နောက်တစ်ရင်တွင် ဟုန်ရင်က သူမ၏ အခြေအနေကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်လိုက်ကာ နယ်မြေနှလုံးသားကိုထုတ်ယူလိုက်သည်။
လုချန်ရှန်းက ကြောင်အသွားသည်။
ယခင်က ထိုအရာသည် သူ့နောက်ကိုလိုက်ချင်ခဲ့သော်လည်း သူက ငြင်းဆန်ခဲ့သည်။
ယခုတော့ ထိုအရာက သူ့တပည့်၏ လက်ထဲတွင်ရောက်နေလေသည်။
သာမန်အားဖြင့် နယ်မြေနှလုံးသားက လုချန်ရှန်းကို သတိထားမိလိုက်သည်။ ၎င်းက မတက်သာဘဲ ရယ်မောလိုက်သည်။
၎င်းကို အမှန်ပင် သူတပည့်မှရရှိသွားခဲ့၏။ သိပ်တော့ မကွာခြားပေ။
ဟုန်ရင်က သူမလက်ထဲရှိ နယ်မြေနှလုံးသားကို ကြည့်လိုက်သည်။
သူမက ခြေချိတ်ထိုင်ကာ ၎င်းအတွင်းရှိ စိတ်ဝိဉာည်ချီများကို စတင်၍ စုပ်ယူလိုက်သည်။
ယခုအချိန်တွင်မူ သူမက သူမခွန်အားအမြန်ပြန်ရရန်လိုအပ်နေသည်။
နယ်မြေနှလုံးသားရှိ စိတ်ဝိဉာည်ချီများက သူမ ခွန်အားပြန်လည်ရရှိစေရန် လုံလောက်၏။
ဟုန်ရင်ကျင့်ကြံနေသည်ကိုမြင်သော် ချင်းထျန်းနျန်က လုချန်ရှန်းကို သူ၏ရည်ရွယ်ချက်ကိုပြောပြလေသည်။ “ကျောင်းသားသစ်ပြိုင်ပွဲက စတော့မယ်”
ကျောင်းသားသစ်ပြိုင်ပွဲ။
၎င်းက လျှို့ဝှက်တာအိုကျောင်းတော်၏ သီးသန့်အစီအစဥ်တစ်ခုဖြစ်သည်။
ကျောင်းသားသစ်ပြိုင်ပွဲက အတန်းသားသစ်ခေါ်ယူပြီးချိန်တိုင်း ကျင်းပလေ့ရှိသည်။
ကျောင်းတော်သို့ဝင်ရောက်သည့် ကျောင်းသားသစ်တိုင်းက သူတို့၏ အဆင့်သတ်မှတ်ချက်ကို ဆုံးဖြတ်နိုင်ရန် ယှဥ်ပြိုင်ရလေသည်။
ထို့နောက် ဆုလဒ်များကို ပိုင်ဆိုင်နိုင်လေသည်။
၎င်းက ကျောင်းသားသစ်များ၏ ခွန်အားကို အသိအမှတ်ပြုစေရန် ချပြခွင့်ပေးသည်။
ပြိုင်ပွဲက သူတို့၏ ကျင့်ကြံလိုစိတ်ကို မြှင့်တက်စေသည်။
ထိုအချိန်က ယဲ့ချိုးပိုင်သည် ကျောင်းသားသစ်ပြိုင်ပွဲတွင် ဝင်ပြိုင်ကာ အနိုင်ရရှိခဲ့လေသည်။
လုချန်ရှန်းက လက်ကိုဆန့်တန်းကာ ပြောလိုက်လေသည်။ “ကျောင်းသားသစ်ပြိုင်ပွဲက ကျွန်တော်နဲ့ဘာဆိုင်လို့လဲ”
၎င်းကိုကြားသော် ချင်းထျန်းနျန်က မျက်လုံးစွေကြည့်၍ ပြောလိုက်သည် “မင်း ရှစ်ရှန်းကို တပည့်အဖြစ်လက်ခံထားတယ်မလား။ သူ့ကို ဝင်မပြိုင်ခိုင်းတော့ဘူးပေါ့”
