ပြိုင်ပွဲကွင်းပြင်က ဖုန်များဖြင့်ပြည့်နေသည်။
ပြိုင်ပွဲကွင်းကို ကာကွယ်ပေးထားသော အစီအရင်သည် ရှစ်ရှန်း၏ ပုဆိန်ကြောင့် ပျက်ဆီးသွားရကာ စိတ်ဝိဉာည်ချီများက အတားအဆီးမရှိ ပေါ်ပေါက်လာခဲ့သည်။
ထို့ကြောင့် ကျောင်းသားများအနေနှင့် အခြေအနေကို ချက်ချင်းမတုံ့ပြန်လိုက်နိုင်ပေ။
သို့သော်လည်း ယဲ့ချိုးပိုင်နှင့်အခြားသူများက ပြုံးလိုက်မိသည်။
အခြားသူများမလုပ်နိုင်သည်က သူတို့လည်း အခြေအနေကို မသိရှိနိုင်ဟု မဆိုလိုချေ။
နင်းချန်ရှင်းက ပြုံးလျှက် ပြောသည်။ “ကျွန်တော်တို့ရဲ့ ရှစ်တိက နောက်ပိုင်းကျရင် ကျွန်တော်တို့ကိုပါ ကျော်တက်သွားလိမ့်မယ်”
ယဲ့ချိုးပိုင်က ခေါင်းညိမ့်သည်။
ရှစ်ရှန်း၏ အခြေအနေကို သူအသိဆုံးဖြစ်သည်။
အစပိုင်းတွင် သူ၏ ပြင်ပခွန်အားက လွန်စွာအားနည်းသည်။
တချိန်တည်းတွင် သူ၏ ပါရမီကလည်း မကောင်းခဲ့ပေ။
ခရမ်းရောင်ဘုံဗိမ္ပာန်နယ်ပယ်သည် ကျောင်းသားသစ်များအကြားတွင် အောင်မှတ်ရရုံသာရှိလေသည်။
ထိုကျောင်းသားများက အဆင့်အနိမ့်ဆုံးကျောင်းသားများသာဖြစ်ပေသည်။
သို့သော်လည်း ရှစ်ရှန်းက စိတ်စွမ်းအားကို အသုံးပြု၍ ဓားဂိုဏ်းဓားနယ်မြေထဲတွင် နောက်ဆုံးအချိန်ထိ ရှင်သန်နိုင်ခဲ့သည်။
ယခုလည်း သူ့ဆရာသင်ကြာမှု့ကို ခံယူပြီးနောက်တွင် သူ၏ ပါရမီစွမ်းရည်နှင့် ရုပ်ပိုင်းဆိုင်ရာ ကြံခိုင်မှု့မှာ အတော်လေးတိုးတက်လာခဲ့သည်။
သူ၏ စိတ်စွမ်းအားနှင့်အတူ နောင်အနာဂတ်တွင် သူ၏ အောင်မြင်မှု့များက သူတို့အောက်နှိမ့်ကျမည်မဟုတ်ပေ။
သေချာပေါက်ပြောစရာပင်မလိုတော့ပေ။
ယဲ့ချိုးပိုင်က ခါးသက်စွာပြုံး၍ ပြောသည်။ “ဒီ ရှစ်တိရဲ့နယ်ပယ်က ငါ့ထက်တောင်မြင့်နေသေးတယ်”
ဟုန်ရင်က စလိုက်သည်။ “ဒါဆို ရှစ်ရှုံးတော့ လစ်လျှုရှုခံရတော့မယ်ထင်တယ်”
ထိုသို့ကြားသော် ယဲ့ချိုးပိုင်က တောက်ပစွာ ပြုံးကာ ပြော၏။ “ဒီလိုတော့ ဖြစ်မှာ မဟုတ်ဘူး။ မင်းတို့ ရှစ်စွင်းတပည့်မဖြစ်ခင်ထဲက ငါက ဖြစ်နေတာ”
စံအိမ်တော်က လူလေးဦးက ရယ်လိုက်ကြသည်။
