သူတို့ရှေ့ရှိ အမျိုးသမီးက တိမ်ဖီးနစ်ဧကရီဖြစ်၏။
ထိုသတင်းက လူတိုင်းကို ရှော့ရသွားစေသည်။
သူမက ရှေးခေတ်အချိန်က နောက်ဆုံးသော ဧကရီအရှင်မဖြစ်သည်။
ယခု သူမသည် ဤကမ္ဘာတွင် ပြန်လည်မွေးဖွားလာသောအခါတွင်လည်း သူမက ဧကရီတစ်ပါး၏ ထက်မြက်မှုဖြင့် တောက်ပနေဆဲပင်။
သူမက ချန်းယွမ်နယ်ပယ်ဖြင့် အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူကို သတ်ဖြတ်နိုင်သည်။
ယခု ဧကရာဇ်ချီကထွက်ပေါ်လာသောအခါ ပို၍ပင် စိုးမိုးကာ အံ့သြထိတ်လန့်စရာ ဖြစ်ခဲ့သည်။
သူမက ပေ့ဖုန်းအား ခွေးလေခွေးလွင့်တစ်ကောင်လိုတက်နင်းထား၏။
သူမက သူမ၏ သရုပ်မှန်ကိုဖော်ထုတ်လိုက်ကာ တိမ်ဖီးနစ်အင်ပါယာကို ပြန်လည်ထူထောင်လိုသည်ကို မကျေနပ်သည့်လူများ ထွက်လာခဲ့ရန် မေးလိုက်သည်။
သို့သော်လည်း ဟုန်ရင်၏ ခွန်အားကို မျက်မြင်တွေ့လိုက်သောအခါ မည်သူက ထွက်လာရဲဦးမည်နည်း။
အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူပင် သူမကို သတ်ရန်မဖြစ်နိုင်ပေ။
ထိုအခိုက်တွင် လူတိုင်းက နားလည်းသဘောပေါက်သွားကြသည်။
သူမက အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူကို သတ်နိုင်သည်မှာ မဆန်းပေ။
ကျင့်ကြံခြင်းများဆုံးရှုံးကာ ခွေးသေကောင်တစ်ကောင်ကဲ့သို့ ဟုန်ရင်၏ ခြေထောက်အောက်တွင် လဲကျနေသော ပေ့ဖုန်းက သူမ၏ စကားများကိုကြားလိုက်ရသောအခါ မျက်နှာဖြူဖျော့သွားလေသည်။
ဟုန်ရင်ထိတွင် ထို့သို့ကြောက်မက်ဖွယ် ကောင်းသောခွန်အားရှိသည်မှာ မဆန်းတော့ပေ။
သူက တိမ်ဖီးနစ်အင်ပါယာကို တိမ်ဖီးနစ်ဧကရီ၏ရှေ့တွင် အထင်တသေးပြုမူခဲ့သေးသည်။
ထို့ပြင် ဂိုဏ်းအများအပြားကို စည်းရုံးကာ တိမ်ဖီးနစ်အင်ပါယာပြန်လည်တည်ဆောက်ခြင်းကို ဆန့်ကျင်ခဲ့၏။
၎င်းက သေကြောင်းကြံစည်နေခြင်းပင်မဟုတ်လော။
“အရှင် ဧကရီဘုရင်မ၊ ကျွန်တော်မျိုးက…”
ပေ့ဖုန်းက တခုခုပြောရန်ပြင်စဥ် ပြန်လည်မွေးဖွားခြင်းစိတ်စွမ်းအားက သူမ ခန္ဓာကိုယ်မှ ထိုးထွက်လာတော့သည်။
ပေ့ဖုန်းက ပြာအဖြစ်ပြောင်းလဲသွားပြီး လေထဲသို့ လွင့်သွားတော့လေသည်။
သူမက ပေ့ဖုန်းကို စကားဆုံးအောင်ပင် ပြောခွင့်မပေးခဲ့ပေ။
သူမကို ဒေါသထွက်စေကတည်းက သူ့ကို အသက်ရှင်ခွင့်ပေးတော့မည်မဟုတ်။
ဟုန်ရင်က ပြန်လည်မွေးဖွားခြင်းလှံကိုဆွဲနှုတ်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
