တိုက်ပွဲက စတင်နေပြီဖြစ်သည်။
မြောက်ပိုင်းလွင်ပြင်မြို့ဘက်တွင် ကုန်မြေတိုက်ကြီးရှိ ထိပ်တန်း အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူများက ရှိနေသည်။
ထိုထက် ကြောက်မက်ဖွယ်ရာကောင်းသည်က ဗုဒ္ဓဂိုဏ်းတော်၏ ဖုန်းကွယ်ထားသော အင်အားက အမှန်ပင်နက်ရှိုင်းလေသည်။
သူတို့က အမှန်ပင် အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူသုံးဦးကို တိုက်ပွဲအတွက်စုစည်းနိုင်ခဲ့သည်။
အပြင်ပန်းအားဖြင့် ဂိုဏ်းတစ်ခုက အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူသုံးဦးရှိလေသည်။ ၎င်းက မည်သည့်အယူအဆနည်း။
စံအိမ်တော်ဘက်တွင် ခေါင်းဆောင်ယန်နှင့် လျို့ဝှက်ဓားဂိုဏ်းက လင်းရုဖုန်းသာရှိသည်။
ရှောင်ဟေးကိုပါ ထည့်တွက်၍ရသည်။ မည်သို့ဖြစ်စေ လူတိုင်းက ရှောင်ဟေးသည် အာကာသနတ်ဘုရားနယ်ပယ် မှော်သားရဲနှစ်ကောင်ကိုသတ်လိုက်ခြင်းကို မြင်တွေ့ထားရသည်ဖြစ်သည်။
သို့သော်လည်း သူတို့တွင် အာကာသနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူသုံးဦးသာရှိသည်။
သူတို့၏ရန်သူက ခြောက်ဦးရှိနေသည်။
အင်အားကွာခြားမှု့က အလွန်ကြီးမားသည်။
၎င်းကြောင့်ပင် လူတိုင်းက စံအိမ်တော်ကို အထင်သေးနေကြခြင်းဖြစ်သည်။
ဟုန်ရင်က ပြန်လည်မွေးဖွားခြင်းလှံတံကိုကိုင်ဆွဲထားသည်။ ရေခဲပြင်ဖြူဖြူအလယ်တွင် သူမ၏ အနီရောင်ဝတ်စုံက တလွင့်လွင့်ရှိနေသည်။
လေအေးများက တိုက်ခတ်နေ၏။
သူမလက်ထဲရှိ လှံတံက ပြန်လည်မွေးဖွားခြင်းစိတ်စွမ်းအင်များဝန်းရံနေသည်။
လှံထိပ်တွင် မီးမြွေများက လျှာပြုတစ်ပြုတစ်နှင့်ရှိနေလေသည်။
သူမ၏ အရှိုန်အဝါက ကြောက်မက်ဖွယ်ကောင်းအောင်ပင်။
မရဏမြစ်ဂိုဏ်း၏ မဟာအကြီးအကဲ မင်အောင်းက တောင်ဝှေးတစ်ချောင်းကို ကိုင်ထားသည်။ တောင်ဝှေးပတ်လည်တွင် မြေအောက်မြစ်တစ်စင်းခပ်မှိန်မှိန်စီးဆင်းနေသည်ကို မြင်နေရသည်။
ထိုမြေအောက်မြစ်အတွင်းတွင် မကောင်းသောအရှိုန်အဝါများပါဝင်နေသည်။
၎င်းက လူများကို ကြောက်လန့်စေနိုင်သည်။
မရဏမြစ်ဂိုဏ်းက မရဏလောကိုယ်စားပြု၍ ဤဿမ္ဘာသို့လာရောက်ကာ ဝိဉာည်များကိုလာရောက်စုဆောင်းခြင်းဖြစ်သည်။
