ကောင်းကင်ဘုံလမ်းကို ကြီးစိုးခြင်းက အထက်ကမ္ဘာသို့သွားနိုင်ရန်မဟုတ်ဘဲ မြင့်မားသောနယ်ပယ်ကိုရရှိရန်လည်းဖြစ်သည်။
၎င်းက ထာဝရရှင်သန်ခြင်းကို ဖမ်းယူရရှိနိုင်ရန်ဖြစ်ပြီး ဤနယ်မြေကို ကာကွယ်ရန်ဖြစ်သည်။
နယ်မြေနှလုံးသားက အပြင်ဘက်နယ်မြေမှ လူများက လုယူသွားမည်ဆိုပါက စိတ်ဝိဉာည်ချီများက ပျောက်ကွယ်သွားကာ ကုန်းမြေကြီးက ပျက်ဆီးသွားလိမ့်ပေမည်။
ထိုသတင်းကိုလူတိုင်းက ကြားလိုက်ရသောအခါ သူတို့က တိတ်ဆိတ်သွားကြသည်။
ရေခဲပြင်တွင် နယ်မြေနှလုံးသားပျောက်ကွယ်သွားပါက စိတ်ဝိဉာည်ချီမုန်တိုင်းက ပျောက်ကွယ်သွားလိမ့်မည်မှာအမှန်ပင်။
အေးစက်နေသော လေများကသာ လူတိုင်း၏ ခန္ဓာကိုယ်ကို ရေခဲဓားသွားသဖွယ်တိုက်ခတ်နေတော့သည်။
ဟုန်ရင်က အနီရောင်ဝတ်ရုံဝတ်ဆင်ထားပြီး အစိမ်းရောင်ဖဲပြားကို သူမ၏ခါးတွင်ချည်နှောင်ထား၏။
လှံရှည်ကိုဆုပ်ကိုင်ထားကာ အေးစက် အထက်စီးဆန်သောအကြည့်များက သူမ မချိုးဖြတ်မနိုင်မချင်း မထွက်ခွာသွားမည်ဟန်ရသည်။
သူတို့က ဘေးအနားရှိ ဂိုဏ်းများကိုကြည့်ကာ မည်သူက ပူးပေါင်းမည်နည်းကို စောင့်ကြည့်နေကြသည်။
ထိုအခိုက် လင်းရုဖုန်းက အရင်ဆုံးထွက်လာ၏။
လေးနက်သောအမူအရာဖြင့် လက်သီးဆုပ်အရိုအသေပေး၍ ပြောလိုက်လေသည်။ “အလယ်ပိုင်းဒေသ လျို့ဝှက်ဓားဂိုဏ်းက တိမ်ဖီးနစ်အင်ပါယာနဲ့ပူးပေါင်းပြီး တိုင်းတပါးကမ္ဘာကရန်သူတွေကို ခုခံတိုက်ခိုက်ပါမယ်”
ခေါင်းဆောင်ယန်ကလည်း အနည်းငယ်မှင်သက်သွားသည်။ ထို့နောက် သူက တိုးတိုးတိတ်တိတ်ဆဲရေးလိုက်သည်။ “မြေခွေးအိုကြီး”
လင်းရုဖုန်းပြီးနောက် သူက လက်သီးဆုပ်အရိုအသေပေးကာ လေးနက်စွာဖြင့် “အလယ်ပိုင်းဒေသရဲ့ လျှို့ဝှက်တာအိုကျောင်းတော်က တိမ်ဖီးနစ်အင်ပါယာနဲ့ပူပေါင်းပြီး ပြင်ပရန်သူတွေကို ခုခံတိုက်ခိုက်ပါမယ်”
လျှို့ဝှက်ဓားဂိုဏ်းနှင့် လျှို့ဝှက်တာအိုကျောင်တော်။
ထိုနှစ်ခုက အလယ်ပိုင်းဒေသရှိ ဘီလူးကြီးနှစ်ကောင်ပင်။
၎င်းတို့က ထင်ရှားကျော်ကြားသော အဖွဲ့အစည်းများဖြစ်သည်။
ထိုဂိုဏ်းကြီးနှစ်ဂိုဏ်းက တိမ်ဖီးနစ်အင်ပါယာနှင့်ပူးပေါင်းချင်သည်ဟုဆိုသောကြောင့် အဖွဲ့အစည်းတိုင်း၏ ရင်ထဲတွင် ချိတုံချတုံဖြစ်လာတော့သည်။