ဧကရီအရှိုန်အဝါက ထွက်ပေါ်လာ၏။
“သဘောမတူတဲ့သူရှိရင် ရှေ့ထွက်ခဲ့စမ်း”
ယခင်စကားအတိုင်းပြန်ပြောပြန်သည်။
ဟုန်ရင်စကားဆုံးသည်နှင့် လူကိုးဦးက ရုတ်တရက် သူမနောက်မှ ထွက်ပေါ်လာသည်။
သူတို့က ဒူးတဖက်ထောက်ကာ စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်၏။ “ကြိုဆိုပါတယ် အရှင်မ”
သူတို့က ဧကရီပြန်လည်မွေးဖွားလာခြင်းကို ကြိုဆိုနေကြခြင်းပင်။
သူတို့က ဧကရီ ဤကုန်းမြေကြီးတွင် ပြန်လည်မွေးဖွားလာသည်ကို စောင်နေကြခြင်းဖြစ်သည်။
နှစ်ပေါင်း တစ်သန်းပင် ကြာမြှင့်ခဲ့ချေပြီ။
ဟုန်ရင်က သူမ၏ ကိုးကြိမ်မြောက် ပြန်လည်ဝင်စားခြင်းကို နောက်ဆုံး၌ အောင်မြင်ခဲ့ပြီးဖြစ်ကာ ကန္တာရဒေသကိုပြန်လည်ရောက်ရှိလာပြီဖြစ်၏။
ထိုလူကိုးဦးက ကျိုထျန်းမျိုးနွယ်စုက ဖြစ်လေသည်။
ထိုသူကိုးဦးက အာကာသနတ်ဘုရားနယ်ပယ်ကျင့်ကြံသူများဖြစ်၏။
ထိုသူများကိုဦးဆောင်လာသူမှာ ကျိုထျန်းမျိုးနွယ်စု၏ ခေါင်းဆောင် ယွင်ကျန့်ဖြစ်ပေသည်။ သူက အာကာသနတ်ဘုရားနယ်ပယ် အလယ်အလတ်အဆင့်တွင်ရှိနေသည်။
ထိုလူကိုးဦးကိုကြည့်ကာ လူတိုင်းက ရှော့ရသွားသည်။
အာကာသနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ ကိုးဦး။
ထိုလူအုပ်စုက ကုန်းမြေကြီးရှိ မည်သည့်ဂိုဏ်းကိုမဆို သုတ်သင်ရှင်းလင်းနိုင်သည်။
၎င်းက တိမ်ဖီးနစ်အင်ပါယာ၏ အခြေခံအုစ်မြစ်လော။
၎င်းက နောက်ဆုံးသော အင်ပါယာ၏ ခွန်အားလော။
ထိုအစုအဝေးကိုမြင်လိုက်ရသောအခါ သူတို့က အဘယ်သို့ ရှေ့ထွက်ကာ ငြင်းဆိုရဲတော့မည်နည်း။
လက်မခံလိုသောသူများပင်လျှင် သည်းခံနေရသည်။
သည်းမခံလိုပါက သေလမ်းတစ်လမ်းသာရှိပေမည်။
ယဲ့ချိုးပိုင်နှင့်အခြားသူများက ၎င်းကိုမြင်သော် တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ပြုံးလိုက်၏။ သို့သော် သူတို့က ရှေ့ကို ထွက်မလာပေ။
ဤအချိန်က ဟုန်ရင်၏ အိမ်ကွင်းဖြစ်သည်။
ဧကရီတစ်ပါးအနေနှင့် ဟုန်ရင်၏ လူအများစိတ်နှလုံးကို ထိန်းချုပ်နိုင်မှု့က ပြည့်စုံ၏။
ယခင်က သူမက မလှုပ်ရှားခဲ့သလို သရုပ်မှန်ကိုလည်း ဖော်မပြခဲ့ပေ။ ပထမဆုံးက မလိုအပ်၍ဖြစ်သည်။
ဒုတိယကတော့ အရေးအကြီးဆုံးအကြောင်းပြချက်ဖြစ်သည်။
၎င်းက အချိန်မတန်သေး၍ဖြစ်သည်။ သူမသာ သူမသရုပ်မှန်ကို ဖော်ပြလိုက်ပါက လူအများက ရှေ့ထွက်လာကာ ငြင်းဆိုကြသူများ ရှိလာလိမ့်မည်။
