သူတို့ ခရီးသွားနေသည်မှာ မည်သူမှာ သတိ မထားမိသော အချိန်မှာပဲ တစ်လ ကုန်ဆုံးသွားသည်။
နေ့တစ်နေ့တွင် …
ဇူယွမ်က သင်္ဘောပေါ်မှ သူ့အားပေးထားသည့် နေရာတွင် မျက်စိ မှိတ်လျက် ရှိနေရာမှ ရုတ်တရက် မျက်လုံးပွင့်သွားကာ ကျင့်ကြံနေရာမှာ ရပ်တန့်လိုက်သည်။ သူက ရုတ်တရက် ပတ်ဝန်းကျင်ရှိ မူလချီများက ကြမ်းတမ်းစွာ နိုးထလာသည့် ထူးဆန်းသော ခံစားချက်ကို ခံစားလိုက်ရသည်။
တစ်ချိန်တည်းမှာပဲ အခန်းအပြင်ဘက်ဆီမှ အောင်ပွဲခံသံတွေ ကြားလိုက်ရသည်။
ဇူယွမ်က ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး အပြင်ဘက်ကို ကြည့်လိုက်သည်။ ပါးလွာတဲ့ တိမ်တိုက် အလွှာများ၏ အောက်ဘက် ဝေးကွာသော နေရာတစ်ခုတွင် ကုန်းမြေ တစ်ခု ပေါ်လာခဲ့သည်။
သူ့နှလုံးသားက ရုတ်တရက် တုန်လှုပ်သွားပြီး ထိုနေရာကို လှမ်းကြည့် လိုက်သည်။ သူက ထိုမြင်ကွင်းကို အာရုံစူးစိုက်ပြီး ကြည့်လိုက်သည်နှင့် မူလချီများဖြင့် ပြည့်နှက်နေ့သည့် ကုန်းမြေပေါ်ရှိ ကောင်းကင် တစ်ခုအား မြင်လိုက်ရသည်။
သည်မတိုင်မီက ဇူယွမ် အနေဖြင့် သည်လို ချီစုဆောင်းမှု သာလွန်သော မည်သည့် တိုက်ကြီးကိုမှ မရောက်ဖူးပေ။ ထပ်ပြီးတော့ မူလချီများသည် ပုံသဏ္ဌာန် အမျိုးမျိုးနှင့် ရှိနေပြီး အလိုအလျောက်ပင် ပြိုင်ဘက် ကင်းစွမ်းအားကို ခံစားမိစေကာ ကောင်းချီးတစ်ခုသာ ပိုင်ဆိုင် ထားသော သူတို့ တိုက်ကြီးထက် များစွာ သာလွန်ပေသည်။
ထိုမြင်ကွင်းကြောင့် ဇူယွမ်က တစ်စုံတစ်ခုကို နားလည် သဘောပေါက် သွားဟန်ဖြင့် ရေရွတ်လိုက်သည်။
“ဒါက ကန်ရွှမ်းကောင်းကင်ဒေသရဲ့ ကောင်းချီး (၆၀%) ရရှိထားတဲ့ ရှန်ဇူတိုက်ကြီးလား”
သည်တိုက်ကြီးက တကယ်ကို ကျယ်ပြန့်ပြီး အကန့်အသတ်မဲ့တာပဲ။
ကိုယ်ပိုင် အစွမ်းအစ တူညီသည့် လူနှစ်ယောက်တွင် တစ်ယောက်အား သည်နေရာတွင် လေ့ကျင့်စေပါက သူ၏ အောင်မြင်မှုမှာ အခြား တစ်နေရာတွင် လေ့ကျင့်သည့် နောက်တစ်ယောက်ထက် ပိုမို သာလွန် ပေလိမ့်မည်။
