ရှစ်ရှန်းက ထိန်းထားသော်လည်း ဟေဲာပုဖန်က ရှုံးနိမ့်ခဲ့သည်။ သူက ဟေဲာပုဖန်လက်နက်ကို ဖျက်ဆိးခဲ့သည်။
သို့သော်လည်း တဖက်လူက သူ၏ ဓားရှည်ကို အလွယ်တကူဖျက်ဆီးနိုင်သည်ဟု ဟေဲာပုဖန်က နားလည်ထားလေသည်။
သူဂုဏ်ယူရသော ဓားသခင်ဓားအရှိုန်အဝါက ရှစ်ရှန်းလက်ထံရှိ ပုဆိန်ကို မချိုးဖြတ်နိုင်ခဲ့ပေ။
တခဏကြာ မှင်သက်နေပြီးနောက် သူက ခါးသက်သက်ပြုံး၍ အရှုံးကိုဝန်ခံလိုက်သည်။
“ငါရှုံးပြီ…”
ကွန်ဖြူးရှပ်ကျောင်းတော်၏ ကျောင်းအုပ်က ထိုမြင်ကွင်းကို မြင်သောအခါ တိုက်ပွဲရလဒ်ကို ချက်ချင်းကြေညာလိုက်လေသည်။
“ဓားခန်းမ ဟေဲာပုဖန် အရှုံး။ အနိုင်ရရှိသူက စံအိမ်တော်က ရှစ်ရှန်း”
လူတိုင်းက မယုံကြည်နိုင်ဖြစ်နေသည်။
စံအိမ်တော်ကိုမဝင်ရောက်ခင်က သူ၏ ကိုယ်ကာယကြံ့ခိုင်မှု့က အတော်လေးအားနည်းခဲ့ကာ ခရမ်းရောင်ဘုံဗိမ္ပာန်အဆင့်သာရှိသေးသည်။
သို့သော် ယခုတော့ သူက ရေအလျဉ်ပြည့်လျှံရေးနယ်ပယ် နောင်းပိုင်းအဆင့်ကို အနိုင်ယူနိုင်နေပြီဖြစ်သည်။
ဘယ်လိုကြောင့် သူထိုသို့လုပ်နိုင်ရသနည်း။
အချိန်တိုအတွင်း၌ သာမန်လူတစ်ဦးကို ပါရမီရှင်တစ်ဦးဖြစ်အောင် ပျိုးထောင်ပေးနိုင်သော စံအိမ်တော်က မကောင်းဆိုးဝါးဆန်လွန်းလေသလော။
၎င်းက ကြောက်မက်ဖွယ်ကောင်းလွန်းသည်။
ချင်းထျန်းနျန်က ငိုရမလား ရယ်ရမလားပင် မပြောတက်တော့။
လုချန်ရှန်းသာ အပျင်းမတစ်နေပါက တပည့်များစွာကို ခေါ်ယူနိုင်၏။
အနာဂတ်တွင် ကမ္ဘာတစ်ဝှမ်းလုံးတွင် စံအိမ်တော်၏တပည့်များပေါ်ပေါက်လာပြီး သူတို့က ကျော်ကြားသော ကျင့်ကြံသူများဖြစ်ကုန်ကြလိမ့်မည်မဟုတ်ပါလား။
ချင်းထျန်းနျန်က ခါးသက်စွာပြုံးကာ လုချန်ရှန်း၏ အပျင်းကြီးမှု့ကိုသာ တွေးရင်း ခေါင်းခါနေမိတော့သည်။
တင်းယွင်ဟေဲာကလည်း အတော်ပင် အံသြနေသည်။ “ဒီကလေးက တော်တော်သန်မာတာဘဲ”
ယွင်ကျင်းက သဘောတူစွာ ခေါင်းညိမ့်၏။
လုချန်းပေ့ခေါ်ထားတဲ့တပည့်က ဘယ်လိုလုပ်အားနည်းမှာလဲ။
ယွင်ကျင်းက အခုတော့ လုချန်ရှန်း၏ အမာခံပရိတ်သတ်ဖြစ်နေတော့သည်။