သူတို့မပူးပေါင်းလျှင် တိမ်ဖီးနစ်အင်ပါယာအနိုင်ရရှိပါက အကျိုးအမြတ်သည်ကြီးမား၏။
သူတို့ပူးပေါင်းပြီး ကျရှုံးသွားပါက အဖြေတစ်ခုတည်းသာရှိ၏။
၎င်းက လုံးဝ သုတ်သင်ခံရခြင်းပင်။
ထိုဆုံးဖြတ်ချက်သည် ဂိုဏ်း သို့မဟုတ် အထက်တန်းလွှာများ၏ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်သည်။
သူတို့ မည်သို့ရွှေးချယ်ရမည်နည်း။
ဂိုဏ်းများ၏ အကြီးပိုင်းများကို အကျပ်ရိုက်နေစေတော့သည်။
ထိုအခိုက် သက်လက်ပိုင်းလူတစ်ဦးက လျှောက်ထွက်လာကာ အသံကြည်ကြည်ဖြင့် “အလယ်ပိုင်းဒေသရဲ့ မုမိသားစုက တိမ်ဖီးနစ်အင်ပါယာနဲ့အတူ ပူးပေါင်းပါမယ်” အလယ်ပိုင်းဒေသက မုမိသားစုဖြစ်၏။
၎င်းက အလယ်ပိုင်းဒေသ၏ အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပေသည်။
ထိုအခိုက် ထွက်ရပ်လာသော သက်လက်ပိုင်းလူကြီးက လက်ရှိ မုမိသားစု၏ ခေါင်းဆောင် မုဟေဲာကျောစ်းဖြစ်သည်။
နင်းချန်ရှင်းက မုဟေဲာကျောစ်းကိုကြည့်ကာ ညင်သာစွာမေးလိုက်သည်။ “သူက ဝမ်အာရဲ့အဖေလား”
ယဲ့ချိုးပိုင်က ပြုံးကာ ခေါင်းညိမ့်၏။
မုဝမ်အာက အလယ်ပိုင်းဒေသရှိ မုမိသားစု၏ မင်းသမီးလေးဖြစ်သည်။ ထိုအချက်က စံအိမ်တော်ရှိလူတိုင်း သိကြလေသည်။
လက်ရှိတွင် တိမ်ဖီးနစ်အင်ပါယာကို ပူးပေါင်းသော အဓိကအဖွဲ့အစည်းကြီးသုံးခုရှိနေပြီဖြစ်သည်။
ထိုအချိန်တွင် မုမိသားစုထပ်ပေါင်းခြင်းက အချို့အင်အာစုများ၏ စိတ်နှလုံးကိုဖိအားပေးလိုက်သော ကောက်ရိုးမျှင်တစ်ခုလိုဖြစ်သွားသည်။
အချို့သော ပထမတန်းစားအင်အားစုများက ရှေ့ထွက်ကာ တိမ်ဖီးနစ်အင်ပါယာကိုပူးပေါင်းလိုကြောင်းဖော်ပြကြသည်။
သူတို့က သူတို့တိုက်ပွဲတွင်ရှုံးလျှင်လဲ သေရမည့်တူတူဖြစ်ကာ မထူးတော့ဟု စိတ်ထဲတွင်တွေးနေကြသည်။
သူတို့က တိမ်ဖီးနစ်အင်ပါယာနှင့်အတူ တိုက်ပွဲသို့လိုက်ပါချင်ကြလိမ့်မည်။ အောင်မြင်သွားသောအခါတွင် တိမ်ဖီးနစ်အင်ပါယာကို ပထမဆုံးပူးပေါင်းသည့်အသုတ်က ပို၍အကျိုးအမြတ်များရရှိလိမ့်မည်။
သူတို့ဂိုဏ်း၏ အနာဂတ်က တိမ်ဖီးနစ်အင်ပါယာအပေါ်တွင် လောင်းကြေးထပ်ထားရပေသည်။
ဟုတ်ပေသည်၊ စောင့်ကြည့်နေသေးသော ဂိုဏ်းဂနများစွာရှိသေး၏။