တစ်ဖက်တွင် တင်းယွင်ဟေဲာက သက်ပြင်းချလိုက်ကာ “စံအိမ်တော်ရဲ့ တပည့်အသစ်က တော်တော်လေး ထူးခြားတာဘဲ…”
လုချန်ရှန်း၏ အကြီးဆုံးအမာခံပရိသတ်ဖြစ်သည့် ယွင်ကျင်းက သဘောတူသည့်ဟန်နှင့်ခေါင်းညိမ့်သည်။
ရှစ်ရှန်း၏ စွမ်းဆောင်ချက်က သူတို့မျှော်မှန်းထားသည့် ကျော်လွန်နေသည်။
ချင်းထျန်းနျန်ပင် ပဟေဠိဖြစ်နေသည်။ “ရှစ်ရှန်းကို ငါသိပါတယ်၊ သူ့စွမ်းရည်က အရင်က ဒီလောက်မကောင်းပါဘူး”
“ရက်နည်းနည်းဘဲရှိသေးတယ် မင်းက ဒီအဆင့်ကိုတောင် ရောက်နေပြီလား”
“ဒီကောင်စုတ်လေးကတော့ တပည့်တွေကို သေချာလေ့ကျင့်ကြပ်မတ်ပေးနိုင်တဲ့အရည်အချင်းရှိတယ်လိုဘဲ ပြောနိုင်တော့တယ်…”
ဤအခိုက်အတန့်တွင် ကျောင်းသားအားလုံး၏ အကြည့်အောက်တွင် ပြိုင်ပွဲ့ကွင်းရှိ ဖုန်များနှင့် အစီအရင်အခင်းအကျင်းများပျောက်ကွယ်သွားပြီးနောက် စိတ်ဝိဉာည်ချီများက တဖြေးဖြေးပျောက်ကွယ်သွားတော့သည်။
မြင်ကွင်းက ဝိုးတိုးဝါးတားဖြင့် ပေါ်ထွက်လာတော့သည်။
အနက်ရောင်ပုဆိန်ကို ကိုင်ဆွဲထားသော ပုံရိပ်တစ်ခုက နှစ်ပိုင်းကွဲနေသော စင်မြင့်ပေါ်တွင် ရပ်နေသည်ကို မြင်တွေ့နိုင်လေသည်။
သို့တိုင် သူ့ရှေ့တွင် ရပ်နေသော လူကိုမူ မမြင်ရသေးပေ။
အားလုံး၏ မျက်လုံးများ ကျဉ်းမြှောင်းသွားသည်။
ပုဆိန်ကိုင်ထားသူက သေချာပေါက် စံအိမ်တော်မှ ရှစ်ရှန်းဖြစ်လေသည်။
ကျန်းမင်ကျိ့ကရော ဘယ်မှာလဲ။
မဟုတ်မှ လွဲရော။
သိပ်မကြာခင်တွင် သူတို့ အဖြေကို တွေ့လိုက်ရသည်။
ဖုန်မှုန့်များက လုံးဝပြောက်ကွယ်သွားပြီဖြစ်သည်။
သူတို့ထင်ထားသည့်အတိုင်း ရှစ်ရှန်းက စင်ပေါ်တွင် ရပ်နေသူဖြစ်လေသည်။
သူအမူအရာက မပြောင်း၊ တည်ငြိမ်နေသည်။
သို့သော် သူနှင့်ဆန့်ကျင်ဘက်တွင်မူ။
ချန်းမင်ကျိ့က မြေပြင်ပေါ်တွင် လဲနေသည်။
သူ့တစ်ကိုယ်လုံးတွင် သွေးများဖြင့်ဖုံးလွှမ်းနေသည်။
သူမျက်လုံးများက တင်းတင်းကျပ်ကျပ်မှိတ်နေကာ မျက်နှာတွင် နာကျင်မှု့များနှင့် ပြည့်နေသည်။ အရှိုန်အဝါ ခပ်ဖျော့ဖျော့တော့ရှိနေသေးသည်။
သိသာစွာပင် သူက အပြင်းအထန် ဒဏ်ရာရခဲ့ကာ သတိလစ်နေပြီဖြစ်သည်။