သူဘာလုပ်လုပ် နက်ရှိုင်းသည့်အဓိပ္ပါယ်ရှိကာ သေချာပေါက်မှားမည်မဟုတ်ပေ။
ယဲ့ချိုးပိုင်၊ ဟုန်ရင်နှင့် အခြားသူများက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးလိုက်၏။
သူတို့၏ ငါးယောက်မြောက် ညီငယ်လေးက မွန်းစတာတစ်ကောင်အဖြစ်ကိုပြောင်းလဲသွားချေပြီ။
ထိုသို့ကြောက်မက်ဖွယ်စွမ်းအားနှင့် အားကောင်းသော စိတ်စွမ်းအားကြောင့် နောက်အနာဂတ်တွင် သူ၏ အောင်မြင်မှု့များက သေချာပေါက်ရိုးရှင်းတော့မည်မဟုတ်ပေ။
ပြိုင်ပွဲက နေ့တစ်ဝက်ထိ ဆက်လက်ကျင်းပနေ၏။
နောက်ဆုံးတော့ ပြီးဆုံးသွားလေပြီ။
ဒုတိယပွဲစဥ်က စတင်ရန်ပြင်ဆင်နေသည်။
ဒုတိယပွဲစဥ်က သူတို့၏ပြိုင်ဘက်ကို ကိုယ်တိုင်ရွှေးချယ်နိုင်သည်။
လူတိုင်းက အခွင့်ရေးနှစ်ခုရှိသည်။
သူတို့အောင်မြင်သွားပါက တတိယပွဲစဥ်သို့ တက်ရောက်နိိုင်လေသည်။
စိန်ခေါ်မှု့ကိုလည်း ငြင်းဆိုနိုင်လေသည်။
မျက်လုံးပိတ်ကာ အနားယူနေသော ချန်းမင်ကျိ့က မျက်လုံးဖွင့်လိုက်၏။
ကွန်ဖြူးရှပ်ကျောင်းတော်၏ ကျောင်းအုပ်က ကြေညာလိုက်သည်။
သူ၏ အကြည့်က ရှစ်ရှန်းပေါ်တွင်သာ ကျရောက်နေသည်။
ရှစ်ရှန်းက ချန်းမင်ကျိ့၏ အကြည့်ကိုခံစားမိကာ တိတ်တဆိတ်ဖြင့် အင်ပါယာမင်၏ မှော်ပုဆိန်ကို လှမ်းယူလိုက်၏။
သူတို့နှစ်ဦးက ပြောစရာမလိုဘဲ အလိုလိုနားလည်နေကြသည်။
ချန်းမင်ကျိ့က ရယ်မောလိုက်ကာ စင်မြင့်ပေါ်သို့ တက်သွား၏။
“သိုင်းခန်းမရဲ့ ချန်းမင်ကျိက စံအိမ်တော်ရဲ့ ရှစ်ရှန်းကို စိန်ခေါ်ချင်ပါတယ်”
ထိုမြင်ကွင်းကို မည်သူကမှ မအံ့သြကြပေ။
ချန်းမင်ကျိ့က ရှစ်ရှန်းကို စိန်ခေါ်ရန်ပြင်ပြီးသားဖြစ်လေသည်။
ရှစ်ရှန်းက မငြင်းဆိုပေ။
သူက ပြိုင်ပွဲကွင်းပြင်ထဲသို့ဝင်ရောက်လာကာ သူက စိန်ခေါ်မှု့ကို လက်ခံကြောင်းပြသလိုက်သည်။
ချန်းမင်ကျိ့က ရှစ်ရှန်းကို တည်ငြိမ်သောအကြည့်ဖြင့်ကြည့်ကာ ဖြေးညှင်းစွာပြောလိုက်၏။ “မင်းသိတဲ့အတိုင်း ငါက ဒီရလဒ်ကို လက်မခံဘူး”
ထို့နောက် သူ့က ယဲ့ချိုးပိုင်ဘေးသို့ လှမ်းကြည့်လိုက်သည်။