ယခုတော့ စံအိမ်တော်ရှိ ရှစ်ရှန်းတစ်ဦးကသာ ထိုအခြေအနေနှင့်ကိုက်ညီနေလေသည်။
သို့သော် သူ ရှစ်ရှန်းကိုသာပြိုင်ခိုင်းလိုက်ပါက သူ့ခွန်အားသူ ဖော်ပြလိုက်သလိုဖြစ်မသွားပေဘူးလား။
အချိန်ခဏလေးသာရှိသေးသော်လည်း သူက ချန်းယွမ်နယ်ပယ် အထွတ်အထိပ်အဆင့်ကိုရောက်ရှိနေပြီဖြစ်သည်။ ထိုအကြောင်းသာ အခြားသူများသိသွားပါက နောက်အနာဂတ်တွင် သူအေးအေးဆေးဆေးနေရတော့မည်မဟုတ်ပေ။
လူတိုင်းက စံအိမ်တော်ကို အသည်းအသန်ဝင်ရောက်ရန် ကြိုးစားတော့ပေမည်။
ထိုအခါ သူ ပျင်းရိ၍နေလို့မရနိုင်တော့ပေ။
ထိုသို့တွေးမိသောအခါ လုချန်ရှန်းက အလျှင်အမြန်ခေါင်းခါကာ “မရဘူး မရဘူး ရှစ်ရှန်းက ကျင့်ကြံဖို့လိုသေးတယ်။ ကျွန်တော့်အရှက် ကျွန်တော်ခွဲသလိုဖြစ်နေလိမ့်မယ်”
ယဲ့ချိုးပိုင်နှင့် နင်းချန်ရှင်းက လက်ရှိခွန်အားကို သိနေသော်လည်း ခေါင်းခါရမ်းကာ ရယ်မောလိုက်ကြသည်။
သူတို့ဆရာက ထင်ပေါ်အောင်မနေတက်ပေ။
၎င်းက သူ၏ ပင်ကိုယ်စတိုင်ပင်။
သို့သော်လည်း ကျောင်းသားသစ်ပြိုင်ပွဲတွင် ရှစ်ရှန်းကို ပြိုင်ခိုင်းပါက လုံးဝ အနိုင်ကျင့်ရာရောက်နေလိမ့်မည်။
မည်သို့ဖြစ်စေ သူက ချန်းယွမ်နယ်ပယ် အထွတ်အထိပ်သို့ရောက်နေပြီဖြစ်သည်။
ယဲ့ချိုးပိုင်သည်လျှင် အတန်ငယ် အံ့သြသွား၏။
ယခင်တုန်းက ယဲ့ချိုးပိုင်သည် လူသစ်ရွှေးချယ်ပွဲ၌ ရှစ်ရှန်း၏ ခွန်အားကို စမ်းသပ်ဖူးသည်။
ထိုအချိန်တုန်းက ရှစ်ရှန်းက ခရမ်းရောင်ဘုံဗိမာန်နယ်ပယ်သာဖြစ်သည်။ ယခုတော့ သူက ချန်းယွမ်နယ်ပယ်က အထွတ်အထိပ်သို့ရောက်နေလေပြီ။
၎င်းနယ်ပယ်က သူ့ထက်ပင် မြင့်မားသေးသည်။
ယဲ့ချိုးပိုင်က အနည်းငယ်ထူးဆန်းနေသည်ဟု ထင်မိသည်။
သူ့ဆရာခေါ်လာသည့် တပည့်တိုင်းက တစ်ယောက်ထက်တစ်ယောက် သာမန်မဟုတ်သူများပင်။
ရှစ်ရှုံးတစ်ဦးအနေနှင့် သူ့အတွက် ရှက်စရာမကောင်းပေဘူးလား။
သို့သော် ၎င်းက အတွေးသက်သက်သာဖြစ်သည်။
ယဲ့ချိုးပိုင်က သူ၏ ရှစ်တိများနှင့် ရှစ်မေ့တို့အတွက် ဝမ်းသာပေးနေသည်။
