ချန်းမင်ကျိ့စိန်ခေါ်သည်ကို အားလုံးက မျှော်လင့်ပြီးသားပင်ဖြစ်သည်။
ရှစ်ရှန်းနှင့်သူက ယခင်က အတူတူရပ်တည်ခဲ့သူများဖြစ်သည်။
အဆုံးတော့ လုချန်ရှန်းက ရှစ်ရှန်းကို တပည့်အဖြစ်လက်ခံခဲ့၏။
သို့သော်လည်း သူလက်ခံနိုင်သည်ဟုပြောလျှင် လိမ်ရာကျပေမည်။
ချန်းမင်ကျိ့၏ ဂုဏ်၊ ပါရမီနှင့် နယ်ပယ် အစစအရာရာ အကုန်လုံး ရှစ်ရှန်းထက်သာလွန်ပေသည်။
ထိုအကြောင်းကြောင့်ဘဲ ချန်းမင်ကျိ့က ရှစ်ရှန်းကို အတင်းအကျပ် စိန်ခေါ်ခြင်းဖြစ်သည်။
ယဲ့ချိုးပိုင်ကပြုံးကာ ပြောလိုက်၏။ “မင်း စံအိမ်တော်ကိုဝင်လာပြီဆိုကတည်းက ဒီတစ်လမ်းဘဲရှိတယ်”
“လူအများကြီးက ရှစ်စွင်းတပည့်ဖြစ်ချင်ကြပေမဲ့ ရှစ်စွင်းက မင်းကိုရွေးချယ်ခဲ့တယ်။ ဒါက လက်မခံနိုင်တဲ့ လူတွေက သေချာပေါက်ကိုရှိနေမှာဘဲ”
၎င်းကိုကြားသောအခါ ရှစ်ရှန်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
သူ၏ ဆရာတူအကိုပြောသည်မှာ အမှန်ပင်။ ကျောင်းသားအသစ်များစွာက တိုက်ခိုက်လိုစိတ်များဖြင့် သူ့ကို စိုက်ကြည့်နေကြသည်။
အားလုံးက သူ့ကို စိန်ခေါ်ချင်နေတာ အရှင်းအလင်းပေ။
“မင်းလုပ်ရမှာက မင်းရဲ့ခွန်အားကို ထုတ်ပြပြီး မင်းကို ရှစ်စွင်းက တပည့်အဖြစ်ခေါ်သွားတာက ပုံမှန်ပဲလို့ တခြားသူတွေကို ထင်အောင်လုပ်ပြလိုက်”
ရှစ်ရှန်းက ခေါင်းကို လေးပင်စွာ ညိမ့်ပြသည်။
ဟုန်ရင်က စလိုက်သည်။ “ရှစ်ရှုံး၊ ညီမကြားတာကတော့ ရှစ်ရှုံးက ကျောင်းသားသစ်ပြိုင်ပွဲမှာ အရမ်းကိုမောက်မာခဲ့တာဘဲတဲ့”
ယဲ့ချိုးပိုင်ရှက်သွား၏။
“အဟမ်း… အဲ့တုန်းက ရှစ်စွင်းမှာ ငါတစ်ယောက်ဘဲ တပည့်အဖြစ်ရှိသေးတာ။ ငါက ရှစ်စွင်း အရမ်းအထီးကျန်နေသလိုဖြစ်နေမှာစိုးလို့ပါ…”
လုချန်ရှန်းသာ ၎င်းကိုကြားပါက ယဲ့ချိုးပိုင်ကို တောင်တစ်တောင်လုံးကို သန့်ရှင်းရေးလုပ်ခိုင်းလိုက်မည်ပင်။
ကွန်ဖြူးရှပ်ကျောင်းတော်၏ ကျောင်းအုပ်က မဲဆက်နိုက်လေသည်။
“ဓားခန်းမ၊ ဟုကေဲာဟုန်နဲ့ အစီအရင်ခန်းမက ကျန်းခိုက်”