ထို့နောက် ထိုလူစုက မြောက်ပိုင်းရေခဲပြင်များက ထွက်ခွာကြတော့သည်။
တိမ်ဖီးနစ်အင်ပါယာနှင့် တလှေတည်းစီးပူးပေါင်းရန်ရွှေးချယ်ခဲ့သော အဖွဲအစည်းများက နောင်ပိုင်းတွင် သူတို့က မည်သို့တိုးတက်အောင်ပြုလုပ်ရမည်ကို မူလက မေးချင်နေကြသည်။
ဟုန်ရင်က ပြော၏ “ကိုယ်ပိုင်အင်အားကိုအရင်တိုးတက်အောင်လုပ်ပြီးရင် ဆင့်ခေါ်မှာကိုစောင့်နေ”
ထို့နောက် သူတို့က ထွက်ခွာသွားတော့သည်။
ယဲ့ချိုးပိုင်က အပြေးကလေး ဟုန်ရင်၏ ပုခုံးကိုပုတ်ကာ ပြုံး၍ “ရှစ်မေ့၊ ဒါက ပထမခြေလှမ်းလို့ယူဆလို့ရတယ်နော်”
ကျိုထျန်းမျိုးနွယ်စု၏ထူးဆန်းနေသောအကြည့်အောက်တွင် ဟုန်ရင်က ပြုံး၍ ခေါင်းညိမ့်ပြသည်။ “ဒါတွေက ရှစ်ရှုံးနဲ့ ရှစ်တိတို့ကျေးဇူးကြောင့်ပါဘဲ”
“မိသားစုချင်းပြောစရာမလိုပါဘူး”
“မှန်တယ်”
ထိုမြင်ကွင်းကို ကျိုထျန်းမျိုးနွယ်စုက မြင်သော် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။
ယောက်ျားတစ်ဦးက သူတို့၏ဧကရီးကို ရင်းရင်းနှီးနှီး ကျောပုတ်ကာ ပြောသည်ကို တခါမှမမြင်ဖူးကြပေ။
ရှေးခတ်အချိန်တုန်းက ဧကရီအနားကပ်ချင်သည့်သူတိုင်း သူတို့၏လက်များဖြတ်ခံရလိမ့်မည်။
ကြည့်ရသည်မှာ ဧကရီက စံအိမ်တော်သို့ဝင်ရောက်ပြီးနောက် တကယ်ပင် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
ထို့နောက် ယဲ့ချိုးပိုင်နှင်အခြားသူများက စံအိမ်တော်သို့ပြန်ရန်ပြင်တော့သည်။
မြောက်ပိုင်းရေခဲပြင်တွင် ဖြစ်ခဲ့သော ဖြစ်ရပ်က ကုန်မြေကြီးတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။
စံအိမ်တော်၏ ဒုတိယတပည့်က တိမ်ဖီးနစ်ဧကရီပြန်လည်ဝင်စားသူဖြစ်၏။
ချန်းယွမ်နယ်ပယ်ဖြင့် အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူကို အသာကလေး ဖိချေသတ်ဖြတ်နိုင်လေသည်။
ထို့နောက် သူမက မြောက်ပိုင်းလွင်ပြင်မြို့အရှင်ပေ့ဖုန်းကို သတ်ဖြတ်ခဲ့ကာ သူ့အလောင်းကို တက်နင်းခဲ့သည်။ သူမက ရှေးခေတ်အခါက ကောင်းကင်ဘုံလမ်းကိုစိုးမိုးခြင်း၏ လျှို့ဝှက်ချက်ကို ထုတ်ဖော်ခဲ့၏။
၎င်းက လူတိုင်းကို ပို၍ ရှော့ရသွားစေသည်။
