Switch Mode

စာစဉ် (၁၆) အပိုင်း (၂၁၃)

လျှိုစုန့်

ဇူယွမ်နှင့် ယောင်ယောင်တို့ မူဝူကျိနောက်သို့ လိုက်ကာ အဆောက်အဦ အပြင်သို့ ရောက်သည်နှင့် မူဝူကျိက အနည်းငယ် ပြုံးလိုက်ပြီး “ငါသတင်းပို့ဖို့ သွားတော့မယ်။ မင်းတို့တွေဒီမှာ နောက်ထပ် သုံးလနေရမယ်”

“ကျွန်တော်တို့ကို အဝေးကြီးကနေ ခေါ်ဆောင် လာပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် ဆရာဦးလေးမှု ” ဇူယွမ်က ထုံးတမ်း အစဉ်အလာအတိုင်း မူဝူကျိကို ဦးညွတ် အရိုအသေ ပြုလိုက်သည်။ သူ့အနေဖြင့် ကလန်၏ တာဝန် ပေးချက်အရ ကန်မင်တိုက်ကြီးကို လာခဲ့သော်လည်းပဲ သူတို့အပေါ်တွင် စဉ်းစားပေးခဲ့ပြီး အကူအညီလဲ ပေးခဲ့ပေသည်။

ထပ်ပြီးတော့ မူဝူကျိက မြင့်မြတ်သော နန်းတော်မှ တမန်တော်က ဗိုလ်ကျသည့် အချိန်တွင်လည်းပဲ သူတို့ဘက်မှ ရပ်တည်ပေးခဲ့သည်။

ထိုအရာများကြောင့် ဇူယွမ်၏ နှလုံးသားထဲတွင် သည်ဖိုသီဖတ်သီနှင့် ခြေဗလာနှင့် လူကြီး အပေါ်တွင် အကောင်း မြင်စိတ်များဖြင့် ပြည့်နှက် နေပေသည်။

တစ်ဖက်မှတော့ ယောင်ယောင်လည်းပဲ ခေါင်းညိတ်ပြလိုက်သည်။ သူမအနေဖြင့် မူဝူကျိနှင့် အဆက်အဆံ သိပ်မရှိသော်လည်းပဲ သူမကသူ၏ စိတ်ရင်းကို ခံစားမိပေသည်။ ထိုသူက တပည့်သစ်များ ပေါ်တွင်လဲ မောက်မာစွာ မဆက်ဆံပေ။  အားလုံးပြီးနောက် ထိုသူက တော်တော်ကို ရည်မွန်ပြီး သိက္ခာရှိသော လူတစ်ယောက် ဖြစ်သည်။

မူဝူကျိက လက်ယမ်း ပြလိုက်ပြီး ပြုံးလျက် ပြောခဲ့သည်။ “ငါက ပုံမှန်အားဖြင့် ကောင်းကင် ပြင်တောင်ထွတ်မှာ ကျင့်ကြံတယ်။ အနာဂတ်မှာ မင်းဘာပြဿနာပဲရှိရှိ မင်းင့ါကို လာရှာနိုင်တယ်”

သူက အဆောက်အဦဘက်သို့ တစ်ချက် ကြည့်လိုက်ပြီး သူကအသံကို နိမ့်ပြီး ပြောလိုက်သည်။ “ချန်းယွင်နဲ့ ငါက အမြဲတစ်ယောက်နဲ့ တစ်ယောက် ယှဉ်ပြိုင်နေကြတာ။ ငါတို့က သူ့မပေးချင် ပေးချင်နဲ့ ပထမတန်းတပည့် နှစ်ယောက်စာ နေရာကို ပေးအောင်လုပ်ခဲ့တာက သူ့ကို မပျော်မရွှင် ဖြစ်စေလိမ့်မယ်”

“သူက ပေါ်တင် မလုပ်ရဲသော်လည်းပဲ တပည့်အသစ်တွေ ကြားက ပြိုင်ဆိုင်မှုက တကယ့်ကို ကြီးမားတယ်။ အမျိုးမျိုးသော တိုက်ကြီးတွေက ရွေးချယ်ခဲ့တဲ့ တပည့်တစ်ယောက် ချင်းစီတိုင်းက ရိုးရှင်းမှုမရှိဘူး ဆိုတာကို မင်းတို့ နှစ်ယောက်လုံး မှတ်ထားပါ”