ထိုမြင်ကွင်းက လူတိုင်းကို ရှော့ရသွားစေသည်။
သူတို့အားလုံးက စင်မြင့်ပေါ်တွင် ရပ်နေသော ရှစ်ရှန်းကို လှမ်းကြည့်လိုက်သည်။
ဘယ်လို လုပ်လိုက်တာလဲ။
ကျောင်းသားသစ်လက်ခံတုန်းကတောင်သူက ခရမ်းရောင်ဘုံဗိမ္ပာန်နယ်ပယ်ဘဲရှိသေးတာ မဟုတ်လား။
အခုတော့ ဘယ်လိုလုပ်ပြီး ချန်းယွမ်နယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်နေတဲ့ ချန်းမင်ကျိ့ကို ဘယ်လိုလုပ်အနိုင်ယူလိုက်တာလဲ။
သိရမည်က ချန်းယွမ်နယ်ပယ်နှင့် ခရမ်းရောင်ဘုံဗိမ္ပာန်နယ်ပယ်ကြားတွင် နယ်ပယ်အကြီးတစ်ခုရှိနေသေးသည်။
ထိုသို့ ဘယ်လိုကြောင့်ဖြစ်သွားရသနည်း။
ဘယ်လိုဘဲ မွန်းစတားဆန်နေပါဦး နယ်ပယ်နှစ်ခုကွာခြားတဲ့သူကို အနိုင်ယူလိုက်တာက မဖြစ်နိုင်ပါဘူးနော် ဟုတ်တယ်မလား။
ထိုအခိုက်တွင် ကွန်ဖြူးရှပ်ကျောင်းတော်၏ ကျောင်းအုပ်က ကြေညာလိုက်သည်။ “သိုင်းခန်းမက ချန်းမင်ကျိနဲ့ စံအိမ်တော်က ရှစ်ရှန်း။ ရှစ်ရှန်း အနိုင်ရရှိ”
ထိုအချိန်၌ သိုင်းခန်းမ ခန်းမသခင်က ပြိုင်ပွဲစင်မြင့်ပေါ်သို့ ရောက်လာသည်။
သူက ချန်းမင်ကျိ့ ခေါင်းကို အသာပင့်ကာ ပါးစပ်အတွင်းသို့ ကုသဆေးရည်လောင်းထည့်လိုက်သည်။
သူက ချန်းမင်ကျိ၏ ဒဏ်ရာကို ကုသပေးပြီးနောက် သူက ရှစ်ရှန်းကို လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။
သူက ညင်သာစွာပြော၏။ “ချန်းယွမ်နယ်ပယ် အထွတ်အထိပ်အဆင့်…”
ချန်းယွမ်နယ်ပယ် အထွတ်အထိပ်အဆင့်။
ထိုစကားကို ကြားသော် လူတိုင်းက ထိတ်လန့်သွားကြသည်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ရက်က ဘယ်လောက်ဘဲရှိသေးတာလဲ။
အချိန်တိုလေးအတွင်းမှာကို သူက ချန်းယွမ်နယ်ပယ်ကို ချိုးဖြတ်နိုင်သွားတာလား။
ဝင်ခွင့်စစ်ဆေးပွဲတွင် ရှစ်ရှန်းက သနားစဖွယ်အခြေအနေသာဖြစ်မနေပါက သူ အားနည်းချင်ယောင်ဆောင်နေသည်ဟုသာ ထင်ကြလိမ့်မည်။
ရက်အနည်းငယ်အတွင်မှာတွင် ခရမ်းရောင်ဘုံဗိမ္ပာန်နယ်ပယ်မှ ချန်းယွမ်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်သွား၏။
စံအိမ်တော်က ဘယ်လိုတည်ရှိမှု့လဲ။