သူတို့၏ နယ်မြေထက် ပို၍ သန်မာသော လူများရှိသည့် အပြင်ဘက်နယ်မြေများရှိကြောင်း သိလိုက်ရသည်။
သူတို့က အနိမ့်ဆုံးနယ်မြေသာဖြစ်သည်။
အပြင်ဘယ်နယ်မြေရှိလူများက နယ်မြေနှလုံးသားအတွက် ဤနယ်မြေကိုလာရောက်လာကြပြီး တိမ်ဖီးနစ်အင်ပါယာအတွင်းရှိ အဖွဲ့အစည်းများဖြင့်တိုက်ခိုက်ကြတော့သည်။
နယ်မြေနှလုံးသားက လုယူခံရပါက သူတို့ကိုစောင့်ကြိုနေမှာက ဤနယ်မြေပင်။
ပျက်ဆီးခြင်းသာကျန်ရစ်တော့မည်ဖြစ်သည်။
“အရင်အချိန်တုန်းက တိမ်ဖီးနစ်အင်ပါယာနဲ့ အဖွဲ့အစည်းတွေပေါင်းပြီး ဖြစ်နိုင်သမျှစစ်ပွဲကိုစတင်ခဲ့တာလဲ မဆန်းဘူး”
“အရင်တုန်းက တိမ်ဖီးနစ်အင်ပါယာက အရမ်းအစွမ်းထက်ခဲ့တာ။ ပြီးတော့လဲ ကျွမ်းကျင်သူတွေက အဖွဲ့အစည်းတွေထဲမှာ မှိုလိုပေါက်နေတယ်။ သူတို့၏ ဂုဏ်သတင်းက ထိပ်ဆုံးကိုရောက်ခဲ့တာ”
“မြင့်မားတဲ့နယ်မြေကိုရောက်ချင်ရုံနဲ့ ကုန်မြေတိုက်ကြီးပေါ်က အင်အားစုအားလုံးကို စုစည်းဖို့မဖြစ်နိုင်ဘူး”
“မဆန်ပါဘူး…”
သို့သော်လည်း အပြင်ဘက်နယ်မြေက လူများက မကောင်းသောအကြံစည်များရှိနေသေးသည်။
နယ်မြေနှလုံးသားကို လုယူချင်နေသေး၏။
ကန္တာရဒေသ ပျက်ဆီးဆီး မဆီးဆီး သူတို့ကိစ္စမဟုတ်ပေ။
ထို့ကြောင့် ထိုသတင်းကိုကြားလိုက်ရသော အချို့အင်အားစုများက တိမ်ဖီးနစ်အင်ပါယာကို ပူးပေါင်းရန် ဆုံးဖြတ်ခဲ့ကြသည်။
သူတို့အကျိုးအမြတ်သာမက ဂိုဏ်း၏ အနာဂတ်အတွက်လည်း ဖြစ်ပေသည်။
တစ်စုံတစ်ဦးက နှာခေါင်းရှုံ့၏။ “အပြင်ဘက်နယ်မြေကလူတွေက နယ်မြေနှလုံးသားကိုလိုချင်တယ်ဆိုရင် ဘာလို့သူတို့နဲ့ မညှိကြည့်တာလဲ”
“နယ်မြေနှလုံးသားကို အခြေအနေပေါ်မူတည်ပြီး အထက်ကမ္ဘာကိုဒီအတိုင်းခေါ်သွားလို့မရဘူးလား”
“ဘာလို့ အသက်ပါပေးပြီး စစ်ပွဲတစ်ခုကို စတင်ရမှာလဲ”
အချိန်တစ်ခုအတွင်းတွင် ထိုသီအိုရီနှစ်ခုက ဒေသလေးခုကို ပျံ့နှံ့သွားတော့လေသည်။
သို့သော်လည်း တိမ်ဖီးနစ်အင်ပါယာပြန်လည်ထူထောင်မည်ကို မည်သူမှ မတားနိုင်ခဲ့ပေ။
ဟုန်ရင်က သိုင်းဧကရာဇ်နယ်ပယ်ကို ပြန်လည်မရောက်ရှိသေးသော်လည်း ချန်းယွမ်နယ်ပယ်ဖြင့် အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူကို သတ်ဖြတ်နိုင်၏။