“တကယ်တော့ ပြီးခဲ့တဲ့ အသုတ်တွေတုန်းက ကွဲပြားစွာပဲ ပထမတန်း တပည့်တွေရဲ့ တည်ရှိမှုက ခိုးခဲ့ခြင်း မခံခဲ့ရပါဘူး…”

မူဝူကျိက သတိပေးခဲ့သည်။ “ပြီးတော့ ဒီအရာကို ထိန်းချုပ်ထားးပြီး ခံစားမနေနဲ့။ ပြဿနာ လာရှာတဲ့ လူတွေကိုလည်း ယဉ်ကျေးပြနေစရာမလိုဘူး။ သည်အရာက အရင်ကတည်းက ရှိခဲ့တဲ့ စည်းမျဉ်းပဲ။ အရေးကြီးတာက ဆရာရွေးချယ်တဲ့ နေရာမှာပဲ။ သူက ဒီသင်္ကေတပြား ပိုင်ရှင်ကို မျက်နှာသာ အနည်းငယ် ပေးလိမ့်မယ်”

ဇူယွမ်က ခေါင်းညိတ် ပြခဲ့သည်။ သည်အကြံပေးချက်များရဲ့ အရိပ်အယောင်ကို သူနားလည် ပေသည်။

မူဝူကျိက အနည်းငယ် ထပ်ပြော နေခဲ့ပြီးနောက် သူ၏ လက်ကို ဝှေ့ယမ်းကာ အစိမ်းရောင် မီးခိုးငွေ့များပေါ်သို့ တက်လိုက်ပြီး ကောင်းကင်ပေါ်သို့ ပျံတက်ကာ မျက်စိတစ်မှိတ် အတွင်းမှာ တောင်များထဲသို့ ဝင်ရောက် ပျောက်ကွယ် သွားသည်။

ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်နေခဲ့ပြီးနောက် ဇူယွမ်က သက်ပြင်းရှည် တစ်ချက် ချလိုက်သည်။ ယခုချိန်တွင် သူက မရင်းနှီးသေးသည့် ပတ်ဝန်းကျင် အားစိုက် ကြည့်နေခဲ့သည်။ သည်နေရာတွင် ကာလရှည် တစ်ခုအထိ သူနေထိုင်ရဦးမည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သည်နေရာက သူအား သန်မာလာစေမည် ဖြစ်သည်။

“သွားစို့။ သည်နေရာက ကန်ရွှမ်းကလန်ပဲ ဖြစ်တယ် ဘာမှ ကြောက်စရာ မရှိဘူး…” ယောင်ယောင်က ထန်ထန်ကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး သူမ၏ နီရဲသော နှုတ်ခမ်းပါးလေးက ရုတ်တရက် ပွင့်သွားပြီး ဆက်ပြောလိုက်သည်။ “အနည်းဆုံးတော့ နင့်မှာ ငါနဲ့ထန်ထန်ရှိပါတယ်”

ထန်ထန်၏ မျက်လုံးအစုံက ပွင့်လာခဲ့ပြီး ဇူယွမ်အားကြည့်ကာ သူ၏လက်မှာ ရှေ့သို့ ထွက်လာပြီး ဇူယွမ်၏ လက်မောင်းကို ပုတ်လိုက်သည်။ ထိုအရာက စိတ်အေးအေးထား ငါမင်းကို ကာကွယ်မယ်ဟု ပြောနေသယောင်ပင်။

ဇူယွမ်က အကူအညီမဲ့စွာ ရယ်မောလိုက်ပြီး သူ၏ နှလုံးသားတွင် နွေးထွေးမှု ခံစားလိုက်ရသည်။ ထိုအကြောင်းကို စဉ်းစားမိခဲ့သည်နှင့် ယောင်ယောင်နှင့် ထန်ထန်တို့ အတူ ရှိနေခဲ့သည်မှာ နှစ်နှစ်ရှိခဲ့ပြီ ဖြစ်သည်…