အလယ်အလတ် အရည်အချင်းရှိတဲ့လူကို ရက်အနည်းငယ်အတွင်း ပြိုင်ဘက်ကင်း ပါရမီရှင်ဖြစ်အောင် လေ့ကျင့်ပေးနိုင်တာက တကယ့်ကို မှော်ဆန်သည်လော။
၎င်းက အလွန် ကြောက်မက်ဖွယ်ကောင်းလေသည်။
ကွန်ဖြူးရှပ်ကျောင်းတော်၏ ကျောင်းအုပ်ကြီးက ရလဒ်ကို ကြေညာပြီးနောက် ရှစ်ရှန်းက အနည်းငယ် အရိုသေပေးကာ စံအိမ်တော် စခန်းချရာနေရာသို့ ပြန်သွားလိုက်လေသည်။
ယဲ့ချိုးပိုင်က ပြုံး၍ ပြောသည်။ “ရှစ်တိ၊ မင်းက ငါတို့ စံအိမ်တော်ကို ဂုဏ်ယုရအောင် လုပ်ခဲ့တာဘဲ”
ဟုန်ရင်လဲ ပြုံးကာ ဝင်ပြောသည်။ “ဟုတ်တယ်၊ ရှစ်တိရဲ့ နယ်ပယ်က ရှစ်ရှုံးကို တောင် ကျော်တက်သွားပြီ”
ယဲ့ချိုးပိုင်:”…”
“ရှစ်မေ့၊ မင်း ဒီကိစ္စကို ဆက်ပြီး မပြောလို့မရဘူးလား။ ဒါက ငါ့ရဲ့ ရှစ်ရှုံးဆိုတဲ့ ဂုဏ်သိက္ခာကို ကျစေတယ်”
“ဟုတ်လား ညီမက ရိုးသားတဲ့သူဆိုတော့ လိမ်မပြောတက်ဘူးလေ”
ယဲ့ချိုးပိုင်က အကူညီမဲ့စွာခေါင်းခါ၏။
သူလုပ်နိုင်တာ မရှိပေ။
ရှစ်ရှန်း၊ ရှောင်ဟေးနှင့် နင်းချန်ရှင်းက တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ ပြုံးလိုက်လေသည်။
သူတို့က ထိုအခြေအနေကို သဘောကျနေသည်။
အကြီးအကဲများလို ဖိအားရှိမနေဘဲ မိသားစုအပန်းဖြေနေသလိုဖြစ်နေသည်။
ပြိုင်ပွဲက ဆက်လက်သွားနေသည်။
မည်သူကမှ ရှစ်ရှန်းကို စိန်မခေါ်ရဲကြပေ။
ရှစ်ရှန်းကို တိုက်ခိုက်ခဲ့သည် တစ်ဦးတည်းသောသူက ရှစ်ရှန်း၏ ပုဆိန်ကြောင့် ဒဏ်ရာရနေခဲ့သည်။
ချန်းမင်ကျိကတော့ သိုင်းခန်းမသခင်၏ ဆေးလုံးကြောင့် ဒဏ်ရာမှ ပြန်သက်သာလာသည်။
လုံးဝအရှင်းကြီးမသက်သာသေးသော်လည်း အဆင့်တစ်ခုရထားသော ကျောင်းသားတစ်ဦးအနိုင်တိုက်ရန် ဒုတိယ စိန်ခေါ်မှု့ အခွင့်အရေးကို အသုံးပြုနေဆဲဖြစ်နေသည်။
သူက အဆင့်တစ်ခုကို အောင်မြင်စွာရရှိသွားကာ တတိယအဆင့်ကို တက်ရောက်သွားနိုင်တော့သည်။
တတိယပွဲစဉ်သို့ တက်ရောက်နိုင်သူမှာ လူဆယ်ဦးသာရှိလေသည်။
ထိုအခိုက် ချင်းထျန်းနျန်က ထရပ်ကာ အပြုံးဖြင့်ပြောလိုက်သည်။ “ဒုတိယပွဲစဉ်က ပြီးဆုံးသွားပါပြီ။ အောင်မြင်တဲ့ကျောင်းသားတွေက တတိယအဆင့်မှာ ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်”
