပင် ရှစ်ရှန်း၏ ပုဆိန်ခုတ်ချက်ကို တောင့်မခံထားနိုင်ပေ။

ချန်မင်ကျိ့က ရင်ဘက်ကိုဖိကာ နှုတ်ခမ်းထောင့်မှာသွေးများစီးကျနေပြီး ဖြူဖျော့သောမျက်နှာဖြင့် မြေပြင်ပေါ်တွင်လဲကျနေသည်။

စံအိမ်တော်က ဘယ်လိုနေရာမျိုးလဲ။

စံအိမ်တော်က ရှစ်ရှန်းကို အချိန်တိုအတွင်း၌ ထိုသို့ကြောက်မက်ဖွယ်အဆင့်ကိုရောက်အောင်လုပ်ပေးလိုက်နိုင်သည်။

ထို့ပြင် သာမန် ချန်းယွမ်ထိပ်ဆုံးအဆင့်ကျွမ်းကျင်သူက ချန်းမင်ကျိ့ကို ထိုသို့ စုတ်စုတ်ပျက်ပျက်ဖြစ်အောင် မလုပ်နိုင်ပေ။

သူက အလယ်ပိုင်းဒေသ၏ ပါရမီရှင်တစ်ဦးဖြစ်လေသည်။

အဆင့်ကျော်တိုက်ခိုက်ခြင်းက ဖြစ်လေ့ဖြစ်ထရှိ၏။

ဟူး။

စံအိမ်တော်က အလွန်ကြောက်မက်ဖွယ်ကောင်းသည်ဟုသာ ဆိုရပေမည်။

ကွန်ဖြူးရှပ်ကျောင်းတော်၏ ကျောင်းအုပ်က ခါးသက်သက်ပြုံး၍ “တတိယအချီမှာ ရှစ်ရှန်းအနိုင်ရရှိပါတယ်”

“ကျောင်းသားသစ်ပြိုင်ပွဲက ဒီမှာတင်ဘဲ ပြီးဆုံးပါပြီ”

ရှစ်ရှန်းက သံသယမရှိစွာပင် ပထမနေရာကို ရ၏။

သူက ရတနာမျှော်စင်ကိုဝင်ရောက်နိုင်ပြီး ကျင့်စဥ်တစ်ခုကို ရွှေးချယ်နိုင်ရန် အခွင့်ရေးတစ်ခုရခဲ့သည်။

သို့သော်လည်း ရှစ်ရှန်းက ငြင်းပယ်ခဲ့သည်။

ရှစ်ရှန်း၌ ဖရိုဖရဲကြယ်ကျင့်စဥ်နှင့် မင်ဧကရာဇ်မှော်ပုဆိန်၊ ကြယ်တံခွန်နတ်ဘုရားပုဆိန်တို့လို အစွမ်းထက်လက်နက်များရှိနေပြီဖြစ်၏။

ရတနာမျှော်စဥ်၏ ဆုလဒ်များကို မလိုအပ်တော့ပေ။

သူက ဆုလဒ်များကို ငြင်းဆိုရန်ပြင်နေစဥ် ချင်းထျန်းနျန်က စံအိမ်တော်၏တပည့်များကို ရှာတွေ့သွားတော့သည်။

သူက ပြုံး၍ပြောသည်။ “လာမဲ့ ဒေသလေးခုယှဥ်ပြိုင်ပွဲမှာ မင်းက တောင်ပိုင်းဒေသ လျှို့ဝှက်တာအိုကျောင်းတော်ကိုယ်စားပြုဝင်ပြိုင်ရမယ်”

“ဒါပေါ့ မင်းငြင်းလို့မရဘူး။ ကျောင်းသားသစ်ပြိုင်ပွဲတတိယအချီရဲ့ ဆုလဒ်အတွက် ဒေသလေးခုယှဥ်ပြိုင်ပွဲမှာဝင်ပြိုင်ဖို့လိုတယ်”

ရှစ်ရှန်းက ခေါင်းကုတ်လိုက်သည်။ 

ဘာလို့ သူလှည့်စားခံလိုက်ရသလိုဖြစ်သွားတာလဲ။

သို့သော်လည်း ​ဝင်ပြိုင်လိုက်လို့လည်း ဘာမှတော့ဖြစ်မသွားပေ။

သူက တောင်ပိုင်းဒေသ လျှို့ဝှက်တာအိုကျောင်းတော်၏ တစ်စိတ်တစ်ပိုင်းဖြစ်နေသေးသည်။

ယဲချိုးပိုင်က အကူညီမဲ့စွာနှင့် ပြောသည်။ “ငါတို့အားလုံးဝင်ပြိုင်ရင်တော့ ရှစ်စွင်းက စိတ်ဆိုးတော့မှာဘဲ”

လုချန်ရှန်း၏ စရိုက်ကိုတွေးမိသောအခါ သူတို့ အကူညီမဲ့သွား၏။

ပျင်းရိကာ မကျော်ကြားချင်သော  ပင်ကိုယ်စရိုက်က သူ့ကို အကူညီမဲ့စွာ ရယ်မောမိလိုက်စေသည်။ 

