Switch Mode

အပိုင်း (၇၆၁)

စိတ်နယ်လွန် တိုက်ခိုက်မှုများ

“ဂျီယူ…” မင်းသမီးက မင်းကို ကြည့်ချင်တယ် ဆိုမှတော့ ပြလိုက်ပါ… ရီဖူရှင်းက ရီဖူရှင်းအား ပြန်ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး သူမ၏ပဝါအား ဖယ်ရှားလိုက်သည်။

ဟွာဂျီယူ၏မျက်နှာကို မြင်လိုက်ရသည်တွင် ကျောက်စီရီ၏ မျက်နှာက နီရဲသွားသည်။ သူမကား ကျောက်မဟာ ပြည်ထောင်၏ မင်းသမီးဖြစ်ကာ မိန်းမလှတစ်ယောက် ဖြစ်သော်လည်း သူမ၏ရှေ့မှ မိန်းကလေးနှင့် ယှဉ်လျှင်ကား မှေးမှိန်ရ၏။

ဘယ်လောက်လှတဲ့ မိန်းကလေးလဲ…။ လူအများအပြားက တွေးလိုက်ကြသည်။ လူအများအပြားက မရည်ရွယ်ဘဲနှင့်ပင် အရှေ့ဘက်ပြည်နယ်၏ အလှဆုံး မိန်းမဖြစ်သည့် မှန်နန်းတော် သခင်မအား လှမ်းကြည့် လိုက်ကြသည်။ သူတို့က မိန်းမနှစ်ယောက်အား တိတ်တဆိတ် နှိုင်းယှဉ်မိကြ၏။ မှန်နန်းတော် သခင်မကလည်း ပုံမှန်အားဖြင့် အကြည့်များစွာကို ခံစားမိသည်သာ။ သို့သော်လည်း အရှေ့ဘက် ပြည်နယ်မှ နံပါတ်တစ်မိန်းမလှ ဖြစ်သည့်အလျောက် သူမအား ဤသို့သော အခြေအနေမျိုးအား နေသားကျ နေပြီဖြစ်၏။

ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်၏ မျိုးဆက် ကျောက်စီရီကား သူမ၏ ကံမကောင်းမှုကို ကိုယ်တိုင် ယူဆောင်လာခြင်း ဖြစ်သည်။

“မြေရိုင်းပြည်နယ် တော်ဝင်ကျဲနန်းတော်ရဲ့ နန်းတော်သခင်မက ပြည်နယ်ကိုးခု ညီလာခံကို ကိုယ်တိုင် ပါဝင်တိုက်ခိုက်တာလား…” ကျောက်စီရီက အရှက်ရသွားရင်းက ဆက်၍​ ဝေဖန်သည်။

“ငါ့ခင်ပွန်းက နန်းတော်သခင် အဖြစ် တာဝန် မယူခင်ကတည်းက ငါက တော်ဝင်ကျဲနန်းတော်ရဲ့ တပည့်တစ်ယောက်ပဲ… အခု ငါ့တန်ခိုးအဆင့်က နိုဘယ် အဆင့်အမြင့်ဆုံးမှာ ရှိတယ်… ဘာလို့ ဝင်မပြိုင်ရမှာလဲ…” ဟွာဂျီယူက ကျောက်စီရီကို ကြည့်ကာ ဆက်ပြောသည်… “မင်းသမီးက ပြည်နယ်ကိုးခု ညီလာခံမှာ အရမ်းကို ဝင့်ကြွားလွန်းတယ်… မြေရိုင်းပြည်နယ် ဟွာဂျီယူက မင်းသမီးကို လက်ရည်စမ်းဖို့ ဖိတ်ခေါ်ပါတယ်…”

“ကောင်းပြီ… ” ကျောက်စီရီကလည်း တွန့်ဆုတ်ခြင်း ကင်းစွာ ပြောသည်။ သူမက ခေါင်းညိတ် ပြီးသည်နှင့်ပင် အလင်းများက သူမကို လွှမ်းခြုံသွားပြီး သူမ၏နောက်မှ ရွှေဖီးနစ်ငှက် တစ်ကောင် ပေါ်လာသည်။