“ကွန်ဖြူးရှပ်ကျောင်းတော်က လီခန်းရုန်နဲ့ သိုင်းခန်းမကထန်းယွင်”
အချို့အကြီးအကဲများက ကွင်းထဲရှိ တိုက်ပွဲကိုကြည့်ကာ သက်ပြင်းချကြ၏။
“ဒနှစ် ကျောင်းသားသစ်ပြိုင်ပွဲရဲ့ အဆင့်အတန်း အရင်ကထက် ပိုမြင့်လာတယ်”
“ဟုတ်တယ်။ အံ့သြစရာကောင်းတာက ဒေသလေးခုရဲ့ ပါရမီရှင်တွေသာမကဘဲ အလယ်ပိုင်းဒေသကသူတွေပါ ကျုပ်တို့ တောင်ပိုင်းဒေသရဲ့ လျှို့ဝှက်တာအိုကျောင်းတော်ရောက်လာကြတာလေ”
“မှန်တယ် ဒါက စံအိမ်တော်ရဲ့ ကျေးဇူးကြောင့်ဘဲ”
“ဒီလူတွေအားလုံးက စံအိမ်တော်အတွက်ရောက်လာကြတာတော့ သနားစရာဘဲ။ ဒီကောင်စုတ်လေးက တပည့်တွေ လက်မခံချင်ဘူး။ သူ့အကြိုက်ပေါ်မှာ မူတည်တယ်”
“ဟူး၊ ဒီကလေးက ဆရာဖြစ်ဖို့မွေးလာတာ…”
အကြီးအကဲများ ဝေဖန်နေကြစဥ် တိုက်ပွဲက ပြီးဆုံးသွားလေပြီ။
ကွန်ဖြူးရှပ်ကျောင်းတော်၏ ကျောင်းအုပ်က ဆက်မဲနိုက်သည်။ သူ့လက်ထဲရှိမဲကို ကြည့်ကာမနေနိုင်ဘဲ ပြုံးလိုက်မိသည်။ “ဓားခန်းမ၊ ဟေဲာပုဖန်နဲ့ စံအိမ်တော်က ရှစ်ရှန်း”
လူတိုင်းက ပြိုင်ပွဲကွင်းကို ကြည့်လိုက်သည်။
နောက်ဆုံးတော့ စံအိမ်တော်၏ တပည့်က ထွက်ပေါ်လာခဲ့၏။
ချင်းထျန်းနျန်က တင်းယွင်ဟေဲာနှင့် ယွင်ကျင်းကို စကားပြောနေသည်။
ယခုတော့ သူတို့ကို မဲစရင်းကဆွဲဆောင်လိုက်ပြီး စကားပြောသည်ကို ရပ်လိုက်ကြသည်။
သိသာစွာ ၎င်းတို့က ထိုပြိုင်ပွဲကို မြင်ချင်နေကြသည်။
စံအိမ်တော်၏ တပည့်က မည်သို့စွမ်ဆောင်ရည်ရှိသနည်း။
ယဲ့ချိုးပိုင်က ပြောလိုက်သည်။ “ရှစ်တိ မင်းအလှည့်ရောက်ပြီ”
ရှစ်ရှန်းက ခေါင်းညိမ့်ကာ လက်သီးဆုပ်အရိုအသေပေးကာ “ဒါဆို ကျွန်တော်သွားလိုက်ပါဦးမယ် ရှစ်ရှုံး”
သူက ခုန်ချလိုက်ကာ ပြိုင်ပွဲစင်မြင့်ပေါ်သို့ တက်သွားလိုက်သည်။
တဖက်တွင် ဓားခန်းမ၏ ဟေဲာပုဖန်ကလည်း ဓားကိုကိုင်ကာ ပြိုင်ပွဲစင်မြင့်ပေါ်သို့ ခုန်ချလိုက်သည်။
“ရှစ်ရှန်း မင်းရဲ့စိတ်စွမ်းအားက လေးစားစရာကောင်းပေမဲ့ ငါမင်းကို ညှာမှာတော့မဟုတ်ဘူး”
သူလည်းဘဲ ရှစ်ရှန်း အားလုံးကို အနိုင်ယူခဲ့သည်ကို မြင်ခဲ့ဖူး၏။