“တတိယပွဲစဉ်မှာတော့ ဘာစည်းမျဉ်းမှ ရှိမှာ မဟုတ်ပါဘူး၊ ပထမနေရာရဖို့ကို ကြိုက်သလို လုပ်နိုင်ပါတယ်”
“အနိုင်ရရှိသူကတော့ ရတနာခန်းဆောင်ကို ဝင်ရောက်ပြီး ကျင့်စဉ်နဲ့ ရတနာတွေကို ရွှေးချယ်နိုင်မှာသာမကဘဲ”
“ခုနှစ်ရက်အတွင်းမှာ နယ်မြေလေးခုက ကျောင်းတော်တွေရဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ခွင့်ရပါမယ်”
မှန်ပေသည်။
ကျောင်းသားသစ်ပြိုင်ပွဲပြီးနောက် ချက်ချင်းဆိုသလို နယ်မြေလေးခုရှိ လျှို့ဝှက်တာအိုကျောင်းတော်များက ဒေသလေးခု ယှဉ်ပြိုင်ပွဲကို ကျင်းပလေ့ရှိသည်။
အနိုင်ရရှိသူဆုံးဖြတ်ပြီးနောက် သူတို့က အဓိကကျောင်းတော်၏ ရင်းမြစ်များကို ရရှိမည်ဖြစ်၏။
တင်းယွင်ဟေဲာက ပြုံးကာ ပြောလေသည်။ “ကျောင်းအုပ်ချင်၊ ဒီအချိန်မှာ ဒေသလေးခု ပြိုင်ပွဲအတွက် ဖိအားတွေရှိမနေဘူးမလား”
ချင်းထျန်းနျန်က နှိမ့်ချစွာပြော၏။ “ရှိတာပေါ့ဗျာ အခြားဘက်မှာလဲ ပါရမီရှင်တွေရှိနေမှာဘဲလေ”
ယွင်ကျင်းက မျက်လံးစွေကြည့်လိုက်သည်။
စံအိမ်တော်မှာ ဒီလို မကောင်းဆိုဝါးတွေရှိနေမှတော့ ဒေသလေးခုပြိုင်ပွဲမှာ ဘယ်လုပ်ရှုံးနိုင်တော့မှာလဲ။
သူက အာကာသနတ်ဘုရားအဆင့်ကျွမ်းကျင်သူများကိုပင် ချေမှုန်းနိုင်သော စံအိမ်တောါ၏ တပည့်များကို တိုက်ခိုက်စေချင်နေသည်။
အတော်ကလေး အရှက်မရှိတာဘဲ။
နှစ်နာရီခန့်အကြာအနားယူပြီးနောက် တတိယပွဲစဉ်က တရားဝင်စတင်လေပြီ။
ရှစ်ရှန်းက ပြန်လည်ပြုပြင်ထားသော ပြိုင်ပွဲကွင်းပြင်ထဲသို့ဝင်ရောက်လာသည်။
ထိုကွင်းထဲတွင် ချန်းမင်ကျိ့အပါ လူကိုးဦးရှိနေသည်။
သူတို့က သဘောတူညီမှု့ယူထားသည့်အတိုင်း ရှစ်ရှန်းကို ဝိုင်းကြည့်လိုက်သည်။
သူတို့က အဖွဲ့တစ်ခုဖွဲ့စည်းလိုက်ဟန်ရသည်။
ရှစ်ရှန်းကိုယ်တိုင်က ၎င်းကို သိပ်ဂရုမစိုက်ဘဲ လူကိုးဦးကို ကြည့်ကာ တည်ငြိမ်စွာပြောလိုက်လေသည်။ “အရင်တိုက်ပါ..”
အခန်း (၂၃၄)
နိဗ္ဗာန်နဖီးနစ်
? Views, on June 11, 2024