စံအိမ်တော်သာ ပိုမိုသန်မာလာပါက သူလည်းဘဲ ဝမ်းမြောက်ဝမ်းသာဖြစ်ပေသည်။
လုချန်ရှန်း၏ စကားကြားသော် ချင်းထျန်းနျန်ပင် ပြောစရာစကားမဲ့သွားသည်။
ဒီကောင်စုတ်ကတော့၊
“ဘယ်လိုဖြစ်ဖြစ် ရှစ်ရှန်းက ဝင်ပြိုင်ရမယ်။ သူက စံအိမ်တော်ရဲ့တပည့်တင်မဟုတ်ဘဲ ငါတို့ လျှို့ဝှက်တာအိုကျောင်းတော်ရဲ့တပည့်လဲဟုတ်တယ်”
ထိုစကားကြားသော် လုချန်ရှန်းက မည်သည်ကိုပြောရမှန်းမသိတော့ပေ။
သူက ဤကမ္ဘာရှိ မည်သူကိုမဆိုငြင်းဆန်နိုင်သော်လည်း သူ့ကိုငယ်စဥ်ကတည်းက ကျွေးမွေးစောင့်ရှောက်ခဲ့သော အကြီးအကဲ ချင်းထျန်းနျန်ကိုတော့ မလွန်ဆန်ရဲပေ။
“ဟုတ်ပါပြီ… ဒါပေမဲ့…”
“ဦးလေးချင် သိတဲ့အတိုင်းဘဲ”
ထိုသို့ပြောပြီး သူက ကလိမ်ကကျစ်အပြုံးတစ်ခုဖြင့် ချင်းထျန်းနျန်အနားသို့ တိုးကာ ကပ်ပြောလိုက်လေသည်။
“နားလည်ရမယ်” ချင်ထျန်းနျန်းက မသိချင်ယောင်ဆောင်၍ “ဘာကိုနားလည်ရမှာလဲ”
“ဟူး၊ ဦးလေးချင်၊ ဒီလိုလုပ်လို့လဲ ဦးလေးအတွက် ဘာအကျိုးမှရှိသွားမှမဟုတ်ဘူးလေ။ ကျွန်တော်ဘဲ နောက်တစ်လှမ်းဆုတ်ပေးပါ့မယ်”
“ဒီလိုဆိုမှတော့ ကျွန်တော်သဘောတူရင်တောင် ရှစ်ရှန်းက သဘောတူချင်မှတူမှာ ဟုတ်ပြီလား”
“ကောင်စုတ်လေး…”
ချင်ထျန်းနျန်းက အကူညီမဲ့သွား၏။ ထိုကောင်က အကျိုးအမြတ်အချို့လိုချင်နေသည်။
“ဒါပေမဲ့ မင်းက ဒီလောက်သန်မာနေတာကို။ ငါတို့ကျောင်းတော်က သေးသေးလေးရယ်။ ဘယ်လိုလုပ် မင်းလိုချင်တာရှိမှာလဲဟ”
လုချန်ရှန်းက ထူးမခြားနားစွာ ပြုံး၍ ပြော၏။ “အမှန်ဘဲ။ တွေးကြည့်ရင်တောင် ဘာမှထူးခြားတာမရှိတာကို”
‘သောက်ကောင်စုတ်လေး…’
ဘာလို အရမ်း ရိုင်းစိုင်းနေရတာလဲ။
“ထားပါတော့၊ ကျွန်တော်လည်း ဒါတွေမလိုချင်ပါဘူး။ ဦးလေးချင်ဆီက ကတိတစ်ခုဘဲလိုချင်တာ”
ကတိ။
ချင်ထျန်းနျန်းက ကြောင်အသွားကာ မသိလိုက်မသိဘာသာဖြင့်မေးလိုက်သည်။ “ဘာကတိလဲ”
လုချန်ရှန်းက ပြောလိုက်လေသည်။ “ဦးလေးက ကျွန်တော့်ခွင့်ပြုချက်မရှိဘဲနဲ့ စံအိမ်တော်ကို တပည့်တွေအတင်းအကျပ်မသွင်းရဘူး”
“ကျောင်းတော်ကတောင် မရဘူး”
ချင်းထျန်းနျန်၏မျက်နှာ မဲမှောင်သွားတော့သည်။