သို့သော် သူ၏ နယ်ပယ်က ခရမ်းရောင်ဘုံဗိမာန်သာ ရှိသေးသည်။
ဟေဲာပုဖန်အတွက်မူ သူက ရေအလျဉ်ပြည့်လျှံရေးနယ်ပယ် နှောင်းပိုင်းအဆင့်ကို ရောက်ရှိနေပြီဖြစ်သည်။
သူက ရှစ်ရှန်းထက် များစွာ သန်မာလေသည်။
“မင်းစံအိမ်တော်ကိုဝင်ပြီးနောင်ပိုင်းကျရင်တော့ ငါ့ကိုကျော်တက်သွားနိုင်ပေမဲ့ အခုတော့ မလုံလောက်သေးဘူး”
ရှစ်ရှန်းက ဟေဲာပုဖန်ကိုကြည့်ကာ ဘာမှတော့မပြော။ သူက လက်သီးဆုပ်အရိုအသေပေးလိုက်သည်။
ထိုနောက် သူက အရိုးရှည်ပုဆိန်တစ်လက်ကိုထုတ်ယူလိုက်သည်။
မဲမှောင်နေသော ပုဆိန်က မည်သည့်အရှိုန်အဝါကိုမှ ထုတ်လွတ်မနေပေ။
သို့သော်လည်း ထိုပုဆိန်က အလွန်လေးလံ၏။
ပုဆိန်၏ကိုယ်ထည်ကို ပင်လယ်နက်သံလေးဖြင့်သွန်းလုပ်ထားခြင်းဖြစ်သည်။
ပင်လယ်နက်က ကန္တာရဒေသ၏ အနက်ပိုင်းတွင် တည်ရှိနေသော ပင်လယ်တစ်စင်းဖြစ်သည်။
ပင်လယ်နက်သံလေးက ပင်လယ်နက်၏ အနက်သောင်းချီနက်သောနေရာတွင် တည်ရှိနေသည်။
၎င်းက အလွန်မာကြောသလို အလွန်လည်း လေးလံသည်။
သာမန်ပန်းပဲဆရာများက ၎င်းသတ္ထုကို မသွန်းလုပ်နိုင်ပေ။
ပုဆိန်၏ကိုယ်ထည်ကို အင်ပါယာသစ်သားဖြင့် ထွင်းထုထား၏။
အင်ပါယာသစ်သားက မလေးလံသော်လည်း အလွန်အကြမ်းခံသည်။
ပင်လယ်နက်သတ္ထုဖြင့် သဟဇာတဖြစ်သော ကုန်ကြမ်းအနည်းငယ်တွင် ၎င်းက ပါဝင်နေသည်။
ထို့ပြင် ၎င်းက အလွန်အဖိုးတန်သည်။
သို့သော်လည်း လေးလံသောသတ္ထုအဆီအနှစ်နှင့်ပေါင်းစည်းလိုက်သောအခါတွင်မူ အလေးချိန်က တိုးလာတော့သည်။
အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူများပင် ထိုပုဆိန်၏ အလေးချိန်ကို ခံစားနေမိမှာဖြစ်သည်။
လုချန်ရှန်းက ပျင်းလာသောအခါ ပန်းပဲဘယ်လိုသွန်းလုပ်ရသည်ကို လေ့လာချင်ခဲ့သည်။
ပထမဆုံးအကြိမ် သူက ထိုပုဆိန်ကို သွန်းလုပ်ခဲ့သည်။
သို့သော်လည်း၊ သူက သိပ်စိတ်မကျေနပ်၍ သာမန်ကာရှန်ကာဖြင့် သိုလှောင်လက်စွပ်အတွင်းသို့ ပြစ်ထည့်ထားလိုက်သည်။
အခုတော့ ရှစ်ရှန်းအသုံးပြုရန် အကောင်းဆုံးအချိန်ဖြစ်၏။