အစောဆုံး အစပိုင်းတွင် သူက စွမ်းအင် ဝင်ပေါက်ရှစ်ခုကိုပင် မချိုးဖြတ် ရသေးသည် အားနည်းသော လူငယ်လေး တစ်ယောက်သာ ဖြစ်ခဲ့သည်။ ယခုတော့ သူက ကန်ရွှမ်းတိုက်ကြီးမှ ထွက်ခွာခဲ့ပြီး ကြီးမားလှသော သတ္တဝါကြီး တစ်ကောင်နှင့် တူသည့် ကန်ရွှမ်းကလန်သို့ ဝင်ရောက်နေခဲ့ပြီ ဖြစ်သည်…

သည်နှစ်နှစ်အတွင်း အရာများစွာ ပြောင်းလဲခဲ့သည်။

ဒါပေမဲ့ ဇူယွမ်က သည်အချိန်မှ စစ်မှန်သော စိန်ခေါ်မှုတွေက ယခုမှ စတင်တော့မည်မှာလည်း ဖြစ်နိုင်ကြောင်း နားလည်ပေသည်။ သူရှာဖွေ တွေ့ရှိခဲ့သည့် သည်ကလန်ကြီးက သူစိတ်ကူး ထားသည်ထက် ခက်ခဲပေလိမ့်မည်။

ကံအားလျော်စွာပဲ သူက တစ်ယောက်တည်း မဟုတ်ပေ။

ယောင်ယောင် ပြောခဲ့သလိုပင် သူ့တွင် သူမနှင့် ထန်ထန်ရှိပေသည်…

ဇူယွမ်က ကောင်းကင်ပေါ်သို့ မော့ကြည့်လိုုက်ပြီး သူ၏ ငယ်ရွယ်သော မျက်နှာက လင်းလက် တောက်ပနေပြီး ယုံကြည်မှုရှိသော အပြုံးတစ်ခု ပြုံးလိုက်သည်။

ကန်ရွှမ်းကကလန် ဖြစ်တော့ရော ဘာဖြစ်သနည်း…

ယှဉ်ပြိုင်မှုက ကြီးမားလျင်လည်း ဘာဖြစ်သနည်း…

အတိတ်က စိတ်အားငယ်ခြင်း များတောင်မှ သူကို မဖိနိုမ့်နိုင်ခဲ့ပေ။ ယခုချိန်တွင် ဘာကြောင့် မယှဉ်ပြိုင်ရမည်နည်း။

“သွားစို့…”

ဇူယွမ်က ယောင်ယောင်ကို ပြောလိုက်ပြီး ပျားပန်းခတ်မျှ လှုပ်ရှား သွားလာနေကြသည့် ကြီးမားသော မြေကွက်လပ်ကြီးဆီသို့ ဦးတည်လိုက်သည်။

ကြီးမားသော မြေကွက်လပ်ကြီးသည် လူပင်လယ်ကြီး တစ်ခုနှင့် တူနေပြီး တစ်ချက် ကြည့်လိုက်သည်နှင့် သူတို့အားလုံးမှာ ငယ်ရွယ်သော သူများဖြစ်ကြပြီး သူတို့ တစ်ယောက် ချင်းစီတိုင်းသည် မြင့်မားသော စိတ်ဝိညာဉ်ရှိပြီး ငယ်ရွယ် တက်ကြွမှုများ လွှမ်းမိုးနေသည်။ လေထုပင်လျှင် စိတ်လှုပ်ရှား တက်ကြွ နေမှုများဖြင့် ဆူပွက်နေသည်။

ကန်ရွှမ်းကောင်းကင်ဒေသမှ အမျိုးမျိုးသော တိုက်ကြီးမှ မရေမတွက်နိုင်သော ပါရမီရှင်များသည် သည်နေရာတွင် လာရောက် စုဝေးနေခဲ့ကြပြီး သူတို့အစုနှင့် သူတို့ဝိုင်းဖွဲ့ပြီး စုဝေး နေကြသည်။