မင်အောင်းက လှံတံကို လက်နှစ်ဖက်ဖြင့်ကိုင်ဆွဲကာ သူ့ထံသို့ပြေးဝင်လာသော ဟုန်ရင်ကိုကြည့်နေသည်။
သူအကြည့်က တည်ငြိမ်၏။
တဖက်လူက ချန်းယွမ်နယ်ပယ်ရှိ အငယ်တစ်ဦးသာဖြစ်လေသည်။
သူကို့ ဘယ်လိုလုပ်၍ ခြိမ်းခြောက်နိုင်ပါမလဲ။
မင်အောင်းက လယ်သမားအိုကြီးတစ်ဦးလို သူ၏နှုတ်ခမ်းများက ခြောက်သွေ့တုန်ယင်နေသည်။
သူ့မျက်လုံးများက နက်ရှိုင်းနေကာ နက်မှောင်သော သူငယ်အိမ်တွင် ဖော်မပြနိုင်သော အမူအရာများဖြင့်ပြည့်နေသည်။
“စံအိမ်တော်ရဲ့တပည့်တွေက သူတို့ရဲ့ ဂုဏ်သတင်းနဲ့ကိုက်ညီအောင်နေကြတယ်”
“ဒါပေမဲ့ သူတော့ မရင့်ကျက်သေးဘူး”
မင်အောင်းက စကားဆုံးသည်နှင့် သူက တောင်ဝှေးကို ညင်သာစွာဝှေ့ရမ်းလိုက်သည်။ ထို့နောက် မြေအောက်မြစ်တစ်ခုက တောင်ဝှေးအနားတွင်ပေါ်ပေါက်လာတော့သည်။
ထိုအခိုက် မရဏမြစ်က ဟုန်ရင်ထံသို့ တိုးဝင်သွားသည်။
ထိုအခိုက် မကောင်းဆိုးဝါးဆန်သည့်အေးသက်သောအရှိုန်အဝါများနှင့်အတူ မြောက်ပိုင်းရေခဲပြင်၏ အအေးဓာတ်က အလွန်ကအေးနေပြီဖြစ်၏။
မြောက်ပိုင်းရေခဲပြင်၏ အအေးဓာတ်က အရိုးခိုက်အောင်အေးပါက မကောင်းဆိုးဝါးဆန်သည့် အေးစက်စက်အရှိုန်အဝါသည် လူတိုင်း၏ ဝိဉာည်ကိုပါထိုးဖောက်အောင်အေးစက်သွားစေ၏။
ဟုန်ရင်၏ အမူအရာက မပြောင်း။
မရဏမြစ်၏အရှိုန်အဝါက လှိုင်းလုံးကြီးသဖွယ်တလိမ့်လိမ့်တက်လာ၏။
ပြန်လည်ဝင်စားခြင်းစိတ်စွမ်းအားက ဟုန်ရင်၏ အနားတွင် မြို့တံတိုင်းတစ်ခုသဖွယ်ပေါ်လာသည်။
၎င်းက မရဏမြစ်အရှိုန်အဝါနှင့် အပြင်ဘက်ကို ပိုင်းခြားထားလိုက်သည်။
၎င်းကိုမြင်သော် မင်အောင်းက အသာကလေးခေါင်းညိမ့်ကာ “ချန်းယွမ်နယ်ပယ်လေးနဲ့ မရဏမြစ်အရှိုန်အဝါကို ခုခံနိုင်တာက တကယ်ကိုမဆိုးဘူး”
“ငါတို့သာ ရန်သူတွေမဟုတ်ရင် ငါ့တပည့်အဖြစ်မင်းကိုခေါ်သွားလောက်ပြီ”
ဟုန်ရင်ကို တပည့်အဖြစ်လက်ခံမယ်။
ဟုန်ရင်က တိတ်ဆိတ်နေသော်လည်း သူမ၏အထင်သေးသည့်အမူရာက အလွန်သိသာနေသည်။
မင်အောင်းက မဲမှောင်သောအမူအာဖြင့်ပြောလိုက်လေသည်။ “ဘာလို့လဲ၊ ငါက မင်းဆရာဖြစ်ဖို့ မတန်လို့လား”
“ဘယ်လိုလုပ် ခင်ဗျားက ယှဥ်နိုင်မှာလဲ”
ယဲ့ချိုးပိုင်က ဓားနယ်မြေကိုထုတ်လွှတ်ထားကာ အသူရာတစ္တေပုံရိပ်ထုတ်လွှတ်ထားသော ဗုဒ္ဓဂိုဏ်းက ဘုန်းကြီးအိုကြီးနှင့်ရင်ဆိုင်နေသည်။
သူက ကျယ်လောင်စွာရယ်၍ ပြောလိုက်သည်။ “ခင်ဗျားပါးစပ်က ရှစ်စွင်းကို ပြောဖို့တောင် မထိုက်တန်ဘူး”
အာကာသနတ်ဘုရားနယ်ပယ်ကသူများကို လက်လေးတစ်ချောင်းဖြင့်သတ်နိုင်သော လုချန်ရှန်း၏ ခွန်အားက ပြောပြ၍မရနိုင်လောက်အောင်ပင်။
မင်အောင်းက အာကာသနတ်ဘုရားနယ်ပယ် စဦးအဆင့်သာရှိသေးသည်။ ဘယ်လိုကြောင့် သူတို့ဆရာနှင့်ယှဥ်နိုင်မည်နည်း။
ဟုန်ရင်က ဘာမှမပြော။ သို့သော် သူမအမူအရာက ယဲ့ချိုးပိုင်၏ စကားကို ထောက်ခံနေသည်။
မင်အောင်းက နာမှုတ်လိုက်သည်။ “အရှက်မရှိရှောက်ပြောနေတယ်”
သယက တောင်ဝှေးကို ယမ်းလိုက်သောအခါ မရဏမြစ်၏ အရှိုန်အဝါက ထိုးတက်လာသည်။
နေရာစုံမှ အဟုန်ဖြင့် ဟုန်ရင်ထံသို့ တိုးဝင်လာသည်။
ပြန်လည်မွေးဖွားခြင်းလှံတံဖြင့် ဟုန်ရင်က ထိုးသွင်းလိုက်သည်။
ပြန်လည်မွေးဖွားခြင်းစိတ်စွမ်းအားနှင့် မီးချီက တစ်ခုနှင့်တစ်ခု သဟဇာတဖြစ်နေကာ လှံအလင်းတန်းအဖြစ်စုစည်းသွားပြီး မရဏမြစ်နှင့် ရိုက်ခတ်သွားသည်။
သို့သော်လည်း ထိုမြင်ကွင်းကြောင့် သူတို့က မိမိ အတွေးလွန်နေပြီဖြစ်ကြောင်း တွေးလိုက်ကြသည်။
စံအိမ်တော်ရှိသူများက အလွန်ပါရမီရှိကြပြီး အဆင့်ကျော်တိုက်နိုင်သော်လည်း ချန်းယွမ်နယ်ပယ်နှင့် အာကာသနတ်ဘုရားနယ်ပယ်က အလွန်ကွာဟ၏။
ထို့ပြင် မရဏမြစ်ဂိုဏ်း၏ မဟာအကြီးအကဲသည် သူအနားမယူခင်ကာလထဲက အလွန်ကျော်ကြားသောသူတစ်ဦးဖြစ်ခဲ့သည်။
ထိုကာလတုန်းက မြို့အရှင်တစ်ဦးသည် မရဏမြစ်ဂိုဏ်းကို မလေးမစားပြုမှုခဲ့သည်။
ထို့နောက် မရဏမြစ်ဂိုဏ်းက ဘာမှမပြောပေ။
လူတိုင်းက မရဏမြစ်ဂိုဏ်းသည် အလွန်အားနည်ကာ ပြဿနာရှာရန်မဝံ့ရဲဖြစ်နေသည်ဟုထင်ကြသည်။
၎င်းအချိန်တွင် မင်အောင်းက စတင်၍လှုပ်ရှားတော့သည်။
ထိုအခိုက်တွင် မင်အောင်းက အာကာသနတ်ဘုရားနယ်ပယ် တစ်ပိုင်းအဆင့်သာရှိသေးသည်။ သူက မြို့ထဲသို့ဝင်ကာ မရဏမြစ်ကိုဆင့်ခေါ်လိုက်သည်။ သူက မြို့ထဲရှိ ဝိဉာည်သောင်းကျော်ကိုစုဆောင်းပြီး မရဏမြစ်အတွင်းတွင် ပိတ်လှောင်ထားလိုက်သည်။
ထိုမြို့က မြို့ပျက်တစ်ခုအဖြစ်သာကျန်ခဲ့တော့သည်။
သူက မြို့တစ်မြို့လုံးကို သုတ်သင်ကာ သူသွားသည့် လမ်းတစ်လျှောက်၌ အလောင်းများ သန်းချီလဲလှောင်းနေသည်။
ထိုသို့လုပ်ပြီးနောက် မရဏမြစ်ဂိုဏ်းက ပို၍ ကျော်ကြားလာခဲ့၏။ ထိုဂိုဏ်းအား ဘယ်သူမှ အထင်မသေးရဲတော့ပေ။
မင်အောင်းလဲ နောက်ပြန်ဆုတ်ခဲ့သည်။
ယခု တံခါးပိတ်ကျင့်ကြံပြီးနောက် သူသည် အာကာသနတ်ဘုရားနယ်ပယ်သို့ရောက်ရှိသွားပြီဖြစ်သည်။
အခုဆိုလျှင် မင်အောင်းမည်မျှ ကြောက်စရာကောင်းနေမည်ကို တွေးကြည့်လျှင်သိနိုင်၏။
ဟုန်ရင်က ချန်းယွမ်နယ်ပယ်သာရှိသေးသည်။ သူမက မင်အောင်း၏ ပြိုင်ဘက်မည်သို့ဖြစ်နိုင်မည်လဲ။
ပေ့ဖုန်းက ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ စိတ်သက်သာရာရဟန်ဖြင့်သက်ပြင်းချလိုက်သည်။
“စံအိမ်တော်က တပည့်တွေကို ဒီမှာထိန်းထားနိုင်ရင် နောက်ပိုင်းပြဿနာတွေကို ဖြေရှင်းပြီးသားဖြစ်သွားပြီ”
“သူတို့နောက်က ဆန်းကြယ်တဲ့ဆရာသခင်ကတော့ ဟိုလူတွေကို ရင်ဆိုင်ခိုင်းလိုက်ရမယ်”
သူဟိုလူများဟုပြောလိုက်သည့်အချိန်တွင် ပေ့ဖုန်းမျက်နှာတွင် ကြောက်လန့်မှု့များအထင်းသားပင်။
ခွန်အားအရာတွင်ဖြစ်စေ နည်းစနစ်အရာတွင်ဖြစ်စေ လူအားလုံးက ထိုသူတို့ရှေ့တွင် ပုရွက်ဆိတ်များသာသာဖြစ်သည်။
ထိုအခိုက် လူတိုင်း၏ တည်ငြိမ်သောအကြည့်အောက်တွင် တိုက်ပွဲအဖြေက ဆုံးဖြတ်ပြီးပြီဖြစ်သည်။
လှံအလင်းတန်းက မရဏမြစ်နှင့်ထိပ်တိုက်တွေ့ဆုံသွားသည်။
ချက်ချင်းဆိုသလို ပေါ်ထွက်လာသော အရှိုန်အဝါက အမှန်ပင် ဘေးပတ်လည်ရှိ လေအေးများကိုပါ တခဏတာရပ်တန့်သွားစေသည်။
ဘေးရှိရေခဲလွှာများလည်း တဖြေးဖြေးကွဲကျေလာသည်။
နယ်မြေနှလုံးသားတစ်ခုသာ မယိမ်းမယိုင်ဘဲရှိနေသည်။
မင်အောင်း၏ အမူအရာလည်း အတန်ငယ်ပြောင်းလဲသွားသည်။
သူ၏ မရဏမြစ်က လှံအလင်းတန်းကို ဝါးမမျိုလိုက်နိုင်ကြောင်း နားလည်လိုက်သည်။
ထိုအစား သူ၏မရဏမြစ်က ရပ်တန့်သွားလေသည်။
မသိလျှင် ထိုနှစ်ခုက တစ်ခုနှင့် တစ်ခု ဆန့်ကျင်နေဟန်ပင်။
ချန်းယွမ်နယ်ပယ်ကျင့်ကြံသူတစ်ဦးက ဘယ်အချိန်က ထိုသို့လုပ်နိုင်သွားရသလဲ။
မင်အောင်း အေးစက်စွာ နှာမှုတ်လိုက်သည်။
သူ တောင်ဝှေးကို ထပ်မံ ဝှေ့ယမ်းလိုက်သည်။
မရဏမြစ်က ပူဖောင်းများတစီစီထလာ၍ ဆူပွက်လာဟန်ရလေသည်။
ပူဖောင်းတစ်ခုပေါက်ကွဲသွားတိုင်း မကောင်းသည််အငွေ့အသက်များဖြင့် မရဏလောကချီများက ထိုးတက်လာသည်။
မရဏလောကချီအများအပြားက စုပေါင်းလာပြီး အလွန်ကြီးမားသော မရဏလောကချီအလုံးကြီးတစ်ဖြစ်ပေါ်လာသည်။
၎င်းက လေတွင်ပျံဝဲကာ လှံအလင်းတန်းဆီသို့ဝင်ရောက်သွားသည်။
လှံအလင်းတန်းကထိုးဖောက်သွားသည်နှင့် အတွင်းရှိ မရဏလောကချီက ဖောက်ကွဲထွက်လာ၏။
ပေါက်ကွဲမှု့ကြောင့်ဖြစ်ပေါ်လာသော ထိခိုက်မှု့များက တိုင်းတာ၍ပင်မရချေ။
ဟုန်ရင်က ထိုမရဏလောကချီအလုံးကြီးနှင့်ရင်ဆိုင်ရသော်လည်း နောက်မဆုတ်ပေ။
ပြန်လည်မွေးဖွားခြင်းလှံကို လက်နှစ်ဖက်ဖြင့်ဆွဲကိုင်ထားကာ သူမ၏ အကြည့်များက တည်ငြိမ်နေသည်။ သူမ၏ ခြေတံရှည်များက ရှေ့သို့ထွက်လာပြီး လှံကိုချိန်ရွယ်ပြစ်တော့မည့်ကိုယ်နေဟန်ထားကို ပြုလုပ်လိုက်၏။
ပြန်လည်မွေးဖွားခြင်း စိတ်စွမ်းအားက ဟုန်ရင်ကို အလယ်တွင်ဝန်းရံကာ မြှင့်တက်လာပြီး သူမဘေးရှိ ပြန်လည်မွေးဖွားခြင်းလှံတံဆီသို့ စုစည်းသွားသည်။
ထို့နောက် လှံတံက မရဏလောကချီအလုံးကြီးထံသို့ တိုးဝင်သွား၏။
လီမိသားစုခေါင်းဆောင် လီယန်က ၎င်းကို လေးနက်သော အမူအရာဖြင့်ကြည့်နေသည်။
“မင်အောင်းရဲ့အကွက်က ကြမ်းကြမ်းတမ်းတမ်းလုပ်လို့ မနိုင်နိုင်ဘူး”
“ကြမ်းကြမ်းရမ်းရမ်းနဲ့ထိုးဖောက်လိုက်ရင် အထဲက မရဏလောကချီတွေက ပေါက်ကွဲထွက်လာမှာ။ ဘယ်လိုလုပ်ပြီး ချန်းယွမ်နယ်ပယ်က သူက တောင့်ခံနိုင်မှာလဲ”
သိပ်မဝေးသောနေရာတွင် တိုက်ခိုက်နေသော လင်းရုဖုန်းပင်လျှင် သူမကို သတိပေးလိုက်သည်။ “မိတ်ဆွေလေး၊ နောက်ကိုအရင်ဆုတ်နေတာကောင်းမယ်”
ခေါင်းဆောင်ယန်တစ်ယောက်သာ ပြုံး၍ ပြောလိုက်သည်။ “ရုဖုန်း သူ့ကိုစိတ်ပူစရာမလိုပါဘူး”
လင်းရုဖုန်းက ဟုန်ရင်၏ သရုပ်မှန်ကိုတွေးမိကာ မနေနိုင်ဘဲ ရယ်မောမိ၏။
မျိုးဆက်တစ်ခု၏ ဧကရီတစ်ဦးက အနိုင်ရလိုစိတ်မရှိလျှင် ဘာကြောင့် ရူးသွပ်စွာပြုမူရမည်နည်း။