ဟုန်ရင်က ဟုတ်မှန်ကြောင်းခေါင်းညိမ့်ပြသည်။ “ဒါကတော့ အသေအချာဘဲ”

ရှောင်ဟေးက ရိုးသားစွာ​ပြောလိုက်သည်။ “ဒါဆို ကျွန်တော်တို့အတွက်ကရော”

ဟုန်ရင်က ချက်ချင်းပြန်ပြော၏ “သွားကြမယ်။ ငါတို့ကလည်း လောလောဆယ်လုပ်စရာမှမရှိတာ။ ရှစ်စွင်းမေးရင်တော့ ရှစ်ရှုံးသဘောတူလိုက်တာဘဲ ပြောလိုက်မယ်လေ”

ယဲ့ချိုးပိုင် မေ့လဲတော့မလိုဖြစ်သွား၏။

“ဘုရားရေ၊ မင်းငါ့ကို ရောင်းစားရတာ စွဲလမ်းနေတာလား ရှစ်မေ့”

ဟုန်ရင်က အပြစ်ကင်းစွာပြောလေသည်။ “ညီမက ဘာလို့စွဲလမ်းရမှာလဲ”

သူမစိတ်ထဲတွင်တော့၊ 

ဆရာတူအကိုကြီးဆိုတာ ရောင်းစားစရာဘဲလေ မဟုတ်ဘူးလား။

လူတိုင်းသဘောတူသည်ကိုမြင်သော် ချင်းထျန်းနျန်ကပြုံးကာ ခေါင်းညိမ့်၏။ “စိတ်မပူပါနဲ့။ ငါလုချန်ရှန်းကိုပြောပေးထားမယ်”

“အခုတည်းက ​မင်းတို့ ပြင်ဆင်ထားတော့။ ခုနှစ်ရက်နေရင် အလယ်ပိုင်းဒေသက လျှို့ဝှက်တာအိုကျောင်းတော်ကို သွားကြမယ်”

“အခု ဒေသလေးခုယှဥ်ပြိုင်ပွဲက အဲ့ဒီမှာကျင်းပမှာ”

အဓိကကျောင်းတော်မှာ။

ယဲ့ချိုးပိုင်က မနေနိုင်ဘဲ မုကျစ်ချင်းကို တွေးလိုက်မိသည်။ 

သူမက သူ့ကို အလယ်ပိုင်းဒေသတွင်စောင့်နေလိမ့်မည်မဟုတ်လား။

ထိုသို့တွေးမိသောအခါ ယဲ့ချိုးပိုင်က နွေးထွေးသောအပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။ “ထားလိုက်တော့၊ ငါဘဲ အပြစ်တင်ခံလိုက်တော့မယ်။ အပြစ်တင်ခံလက်စနဲ့ ထပ်ပြီး အပြစ်တင်ခံရလည်း မထူးတော့ဘူးလေ” 

ပြိုင်ပွဲပြီးနောက် စံအိမ်တော်၏ ကြောက်မက်ဖွယ်ဂုဏ်သတင်းကလည်း လျှို့ဝှက်တာအိုကျောင်းတော်တစ်ခုလုံးပျံ့နှံ့သွားတော့သည်။

လူတိုင်း၏ စံအိမ်တော်သို့ဝင်ချင်သည့်ဆန္ဒကပိုမိုပြင်းပြလာကြသည်။

ပါရမီရှင်အချို့ဆိုလျှင် ခန်းမသခင်ဆီသို့တိုက်ရိုက်သွားကာ စံအိမ်တော်သို့ပြောင်းပေးရန်တောင်းဆိုနေသည်။

၎င်းက ခန်းမသခင်များကို စိတ်ဓာတ်အလွန်ကျစေ၏။

သို့သော် သူတို့လုပ်နိုင်တာမရှိပေ။

၎င်းက လုချန်ရှန်း၏ အပြစ်ပင်။

ကျန့်ချောင်းမြန်ထွက်မသွားခင်တွင် သူက ယဲ့ချိုးပိုင်နှင့် နောက်တကြိမ်တိုက်ခိုက်သွားချင်သည်။

ရှုံးနိမ့်မှုဖြင့် အဆုံးသတ်ခဲ့သော်လည်း ကျန့်ချောင်းမြန်က တစ်စုံတစ်ခု ရရှိခဲ့သည်။

တစ်ချိန်တည်းမှာ ယွင်ကျင်းက လုချန်ရှန်းကို ရှာတွေ့ခဲ့သည်။ 

လုချန်ရှန်းက ယွင်ကျင်း၏ ကျင့်ကြံခြင်းပြဿနာကို စိတ်မရှည်စွာဖြင့် ဖြေရှင်းပေးခဲ့သည်။

ထို့နောက် သူတို့နှစ်ဦးက တောင်ပိုင်းဒေကို နှုတ်ဆက်ကာ မြောက်ပိုင်းဒေသ လျှို့ဝှက်တာအိုကျောင်းတော်သို့ ပြိုင်ပွဲအတွက်ပြင်ဆင်ရန်ပြန်ခဲ့တော့လေသည်။

ဒေသလေးခုယှဥ်ပြိုင်ပွဲမစခင်တွင် အချိန်လေးတွင်။

ကျောက်စားပွဲတွင် သူတို့က စားသောက်နေကြသည်။

သိသာစွာပင် လုချန်ရှန်းက ထိုသတင်းကိုလည်း ကြားလေသည်။

သူက ပြောမပြတက်အောင်ဒေါသထွက်နေ၏။ သူက ယဲ့ချိုးပိုင်ကို အပြစ်ပေးသည့်အနေနှင့် တောင်ပေါ်ကို ခြောက်ရက်ကြာ သန့်ရှင်းရေးလုပ်ခိုင်းတော့မည်ဖြစ်သည်။

ကယ်တင်ရှင်ကြီး။ 

ရှစ်ရှုံး ဂရုစိုက်ပါ။

ဟုန်ရင်၊ နင်းချန်ရှင်း၊ ရှောင်ဟေးနှင့် ရှစ်ရှန်းက ယဲ့ချိုးပိုင်ကို လေးစားသောအကြည့်ဖြင့်ကြည့်နေကြသည်။

အကိုကောင်းဆိုတာဒီလိုမျိုးပါလား။ သူက တကယ့် စံပြပုဂ္ဂိုလ်ဘဲ။

ယဲ့ချိုးပိုင်က လုချန်ရှန်းလုပ်ထားသော ဝိုင်တစ်ငုံစုပ်သောက်ကာ အပြုံးဖြင့်ပြောလိုက်သည်။ “ဒေသလေးခုယှဥ်ပြိုင်ပွဲမှာ မပါရတာတောင် ကြာပြီဘဲ”

ဟုန်ရင်လည်း တစ်ငုံ သောက်လိုက်၏။ သူမကြည့်ရသည်မှာ ခပ်ထွေထွေဖြစ်နေဟန်ရသည်။

သူမက ပြုံးကာ ပြောလိုက်၏။ “အဲ့အချိန်တုန်းက ရှစ်ရှုံးက အရမ်းမသန်မာသေးဘူး”

ယဲ့ချိုးပိုင်က ပြန်တွေးကာ အပြုံးနှင့်ခေါင်းညိမ့်ကာပြော၏။ “အဲ့တုန်းက ငါ့ကိုကယ်ပေးလို့ ရှစ်မေ့ကို ကျေးဇူးတင်ရမှာဘဲ”

“အယ်၊ ဘာဖြစ်သွားတာလဲ။ ပြောပါဦး”

“အဲ့တုန်းကပေါ့”

တပည့်ငါးဦးက သောက်စားရင်း ပျော်ရွှင်စွာ စကားစမြည်ပြောဆိုကြသည်။

ကရားအလွတ်ကြီးကို ကြည့်ကာ လုချန်ရှန်းက မနေနိုင်ဘဲ သူတို့ကို စိတ်မကောင်းဟန်ဖြင့်ကြည့်ကာ “ဟေး၊ ဒီအကြောင်းကို ပြောပြရတာတော့ ရပါတယ်။ ဒါပေမဲ့ စကားတစ်ခွန်းပြော တစ်ခွက်တော့မလုပ်နဲ့လေ”

“မင်းတို့က အရက်သောက်ဖို့ ဆင်ခြေရှာနေတာလား”

ဝိုင်ချက်ရသည်မှာ အရမ်းကြီး အားထုတ်စရာမလိုသော်လည်း ပင်ပန်းသေး၏။

နေ့ခင်းတစ်ရေးတစ်မောအိပ်ဖို့ လိုအပ်သလောက်တော့ အချိန်ယူရသေးသည်။

ယဲ့ချိုးပိုင်နှင့်အခြားသူများက မရယ်ဘဲမနေနိုင်တော့ပေ။

ထိုအခိုက် ကျောက်စားပွဲတွင် အပျော်များနှင့် ပြည့်နှက်သွားတော့သည်။

၎င်းကိုမြင်သော် လုချန်ရှန်းလည်း ခေါင်းခါကာ ရယ်မောမိလိုက်သည်။

သူတို့က ပြဿနာရှာရာတွင်တော်သော်လည်း လုချန်ရှန်းက ဒီကောင်လေးများကို တပည့်အဖြစ်ခေါ်ယူခဲ့ခြင်းကို နောင်တမရခဲ့ပေ။

အနည်းဆုံးတော့ မရင်းနှီးသောလောကကြီးမှာ နွေးထွေးမှု့တစ်စုံတစ်ရာတော့ သူခံစားနေရသေးသည်လေ။

Comment

Leave a Reply

Options

not work with dark mode
Reset