မြေကွက်လပ်ကြီး၏ ဧရိယာတစ်ဝိုက်ရှိ နေရာတိုင်းတွင် ရှိနေသည့် အုပ်စုများကို ပိုပြီး အာရုံစိုက်ကြည့်ပါက အဓိကအားဖြင့် တူညီစွာ အုပ်စုတိုင်း၏ အလယ်၌ ဝံ့ကြွားသော ဟန်ပန်ဖြင့်ရှိသော ငယ်ရွယ်သည့် ယောက်ျားလေး သို့မဟုတ် မိန်းကလေးများကို တွေ့ရမည် ဖြစ်သည်။

စွမ်းအားပြည့်ဝသော မူလချီများက သူတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေပြီး သူတို့၏ ဘေးနားတွင် ရှိနေသူများထက် သာလွန် နေပေသည်။

“ဒီကိုလာခဲ့ အစ်ကိုလေးယွမ်…။

ဇူယွမ်နှင့်ယောင်ယောင်တို့ မြေကွက်လပ်ပေါ်သို့ ပြန်လည် ရောက်ရှိ လာခဲ့သည်နှင့် ရင်းနီးသော အသံတစ်ခုကို ကြားလိုက်ရသည်။ ရှန့်ဝမ်ကျင်က သူ၏ ခန္ဓာကိုယ်ကြီးဖြင့် လှည့်ပတ် ကြည့်နေပြီး သူတို့ကို လက်ယပ်ခေါ်နေသည်။

ဇူယွမ်က ထိုနေရာသို့ လျှောက်လှမ်းသွားခဲ့သည်။

ရှန့်ဝမ်ကျင်၏ နံဘေးတွင် ပုံရိပ် အချို့ရှိနေသည်။ သူတို့က ကန်မင်တိုက်ကြီးမှ ပါရမီရှင်များ ဖြစ်ကြကာ ထိုထဲတွင် ရှောင်ထျန်းရွမ်လဲ ပါဝင်နေပေသည်။

သို့သော်လည်း ထိုအခိုက်တွင် ကန်မင်တိုက်ကြီးမှ ပါရမီရှင်များ၏ အမူအရာမှာ အနည်းငယ် ပုံမှန် မဟုတ်တော့သည်ကို မြင်လိုက်ရသည် သူတို့အားလုံးက သူတို့ထက် သာလွန်သူများစွာကို တွေ့လိုက် ရချိန်တွင် သူတို့မှုလအစက ဂုဏ်ယူနေမှုများမှာ ပျောက်ကွယ် သွားပြီ ဖြစ်သည်။

တကယ်ကို သူတို့ အားလုံးက ပါရမီရှင် တစ်ယောက် အဖြစ်မှ သာမန် လူတစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုကြောင့် သူတို့အားလုံးက ဇူယွမ်ကို မြင်လိုက်ရချိန်တွင် စိတ်အားငယ်စွာဖြင့် ဇူယွမ်ကို ဝိုင်းပြီး လှမ်းကြည့် လိုက်ကြသည်။

ရှောင်ထျန်းရွမ်က စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် အုပ်စု၏ နောက်ဆုံးတွင် ရှိနေခဲ့ပြီး ဇူယွမ်နှင့်ပင် အကြည့်ချင်းမစုံရဲပေ။

“အစ်ကိုလေးယွမ် ကန်ရွှမ်းကလန်က တကယ်ကို အံ့အော်စရာပဲ။ ဒီနေရာမှာ တပည့်သစ် တစ်သောင်းကျော် ရှိနေပြီး လူတိုင်းက အမျိုးမျိုးသော တိုက်ကြီးတွေကပဲ…” ရှန့်ဝမ်ကျင်က ပတ်ဝန်းကျင်ကို  အံ့အားသင့်စွာ ကြည့်နေသည်။

“သည်တစ်သုတ်မှာ ပထမတန်းတပည့် အယောက်တစ်ရာ ပါတယ်ဆိုတာ ကျွန်တော် သိခဲ့ရတယ်”

ဇူယွမ်က ချက်ချင်းပင် အနောက်သို့ လန်သွားသည်။ ပထမတန်း တပည့်တစ်ရာလား… ဒီအဓိပ္ပာယ်က ဒီနေရာမှာ တတိယအဆင့် မူလစဦးအဆင့် ကျင့်ကြံသူနဲ့ တူညီစွာ သန်မာမှုရှိတဲ့ လူတစ်ရာ ရှိတယ်လို့ ပြောတာမလား…