“ငါက လက်မခံဘူးဆိုလည်း ဘာမှတော့ ပြောင်းလဲသွားမှာမဟုတ်ဘူး။ ဒါကြောင့် ငါက ဒီတိုက်ပွဲမှာ ငါကိုယ်ငါ သက်သေပြချင်တယ်”
ဘာကို သက်သေပြမှာလဲ။
သာမန်အားဖြင့် သူက စံအိမ်တော်ကို ရှစ်ရှန်းထက်နိမ့်မကျကြောင်းပြချင်၏။
ယဲ့ချိုးပိုင်းက ပြုံးကာ ဘာမှတော့မပြော။
ယခင်ကဆိုလျှင် သူ့ ငါးယောက်မြောက်ညီလေးက ချန်းမင်ကျိ့၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။
အခုတော့၊
ဒီလူက ငါးယောက်မြောက်ညီလေး၏ တိုက်ကွက် ဘယ်နှစ်ချက်ကို ခံနိုင်မည်လည်းဆိုတာကို သိချင်နေမိသည်။
သိုင်းခန်းမသခင်ကလည်း ပြုံး၍ ခေါင်းညိမ့်ပြ၏။
အားမရသောစိတ်ဖြင့်သာ လူတစ်ဦးက ပိုမိုကျင့်ကြံနိုင်မည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူက လက်မခံနိုင်သောကြောင့် နာကြည်းမှုမခံစားရပေ။
၎င်းကလည်း ချန်းမင်ကျိ့၏ ခွန်အားပင်။
သိုင်းခန်းမက ရတနာတစ်ခုကောက်ရသလိုပင်။
ကွန်ဖြူးရှပ်ကျောင်းတော်၏ ကျောင်းအုပ်က ကြင်နာသောအပြုံးဖြင့် ကွင်းထဲမှ လူနှစ်ဦးကို ကြည့်ကာ တည်ငြိမ်စွာပြောလိုက်သည်။ “အဆင်သင့်ဖြစ်ပြီလား”
ချန်းမင်ကျိ့က ခေါင်းညိမ့်ပြသည်။
ရှစ်ရှန်းက ပုဆိန်ကိုင်၍ ခေါင်းညိမ့်၏။
“ဟုတ်ပြီ၊ ဒါဆို စကြရအောင်”
ကွန်ဖြူးရှပ်ကျောင်းတော်၏ ကျောင်းအုပ် လေပေါ်ဝဲကာ ကွင်းပြင်မှ ထွက်သွားတော့သည်။
ချန်းမင်ကျိ့က လက်သီးဆုပ်ကာ ဒူးကို အနည်းငယ်ကွေးလိုက်သည်။
သူက ခါးကိုအသာကွေးကာ အရှိုန်ထိုးပြေးထွက်တော့မည့်ကိုယ်နေဟန်ထားကို ပြင်ထား၏။
တိုက်ပွဲဆန္ဒက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။
တိုက်ပွဲဝင်လိုစိတ်ပင်။
၎င်းသည် နားလည်ရန် အလွန်ခက်ခဲသော အရှိုန်အဝါနယ်ပယ် တစ်ခုလည်းဖြစ်သည်။
တိုက်ပွဲဆန္ဒ နားလည်သဘောပေါက်ရန်မှာ တစ်စုံတစ်ယောက်သည် သဘာဝစစ်သည်တစ်ဦးအဖြစ်မွေးဖွားလာရန်လိုသည်။
ကြမ်းတမ်းကာ အကြောက်အလန့်မဲ့လေသည်။
သန်မာသူက သန်မာသူသာဖြစ်သည်။
ရှစ်ရှန်း၏ အနားတွင် မည်သည့်အရှိုန်အဝါကိုမှ ရှိမနေပေ။
သူက သာမန်ဆန်သော်လည်း အနည်းငယ်လေးဟန်ရသော မင်ဧကရာဇ် မှော်ပုဆိန်ကို ကိုင်ဆွဲထားလေသည်။