သူထိုသို့မပြောလျှင် အဆင်ပြေသေးသော်လည်း သူတစ်ခါပြောလိုက်မိပါက သူဒေါသထွက်လာခဲ့၏။
“မင်းလေသံက ငါက မင်းဆီက ခွင့်ပြုချက်ယူရမဲ့ပုံဘဲ”
သို့သော်လည်း လုချန်းက အတင်းအကျပ်ပြောဆိုကာ “ဦးလေး သဘောတူမှာလား မတူဘူးလား”
“ကောင်းပြီ ကောင်းပြီ ငါ ကတိပေးတယ် ဟုတ်ပြီလား”
“အဲ့လိုမှပေါ့”
လုချန်ရှန်းက စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလေသည်။
ထိုတောင်းဆိုချက်သာဆိုလျှင် အဆင်ပြေသေးသည်။
အနည်းဆုံးတော့ သူက အလွန်အကျူးမတောင်းဆိုခဲ့ပေ။
သို့သော်လည်း ရှစ်ရှန်းပြိုင်ပွဲကွင်းပြင်ထဲသို့ဝင်ရောက်လာသည့်အခါတွင်မူ ချင်းထျန်းနျန် ထိုသို့တွေးနိုင်တော့မည်မဟုတ်ချေ။
“ကောင်းပြီ၊ ပြိုင်ပွဲက မနက်ဖြန်စလိမ့်မယ်။ ရှစ်ရှန်းကို ကောင်းကောင်းပြင်ဆင်ခိုင်းထား”
ထိုသို့ပြောပြီးနောက် ချင်းထျန်းနျန်က ထရပ်ကာ ထွက်ခွာတော့လေသည်။
လုချန်ရှန်းက စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချ၏။ “နောက်ဆုံးတော့ သွားပြီဘဲ”
ထိုအခိုက် ရှောင်ဟေးက လျှောက်လာကာ ခေါင်းကုတ်၍ ရိုးသားစွာ ပြောလိုက်သည်။ “ရှစ်စွင်း၊ ခေါင်းဆောင်ယန်က ခုနက တစ်ခုခု ပြောခိုင်းလိုက်လို့ပါ”
“ဘာလဲ”
“သူက ဝိုင်နည်းနည်းလောက် ချေးချင်တယ်လို့ပြောခိုင်းလိုက်တာပါ”
“မင်းဘာပြောလိုက်တယ်”
လုချန်ရှန်းက ရှော့ရသွားသည်။ သူက ဝိုင်ထားရာအခန်းကိုပြေးသွားကာ သူ၏ ဝိုင်ကရားတစ်ဝက်လောက်က မရှိတော့သည်ကို မြင်လိုက်ရ၏။
သူက ကြောင်အသွားသည်။
‘ဒါက ဝိုင်ပုလင်းနည်းနည်းလား’
ဒီပုလင်းက ဝိုင်စည်ပိုင်းကနေလုပ်ထားတာလား။
အပြန်လမ်းတွင် ချင်းထျန်းနျန်က လက်ထဲရှိ ဝိုင်ကရားကိုကြည့်ကာ မပြုံးဘဲ မနေနိုင်ပေ။
ထိုဝိုင်က အလွန်ကို လန်းဆန်းစေသည်ဟု ပြောရပေမည်။
၎င်းက စိတ်ဝိဉာည်ဝတ်ရည်ထက် အစပေါင်းများစွာသာလေသည်။
သူ၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ပင် အရက်မူးခြင်းကို မဖိနှိပ်နိုင်ပေ။
“ဟက်၊ ဒီကောင်စုတ်လေး အမြဲတွန့်တိုနေတက်တာ မဆန်းပါဘူး။ အချိန်တိုင်း ဒီကောင်က ငါ့ကို ခွက်သေးသေးလေးတစ်ခွက်ဘဲတိုက်တယ်”