“မျက်စိတွေနားတွေကို ပွင့်သွားစေတာပဲ” ဇူယွမ်က ကြိတ်ပြီး သက်ပြင်း ချလိုက်သည်။ မျှော်လင့် ထားသလိုပင် ခမ်းနားသော လူတန်းကြီးကို သည်နေရာတွင် မြင်ခွင့်ရခဲ့ပေပြီ။

သို့သော်လည်း ဇူယွမ်က ရှန့်ဝမ်ကျင်က အချိန်တိုလေး အတွင်းတွင် သည်သတင်း အချက်အလက်ကို ရရှိအောင် စုနိုင်ခဲ့ခြင်းကို ပိုပြီး တော်တော်လေး အံ့ဩမိပေသည်။ အပြုံးနှင့် ရင်းနှီးကျွမ်းဝင်နိုင်မှုတို့က အခြားသူများနှင့် မိတ်ဆွေဖွဲ့ရာတွင် ကြီးမားသော လက်နက်များဖြစ်​ပေသည်။

“သည်လူတစ်ရာထဲမှာ အစ်ကိုလေးယွမ်နဲ့ အစ်မကြီး ယောင်ယောင်တို့ ပါတယ်” ရှန့်ဝမ်ကျင်က မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်ရင်းပြောသည်။ “အနာဂတ်မှာ အစ်ကိုလေးယွမ်နဲ့ အစ်မကြီးယောင်ယောင်တို့က ဒီက ညီငယ်လေးကို ဂရုစိုက်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”

ထိုစကားကို ကြားချိန်တွင် ဇူယွမ်က မထိန်းနိုင်ပဲ ရယ်မောလိုက်မိသည်။ သူစကားပြန်ပြောဖို့ ပြင်လိုက်ချိန်တွင် အသံတစ်ခုက ရုတ်တရက် ကြားဖြတ် ဝင်ပြောလာခဲ့သည်။ “ဟီးဟီး တစ်ဝက်တစ်ပျက် မူလစဦး အဆင့်လေးက ဘယ်လိုလုပ် ပထမတန်းတပည့် ဖြစ်လာနိုင်မှာလဲ။ မင်းတို့ကောင်တွေက သည်အရေးကြီးတဲ့ ကိစ္စကို ပေါ့ပေါ့လေးတွေးထားတာပဲ”

ရုတ်တရက် ဖြတ်ပြောလိုက်ခြင်းက သူတို့ကို ကြောင်သွားစေသည်။ သူတို့အကြည့်များက တစ်ဖက်သို့ လှည်သွားပြီး ပြောလိုက်သူကို သူတို့အနီးအနားတွင် တွေ့လိုက်ရသည်။

ထိုသူမှာ အနည်းငယ် ချောမောသော လူငယ်တစ်ယောက် ဖြစ်သည်။ အပြုံးတစ်ခုက သူ၏ မျက်နှာတွင် ရှိနေခဲ့ပြီး လုစုတစ်စုက သူ့ကို လတစ်စင်းအား ကြယ်များ ဝန်းရံနေသည့် အလား ဝန်းရံထားသည်။

မူလချီများက သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေပြီး ထိုအရာက သူသည် မူလစဦး ဒုတိယအဆင့် နှောင်းပိုင်းသို့ ရောက်ရှိနေကြောင်း ဖော်ပြနေသည်။

ဇူယွမ်တို့လူစု၏ အကြည့်များကို မြင်ချိန်တွင် ထိုလူငယ်လေး၏ မျက်နှာပေါ်တွင် ပူပင်ဟန်မရှိသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သို့သော်လည်း ထိုသူက ယောင်ယောင်၏ တစ်ကိုယ်လုံးအား သိမ်းကြုံးပြီး ကြည့်နေသည်ကို လူတိုင်း မြင်နိုင်ခဲ့သည်။