သူက ချန်းမင်ကျိ့၏လုပ်ရပ်ကို ထူးမခြားနားကြည့်နေသည်။
ချန်းမင်ကျိ့က ကျောင်းသားသစ်ပြိုင်ပွဲတွင် သန်မာသော ပြိုင်ဘက်တစ်ဦးဖြစ်ကောင်းဖြစ်နိုင်သည်။
သူက ဤတိုက်ပွဲတွင် သူ့ခွန်အားကို ပြသချင်၏။
သူဆရာကို သူအရှက်မရစေချင်ပေ။
ထိုသို့တွေးပြီးနောက် သူ၏ကြယ်ကောင်းကင်တန်းထျန်ထဲရှိ ကြယ်ကောင်းကင်တွင် ချိတ်ဆွဲနေသော ပထမကြယ်က ခရမ်းရောင်ရောင်ဝါများထုတ်လွှင့်လာ၏။
ထို့နောက် ခရမ်းရောင်ကြယ်အလင်းများက ရှစ်ရှန်းခန္ဓာကိုယ်တစ်ဝိုက်တွင် ဖြည်းညှင်းစွာလှည့်ပတ်လာသည်။
ဟမ်။
တင်းယွင်ဟေဲာ၏ သူငယ်အိမ်က ကျုံ့သွား၏။
ဒါက ကြယ်စွမ်းအားလား။
ကျင့်ကြံခြင်းအတွက် ကြယ်စွမ်းအားကို ကြားခံအဖြစ်အသုံးပြုသည်။
ဒါက ဘာကျင့်ကြံခြင်းနည်းစနစ်လဲ။
ဖရိုဖရဲကြယ်ကျင့်စဥ်က အလွန်နက်နဲသော ကျင့်ကြံခြင်းနည်းစနစ်ဖြစ်သည်။
ကြယ်စွမ်းအား ပတ်သက်ပြီး ကန္တာရဒေသတွင် မည်သူကမှမကျင့်ကြံနိုင်ပေ။
ထို့ကြောင့် တင်းယွင်ဟေဲာ၏ အတွေ့အကြုံနှင့်ပင် ၎င်းကို မမြင်တွေ့ဖူးသည်မှာ သာမန်သာဖြစ်သည်။
ချန်းမင်ကျိ့လည်း အနည်းငယ်မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “စံအိမ်တော်မှာ ကျင့်ကြံတဲ့ နည်းစနစ်လား”
“ဒီကျင့်စဥ်ကြောင့်ဘဲ မင်းခွန်အားက အချိန်တိုလေးအတွင်းမှာ ခုန်ပျံကျော်လွှားတက်လာတာလား”
“စံအိမ်တော်ရဲ့ဂုဏ်သတင်းက ပြောတဲ့အတိုင်း ကျော်ကြားပါပေတယ်။ ခရမ်းရောင်ဘုံဗိမာန်နယ်ပယ်ရောက်နေတဲ့မင်းကို ရက်အနည်းငယ်တွင်းမှာဘဲ ရေအလျဉ်ပြည့်လျှံရေး အထွတ်အထိပ်အဆင့်ကလူတစ်ဦးကို အနိုင်ယူလိုက်နိုင်စေတယ်”
“ဒါပေမယ့်…”
ထိုအခိုက် ချန်းမင်ကျိ့က ချန်းယွမ် အလယ်အလတ်အဆင့်ခွန်အားများ ပေါက်ထွက်လာတော့သည်။
ရေအလျဉ်ပြည့်လျှံရေးအဆင့်နှင့် ချန်းယွမ်အဆင့်ကွာဟချက်က မသေးငယ်ပေ။
ထို့ပြင်၊ ချန်းမင်ကျိ့က ချန်းယွမ်အလယ်အလတ်အဆင့်ကို ချိုးဖောက်ဝင်ရောက်သွားပြီဖြစ်သည်။
“မင်းက ငါ့ပြိုင်ဘက်မဟုတ်သေးဘူး”
သူပြောပြီးသည်နှင့် ချန်းမင်ကျိ့၏ တိုက်ပွဲဆန္ဒက ထိုးထွက်လာသည်။