ကန့်ကွက်သူရှိလာပါက လူအများ၏ ရင်ထဲတွင် ခုခံလိုစိတ်များထိုးထွက်လာလိမ့်မည်ပင်။
ထိုသို့ဖြစ်လာပြီး သူတို့ကို အတင်းအကျပ်ဖိအားပေးပါက မကျေနပ်ဖြစ်မှု့များ သူတို့ထံတွင်ကျန်နေဦးလိမ့်မည်။
သက်ရောက်မှု့က ကောင်းမည်မဟုတ်ပေ။
ယခု သူမ၏ သရုပ်မှန်ကို ဖော်ပြလိုက်သောအခါ ဟုန်ရင်က တိမ်ဖီးနစ်ဧကရီမှန်း အခြားသူများက သိရှိသွားကြပေသည်။
ထိုအခိုက် မည်သူကမှ သူမကို မဆန့်ကျင်ရဲတော့ပေ။
သူမ၏ ဂုဏ်သတင်းက လူတိုင်း၏ရင်ထဲတွင် အမြစ်တွယ်နေခဲ့ပြီဖြစ်သည်။
ထိုနည်းလမ်းဖြင့် တိမ်ဖီးနစ်အင်ပါယာပြန်လည်တည်ထောင်ရာတွင် ဆန့်ကျင်မည့်သူ အနည်းငယ်သာကျန်တော့မည်ဖြစ်သည်။
ထို့နောက် သူမက နယ်မြေနှလုံးသားကိုအရယူကာ သူမ၏ ရည်မှန်းချက်ကို အောင်မြင်အောင်လုပ်မည်ပင်။
လင်းရုဖုန်းက ပြုံးကာ ပြောသည်။ “ရှေးခေတ်အချိန်က ကျွမ်းကျင်သူတွေက တိမ်တွေလိုပေါပေါပဲပဲဘဲ။ ဒီအချက်ကြောင့်ဘဲ တိမ်ဖီးနစ်အင်ပါယာက ဒီကုန်းမြေကြီးကို အကြွင်းမဲ့အုပ်စိုးနိုင်ခဲ့တာ”
ခေါင်းဆောင်ယန်က သဘောတူကြောင်းခေါင်းညိမ့်၏။
ထို နည်းလမ်းက ရိုးရှင်းသော်လည်း အကောင်အထည်ဖော်ရန် အလွန်ခက်ခဲ၏။
ဟုန်ရင်က ဘေးပတ်လည်းကို ကြည့်လိုက်၏။ မည်သူကမှ ထွက်မလာသောကြောင့် သူမ၏ အကြည့်ကို ရုတ်သိမ်းလိုက်သည်။
ထိုအခိုက် ဧကရာဇ်အရှိုန်အဝါက တဖြေးဖြေးပျောက်ကွယ်သွားသည်။
သူမက နယ်မြေနှလုံးသားကို ကြည့်လိုက်သည်။
၎င်းက မျက်စိကြိမ်းစဖွယ် အလင်းများဖြင့်တောက်ပနေသေးသည်။
စိတ်ဝိဉာည်ချီအမြောက်အမြားက နယ်မြေနှလုံးသားတွင် စုဝေးနေသည်။
ထိုနောက် သူမက ရှေ့သို့လျှောက်လာခဲ့သည်။
ကျောက်စိမ်းသဏ္ဍန်လက်ကလေးကို ဆန့်ထုတ်ကာ စိတ်ဝိဉာည်ချီများထုတ်လွှတ်ကာ နယ်မြေနှလုံးသားကို ဝန်းရံလိုက်သည်။
သူမက ၎င်းကို သိမ်းယူချင်နေသည်။
ထိုမြင်ကွင်းကို လူတိုင်းက လောဘတကြီးမျက်ဝန်းများဖြင့် ကြည့်နေကြသည်။
သို့သော်လည်း မည်သူတစ်ဦးတစ်ယောက်ကမှ ရှေ့ထွက်မလာရဲကြပေ။
တဖက်တွင်မူ အာကာသနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ ဆယ့်တစ်ဦးရှိနေလေသည်။ သူတို့က ထိုလူတစ်စုကို မည်သို့ယှဥ်နိုင်မည်နည်း။
သူတို့က ဟုန်ရင် နောက်ထပ်လုပ်မည့်အရာကိုသာကြည့်ကြ၏။
စိတ်ဝိဉာည်ချီများဝန်းရံနေသော နယ်မြေနှလုံးသားက ဟုန်ရင်၏ ဆွဲယူမှု့ကို ခံစားနေရပုံပေါ်သည်။