“ကျွန်တော့်က ထျန်ချင်းတိုက်ကြီးက လျှိုစုန့်… ” လူငယ်လေးက အပြုံးတစ်ခုနှင့် အတူ လက်နှစ်ဖက် ယှက်လိုက်ပြီး “ငါတို့အားလုံးက အနာဂါတ်မှာ အဖွဲ့အစည်း တစ်ခုတည်းရဲ့ တပည့်တွေ ဖြစ်လာလိမ့်မယ်လို့ ငါပြောနိုင်တယ်။ ငါတို့တွေ တစ်ယောက်နဲ့ တစ်ယောက် ကြည့်ရှု စောင့်ရှောက် ထားသင့်တယ်”

သူက လက်ကို ဆန့်တန်းလိုက်ပြီး ပြောခဲ့တယ်။ “အခုငါ့ရဲ့အဆင့်က ဒီအချိန်မှာ ဒုတိယတန်းကို တက်နိုင်နေပြီ။ ပြီးတော့ ငါသာ အနာဂါတ်မှာ ကြိုးစားလိုက်ရင် ငါအနေနဲ့ ပထမတန်း တပည့်ဖြစ်ဖို့ အခွင့်အရေးရလိမ့်မယ်”

ထိုလူငယ်၏ ဘေးတွင်ရှိသော လူငယ်အချို့က စတင်ပြီး မြှောက်ပင့် ပြောဆိုလိုက်သည်။ “ဟီးဟီး။ အစ်ကိုလျှိုနဲ့ ခင်မင်ခွင့်ရတာဟာ မင်းအတွက် ကံကောင်းတာပဲ”

သူတို့အားလုံးက ပုံမှန်အားဖြင့် လျှိုစုန့်က ယောင်ယောင်ကို ပြောပြီးသည်နှင့် လိုက်ပြောလိုက်ကြသည်။ တကယ်တော့ သူမက အရမ်းလှလွန်းပေသည် သူက သူမကိုယ် ပေါ်လာသည်ကို တွေ့လိုက်ရသည်နှင့် လာရောက် ကြိုးစားခြင်း ဖြစ်သည်။

သို့သော်လည်း လျှိုစုန့်၏ အာသာငမ်းငမ်း တပ်မက်စွာ ကြည့်ရှုနေမှုကို ယောင်ယောင် အနေဖြင့် အစမှအဆုံးထိ တစ်ချက်ပင် ပြန်မကြည့်ခဲ့ပေ။ သူမက ထန်ထန်နှင့်သာ ဆက်လက်ပြီး ဆော့ကစားနေသည်။

ဇူယွမ်က စိတ်ထဲမှာ ကြိတ်ရယ်နေလိုက်သည်။ လျှိုစုန့်သည် ကြင်နာတတ်သော လူတစ်ယောက်ကဲ့သို့ အပြင်ပန်းတွင် တွေ့ရသော်လည်း သူ၏ လေသံထဲတွင် မောက်မာမှုကို ဖုံးကွယ် မထားနိုင်ပေ။ ထိုစဉ်ဇူယွမ်က ပြုံးလိုက်ပြီး ခေါင်းယမ်းကာ “ကျွန်တော်တို့က ကန်မင် တိုက်ကြီးကပါ။ တစ်ယောက်နဲ့ တစ်ယောက် ကြည့်ရှုဖို့က တကယ်ကို မလိုအပ်ပါဘူး”

လျှိုစုန့်က သူအားဇူယွမ်က ငြင်းဆန်လိုက်သော အချိန်တွင် ကြောင်အ သွားခဲ့သည်။ သူအနေဖြင့် ဇူယွမ်တို့လူစုက သူ့ကို ငြင်းဆန်လိမ့်မည်ဟု မတွေးထားခဲ့ပေ။ သူ၏ အမူအရာမှာ အနည်းငယ် တင်းမာလာခဲ့သည်။

သူ၏ နောက်လိုက်များက မျက်မှောင်ကြုတ်ပြီး ပြောခဲ့သည်။ “ဘယ်လိုတောင် တန်ဖိုး မသိတတ်တဲ့ လူငယ်လေးလဲ”

“အစ်ကိုလျှိုရဲ့ အသိအမှတ် ပြုရတာ မင်းရဲ့ကောင်းချီးပဲ အရမ်း နဝေတိမ်တောင် ဖြစ်မနေနဲ့”