သူမ၏ အဖွဲ့သားများဖြစ်သော တစ်ချိန်တစ်ခါက တိမ်ဖီးနစ်အင်ပါယာတစ်ဝက်ကျော်ကို ကြီးစိုးခဲ့ဖူးသည့် နာမည်ကျော်ကြားသည့် ကျိုထျန်းမျိူးနွယ်စုကလည်း ပြန်ပေါ်လာခဲ့သည်။
ထိုသူတို့ ကိုးဦးစလုံးက အာကာသနတ်ဘုရားနယ်ပယ်များဖြစ်ကြပေသည်။
ကျိုထျန်းမျိုးနွယ်စုခေါင်းဆောင်က အာကာသနတ်ဘုရားနယ်ပယ် အလယ်အလတ်အဆင့်ကိုရောက်နေပြီဖြစ်သည်။
ထိုလူစုဖြင့် မည်သူက တိမ်ဖီးနစ်အင်ပါယာပြန်လည်ထူထောင်ခြင်းကို တားရဲမည်နည်း။
မည်သူက ခုန်ထွက်ကာ ဆန့်ကျင်ရဲသနည်း။
အနည်းဆုံးတော့ မည်သူကမှ ပေါ်ပေါ်ထင်ထင်ဆန့်ကျင်ရဲမည်မဟုတ်ပေ။
ဆွေးနွေးမှု့၏ ခေါင်းစည်းက ဟုန်ရင်သာဖြစ်ပေသည်။
ယခု သူမက ယဲ့ချိုးပိုင်တို့နှင့်အတူ စံအိမ်တော်သို့ပြန်ရောက်နေပြီဖြစ်သည်။
“ရှစ်စွင်း”
သူတို့လေးယောက်က လုချန်ရှန်းရှေ့တွင် တရိုတသေရပ်နေကြသည်။
လုချန်ရှန်းက နှုတ်ခမ်းကို တွန့်လိုက်ကာ အထင်သေးသည့်ဟန်နှင့် “မင်းတို့ ပြဿနာရှာပြီး ပြန်လာပြီလား”
ယဲ့ချိုးပိုင်:”…”
ဟုန်ရင်:…
ရှောင်ဟေး:…
နင်းချန်ရှင်း:…
“ဒါပေမဲ့ ဒီတချိန်တော်တော်တိုးတက်လာတယ်ပြောရမယ်။ အနည်းဆုံးတော့ ငါဘာမှမလုပ်လိုက်ရဘူးလေ”
လုချန်ရှန်းက ခေါင်းညိမ့်ရင်း ၎င်းကို အလေးအနက်ပြောလိုက်လေသည်။
ရှစ်ရှန်းဘေးရှိ ချင်းထျန်းနျန်က မျက်နှာကို လက်ဖြင့်အုပ်ထားလိုက်သည်။
သူ့လက်အောက်ရှိ မျက်နှာကတော့ အိုးမဲသကဲ့သို့ မဲနက်လေချေပြီ။
ရှစ်ရှန်းက အပြစ်ကင်းစွာပြောလိုက်လေသည်။ “ရှစ်စွင်း၊ ဒီစကားမှာ ပိုနက်နဲတဲ့ အဓိပ္ပါယ်တွေရှိတယ်မလား”
ချင်းထျန်းနျန် ”… ဘာနက်နဲတဲ့အဓိပ္ပါယ်မှမရှိဘူး။ သူ အပျင်းတစ်နေတာ”
ရှစ်ရှန်း:”???”
ချင်းထျန်းနျန်က ရှစ်ရှန်းခေါင်းကိုပုတ်ကာ သနားနေသောလေသံဖြင့် “ရှစ်ရှန်း၊ မင်းရှစ်စွင်းရဲ့အပြုအမူတွေနဲ့ နောင်ကျရင် ရင်းနှီးသွားမှာပါ”
လုချန်ရှန်း၏လေသံက ထွက်ပေါ်လာသည်။
“ဦးလေးချင်၊ ဒီလို ကျွန်တော့်အကြောင်း မဟုတ်မမှန်တာတွေပြောနေမယ်ဆို နောက်မကူညီတော့ဘူးနော်”
မဟုတ်မမှန်တာ၊ ဒါက အမှန်ဘဲဟာကို။
ယဲ့ချိုးပိုင်နှင်အခြားသူများကလည်း သူတို့၏ မျက်နှာကို လက်နဲ့အုပ်ထားကြသည်။
သူတို့အားလုံးမူးနေကြပြီ။