အကောင်းဆုံးရွှေးချယ်ခံလူက ယခင်အချိန်တုန်းက အမျိုးသားတစ်ဦးဖြစ်ခဲ့သော်လည်း တဖက်က ရှင်းရှင်းလင်းလင်းပင် အထင်သေးနေခဲ့သည်။
ယခုတော့ နယ်မြေနှလုံးသားက သူ့ရှေ့ရှိ အမျိုးသမီးကိုသာ ရွှေးချယ်ရန်သာရှိသည်။
အနှောက်အယှက်များမရှိပေ။
နယ်မြေနှလုံးသားက ဟုန်ရင်၏ တန်းထျန်အတွင်းသို့ ဝင်ရောက်သွာ၏။
အသည်းအသန်တိုက်ခိုက်ယူနေရသော နတ်ဘုရားပစ္စည်းက ထိုအတိုင်းအဆုံးသတ်သွားလေသည်။
လူတိုင်းက သက်ပြင်းသာချလိုက်ကြသည်။
သူတို့ ထိုမြင်ကွင်းကိုသာကြည့်ရင်း မည်သည်မှ မလုပ်နိုင်ကြတော့ပေ။
ယဲ့ချိုးပိုင်တို့က မကန့်ကွက်ပေ။
သူတို့က မိသားစုတစ်စုသာဖြစ်လေသည်။
ဘယ်သူယူယူ သူတို့က ကိစ္စမရှိချေ။
ဟုန်ရင်က နယ်မြေနှလုံးသားကို ယူသွားပြီးနောက် သူမက လူတိုင်းကို လိုက်ကြည့်လိုက်သည်။ သူမက ကြည်လင်သောအသံဖြင့် “ရှင်တို့ ဒါက ဘာပစ္စည်းလဲဆိုတာ သိကြလား”
ဟုန်ရင်၏ မေးခွန်းကိုကြားသောအခါ လူတိုင်းက တခဏတာကြောင်အသွားပြီး ခေါင်းအသာခါရမ်းလိုက်သည်။
“ဒါက နယ်မြေနှလုံးသားဘဲ။ ဒါက ကျွန်မတို့ရဲ့ နယ်မြေရဲ့ နှလုံးသားဘဲ”
“ဘာကြောင့် ကျွန်မက ကောင်းကင်ဘုံလမ်းမှာ တိုက််ခိုက်ခဲ့တာလဲဆိုတာရော သိလား”
ကောင်းကင်ဘုံလမ်းကို ကြီးစိုးခြင်းက ဤနယ်ပယ်သည် ဆုတ်ယုတ်ခြင်း၏အစလည်းဖြစ်သည်။
ဟုန်ရင်က ကောင်းကင်သို့မော့ကြည့်လိုက်သည်။
သူမအကြည့်က ထိုနယ်မြေထက် ကျော်လွန်နေသည်။
သူမ လေသံက တိတ်ဆိတ်နေသည်။
“ကျွန်မတို့ နယ်မြေက စကြဝဋာကြီးထဲမှာဆို သမုဒ္ဒရာထဲက ရေတစ်စက်ဘဲ”
“ဒီနယ်မြေက အနိမ့်ဆုံးနယ်မြေဘဲ။ စိတ်ဝိဉာည်ချီလည်း ပါးလွှာတယ်”
“သိုင်းဧကရာဇ်နယ်ပယ်ရောက်တာက ဂိတ်ဆုံးဘဲ”
“အရင်တုန်းက သိုင်းကျင့်ကြံသူတွေက ပိုတိုးတက်အောင် ထာဝရအသက်ရှည်အောင်လို့ဆိုပြီး ဒီနယ်မြေမှ ထွက်ကာ ထွက်ပြီး ဒီထက်ပိုမြင့်တဲ့နေရာတွေကို ထွက်သွားကြတယ်”
အချို့သော အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူများက ၎င်းလျို့ဝှက်ချက်ကို သိနေသည်။
ကန္တာရဒေသက အဆင့်နိမ့်ဒေသတစ်ခုသာဖြစ်လေသည်။
သို့သော်လည်း လူငယ်မျိုးဆက်က ၎င်းအကြောင်းကို မသိရှိကြတော့ပေ။
သူတို့က ကုန်းမြေတိုက်ကြီးသည်သာ အရာအားလုံးဟုသာ သိကြလေသည်။
ဒီနယ်မြေ၏အပြင်ဘက်တွင် မည်သည်မှမရှိဟု ထင်ကြသည်။
၎င်းတို့က ရေတွင်းထဲရှိ ဖားသူငယ်လိုပင်။
“အရင်တုန်းက ကောင်းကင်ဘုံလမ်းမှား တိုက်ခိုက်တုန်းက ကျွန်မမှာ ရည်ရွယ်ချက်နှစ်ခုရှိခဲ့တယ်”
“ပထမအချက်က အထက်နယ်မြေကိုသွားဖို့နဲ့ ထာဝရအသက်ရချင်လို့”
“ဒုတိယတစ်ခုက အပြင်ဘက်နယ်မြေတွေက လူတွေနဲ့ ပူးပေါင်းကြံစည်တာဘဲ”
ပူးပေါင်းကြံစည်မှု့။
သူတို့က နယ်မြေနှလုံးသားအကြောင်းကိုတွေးမိလိုက်သည်။
ထို့နောက် ဟုန်ရင် ယခင်ကပြောသည်များကို ပြန်လည်တွေးမိသောအခါ လူအချို့က ပူးပေါင်းကြံစည်မှု့ကို ခပ်ရေးရေးခန့်မှန်းမိနေသည်။
“သူတို့က နယ်မြေနှလုံးသားကို အပိုင်စီးချင်နေတာဘဲ”
“ဒီနယ်မြေနှလုံးသားက ဒီနယ်မြေရဲ့ နှလုံးသားဘဲ။ နှလုံးသားသာ ခိုးယူခံလိုက်ရမယ်ဆိုရင် ဒီနယ်မြေကတော့ ပျက်ဆီးပြီသာမှတ်တော့”
“ဒါကြောင့် ကောင်းကင်ဘုံလမ်းမှာ တိုက်ခိုက်ရတာက ကျွန်မတစ်ဦးတစ်ယောက်တည်းအတွက်မဟုတ်ဘဲ ဒီနယ်မြေကို မြင့်မားတဲ့နယ်မြေတစ်ခုဖြစ်အောင် တွန်းတင်ပေးဖို့ဘဲ”
“ဒီနယ်မြေကို ကာကွယ်နေတာဆိုလဲ ဟုတ်တယ်”
ဟုန်ရင်က လူတိုင်းကိုကြည့်ကာ အလေးအနက်လေသံဖြင့်ပြောလိုက်လေသည်။
“အဲ့အချိန်ရောက်သွားရင် ဒီကုန်းမြေကြီးမှာ စိတ်ဝိဉာည်ချီဆိုတာ ရှိတော့မှာမဟုတ်ဘူး”
“ရှင်တို့အားလုံးသေကုန်ကြလိမ့်မယ်”
“ဒီလိုဖြစ်ကုန်မှာကို လက်ပိုက်ကြည့်နေကြမှာလား”
“သူတို့မတိုက်ရင် အသက်ရှင်သန်နိုင်ဖို့ အခွင့်ရေးကျန်ဦးမှာလား”
ထိုသို့ပြောသောအခါ လူတိုင်းက နားလည်ကြ၏။
ဘာကြောင့် တိမ်ဖီးနစ်အင်ပါယာက ရှိသမျှအင်အားကုန်သုံးရသနည်း။
ထိုအချိန်တွင် ဂိုဏ်းများနှင့် အဖွဲ့အစည်းများက တိမ်ဖီးနစ်အင်ပါယာနောက်သို့လိုက်ကာ ကမ္ဘာ့စစ်ကြီးတစ်ခုကို စတင်ကြရလိမ့်မည်။
သူတို့ပြန်မတိုက်ပါက လူမျိုးတုံးသွားပေလိမ့်မည်ပင်။
ပြန်လည်တိုက်ခိုက်မှသာ အသက်ရှင်သန်နိုင်ဖို့ အခွင့်ရေးရပေလိမ့်မည်။
ဟုန်ရင်က ကျယ်လောင်စွာ ပြောလိုက်သည်။ “တဖက်လူက ပူးပေါင်းကြံစည်မှု့ကို လက်မလျှော့ဘူးဆိုရင်။ ဒီနယ်မြေဆီကို သိပ်မကြာခင် ပြန်ရောက်လာပြီး နယ်မြေနှလုံးသားကို ပြန်ခိုးယူကြဦးမှာဘဲ”
“ကျွန်မ ပြန်လည်မွေးဖွားရတဲ့ရည်ရွယ်ချက်က တိမ်ဖီးနစ်အင်ပါယာပြန်ထူထောင်ပြီး ပြန်တိုက်ဖို့ဘဲ”
“ရှင်တို့အားလုံးက ကံကြမ္မာကိုရင်ဆိုင်ပြီး သေကြေပျက်ဆီးဖို့ကို လက်ခံမလား”
“ဒါမှမဟုတ် ကျွန်မနောက်ကိုလိုက်ပြီး ဒီနယ်မြေကိုကာကွယ်ပြီး ထာဝရရှင်သန်ခြင်းကို ရအောင်လုပ်မလား”