“နောက်ဆုံးတော့ ငါဒီနေ့ နည်းနည်းလောက်ပျော်လို့ရပြီ”
“ဒါက ငါ့အတွက် လက်ဆောင်လို့ သတ်မှတ်လိုက်တော့ဟေ့”
ခပ်တိုးတိုးရေရွတ်နေကာ သူက ခပ်မြန်မြန်ပင် သွားနေတော့သည်။
တစ်ညလုံးသောက်ရန် မစောင့်နိုင်တော့ပေ။
တဖက်တွင် ဟုန်ရင်က နယ်မြေနှလုံးသားဆီမှ စိတ်ဝိဉာည်ချီကို လက်ရှိတွင် စုပ်ယူနေသည်။
သူမက စိတ်ထဲတွင် သက်ပြင်းချနေသည်။
ထိုစိတ်ဝိဉာည်ချီက အပြင်လောကရှိ စိတ်ဝိဉာည်ချီထက် အဆပေါင်းများစွာ သန့်စင်လေသည်။
ကျင့်ကြံနေသည့်အခါတိုင်း ထိုစိတ်ဝိဉာည်ချီကို စုပ်ယူနိုင်ပါက ရှေးခေတ်အချိန်တွင် ထိုမျှလောက် ဆင်းရဲပင်ပန်းစွာဖြစ်ခဲ့မည်မဟုတ်ပေ။
ကန္တာရဒေသလို အဆင့်နိမ့်နယ်မြေတွင် စိတ်ဝိဉာည်ချီက အလွန်ပါးလွှာ၏။
ယခင်တုန်းက ဟုန်ရင်သည် သိုင်းဧကရာဇ်နယ်ပယ်ထိ ရောက်အောင် ကျင့်ကြံနိုင်ခဲ့သေးသည်။ ၎င်းကိုကြည့်ပါက သူမ မည်မျှပါရမီရှိကြောင်းသိနိုင်သည်။
ယခုတွင် သူမက အသန့်စင်ဆုံးသော စိတ်ဝိဉာည်ချီကို စုပ်ယူနေသည်။
ဟုန်ရင်နယ်ပယ်က အာကာနတ်ဘုရားနယ်ပယ် တစ်ပိုင်းအဆင့်ကို ရောက်လာ၏။
သူမက အာကာသနတ်ဘုရားနယ်ပယ်သို့ ခြေတစ်လှမ်းဝင်ရောက်လာသည်။
ယဲ့ချိုးပိုင်က ၎င်းကိုကြည့်ကာ ပြောလိုက်လေသည်။ “ရှစ်မေ့ ဘယ်လောက်ထိရောက်နိုင်မလဲ သိချင်မိတယ်”
နင်းချန်ရှင်းကလည်း ခေါင်းခါလိုက်မိသည်။
“ဒါပေမယ့် အနည်းဆုံးတော့ အာကာသနတ်ဘုရားနယ်ပယ်ရောက်နိုင်မှာပါ”
တစ်ရက်ကြာပြီးနောက်။
ဟုန်ရင်က အာကာသနတ်ဘုရားနယ်ပယ်သို့ ချိုးဖြတ်သွားခဲ့သည်။
အာကာသနတ်ဘုရားနယ်ပယ်သို့ရောက်ရှိလာသောအခါလူတစ်ဥိး၏ ဝိဉာည်က နတ်ဘုရားဝိဉာည်အဖြစ်သို့ပြောင်းလဲသွားလိမ့်ပေမည်။
ချန်းယွမ်နယ်ပယ်နှင့်စာလျှင် သူမက ပို၍ပင် သန်မာလာသည်။
ဟုန်ရင်သည် မင်အောင်းနှင့် ထပ်မံတိုက်ခိုက်ပါက သူမသည် ချက်ချင်းပင် သူ့အားသတ်နိုင်လိမ့်မည်ပင်။
အခြားတစ်ဖက်တွင်၊ ရှစ်ရှန်းကိုလည်း ကျောင်းသားသစ် ပြိုင်ပွဲတွင်ပါဝင်ရန် လုချန်ရှန်းမှညွှန်ကြားခဲ့သည်။
good