သည်မြင်ကွင်းကြောင့် ရှန်ဇူတိုက်ကြီးမှာ အခြေခံအားဖြင့် မဖော်ပြ နိုင်လောက်အောင် ကြီးကျယ်သော ကျင့်ကြံခြင်း ကောင်းကင်ဘုံ ဖြစ်သည်ကို သိနိုင်ပေသည်။
“ဆရာဦးလေး မူဝူကျိက ဒီနေရာက ပါရမီရှင်တွေက အလွန်အမင်း မောက်မာ ဝံ့ကြွားတယ်လို့ ငါတို့ကို ပြောပြခဲ့တာ အံ့ဩစရာ မဟုတ်ဖူးပဲ။ မင်းသာ ဒီနေရာမှာ ကြီးပြင်းလာခဲ့ရင် တခြား တိုက်ကြီးတွေက ပါရမီရှင်တွေကို တောသားငနုံတွေလို့ မြင်မှာပဲ” ဇူယွမ်က နက်ရှိုင်းစွာ သက်ပြင်းချလိုက်သည်။
ဒေါက် ဒေါက်…
ထိုစဉ်မှာ ဇူယွမ်က အခန်းတံခါးဆီမှ တံခါးခေါက်သံ ကြားလိုက်ရသည်။
ဇူယွမ်က အထဲသို့ ဝင်လာဖို့ ခေါ်လိုက်သည်နှင့် တံခါးမှာ လျင်မြန်စွာ ပွင့်သွားခဲ့ပြီး ဇူယွမ်ကို နှစ်လိုဖွယ် ကောင်းစွာ ပြုံးပြနေသည့် မျက်နှာဝိုင်း တစ်ခု ပေါ်လာခဲ့သည်။
“အစ်ကိုလေးယွမ် ဆရာမူက ငါတို့အားလုံးကို အသင့်ပြင် ထားခိုင်းတယ်။ ကျွန်တော်တို့ ရှန်ဇူတိုက်ကြီးကို ရောက်တာနဲ့ ဒီလှေပေါ်က ထွက်ခွာပြီး ကန်ရွှမ်းကလန်ကို ဦးတည် သွားရတော့မယ်”
တံခါးနဘေးတွင် ဖက်တီးလေး တစ်ယောက် ရှိနေသည်။ သူ၏မျက်နှာတွင် အမြဲလိုလို ပြုံးနေတတ်ပြီး သူ၏ မျက်လုံးလေးများက မကြာခဏ တောက်ပနေပြီး သူ၏ ဉာဏ်ရည် ထက်မြတ်မှု အရိပ်အယောင်များကို ဖော်ပြနေသည်။ ဒီဝတုတ်လေးကို ရှန့်ဝမ်ကျင်လို့ခေါ်ပြီး ကန်မင် တိုက်ကြီး၏ ပါရမီရှင်တွေထဲမှ တစ်ယောက် ဖြစ်သည်။ သူ၏ ရှန့်ကလန်က ဒေသတစ်ခုကို အုပ်ချုပ်နေပြီး သူတို့၏ အင်အားမှာလဲ ကန်မင်တိုက်ကြီးရှိ အင်ပါယာများနှင့် ယှဉ်နိုင်စွမ်း ရှိပေသည်။
တကယ်တော့ ထိုဝတုတ်လေးမှာလည်း အားမနည်းပေ။ မဟုတ်လျှင် သူ့ကိုမူဝူကျိက သူ့အား ရွေးချယ်လိမ့်မည် မဟုတ်ပေ။
မူဝူကျိ၏ သတိပေးစကား အပြီးတွင် ကန်မင်တိုက်ကြီးမှ ပါရမီရှင်များသည် သူတို့၏ ဇာတိမြေမှ အလွန် ဝေးကွာသော ရှန်ဇူတိုက်ကြီးကို ရောက်ရှိ နေသည့် သူတို့၏ လက်ရှိ အနေအထားကို နားလည် သွားခဲ့သည်။
တကယ်တော့ သူတို့မှာ ကန်ရွှမ်းကလန်၏ သာမန် တပည့်တောင်မှ မဖြစ်သေးပေ။
ရက်စက်သော အမှန်တရားက လူတိုင်းကို နိုးကြားစေခဲ့သည်။ သူတို့အားလုံးထဲမှ အများစုမှာ တတိယတန်း တပည့်အဖြစ် သူတို့၏ အထက်မှလူများ၏ ငုံ့ကြည့်ခြင်းကို မခံလိုသောကြောင့် ကန်ရွှမ်းကလန်သို့ မရောက်မှီ သူတို့၏ သန်မာမှုကို တတ်နိုင်သမျှ တိုးမြှင့်ရန် စတင်ပြီး ကမန်းကတမ်း လေ့ကျင့် ကြတော့သည်။
တခြား တစ်ဖက်တွင်တော့ သည်ဖက်တီးလေး ရှန့်ဝမ်ကျင်က ပိုပြီး တိုက်ရိုက်ကျပြီး သူကျွမ်းကျင်သော နည်းလမ်းကို အသုံးချကာ ဇူယွမ်နားတွင် ကပ်နေတော့သည်… သည်အတော အတွင်း၌ ဖက်တီးလေးမှာ တကယ့်ကို ဇူယွမ်၏ အစေခံလိုဖြစ်လာခဲ့ပြီး သူအမိန့်ပေးသမျှကို ရိုကျိုးစွာ နာခံနေတော့သည်။
သည်အခြေအနေကို ကြည့်ပြီး ဇူယွမ်မှာ ရယ်ရမလား ငိုရမလားပင် မသိတော့ချေ။ သို့သော်လည်း သူ့အနေဖြင့် ဖက်တီးလေးက အရာအားလုံးကို ပေးပြီး ဆုံးဖြတ်ချက် ခိုင်မာ ပြတ်သားသည်ကို အံ့အားသင့်မိ ပေသည်။ ထိုကောင်လေးမှာ ထူးထူးချွန်ချွန်ကြီး မဟုတ်သော်လည်း သူ့တွင် အစွမ်းအစ များစွာရှိပေသည်။
ထိုကြောင့် သူက ဖက်တီးလေးအား ထိုသို့မလုပ်ရန် ဖျောင်းဖျ ပြောဆိုခဲ့သော်လည်း အရာ မရောက်ခဲ့ပေ။ ဇူယွမ်က ကြာရှည်စွာ စိတ်အနှောင့်အယှက် အဖြစ်မခံတော့ပဲ သူလုပ်ချင်နေသည်ကို ခွင့်ပြုပေးခဲ့သည်။
ပြီးခဲ့သော အချိန်အတောအတွင်း အချို့အချိန်များ အတူတကွ ဖြတ်သန်းပြီးနောက် ရှန့်ဝမ်ကျင် အနေဖြင့် တကယ့်ကို ပွင့်လင်းသည်ကို ဇူယွမ်တွေ့ခဲ့သည်။ သူကတကယ်ကို ကွေ့ဝိုက်နေခြင်း မရှိပဲ သူ့အားလိုရင်းကိုသာ တွေ့ခဲ့သည်။ … အစ်ကိုလေး ကျွန်တော် ဒီမှာ အစ်ကိုလေးနဲ့ အတူ ရှိနေခဲ့တာက ရှေ့လျှောက်မှာ အစ်ကိုလေးရဲ့ အရိပ်အာဝါ အောက်မှ နေချင်လို့ပဲ။
သူ၏ရှေ့တွင် မျက်နှာငယ်လေးဖြင့် တစ်စုံတစ်ယောက်က ထိုသို့ ပြောလာခဲ့သော အခါ ဇူယွမ်မှာ မည်သည်မှ မလုပ်နိုင်တော့ပဲ ခါးသီးစွာပင် ရယ်မောလိုက်သည်။
“ကောင်းပြီ…”
ဇူယွမ်က ပြုံးပြပြီး ခေါင်းညိတ်လိုက်သည်။ သူက သေသပ်အောင် ပြင်ဆင်ပြီးနောက် တံခါးမှ လမ်းလျှောက် ထွက်ခဲ့ပြီး ရှန့်ဝမ်ကျင်နှင့် အတူ လှေဦးပိုင်းဆီသို့ ဦးတည် လိုက်သည်။
သူတို့နှစ်ယောက် အတူ လျှောက်လာရင်း ဇူယွမ်က ရှန့်ဝမ်ကျင်ကို ကြည့်ကာ ပြုံးပြီး ပြောလိုက်သည်။ “ငါပြောမယ် မင်းက ရှန့်ကလန်ရဲ့ သခင်လေးပါ ပြီးတော့ မင်းတို့ ရှန့်ကလန်က ငါတို့ ကြီးမြတ်သော ဇူအင်ပါယာထက် သန်မာပါတယ်။ ဒါတွေ လုပ်ဖို့ မလိုအပ်ပါဘူးကွာ”
ကန်မင်တိုက်ကြီး မှာသာဆိုလျှင် ရှန့်ဝမ်ကျင်၏ အနေအထားနှင့် နောက်ခံက သူ့ထက် သာလွန်ပေသည်။
ရှန့်ဝမ်ကျိက ပြုံးကာ တုံ့ပြန် ပြောလိုက်သည်။
“အစ်ကိုလေးယွမ် ကျွန်တော်တို့ ရှန့်ကလန်မှာ ဘာကို ပိုပြီး အလေးထားလဲ သိလား။ စကားလုံးနှစ်လုံး… ကောင်းစွာ ဝေဖန်ပိုင်းခြားနိုင်စွမ်း”
“ကျွန်တော်တို့ ကလန်က ချစ်ခင်မှုနဲ့ မိတ်ဆွေတွေဖွဲ့တယ်။ သူတို့ သန်မာလား အားနည်းလား ဆိုတာကို ဂရုမစိုက်ဘူး။ အဲ့တာကျွန်တော်တို့ ကလန်က ကန်မင်တိုက်ကြီးမှာ မိတ်ဆွေပေါများရတဲ့ အကြောင်းအရင်းပဲ။ ပြီးတော့ အဲ့ထဲမှာ အသိအမှတ် ပြုထိုက်သော မိတ်ဆွေတွေ ကြားထဲမှာမှ ဘယ့်သူကို ရင်းနှီးမြှုပ်နှံရမလဲ ရွေးချယ်တယ်။ အခြေအနေအရ ဝေဖန်ပိုင်းခြား နိုင်မှုကနေ အကျိုး ကျေးဇူးတွေ ရရှိတယ်”
“ကျွန်တော်က သူများတွေရဲ့ အမြင်မှာ သာမန်ညောင်ည အဆင့်လေး ဖြစ်ချင်ဖြစ်မယ် ဒါပေမဲ့ ကျွန်တော်က ကျွန်တော့်ရဲ့ ခန့်မှန်းနိုင်စွမ်းကို ယုံကြည်မှု အပြည့်ရှိတယ်။ ကျွန်တော့်ရဲ့ အမြင်မှာ အစ်ကိုလေးက ကန်ရွှမ်းကလန်ရဲ့ ရေထဲက ငါးတစ်ကောင် တစ်ကောင် ဖြစ်လာလိမ့်မယ်။ ဒါကြောင့် ကျွန်တော်က အစ်ကိုလေးကို ကူညီပေးဖို့ ရွေးချယ်ခဲ့ပြီး ကောင်းမွန်တဲ့ ကာမ ရေစက်တစ်ခုကို တည်ဆောက်ထားတာ။ ဘယ်သူသိမှာလဲ အနာဂတ်မှာ အစ်ကိုလေးက ကျွန်တော် ရင်းနှီးမြှုပ်နှံထားတာထက်ပိုပြီး အောင်မြင်ရင်လည်း အောင်မြင်မှာပေါ့”
ရှန့်ဝမ်ကျင်က သူရဲ့ဆူနေသာ ဗိုက်သားကို ကျေနပ်စွာ ပွတ်ရင်းပြောခဲ့သည်။
“ကျွန်တော့် အတွက်တော့ ကျွန်တော်ရဲ့ ကျင့်ကြံခြင်းပါရမီက အစ်ကိုလောက် မကောင်းဘူး။ ကျွန်တော်က စီးပွားရေး ဘယ်လိုလုပ်ရမလဲနဲ့ ငွေဘယ်လို ရှာရမလဲပဲသိတာ။ အစ်ကိုလေးယွမ် အနေနဲ့ ကျွန်တော်ရဲ့ ကျောထောက် နောက်ခံ လုပ်ပေးဖို့ပဲ လိုတာပါ။ ကျွန်တော်က ငွေရှာပေးမယ်။ ရရှိလာတဲ့ အကျိုးအမြတ်ကို ကျွန်တော်တို့ ခွဲဝေယူကြမယ်။ ပျော်ရွှင်ဖို့ကောင်းတဲ့ ပူးပေါင်း ဆောင်ရွက်မှုပဲ မဟုတ်လား”
သူ၏ခေါင်းထဲတွင် ဇာတ်လမ်းကြီး တစ်ပုဒ်လုံး ရေးသားထားသည်ကို မြင်ရသောအခါ ဇူယွမ်က ပြုံးရုံသာ ပြုံးနိုင်ပြီး သက်ပြင်းချလိုက်သည်။ ဘယ်လို ပါရမီမျိုးလဲ…
သို့သော်လည်း ဇူယွမ်အနေဖြင့် သည်ကမ်းလှမ်းချက်က သူကို အနည်းငယ် လှုပ်ရှားစေခဲ့မှန်း ဝန်ခံရပေမည်။ သူအနေဖြင့် သည်အချိန်တွင် ကျင့်ကြံခြင်း အရင်းအမြစ်များက အရေးကြီးကြောင်း သူနားလည်ပေသည်။ သူအနေဖြင့် ထိုအရာများကို ဝယ်ယူရန် မူလ သလင်း ကျောက်တုံးများ လိုအပ်ပေသည်။
ယခုတွင်သူက ကန်မင်တိုက်ကြီးမှ ထွက်ခွာလာခဲ့ပြီ ဖြစ်သည်။ သူ့အနေဖြင့် မိမိကိုယ်သာ မှီခို ရပေတော့မည်။ သူ့အနေဖြင့် ပိုက်ဆံ ဘယ်လိုရှာရမလဲ မသိပေ။ သူတွင်ရှိသော မူလသလင်း ကျောက်များမှာလည်း အသုံးပြုရင်းနှင့် ကုန်ဆုံးလာပြီ ဖြစ်သည်။ ရှန့်ဝမ်ကျင် အနေဖြင့် သူကို ကူညီပြီး ကျင့်ကြံခြင်း အရင်းအမြစ်များ ဝယ်ယူရန် ပိုက်ဆံ ရှာပေးမည် ဆိုပါက တော်တော်လေး ကောင်းမွန်သော ပူးပေါင်းမှု တစ်ခုဖြစ်သည်။
သူတို့နှစ်ယောက်က စကားပြောလျက် လျောက်လာကြစဉ် မကြာမီမှာပဲ လှေဦးပိုင်းသို့ ရောက်လာခဲ့ပြီး မူဝူကျိက အရှေ့ဆုံးတွင် ထိုင်နေခဲ့ကာ ယောင်ယောင်နှင့် ရှောင်ထျန်းရွမ်တို့လူစုက သူ၏ နောက်တွင် ရှိနေခဲ့သည်။
ဇူယွမ် လမ်းလျှောက်လာသည်ကို မြင်သော အချိန်တွင် အခြားသော ပါရမီရှင်များက သူ့ကို ဖော်ရွေစွာ ကြည့်လာကြသည်။ သူ့ထံတွင် ပထမ အတန်းသို့ တက်ရောက်နိုင်သော သင်္ကေတစ်ပြားရှိမှန်း သူတို့ သိကြသည့်အတွက် သူ၏ ပုံရိပ်ကို မြင့်မား စေပေသည်။ ထိုသူ အားလုံးက သူနှင့် မကြာခင်မှာ ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ရန် လိုလားကြပေမည်။
သို့သော်လည်း သူတို့အားလုံးက ရှန့်ဝမ်ကျင်လိုမျိုး ရိုးသား ပွင့်လင်းခြင်း မရှိကြပေ။
ဇူယွမ်က သူတို့၏ ဖော်ရွှေသော အကြည့်များကို တွေ့ချိန်တွင် ပျော်ရွင်ဟန်မပြပဲ သူ၏ အမူအရာမှာ တည်ငြိမ်အေးစက်နေပြီး အဆုံးမှာ လူတိုင်းကို အနည်းငယ် ပြုံးပြလိုက်ပြီး ယောင်ယောင်၏ နံဘေးသို့လျောက်သွားလိုက်သည်။
“အစ်မကြီးယောင်ယောင်..” ရှန့်ဝမ်ကျင် က ဦးညွတ်ပြီး ပြောလိုက်သည်။
ယောင်ယောင်က သူ့ကို ကြည့်ပြီး အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
ရှန့်ဝူကျိသည် ဇူယွမ်နောက်သို့ လိုက်ခဲ့စဉ် ကာလအတွင်း ကြောက်ရွံစိတ် အနည်းငယ်မျှပင် မရှိခဲ့ပေ။ ထိုအပြင် သူသည် ယောင်ယောင်ထံမှ ကောင်းမွန်သော ထင်မြင်ချက် ရရှိစေရန် တိုက်ခိုက်ခဲ့သည်။ သူ၏ နည်းဗျူဟာကျကျ တိုက်ခိုက်မှုက သူမအား ကြိုက်နှစ်သက်စေသည်။
ယောင်ယောင် ဘာကြိုက်သလဲ ဆိုသည်ကို ဇူယွမ်ထံတွင် မေးခဲ့ပြီး သူမက ပုံမှန်အားဖြင့် သေရည် အကောင်းစားများကို နှစ်ခြိုက်သည်ကို သိရှိသွားခဲ့သည်။
ထိုနောက် သူက ရှားပါးသော သေရည်များကို သူမထံမှ မည်သည့် အဖိုးအခမှ မတောင်းပဲ လက်ဆောင် ပေးခဲ့ပြီးနောက် ယောင်ယောင်က ထိုဖက်တီးလေး ပေါ်တွင် ကောင်းမွန်သော အမြင် အနည်းငယ် ရှိခဲ့သည်။ မဟုတ်လျှင် သူမ၏ ပုံစံအကျင့်စရိုက်အရ ဇူယွမ်မှ လွဲ၍ သည်နေရာတွင် ရှိသော မည်သူ့ကိုမှ ခေါင်းညိတ် မပြဖူးခဲ့ပေ။
လှေဦးပိုင်းတွင် မူဝူကျိက ဆေးတံခဲလျက် သည်နေရာတွင် ရှိနေသော လူတိုင်းကို ကြည့်လိုက်ပြီး အေးဆေးစွာ ပြောလိုက်သည် “နေ့တစ်ဝက်နေရင် ငါတို့ ရှန်ဇူတိုက်ကြီးကို ရောက်လိမ့်မယ်”
“အဲအချိန်ကျရင် မင်းတို့အားလုံး ဒီလှေပေါ်ကနေ ထွက်ခွာပြီးတော့ ငါနဲ့ အတူ ကန်ရွှမ်းကလန်ကို သွားရမယ်”
လူတိုင်းက တည်ငြိမ်သော အမူအရာများဖြင့် ခေါင်းညိတ်ခဲ့ကြသည်။
စကားပြောပြီးနောက် မူဝူကျိက သူ၏ မျက်လုံးအစုံကို မှိတ်လိုက်ပြီး အနားယူလိုက်သည်နှင့် အခြားသူများက တိတ်ဆိတ်စွာ ထိုင်လိုက်ကြသည်။ နေ့တစ်ဝက် ကုန်ပြီးနောက် ရုတ်တရက် တုန်ခါမှုတစ်ခုကို ခံစားလိုက်ရသည်။ သူတို့ အားလုံး နောက်ဆုံးတွင် ရှန်ဇူတိုက်ကြီး အတွင်းသို့ ဝင်ရောက် နိုင်ခဲ့ပြီ ဖြစ်သည်။
မူဝူကျိက မတ်တတ် ရပ်လိုက်ပြီး သူ၏ ဆေးတံကို ခါလိုက်သည်နှင့် အစိမ်းရောင် မီးခိုးများ ထွက်ပေါ်လာသည်။ ထိုမီးခိုးများသည် ပေဒါဇင်အချို့ ကျယ်ဝန်းသော တိမ်တစ်ခု အဖြစ် ပြောင်းလဲသွားပြီး လှေ၏ အပြင်ဘက်တွင် ဝဲခိုနေသည်။
“သွားစို့…”
မူဝူကျိက အစိမ်းရောင် တိမ်ပေါ်သို့ သွားလိုက်သည်။
ဇူယွမ်နှင့် ယောင်ယောင်တို့ လူစုလည်း တစ်ယောက်ပြီး တစ်ယောက် တိမ်ပေါ်သို့ တက်လိုက်ကြသည်။
သူတို့အားလုံး တိမ်ပေါ်တွင် ရပ်တန့်ပြီးသည်နှင့် ဇူယွမ်က ခေါင်းမော့ကာ လှေကြီးပေါ်ရှိ သူတို့ကို လှမ်းကြည့်နေသော လုလျို၊ ကျိုးချူးချင်ယု၊ လီချွန်ကျွမ်တို့ အုပ်စုကို ပြန်ပြီး လှမ်းကြည့် လိုက်သည်။
“ဇူယွမ်၊ ယောင်ယောင် ဂရုစိုက်ကြပါ” လုလျိုက သူမ၏ သေးငယ်သော လက်လေးကို ဝှေ့ယမ်း ပြနေခဲ့သည်။
ကျိုးချူးချင်ယုက ရယ်မော နေပြီးနောက် ပြုံးကာ ပြောလိုက်သည်။
“ဇူယွမ်၊ နင့်ရဲ့ နာမည် ရှန်ဇူတိုက်ကြီး တစ်ခုလုံးကို ပျံ့နှံ့သွားတဲ့ အချိန်ကို ငါစောင့်နေမယ်”
ဇူယွမ်က သူလက်နှစ်ဖက်ကို ဆုပ်လိုက်ပြီး သူ၏ မျက်လုံးအစုံမှာ အနည်းငယ် တောက်ပလျက် ညင်သာစွာ ပြောလိုက်သည်။ “လူတိုင်း အတူတူ ကြိုးစားကြပါ”
သူက အသက်ပြင်းပြင်း ရှူလိုက်ပြီး တစ်ဘက်သို့လှည့်ကာ ထိုင်ချလိုက်ပြီး သူ၏လက်ကို အနောက်သို့ ဝှေ့ယမ်း ပြလိုက်သည်။
မူဝူကျိက သူ၏ ဆေးတံကို ထိလိုက်သည်နှင့် အစိမ်းရောင် တိမ်တိုက်က သူတို့ကို သယ်ဆောင်ကာ အရှေ့သို့ တစ်ဖြောင့်တည်း ထွက်ခွာသွားပြီး အသက်အနည်းငယ် ရှိုက်စာအတွင်း ပျောက်ကွယ် သွားသည်။
တိမ်ပေါ်တွင် ဇူယွမ်၏ မျက်လုံးအစုံမှာ ကျဉ်းမြောင်း သွားပြီး မျှော်လင့်ခြင်း စိတ်လှုပ်ရှားခြင်း အရိပ်အယောင်များက မျက်လုံး အတွင်းတွင် ပေါ်လွင်နေသည်။
“ကန်ရွှမ်းကလန်…”
“ငါတကယ် အဲ့တာကို တွေ့မြင်ချင်နေပြီ”