သူတို့ကြားထဲမှ ကြည့်ကောင်းအောင် လှပသော အမျိုးသမီးများကလဲ ဇူယွမ်ကို အထင်အမြင် သေးဟန်ဖြင့် ကြည့်လိုက်ကြသည်။ သူမတို့က သူ၏ လုပ်ရပ်ကို ပါးနပ်မှုမရှိဟု ခံစားနေကြသည်။ တကယ်တော့ တစ်ဝက်တစ်ပျက် မူလစဦး အဆင့်မှာ တကယ်ကို သာမည အဆင့်ဖြစ်ပြီး  ​လေထဲတွင်ပင် တည်ငြိမ်စွာ မနေနိုင်သေးပေ။

လျှိုစုန့်က ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။ သူက အလှလေးတွေ ရှေ့တွင် ယဉ်ကျေးစွာ ပြုမှုနေပေသည်။ ထိုနောက် သူလက်ကို ဝှေ့ယမ်းလိုက်ပြီး ဇူယွမ်ကို နက်ရှိုင်းစွာ ကြည့်ပြီး ပြောလိုက်သည်။ “င့ါသူငယ်ချင်း ဒါကမင်းတို့ အရင်နေခဲ့တဲ့ တိုက်ကြီး မဟုတ်ဘူး။ မင်းတို့က တွေ့ဆုံမှုတိုင်းမှာ သင့်တင့် လျောက်ပတ်စွာ နေနိုင်မှာ ဘေးဒုက္ခတွေကို ရှောင်ရှား နိုင်လိမ့်မယ်”

“ဟီးဟီး အနာဂါတ်မှာ မင်းတို့ စိတ်ပြောင်း သွားခဲ့ရင် အချိန်မရွေးငါ့ကို လာရှာနိုင်ပါတယ်”

ဇူယွမ်က အကူအညီမဲ့စွာ သက်ပြင်း ချလိုက်သည်။ သူက ယောင်ယောင်ကို ကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။  “ငါတို့ ဒီမှာရှိနေတာ မင်းက ပျားတွေနဲ့ လိပ်ပြာတွေကို တကယ် ဆွဲဆောင်နိုင်တာပဲ။ ဖြစ်နိုင်ရင် မင်းယောက်ျားလေးလိုပဲ ဆက်ပြီး ဝတ်စား ထားသင့်တယ်”

ယောင်ယောင်၏ မျက်လုံးများက သူ့ကိုဝေ့ကြည့်လိုက်ပြီး “အဲလိုထပ် မဝတ်စားတော့ဘူး။ ချင်ယုလိုမျိုး နောက်တစ်ယောက်ရဲ့ စိတ်ဝင်စားမှုကို ရသွားခဲ့ရင် အဲ့တာက ပိုပြီး ခေါင်းကိုက်စရာ ကောင်းတယ်”

သူရှိနေသည်ကို လျစ်လျူရူပြီး ဇူယွမ်နှင့် ယောင်ယောင်တို့ ရင်းနှီးစွာ တိုးတိုးတိတ်တိတ် ပြောဆိုနေသည်ကို မြင်ရသောအခါ လျှို့စုန့်၏ မျက်လုံးအစုံတွင် ဒေါသငွေ့များ ဖြတ်သန်းသွားသည်။ သူနောက်ထပ် စကားပြောဖို့ ပြင်လိုက်ချိန်တွင် မောင်းထုသံ တစ်သံက မြေကွက်လပ်တွင် ပျံ့နှံ့သွားသည်။

သူတို့ ကြည့်နေစဉ်မှာပင် ချန်းယွင်က ဖြည်းညင်းစွာ စင်မြင့်ပေါ်သို့ လမ်းလျှောက် တက်လာခဲ့ပြီး  သူ၏ အေးဆေးတည်ငြိမ်သော အသံက ထိုနေရာတစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။

“အားလုံးပဲ တိတ်တိတ်နေကြပါ။ ကျွန်တော် တပည့်သစ်တွေရဲ့ အတန်းတွေကို ကြေညာပါတော့မယ်”

Comment

Leave a Reply

Options

not work with dark mode
Reset