ဟွာဂျီယူကလည်း သူမ၏ သက်စောင့်ဝိညာဉ်ကို ထုတ်လိုက်သည်။ သရဖူအား ခေါင်းတွင် ဆောင်းထားလျှင် သူမကား တော်ဝင်အလင်းများ ဖြာထွက်လျက် ဧကရီတစ်ပါးအလား ထင်မှတ်ရသည်။ ပြင်းထန်သော စိတ်စွမ်းအင် လှိုင်းများက ပတ်ဝန်းကျင်ကို ရိုက်ခတ်သွားကာ အတွေးတစ်ခုမျှဖြင့် အရာခပ်သိမ်းကို ထိန်းချုပ် နိုင်စွမ်း၏။

ဖီးနစ်က အော်ဟစ် လိုက်သည်တွင် ကောင်းကင်၌ မရေမတွက်နိုင်သော ဖီးနစ်ပုံရိပ်များ ဖြစ်ပေါ်လာသည်။ ထို့နောက် ရွှေဖီးနစ်ပုံရိပ်များက ဟွာဂျီယူထံကို တစ်ပြိုင်နက်တည်း ထိုးစိုက် လာကြသည်။ ထိုနေရာတစ်ခုက အချိန်မရွေး မီးထတောက် နိုင်ပုံရသည်။

ကျောက်စီရီ၏ အမူအရာက အေးစက်နေသည်။ သည်နိမ့်ကျသော မိန်းမက သူမအား အရှက်ခွဲရန် အဘယ်သတ္တိဖြင့် ရောက်လာသည်ကို သူမသိလိုသည်။

ဟွာဂျီယူက လေထဲတွင် တိတ်ဆိတ်စွာ ရပ်နေသည်။ သူမ၏သရဖူထံမှ ထွက်လာသော အလင်းများကား တိုက်ပွဲစင်မြင့် တစ်ခုလုံးကို ဖျန်းပက်ထားကာ အရာအားလုံးက သူမ၏စိတ်ဝိညာဉ် ထိန်းချုပ်မှု အောက်တွင် ရှိသည်။ ဖီးနစ်များက သူမထံကို တိုးဝင် လာကြသောအခါ ဟွာဂျီယူ၏ မျက်လုံးများက ဖျတ်ခနဲ လက်သွားပြီး ဖီးနစ်များအား ကြေပျက် ပျောက်ကွယ် သွားကြသည်။

ကျောက်စီရီ၏ အမူအရာက ပျက်ယွင်း သွားသည်။ ဖီးနစ်ပုံရိပ်များက ပျက်ယွင်း သွားခြင်းက ဘာမှ မဟုတ်သော်လည်း ဟွာဂျီယူ၏ တိုက်ခိုက်မှုက ဖီးနစ်များထံတွင် မဟုတ်ဘဲ ပတ်ဝန်းကျင်နှင့် ပေါင်းစပ်ထားသော သူမ၏စိတ်အသိကို ဖြစ်နေသည်။

နိုဘယ် တန်ခိုးရှင်များက သူတို့၏စိတ်အသိနှင့် ပတ်ဝန်းကျင်မှ သဘာဝ စွမ်းအင်များကို ထိန်းချုပ်ကာ တစ်ဖက်လူကို တိုက်ခိုက်နိုင်သည်။ ရှီတန်ခိုးရှင်များ၏ လောကဓာတ်ကား သဘာဝစွမ်းအင်နှင့် စိတ်အသိတို့ တစ်သားတည်း ဖြစ်လာခြင်းမှ ပုံစံပြောင်း စွမ်းအားတစ်ခု ဖြစ်ကာ ထိုအရာကိုပင် လောကဓာတ်ဟု ခေါ်သည်။ ထို့ကြောင့် တိုက်ခိုက်မှုများ အားလုံးက စိတ်ဝိညာဉ် စွမ်းအင်ကို အခြေခံသည်သာ။