သူက ရှစ်ရှန်းဆီသို့ ပြေးဝင်သွားသည်။
အလွန်လျှင်မြန်၏။
၎င်းကြောင့် လေဟာနယ်မှာပင် မျဥ်းကြောင်းတစ်ခုပေါ်လာတော့သည်။
ထို့နောက် သူက လက်သီးတစ်ချက်ထိုးသွင်းလိုက်သည်။
တိုက်ပွဲဆန္ဒပါဝင်နေသော လက်သီးကြီးက ရှစ်ရှန်းဆီသို့ တိုးဝင်သွားသည်။
ရှစ်ရှန်းအမူအရာက လုံးဝမပြောင်းလဲပေ။
ထိုမြင်ကွင်းကို မြင်သော် သူ့ခန္ဓာကိုယ်ရှိ ကြယ်စွမ်းအားများက တဖြေးဖြေး စုစည်းလာ၏။
သူက မင်ဧကရာဇ် မှော်ပုဆိန်ကို တင်းတင်ကျပ်ကျပ်ဆုပ်ကိုင်လိုက်ကာ ခေါင်းအထက်သို့ မြှောက်လိုက်သည်။
ထိုအခိုက် မင်ဧကရာဇ်မှော်ပုဆိန်က ကြယ်စွမ်းအားများဖြင့် ပြည့်လာ၏။
ကြယ်စွမ်းအားနှင့် ပြည့်ဝနေသော မင်ဧကရာဇ်မှော်ပုဆိန်က ပို၍လေးပင်လာသည်။
ထိုအခိုက် တိုက်ပွဲဆန္ဒပါဝင်နေသော လက်သီးက ရောက်လာ၏။
ရှစ်ရှန်းလက်ထဲရှိ မင်ဧကရာဇ်မှော်ပုဆိန်က ရုတ်တရက် ကျရောက်လာသည်။
ကြယ်တံခွန်။
ဖရိုဖရဲကြယ်ကျင့်စဥ်၏ အခြေခံသိုင်းကွက်တစ်ခုဖြစ်သည်။
ထိုသိုင်းကွက်က သူ့နာမည်အတိုင်းပင်။
မင်ဧကရာဇ်မှော်ပုဆိန်က ကြယ်ကောင်းကင်မှ ကြယ်တံခွန်တသ်ခုအဖြစ်ပြောင်းလဲသွားဟန်ရသည်။
သူ့ရှေ့ရှိလက်သီးအား ၎င်းက ခုတ်ပိုင်းလိုက်သည်။
ဝုန်း၊ ဝုန်း။
ထိုခဏလေးတွင် ပြိုင်ပွဲကွင်းပြင်က ကြမ်းကြမ်းရမ်းရမ်းပင် တုန်ခါသွား၏။
ကွန်ဖြူးရှပ်ကျောင်းတော်၏ ကျောင်းအုပ်၏ မျက်နှာအမူအရာက ပြောင်းလဲသွား၏။
ထိုခုတ်ပိုင်းချက်က အမှန်ပင် ပြိုင်ပွဲကွင်း၏ အကာအကွယ်အစီအရင်ကို ပြိုကွဲသွားစေသည်။
ပြိုင်ပွဲစင်မြင့်က နှစ်ခြမ်းကွဲသွားလေသည်။
ဖုန်မှုန့်များက နေရာတိုင်း ပျံ့ကျဲနေသည်။
မည်သူကမှ ပြိုင်ပွဲစင်မြင့်ကို မမြင်တွေ့နိုင်တော့ပေ။
လူတိုင်းက တစ်ဦးကို တစ်ဦးကြည့်လိုက်ကြသည်။ သူတို့မျက်နှာတွင် ထိတ်လန့်နေမှု့များကို မဖုံးဖိနိုင်ပေ။
ဘယ်လိုဖြစ်သွားရတာလဲ။
ခရမ်းရောင်ဘုံဗိမာန်အဆင့်သာမန်လူတစ်ဦးသည် ရက်အနည်းငယ်အတွင်း လုပ်ပြနိုင်သော အရာတစ်ခုလား။
ထို့အပြင် ရလဒ်ကား အဘယ်နည်း။
ဘယ်သူအနိုင်ရပြီး ဘယ်သူရှုံးသလဲ။