သို့သော် ၎င်းတွင် စိတ်ဝိဉာည်ချီများမပါရှိပေ။
သာမန် သေမျိုး လက်နက်တစ်ခုသာဖြစ်လေသည်။
ဟုတ်ပေသည်၊ ၎င်းက လုံးဝကြီး သာမန်တော့မဟုတ်ပေ။
အနည်းဆုံးတော့ သာမန်လူတစ်ဦးက ထိုအလေးချိန်ကို မနိုင်မည်မဟုတ်။
ထိုအခိုက် ရှစ်ရှန်းနှင့် မျက်နှာချင်းဆိုင်ရပ်နေသော ဟေဲာပုဖန်က စတင်လှုပ်ရှားတော့သည်။
လက်ထဲရှိဓားကို အသာလေးမြောက်လိုက်သည်။
ဓားအရှိုန်အဝါက သူ့ကိုယ်မှထွက်ပေါ်လာပြီး ဓားပတ်လည်တွင် ဝန်းရံသွား၏။
ဟေဲာပုဖန်၏ ဓားစိတ်ဆန္ဒက ဓားသခင်နယ်ပယ်သာရှိသေးသည်။
ယဲ့ချိုးပိုင်နှင့်တော့ မယှဥ်သာပေ။
သို့သော်လည်း ရေအလျဉ်ပြည့်လျှံရေးနယ်ပယ်ကျင့်ကြံသူက ဓားသခင်နယ်ပယ်ကိုရောက်ရှိနေပေသည်။
အပြင်ဘက်ကမ္ဘာတွင် သူက ဓားတာအိုတွင် ပါရမီတစ်ဦးအဖြစ်သတ်မှတ်နိုင်လေသည်။
ထို့နောက် ဟေဲာပုဖန်က ရှေ့သို့တစ်လှမ်းတိုးကာ မျက်လုံးမှေးကြည့်လိုက်သည်။
သူက ရှစ်ရှန်းဆီ တိုးဝင်သွားသည်။
တစ်ဖက်တွင် ဓားကိုကိုင်ကာ တစ်ဖက်က စည်းတံဆိပ်တစ်ခု ပုံဖော်လိုက်သည်။
ဓားအရှိုန်အဝါက ဓားတစ္တေအဖြစ်ပြောင်းလဲသွား၏။
၎င်းက ရှစ်ရှန်းဆီသို့တိုးဝင်သွားလေသည်။
ရှစ်ရှန်းအမူအရာက အရမ်းကြီးမပြောင်းလဲသွားသော်လည်း အလေးအနက်နှင့်ရှိနေသည်။
သူက ထိုကျောင်းသားသစ်ပြိုင်ပွဲ၏ ဗိုလ်ဆွဲသူဖြစ်ကိုဖြစ်ရပေမည်။
ထိုမှသာ သူ့ဆရာနှင့် ဆရာတူအကိုအမများမျှော်လင့်ထားသည့်အတိုင်း လုပ်ပြသွားနိုင်ပေမည်။
ရှစ်ရှန်းက လက်နှစ်ဖက်ဖြင့် ပုဆိန်ကိုမြှောက်ကာ သူ့ထံပြေးဝင်လာနေသော ဓားရှည်ပုံရိပ်ကို စောင့်ကြည့်နေ၏။
လူတိုင်းက ရှစ်ရှန်း ဟေဲာပုဖန်ကို မည်သိုကိုင်တွယ်မည်ကို သိချင်နေကြသည်။
သူ၏ ခွန်အားက လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ ခရမ်းရောင်ဘုံဗိမာန်နယ်ပယ်သာရှိသေးသည်။
ယင်းက ဟေဲာပုဖန်၏ နယ်ပယ်နှင့် အလွန်ခြားနားနေသည်။
တင်းယွင်ဟေဲာက ပြုံးကာ ပြောသည်။ “စံအိမ်တော်ရဲ့ တပည့်အသစ်က ဘယ်လိုစွမ်းရည်တွေရှိမလဲသိချင်မိပါရဲ့”
ချင်းထျန်းနျန်က ပြုံးရင်းပြောပြသည်။ “သူ့ပါရမီက အလယ်အလတ်ဘဲ။ ဒါပေမဲ့ သူ့လောက် စိတ်ဓာတ်မာကြောတဲ့သူကို ကျုပ်ဘဝမှာ မတွေ့ဖူးသေးဘူး”
သို့သော် ယွင်ကျင်း၏ အတွေးများ ယောက်ယက်ခတ်သွား၏။
နတ်ဘုရားလို လုချန်းပေ့ရဲ့ မျက်လုံးကို ဖမ်းစားနိုင်တဲ့သူကတော့ ပေါပေါပဲပဲမဟုတ်နိုင်ပါဘူးနော်။
သူများတစ်ခုခုဖုံးကွယ်ထားသလားဘဲ။
လူတိုင်း၏အကြည့်အောက်တွင် ရှစ်ရှန်းက လက်ထဲရှိ ပုဆိန်ဖြင့် ခုတ်ပိုင်းလိုက်၏။
၎င်းက ဓားတစ္တေကို ရက်စက်စွာ ဖြတ်ပိုင်းလိုက်သည်။
ဘန်း ဘန်း ဘန်း။
ဟေဲာပုဖန်၏ ထိတ်လန့်နေသောအကြည့်အောက်တွင် ဓားအရှိုန်အဝါဖြင့်ဖန်တီးထားသောဓားတစ္တေက ရှစ်ရှန်း၏ ခုတ်ပိုင်းချက်များအောက်တွင် အမှန်ပင် ကြေမွသွားတော့သည်။
အဟန့်အတားလုံးဝမရှိပေ။
ကြည့်လိုက်ရုံဖြင့် ရှစ်ရှန်းက အသာအယာပင် လွဲယမ်းနေဟန်ရသည်ကို မြင်နိုင်သည်။
၎င်းက ခရမ်းရောင်ဘုံဗိမာန်နယ်ပယ်ကျင့်ကြံသူတစ်ဦးလုပ်နိုင်သော အရာတစ်ခုပေလော။
ဟေဲာပုဖန်လည်း လုံးဝ လျှော့မပေးချေ။
ထိုအခိုက်တွင် ရှစ်ရှန်းက မရပ်တန့်ပေ။ ပုဆိန်ကို ကိုင်ကာ ပြေးဝင်သွားသည်။
ဟေဲာပုဖန်က အံကြိတ်ကာ နောက်ပြန်ဆုတ်ရန် ဆန္ဒမရှိပေ။
သူက ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။
ဓားအတွင်းမှ ဓားသခင် ဓားအရှိုန်အဝါက ရူးသွပ်စွာ ထိုးထွက်လာသည်။
သူ့ရှေ့သို့ရှစ်ရှန်းရောက်လာမည်အချိန်ကို မှန်းဆကာ ဓားဖြင့်ခုတ်လိုက်၏။
ပုဆိန်ကို လက်တစ်ဖက်တည်း ကိုင်ထားပြီး တူတစ်လက်ကဲ့သို့ အလျားလိုက်ခုတ်ပိုင်းလိုက်သည်။
ခရက်။
သတ္ထုချင်းထိခိုက်သံက ထွက်ပေါ်လာသည်။
ထို့နောက် အက်ကွဲသံတစ်ခုကပါ လိုက်ပါလာလေသည်။
မည်သူ၏ လက်နက်က အက်ကွဲသွားခဲ့သနည်း။
လူတိုင်းက အသက်အောင့်ကာ သေချာကြည့်နေကြသည်။
လူအများ၏ သူငယ်အိမ်များ ပြူးကျယ်သွား၏။
ချန်းမင်ကျိ့ပင် မျက်မှောင်ကုတ်နေမိသည်။
ဟေဲာပုဖန်၏ ဓားရှည်က အမှန်ပင် အစိတ်စိတ်အမွှာမွှာကွဲကြေကာ ပြိုင်ပွဲကွင်းပြင်ပေါ်သို့ ကြွေကျလာတော့လေသည်။