ယခု သူမ ဖန်တီးထားသော ဖီးနစ်များအားလုံး ပျက်စီး သွားခြင်းမှာလည်း သဘာဝ ပတ်ဝန်းကျင်နှင့် ပေါင်းစပ်ထားသော သူမ၏ စိတ်စွမ်းအားက ပယ်ဖျက်ခြင်း ခံလိုက်ရ၍ ဖြစ်ပေသည်။ ပုံမှန်အားဖြင့် ဖီးနစ်ပုံရိပ်များကလည်း ပျက်စီး သွားရသည်သာ။

စိတ်တန်ခိုးပညာရှင်…။ ကျောက်စီရီက ဧကရီဘုရင်မအလား လှပသော မိန်းကလေးကို ကြည့်သည်။ သူမထံမှ ထွက်လာသော ရောင်စဉ် ရောင်ဝါများကြောင့် ပိုမို၍ပင် လှပ ချောမောစေသည်။ ထိုအဖြစ်က သူမ၏စိတ်၌​ အနည်းငယ်သော မနာလိုစိတ်များပင် ကိန်းဝပ်စေသည်။ သူမ၏ စိတ်စွမ်းအားက မြန်ဆန်စွာပင် ပြန့်ကျဲသွားပြီး ကောင်းကင်နှင့် တစ်သားတည်း ဖြစ်သွားသည်။ များစွာသော ဖီးနစ်ပုံရိပ်များက နေရာတိုင်းမှ ဖြစ်ပေါ်လာကာ ဟွာဂျီယူထံကို တိုးဝင် သွားကြပြန်သည်။ သို့သော်လည်း ဖီးနစ်များက ဟွာဂျီယူထံကို မရောက်မီတွင်ပင် ဘာမှ မရှိခဲ့သလို ပျောက်ကွယ် သွားကြပြန်၏။ ကျောက်စီရီ မျက်မှောင်ကြုတ် လိုက်သည်။ သူမတွေးမိသည်က မမှားပေ။

ဧရာမ ရွှေဖီနစ်များက စတင်၍ ပေါင်းစည်းလာကာ နောက်ဆုံးတွင် လောင်ကျွမ်းနေသော မီးနစ်ဓားသွား တစ်လက်အဖြစ် ပုံပေါ်လာပြီး ဟွာဂျီယူထံသို့ ပျံသန်း လာတော့သည်။ ဟွာဂျီယူက ရှောင်တိမ်းခြင်းလည်း မရှိသလို ကာကွယ်ခြင်းလည်း မရှိပေ။ သူမက လက်ကို ဆန့်တန်းလိုက်သည်တွင် မျက်လုံးက အရောင်တစ်ချက် လက်သွားပြီး သရဖူက ပိုမို၍ လင်းလက် လာသည်။

“ချုပ်နှောင်စမ်း…” ဟွာဂျီယူက ပြောသည်။ ချက်ချင်းပင် ဧရာမဖီးနစ်ဓားက ရပ်တန့်သွားကာ လေထဲတွင် ပေါလောပေါ်နေသည်။

ဖီးနစ်ဓားနောက်တွင် ကျောက်စီရီ၏ ပုံရိပ်ပေါ်လာသည်။ ထိုအရာကား သူမ၏စိတ်အသိမှ ဖန်ဆင်း ဖြစ်တည်လာခြင်းပင်။ ယခု ထိုပုံရိပ်ကလည်း ထူးဆန်းသော စွမ်းအင်တစ်ခု၏ ထိန်းချုပ်မှုအောက်တွင် ရပ်တန့်နေသည်။ ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီးတန်းများ ဖြစ်ပေါ်လာကာ ထိုပုံရိပ်ထံသို့ ဆင်းသက် လာကြသည်။ ထိုအရာက ဘာမှ မကျန်ရစ်တော့အောင် ပျက်စီး ပျောက်ကွယ်သွားပြီး ဖီးနစ်ဓားကလည်း တစ်ချိန်တည်းတွင် ပေါက်ကွဲ ပျက်စီးသွားသည်။

ကျောက်စီရီ၏ မျက်နှာက သုန်မှုန်သွားသည်။ သူမ၏နောက်တွင် မီးလျှံများ တောက်လောင်နေသော မီးနစ်တောင်ပံများ ပေါ်လာသည်။ သူမက ဟွာဂျီယူအား ဓားသွားအလား စူးရှသော မျက်လုံးများဖြင့် ကြည့်သည်။ သို့သော်လည်း ဟွာဂျီယူ၏ ခန္ဓာကိုယ်က ပိုမို၍​လင်းလက်လာ၏။ ထိုအခိုက်တွင် ကျောက်စီရီက သူမ၏ခန္ဓာကိုယ်ကို ရစ်ပတ်လာသော စိတ်စွမ်းအင်များအား ခံစားမိလိုက်သည်။

သူမ၏ စိတ်စွမ်းအားက မီးဖီးနစ်ငှက်အဖြစ် ပြောင်းလဲသွားကာ ဟွာဂျီယူ၏ တိုက်ခိုက်မှုများအား ကာကွယ်သော်လည်း ဟွာဂျီယူက သူမအား အေးစက်စွာ ကြည့်ကာ လက်ဆန့်ထုတ် လိုက်သည်။ ချက်ချင်းပင် မမြင်ရသော အားလှိုင်းတစ်ခုက အောက်ကို ဆင်းသက် လာတော့သည်။

ထိုအခိုက်တွင် ကျောက်စီရီ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားပြီး သူမ၏မျက်နှာကလည်း ပြာနှမ်းသွားသည်။ ထိတ်လန့် ကြောက်မက်ဖွယ်ရာ ကောင်းသည်ကား ထိုအခိုက်တွင် သူမ၏ခန္ဓာကိုယ်ကို သူမက ပိုင်ဆိုင်ခြင်း မရှိဘဲ​တခြား လူတစ်ယောက်၏ ထိန်းချုပ်ခြင်းကို ခံစားလိုက်ရခြင်းပင်။

“ဒါဆို နင်က ဒီလောက် အားနည်းတာပေါ့…” ဟွာဂျီယူ၏လက်ဝါးက လေထုကို ထွင်းဖောက်ကာ ကျောက်စီရီ၏ စိတ်ဝိညာဉ်များအား တိုက်ဖြတ်သွားပြီး တိုးညင်းသော အသံတစ်သံကိုလည်း ကြားရသည်။ ကျောက်စီရီက ညည်းသံ တစ်ချက်ပေးကာ ပါးစပ်မှ သွေးများ ယိုစီးကျလာသည်။ သူမ၏ ကိုယ်ရောင်ကိုယ်ဝါက ပိုမိုအားနည်းသွားကာ အလွန်အမင်း အားနည်းသောကြောင့် တုန်ယင်နေသည်။ သူမ၏ အသက်ဝိညာဉ်ကပင် ချုပ်နှောင်ခြင်း ခံလိုက်ရသည်ဟု ထိုခဏ၌ ခံစားလိုက်ရကာ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိသော ထိတ်လန့်ဖွယ် ခံစားချက်ကား သူမကို လွန်စွာ ကြောက်ရွံ့စေသည်။

သူမက အနည်းငယ် တည်ငြိမ်သွားပြီးမှ ဟွာဂျီယူကို လှမ်းကြည့်သည်။ သို့သော်လည်း ဟွာဂျီယူကား သူမကိုပင် အာရုံထဲထည့်ဟန် မရတော့ဘဲ တစ်ဖက်ကို လှည့်သွားပြီ ဖြစ်သည်။

နင်က ဒီလောက် အားနည်းတာလား…။ ဤကား ဟွာဂျီယူ၏ သူမအပေါ် အကဲဖြတ်မှု ဖြစ်သည်။ သူမကား မြေရိုင်းပြည်နယ်မှ လူများ၏ရှေ့တွင် မာန်မာနများ မိုးထိုးနေခဲ့သည်။ မည်သို့ဆိုစေ သူမကား တော်ဝင် ကျောက်ပြည်ထောင်၏ မင်းသမီး မဟုတ်ပါလား။ သို့သော်လည်း ရုပ်ရည်နှင့် အရည်အချင်းပိုင်းတွင် သူမကား လူပုံအလယ်၌ပင် အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသည်။ သူမ အထင်သေးခဲ့သော သူက ယခု သူမအား အဖက်မတန်သလို ပြုမူခဲ့သည်။ သူမက ပြည်နယ်ကိုးခု ညီလာခံတွင် ပါဝင် ယှဉ်ပြိုင်ခဲ့သော်လည်း ဦးဆုံး တိုက်ပွဲတွင်ပင် ရှုံးနိမ့်ခဲ့သည်။

ထိုအဖြစ်က ကျောက်စီရီအား သူမ၏နှလုံးကို အပ်ဖြင့် ထွင်းသလို ခံစားရစေသည်။

ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က ကျောက်စီရီကို တည်ငြိမ်စွာ ကြည့်သည်။ ကျောက်စီရီက အနှေးနှင့်အမြန် ထွက်ရမည်ကို သူသိသော်လည်း သူမက ပထမဆုံး တိုက်ပွဲတွင်ပင် ရှုံးနိမ့်ခဲ့ခြင်း သူ့အား အံ့အားသင့်စေသည်။ မြေရိုင်းပြည်နယ်မှ ထိုမိန်းမငယ်လေးကား အမှန်ပင် စိတ်နယ်လွန် လောကဓာတ်အား အထူးပြု လေ့ကျင့်သည်။

“စိတ်ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်တာ.. ဟ…” အထူးဧည့်သည်တော် ထိုင်ခံနေရာများမှ ပုဂ္ဂိုလ်ကြီးများ ရေရွတ်လိုက်ကြသည်။ စိတ်နယ်လွန် လောကဓာတ်ကို သုံး၍ တစ်ဖက်လူ၏ စိတ်ဝိညာဉ်အား တိုက်ခိုက်နိုင်ခြင်းက ပုံမှန်အားဖြင့် ခုခံရန် နည်းလမ်း မရှိပေ။

မြေရိုင်း ပြည်နယ်ဘက်တွင် ရီဖူရှင်းက အရာခပ်သိမ်းကို တည်ငြိမ်စွာ ကြည့်နေသည်။ သူက ပုံမှန်အားဖြင့် ဂျီယူ၏ စွမ်းရည်များကို သိပေသည်။ သူတို့က ရှီနန်းတော်ထဲတွင် လေ့ကျင့်ကတည်းက သူတို့အချင်းချင်း အကြား ကျင့်ကြံခြင်းနှင့် ပတ်သက်၍​ အစဉ်သဖြင့် ပြောဆို ဆွေးနွေးလေ့ရှိကြသည်။ ထို့အပြင် ဂျီယူတွင် သူမအား လမ်းညွှန် ပြသနေသော ရှန့်ထိုတစ်ပါး ရှိပေသည်။

ကောင်းကင် စိတ်ဝိညာဉ် ပညာရှင်များကား စိတ်နယ်လွန် စွမ်းအားဖြင့် အရာအားလုံးကို ပြုလုပ်နိုင်ကြသည်။ ကောင်းကင် စိတ်ဝိညာဉ် ပညာရှင်၏ စွမ်းရည်ကို ထုတ်သုံးရန် တစ်စုံတစ်ယောက်က သူ၏ အထူးပြုပညာကို သိရန်လိုပေသည်။

ဂျီယူ နားလည်ထားသော လောကဓာတ်ကား အလွန်ရှားပါးသော စိတ်နယ်လွန် လောကဓာတ် ဖြစ်သည်။ သူမက စိတ်တန်ခိုးကိုသုံး၍ တစ်ဖက်လူ၏ စိတ်ဝိညာဉ်အား တိုက်ရိုက် တိုက်ခိုက်နိုင်သည်။ ထို့အပြင် ဂျီယူက သူမ၏ စိတ်နယ်လွန် လောကဓာတ်အား မှော်စွမ်းအင်ဖြင့် ပေါင်းစပ် နိုင်ပေသေးသည်။ သူမက ကျောက်စီရီကို အနိုင်ယူခဲ့စဉ်က စွမ်းအား ကုန်သုံးခဲ့ခြင်း မဟုတ်ပေ။

တစ်ခါတစ်ရံ ရီဖူရှင်းက ဒွိဟဖြစ်ရသည်။ သူကား ထိုစဉ်က အမှန် စိတ်ဆိုးခဲ့သည်။ သူ၏မွေးစားအဖေက ဂျီယူအတွက် ရှန့်ထိုတစ်ပါးကို ရှာဖွေကာ သူမ၏ခန္ဓာကိုယ်ထဲ​ ခိုအောင်းစေသည်။ ထို့ကြောင့်ပင် ဂျီယူက တော်ဝင်ကျဲ နန်းတော် တိုက်ပွဲတွင် ဝင်ပါကာ သေလုနီးပါး ဖြစ်ခဲ့၏။ သို့သော်လည်း သူ၏မွေးစားအဖေက ထိုရှန့်ထိုတန်ခိုးရှင်အား ရှာဖွေကာ သူမ၏ခန္ဓာကိုယ်ထဲ နေစေခြင်းက ဂျီယူမြန်ဆန်စွာ တိုးတက်စေရန် ရည်ရွယ်၍​ ဖြစ်သည်ကို သူနားလည်သည်။ ဂျီယူကသာ ထို့ကျန်း၏ လက်အောက်တွင် သည်အတိုင်း လေ့ကျင့်နေပါက ဤမျှ တိုးတက်လာမည် မဟုတ်ပေ။

ကောင်းကင် စိတ်ဝိညာဉ် ပညာရှင်များကား ရုပ်ခန္ဓာ တားဆီးမှုကို တိုက်ရိုက် ကျော်ဖြတ်ကာ စိတ်ဝိညာဉ်အား တိုက်ခိုက်နိုင်ကြသည်။ မည်သည့် တန်ခိုးရှင်အတွက်မဆို ထိုအရာက ကြောက်မက်ဖွယ် အကောင်းဆုံး ဖြစ်ပေသည်။

ယခု တခြားပြည်နယ်မှ တန်ခိုးရှင်များကလည်း ဟွာဂျီယူထံမှ ဖိအားများကို ခံစားမိကြသည်။

ထိုအခိုက်တွင် လူတစ်ယောက်က ရုတ်တရက် မူလနေရာမှ ပျောက်ကွယ်သွားပြီး ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားကာ ဟွာဂျီယူထံသို့ တိုးဝင်သွားသည်။ ဟွာဂျီယူက ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေဆဲ ဖြစ်သော်လည်း သက်စောင့်ဝိညာဉ် အလင်းက ပတ်ဝန်းကျင်ကို ဖြာထွက်နေဆဲ ဖြစ်သည်။ ထိုလူ ဘယ်နေရာကို ရောက်သွားသည်ကို သူမက မကြည့်ပေ။ သူမ၏ စိတ်နယ်လွန် လောက စွမ်းအား ဖျန်းပက်ထားသော ပတ်ဝန်းကျင်၌​ မည်သည့်အရာကမှ ဖုံးကွယ်ထား နိုင်စွမ်း မရှိပေ။

ရုတ်တရက် မမြင်ရသော အားလှိုင်းတစ်ခုက နေရာတစ်ခုကို ရောက်သွားကာ ထိုနေရာ၌ ပြေးလွှားနေသော ပုံရိပ်ကလည်း ရပ်တန့်သွားသည်။ ထိုလူကား ဖုန်းပြည်နယ် တော်ဝင်မြေ ဖြစ်သော စီကလန်မှ ဖြစ်သည်။ သူကား လေထဲတွင်ပင် ရုန်းကန် နေသော်လည်း လှုပ်ရှား၍​ မရပေ။ ဟွာဂျီယူထံမှ အားကောင်းသော စိတ်နယ်လွန် လောကဓာတ်များက သူ့ကို ဖျန်းပက်ထားကာ လှုပ်ရှားနိုင်စွမ်း မဲ့စေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset