Switch Mode

အပိုင်း (၇၄၇)

စစ်တုရင်ရှန့်ထို

နတ်နဂါး စစ်တုရင် ကစားကွက်ကား ယခုပင် ပြီးပြည့်စုံသော အဆင့်သို့ ရောက်လာပြီ ဖြစ်သည်။ စစ်မှန်သောနဂါးက စစ်တုရင်ခုံပေါ်တွင် ဖြစ်ပေါ်လာကာ သူ၏အင်အား နယ်ရုပ်များကို အခြေခံသည်။ လီခိုင်ရှင်းက ရီဖူရှင်း၏ ပင်မဝင်္ကပါသို့ တိုက်ရိုက် သွားရောက် တိုက်ခိုက်သည်။ နဂါးကြီးက သူ၏လမ်းကြောင်းကို တိုက်ရိုက်အားဖြင့် အပြင်းအထန် ဝင်ရောက် တိုက်ခိုက်သည်။

ရီဖူရှင်းက ယူချင်းအား နောက်ထပ် နယ်ရုပ်တစ်ခုကို ချစေကာ သူ့ဘက်မှ အင်အားစုများ အားလုံးကို ယူချင်း၏နေရာ၌​ အာရုံစိုက်စေသည်။ ယူချင်းကိုယ်တိုင်က ထိုအခိုက်တွင် မည်သည့် အင်အားမှ သက်ရောက်နိုင်စွမ်း မရှိသော ရှေးဟောင်း နတ်ဘုရားအလား ပြောင်းလဲသွားသည်။ နတ်နဂါးကစားကွက်က ဟာကွက်မရှိရာ ရီဖူရှင်းက တစ်ဖက်လူ၏ အဖွင့်အားနည်းချက်ကို တိုက်ခိုက်ရန် ကြံစည်၍ ​မရပေ။

တစ်ဖက်က သူတို့၏ နယ်ရုပ်များကို ဆက်ချသည်တွင် ရီဖူရှင်းက လေးနက်စွာ ပြန်လည် တုံ့ပြန်သည်။ သူက ရီဖူရှင်းတို့ဘက်မှ ဖန်တီးထားသော စစ်နတ်ဘုရား ကိုးပါးကို စစ်တုရင်ခုံပေါ်၌ မြင်သည်။ သူတို့ ဖန်တီးထားသော ဝင်္ကပါကလည်း အားနည်းချက် မရှိသလို သူတို့က ပြိုင်ဘက် ကစားကွက် ကိုလည်း အမှီပြုထားသေးကာ သူတို့ကို ဖိအားပေးစေသည်။

“ဟာကွက်ကို သတ်ကွက်အဖြစ် အသုံးချတဲ့ ကစားကွက်…” ရန်ရှောင်က ပြောသည်။ ရီဖူရှင်း ကစားနေသော ကစားကွက်က မထင်မှတ်ထားစွာပင် နတ်နဂါး ကစားကွက်နှင့် သဘောတရား ဆင်နေသည်။ ဝင်္ကပါကိုးခုက တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး လိုအပ်သည့် အချိန်တွင် ကိုးယောက်ပေါင်း စွမ်းအင်အား တစ်ဦး တစ်ယောက်တည်းထံသို့ အလွယ်တကူ ပြောင်းရွှေ့နိုင်သည်။

ပရိသတ်မျာ အားလုံး၏ စိတ်များ တုန်ခါနေကြသည်။ ရီဖူရှင်းတို့အဖွဲ့ ကစားနေသော ကစားကွက်က နတ်နဂါး ကစားကွက်ထက် အာနည်းခြင်း မရှိသည်ကို သူတို့ ခံစားမိကြသည်။

စစ်တုရင်ခုံပေါ်မှ နယ်ရုပ်များ ပိုမို များပြားလာခဲ့သည်။ ရန်ရှောင်က ကစားကွက်ကို လေးနက်စွာ ကြည့်ကာ နယ်ရုပ်အားချရန် တွန့်ဆုတ်နေမိသည်။ စစ်တုရင်ပညာတွင် အဆင့်မြင့်မြင့် တတ်ကျွမ်းသော်လည်း ယခု နယ်ရုပ်တစ်ခုကို ချရန်ပင် အလွန်အမင်း ခက်ခဲသော အချိန်အခါကို ရောက်လာပြီဖြစ်သည်။ တစ်ကွက် မှားယွင်းလျှင်ပင် အကျိုးဆက်က ကစားပွဲတစ်ခုလုံးကို အဆုံးသတ် သွားစေနိုင်ပေသည်။

“ညီ၂… ဒီအကွက်ကို မင်းရွှေ့လိုက်တော့…” ရန်ရှောင်က လီခိုင်ရှင်းကို ပြောသည်။

လီခိုင်ရှင်း၏ အမူအရာက အနည်းငယ် သတိထားသော ပုံဟန်ဖြစ်သည်။ သူက ကစားပွဲကိုကြည့်ကာ အတန်ကြာ တိတ်ဆိတ်နေသည်။

အလွန် အားကောင်းသော ဖိအားလှိုင်းက ကစားပွဲ တစ်ခုလုံးကို ရိုက်ခတ်လာသည်။ စစ်တုရင် တောင်ထိပ်က ထိုအခိုက်တွင် မူမမှန်အောင်ပင် တိတ်ဆိတ်နေသည်။ အားလုံးက စစ်တုရင်ခုံပေါ်မှ ကြောက်မက်ဖွယ် ပုံရိပ်ယောင်များအား ကြည့်နေကြသည်။

အတန်ကြာလျှင် လီခိုင်ရှင်းက တစ်ကွက် ရွှေ့လိုက်သည်။ နယ်ရုပ် အားချလိုက်သည်တွင် နတ်နဂါးကစားကွက်က သူ၏သတ်ကွက်ကို ထုတ်ဖော်သည်။ စစ်တုရင်ခုံပေါ်တွင် ရစ်ခွေနေသော နဂါးကြီးက သူ၏ပါးစပ်အား ကျယ်လောင်စွာဟလျက် အရာအားလုံးကို ဝါးမျိုရန် ကြိုးစားသည်။ သူ၏လက်သည်းက လေထုကိုခွင်းလျက် ဝင်လာသည်။ ဝမ်းဗိုက်မှ ဓားကိုယ်ရောင်ကိုယ်ဝါက လွင့်ပျံ့ထွက်လာသလို အမြီးဖြင့်လည်း လှမ်းရိုက်သည်။

နယ်ရုပ်တစ်ခုက နတ်နဂါး ကစားကွက် တစ်ခုလုံးအား အသက်ဝင် စေခဲ့သည်။ ထိုနယ်ရုပ်ကပင် နတ်နဂါး ကစားကွက်၏စွမ်းအား အမြင့်ဆုံး တိုက်ကွက်ကို ပေါ်လွင်စေခဲ့သည်။

ပရိသတ်များ အားလုံးက သက်ပြင်း ရှိုက်လိုက်ကြသည်။ စစ်တုရင်ခုံပေါ်မှ ဖိအားကို သူတို့ပင် ခံစားမိကြသည်။

နတ်နဂါး ကစားကွက်၏ အားအပြင်းဆုံးသော တိုက်ခိုက်မှုအား ရီဖူရှင်းတို့က ခံနိုင်ရည်ရှိပါ့မလား။

လီခိုင်ရှင်းကား သိုင်းပညာကို လေ့ကျင့်သူဖြစ်ရာ တိုက်ခိုက်ရေးပိုင်းတွင် အလွန် အားသန်ပေသည်။ ထို့ကြောင့် စစ်တုရင် ပညာတွင်ဆိုပါက သူ့စွမ်းဆောင်ရည်ကား တိုက်ခိုက်ရေး အပိုင်း၌ ရှိပေသည်။

ရီဖူရှင်းက လီခိုင်ရှင်းကို တည်ငြိမ်စွာ ကြည့်ကာ ယူချင်းအား ညွှန်ကြားလိုက်သည်။ ယူချင်းက နယ်ရုပ်အား တစ်နေရာတွင် ချလိုက်သည်တွင် တစ်ဖက်၏ အန္တရာယ် အများဆုံးသော တိုက်ကွက်အား ခုခံသည်။

“အစ်ကိုကြီး… ကျွန်တော့်ကို ဆက်ခွင့်ပြုပါ…” လီခိုင်ရှင်းက ထပ်ပြောသည်။

“ကောင်းပြီ…” ရန်ရှောင်က သဘောတူဟန်ဖြင့် ခေါင်းညိတ်သည်။ လီခိုင်ရှင်းက နောက်ထပ် နယ်ရုပ်တစ်ခုချသည်။ ရလဒ်အားဖြင့် တိုက်ခိုက်မှုက အားနည်းသွားခြင်း မရှိဘဲ​ ပိုမို၍ ရက်စက်ကြမ်းတမ်း လာသည်။

ရီဖူရှင်းက ဆက်လက်၍ ခုခံသည်။ ပုံသဏ္ဌာန်ကိုးခုက သူတို့၏ နေရာများအား ယူလိုက်ကြကာ ရစ်ခွေနဂါးအား ထိန်းချုပ်လျက် တစ်ဖက်မှ​ တိုက်ခိုက်မှုများကို ခုခံကြသည်။

“ငါတို့က ဒါကို အဆုံးသတ် ကြတော့မယ်…” လီခိုင်ရှင်းက တည်ငြိမ်စွာ ပြောသည်။ သူ၏မျက်လုံးများက အလွန်အမင်း ထက်ရှသွားကာ အလွန်ကြီးမားသော ဖိအားများအား သယ်ဆောင်လာပြီး အရာအားလုံးကို ဖျက်ဆီးတော့မည့်ဟန် မြင်ရသည်။

နတ်နဂါး ကစားကွက်ကား ထိုနယ်ရုပ်ချလိုက်မှုတွင် ပြန်လည် အားပြည့်လာဟန် ရသည်။ ထို့နောက်တွင် ရီဖူရှင်းတို့ဘက်မှ နယ်ရုပ်အများအပြား ပျက်စီးသွားရပြီး ရီဖူရှင်းတို့၏ အားကောင်းသော ခံစစ်ကလည်း ယိုယွင်း လာဟန်ရသည်။

“မင်း ရှုံးသွားပြီ…” လီခိုင်ရှင်းက ရီဖူရှင်းကို ကြည့်ကာပြောသည်… “ဒါပေမဲ့ ဒီအထိရောက်အောင် လာနိုင်တယ် ဆိုကတည်းက စစ်တုရင်ပညာမှာ မင်းရဲ့ကျွမ်းကျင်မှုကို လျစ်လျူရှုလို့ မရဘူး…”

“ခင်ဗျားက သေသေချာချာ ကြည့်ပြီးပြီလား…” ရီဖူရှင်းက လီခိုင်ရှင်းကို ကြည့်ကာမေးသည်။

“ဘာလဲ…” လီခိုင်ရှင်းက မျက်မှောင်ကြုတ် လိုက်ကာ ကစားပွဲတစ်ခုလုံးအား သူ၏စိတ်အသိဖြင့် လွှမ်းခြုံ၍ ကြည့်သည်။ ရီဖူရှင်း၏ နယ်ရုပ်များက ပျက်စီးသွားသော နယ်ရုပ်များအပြီးတွင် တုန်လှုပ်ခြင်း ကင်းကာ မြဲမြံစွာ ရပ်နေဆဲဖြစ်သည်ကို မြင်ရသည်။ အရေးမပါသော နယ်ရုပ်များ ပျက်စီးသွားပြီး နောက်တွင် ရီဖူရှင်းတို့အဖွဲ့ နေရာယူထားသော နယ်ရုပ်များက စစ်နတ်ဘုရား ကိုးပါးအလား နဂါးကြီးကို ပိတ်ဆို့ ထားကြတော့သည်။

ထိုအခိုက်တွင် လီခိုင်ရှင်းက စတင်၍ စိုးရိမ်စိတ် ဝင်လာတော့သည်။

ရီဖူရှင်းက လက်ကို မြှောက်လိုက်သည်တွင် နယ်ရုပ်တစ်ခု သူ၏လက်တွင် ပေါ်လာသည်။ သူက လီခိုင်ရှင်းကို ကြည့်ကာ ပြောသည်… “ဆရာအားက အနိုင်ရဖို့ နည်းနည်း လောနေတယ်ထင်တယ်… ဒီအကွက်က နတ်နဂါး ကစားကွက် အလုပ်လုပ်ပုံကို နားလည်အောင် ဆင်ခြင်ပြီးမှ ရလာတဲ့အကွက် ဖြစ်သလို လျူကျောင်းနဲ့အတူ နတ်နဂါးကစားကွက်ကို စိန်ခေါ်တုန်းက ကျုပ်ကြိုးစားခဲ့တဲ့ အကွက်လည်း ဖြစ်တယ်…”

သူက ပြောပြီးသည်နှင့် နယ်ရုပ်ကို ချလိုက်သည်။ ထိုအခိုက်တွင် ရီဖူရှင်း၏ နယ်ရုပ်များ အားလုံးက အသက်ဝင်လာကြကာ သီးသန့် ဖြစ်နေကြသော ဝင်္ကပါကိုးခုက တစ်ခုတည်း အဖြစ် ပြောင်းလဲသွားပြီး ဓားဝင်္ကပါနှင့် တိုက်ခိုက်မှုများ အားလုံးက ဧရာမနဂါးကြီးအား ပိတ်ဆို့ကာ သတ်ဖြတ် ကြတော့သည်။

လေဟာနယ်ကပင် ရပ်တန့် သွားဟန်ရသည်။ နယ်ရုပ်များ တစ်ခုပြီးတစ်ခု မြန်ဆန်စွာပင် ပျောက်ကွယ် သွားတော့သည်။

မရေမတွက်နိုင်သော မျက်လုံးများက စစ်တုရင်ခုံကို မှင်တက်ငေးမော နေကြသည်။ ပျောက်ကွယ်သွားသော စစ်တုရင်ရုပ်များက သူတို့၏ အသက်ဝိညာဉ်များကိုပင် နုတ်ယူ သွားသည့်အလား ခံစားကြရသည်။

ဤအရာကပင် ရီဖူရှင်း တစ်ချိန်လုံး ကြံစည်နေခဲ့သည်လား။

သူက မူလကတည်းကပင် ဤသေချာသော သတ်ကွက်အား ကြံစည်နေခဲ့သည်။

သည်အရာက အမှန်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

အမှန်တကယ်အားဖြင့် ရီဖူရှင်းက သူ၏ စစ်တုရင်ဝိညာဉ်ဖြင့် သည်ကစားပွဲကို မြန်ဆန်စွာ တွက်ချက် ကစားနေကာ ဖြစ်နိုင်ဖွယ် အပြောင်းအလဲများအား သိရှိပြီးဖြစ်သည်။ ထိုအထဲကမှ သည်တိုက်ပွဲကို အဆုံးသတ်ရန် အမြန်ဆန်ဆုံး နည်းလမ်းကို သုံးခဲ့ခြင်းသာ။ တစ်ဖက်တွင် လီခိုင်ရှင်းကား အနိုင်ယူရန် လောကြီးနေခြင်းကလည်း သူ့အား ပိုမိုလွယ်ကူစေခဲ့သည်။

ရီဖူရှင်းက နတ်နဂါး ကစားကွက်အား ရင်ဆိုင်ရန် ကွဲပြားခြားနားသော ကစားဟန်ကိုးခုအား တည်ခဲ့သည်။ ထို့နောက် ကစားဟန်ကိုးခုက တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီး နဂါးကိုချုပ်ကာ သတ်ဖြတ်ခဲ့၏။

လျူကျောင်းနှင့် ရီဖူရှင်းတို့က နတ်နဂါး ကစားကွက်ကို တစ်နေ့တည်းတွင် အောင်မြင်ခဲ့ကြသည်။

“အံ့အားသင့်စရာပဲ…” ရန်ရှောင်က ပြောသည်… “မင်းရဲ့စစ်တုရင် ကျွမ်းကျင်မှုက တကယ့်ကို အဆင့်မြင့်နေပြီပဲ နန်းတော်သခင်ရီ… မင်းသုံးတဲ့ ကစားကွက်ကလည်း တကယ်ပဲ နတ်နဂါး ကစားကွက်ကို အခြေတည်ပြီး ဖြစ်လာတဲ့ကစားကွက်ပဲ… တကယ်ပဲ မြေရိုင်းပြည်နယ် နံပါတ်တစ်ပါရမီရှင် ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်…”

“ကျွန်တော်က ကံကောင်းခဲ့တာပါ… ” ရီဖူရှင်းက ပြောသည်။

ရန်ရှောင်က ခေါင်းယမ်းသည်… “ကစားပွဲကို ဆက်ကစားရင်တောင်… ညီ၂က အလျင်မလိုဘဲ ကစားရင်တောင် ငါက မင်းကို အနိုင်ရဖို့ ယုံကြည်ချက် မရှိဘူး…”

ရန်ရှောင်က ရီဖူရှင်း၏စစ်တုရင် ကျွမ်းကျင်မှုကို အမှန်ပင် အသိအမှတ်ပြုခြင်း ဖြစ်သည်။

“ဒါက တကယ်ပဲ အံ့အားသင့်စရာပဲ… ကစားပွဲက အရမ်းကို ကြည့်ကောင်းပြီးတော့ ကျွန်တော့်ဘဝမှာ မြင်ဘူးတဲ့ စိတ်လှုပ်ရှားဖွယ် အကောင်းဆုံးကစားပွဲပဲ…” လျူကျောင်းကလည်း ပြောသည်။ လူအများအပြားက လျူကျောင်းအား ကြည့်ကာ ရီဖူရှင်း၏ အောင်မြင်မှုကို ချီးကျူးထောမနာ ပြုပေးနိုင်သော သူ၏ စိတ်နေသဘောထားအား ပိုမို၍ လေးစားကြရသည်။

စစ်တုရင်တောင်ကုန်းမှ လူများအားလုံးက ကြည့်မဝနိုင်သေးသော ခံစားချက်အား ရနေကြသည်။

လူနှစ်ယောက်က နတ်နဂါး ကစားကွက်အား တစ်နေ့တည်းတွင် အောင်မြင်ခဲ့ကြကာ စစ်တုရင်ရှန့်ထို၏ ရတနာအား မည်သူက ပိုင်ဆိုင်မည် ဟူသည်ကလည်း မေးခွန်းထုတ်စရာ ဖြစ်လာသည်။

လူအများအပြားက ရန်ရှောင်နှင့် တခြားလူများအား ကြည့်ကြသည်။

လျူကျောင်းသာ ဖြစ်ပေလိမ့်မည်။

မည်သို့ဆိုစေ စည်းမျဉ်းများအရ လျူကျောင်းကသာ နတ်နဂါးကစားကွက်ကို ဦးဆုံးအောင်မြင်ခြင်း ဖြစ်သည်။ သူက နတ်နဂါးကစားကွက်ကို အောင်မြင်လိုက်သည်နှင့် လိုက်အပ်ချက် ပြည့်မီသွားပြီ ဖြစ်ကာ စစ်တုရင်ရှန့်ထို၏ ရတနာကလည်း လျူကျောင်းထံကို ပေးအပ်ရတော့မည် ဖြစ်သည်။ သို့သော်လည်း ရီဖူရှင်းက အခွင့်အရေး တစ်ခုလိုချင်ခဲ့ရာ စစ်တုရင်ရှန့်ထို၏ တပည့်များက ပေးခဲ့ကြသည်။ သို့သော်လည်း မထင်မှတ်စွာပင် ရီဖူရှင်းကလည်း နတ်နဂါး ကစားကွက်ကို အောင်မြင်ခဲ့သည်။

“နန်းတော်သခင်ရီ… မင်းက တကယ်ပဲ ပါရမီမြင့် စစ်တုရင်ပညာရှင်ပဲ… ညီကိုးက မင်းကို ခေါ်လာတယ်ဆိုတာ မယုံကြည်နိုင်အောင် ပါပဲ… စစ်တုရင်ကျေးရွာမှာ သင်ထောက်ကူ ပစ္စည်းတွေ အများကြီး ရှိပြီးတော့ နန်းတော်သခင်ရီ အလိုရှိတဲ့အချိန်တိုင်း ဒီကို လာရောက် ငှားရမ်းနိုင်ပါတယ်…   လီခိုင်ရှင်းက တည်ငြိမ်သော လေသံဖြင့် ပြောသည်။

ရီဖူရှင်း လီခိုင်ရှင်း ဆိုလိုသည်ကို နားလည်သည်။ စစ်တုရင်ကျေးရွာက သူ့အား စစ်တုရင်ရှန့်ထို၏ အမွေအနှစ်အား ပေးအပ်ရန် မလိုလားပေ။

“ကျေးဇူးတင်ပါတယ်… ဆရာအား…” ရီဖူရှင်းက ပြုံးလျက်ပြောသည်။ နတ်နဂါး ကစားကွက်ကား အမှန်ပင် လျူကျောင်းက ဦးစွာ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ ရီဖူရှင်းက စောဒက တက်စရာ အကြောင်း မရှိပေ။

သို့သော်လည်း သည်ခရီးတွင် သူက စစ်တုရင်ပညာကို အဆင့်တစ်ခုအထိ လေ့လာခွင့်ရခဲ့ကာ ခရီးက အလဟဿ ဖြစ်ခဲ့ခြင်းလည်း မရှိပေ။ သည်ခရီးတွင် ရီဖူရှင်းက အကျိုးများစွာ ဖြစ်ထွန်းခဲ့ပေသည်။

“ဒါက တကယ်ပဲ ပြဿနာပဲ…” ရန်ရှောင်ကလည်း ပြုံးလျက် ပြောသည်။

“အစ်ကိုကြီး… ကျုပ်တို့က စည်းမျဉ်း စည်းကမ်းအတိုင်းပဲ သွားရမှာပေါ့… ဘာလို့ ပြဿနာလဲ…” လီခိုင်ရှင်းက ရန်ရှောင်အား ကြည့်လျက် ပြောသည်။

“သူတို့နှစ်ယောက်လုံးက စစ်တုရင်ပညာမှာ ထူးချွန်ထက်မြက်မှုကို ပြသခဲ့ကြသလို ကစားကွက်ကိုလည်း အောင်မြင်ခဲ့ကြတယ်… ဒါပေမဲ့လည်း မင်းမှန်တယ်… စည်းမျဉ်းက စည်းမျဉ်းပါပဲ…” ရန်ရှောင်က ဆက်ပြောသည်… “ဒါပေမဲ့… သူတို့နှစ်ယောက်လုံးက စည်းမျဉ်းအတိုင်းပဲ ကစားကွက်ကို အောင်မြင်ခဲ့ကြတယ်… ဒီအတွက်နဲ့ သူတို့ နှစ်ယောက်ထဲက ဘယ်သူက အမွေကို လက်ခံရရှိမယ် ဆိုတာကို ဆရာက ဆုံးဖြတ်ပေးရင် ပိုသင့်တော်လိမ့်မယ်…”

လီခိုင်ရှင်းက အနည်းငယ် မျက်မှောင်ကြုတ် လိုက်သည်။ သူ၏အစ်ကိုကြီးက ဆရာကို ဆုံးဖြတ်စေမည်လား။

“ကျွန်တော်တို့က အစ်ကိုကြီးရဲ့ ဆုံးဖြတ်ချက်ကို သံသယ ဖြစ်စရာမလိုပါဘူး…” တခြား တပည့်များကလည်း သဘောတူကြသည်။ ဆရာအား ဆုံးဖြတ်စေခြင်းက အမှန်ပင် သင့်တော်သော နည်းလမ်း ဖြစ်ပေသည်။ လီခိုင်ရှင်းပင် ထိုဆုံးဖြတ်ချက်အား ငြင်းပယ်ရန် အကြောင်းပြချက် မရှိပေ။ ထို့ကြောင့် သူက ဆိတ်ဆိတ် နေလိုက်သည်။

“ကောင်းပြီ… မင်းတို့ ဘယ်သူကမှ မငြင်းဘူးဆိုမှတော့ ဒီလိုပဲ လုပ်လိုက်ကြတာပေါ့…” ထို့နောက် သူက တခြားလူများကို ကြည့်ကာ ပြောသည်… “လူဆယ့်ရှစ်ယောက်က ကစားကွက်ကို အောင်မြင်တယ် ဆိုပေမဲ့ အဓိကအားဖြင့် ရီဖူရှင်းနဲ့ လျူကျောင်းတို့ကပဲ ဒီလူတွေကို ညွှန်ကြားခဲ့တာဖြစ်လို့ သူတို့နှစ်ယောက်ကိုပဲ ဆရာနဲ့ တွေ့ခွင့်ပေးနိုင်မယ်… ဒါကို အားလုံးက နားလည်ပေးမယ်လို့ ယုံကြည်ပါတယ်…”

“သေချာတာပေါ့… ” အားလုံးက ခေါင်းညိတ်ကြသည်။ သူတို့အားလုံးက စစ်တုရင်ရှန့်ထိုအား တွေ့မြင် လိုကြသော်လည်း ကစားကွက်အား အောင်မြင်သူများမှာလည်း အမှန်ပင် ရီဖူရှင်းနှင့် လျူကျောင်းတို့ ဖြစ်ကြသည်။ စစ်တုရင်ရှန့်ထိုက သူ၏ အမွေဆက်ခံစေခြင်း ကိစ္စတွင် သူတို့သွားရောက် တွေ့ဆုံရန် မသင့်ပေ။

ထို့နောက်တွင် ရီရှောင်တို့က ရီဖူရှင်းနှင့် လျူကျောင်းတို့အား စစ်တုရင် ကျေးရွာ၏ ထူးဆန်းလျှို့ဝှက်သော တစ်နေရာသို့ ခေါ်သွားသည်။ ထိုနေရာတစ်ခုလုံးက ကောင်းကင်မှ ကြယ်များ ဖြန့်ကြက်ထားသလို ထင်မှတ်ရကာ အကန့်အသတ် မရှိသလို နေရာတိုင်းတွင် မခန့်မှန်းနိုင်သော အပြောင်းအလဲများ ရှိနေသည်။

လျူကျောင်းနှင့် ရီဖူရှင်းတို့ နှစ်ယောက်လုံးက သည်နေရာကား ဧရာမဝင်္ကပါကြီး တစ်ခုဖြစ်ကြောင်း ပြောနိုင်ကြသည်။ အကယ်၍ မသိသောသူ တစ်စုံတစ်ယောက်ကသာ ဤနေရာကို ဝင်လာပါက သေချာပေါက် သေဆုံးရမည် သေချာသည်။

ရှေ့မှ အဆောင်တစ်ခုတွင် လူတစ်ယောက်ကား ရုပ်တုတစ်ခုအလား တိတ်ဆိတ်စွာ ထိုင်နေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset