Switch Mode

အပိုင်း (၇၄၂)

ကိုယ်စား

လျူကျောင်းက ရီဖူရှင်းကို ကြည့်သည်။ သူက ပြန်သွားပြီးနောက် ကစားပွဲကို ပြန်လည်၍​စဉ်းစား ဆင်ခြင်ခဲ့သည်။ သူ့တွင်လည်း သံသယများ ရှိသည်။ ထိုအကွက်က မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ သူကလည်း အန္တရာယ်၏ အငွေ့အသက်ကို ခံစားရသည်။ သို့သော်လည်း ထိုအန္တရာယ်က မည်သည့်နေရာက လာသည်ကို နားမလည်ခဲ့ပေ။ သူက ရန်ရှောင် ထပ်ရွှေ့မည့် အကွက်ကို စဉ်းစားသော်လည်း စဉ်းစား၍ မရခဲ့ပေ။

ရီဖူရှင်းက ကျောက်စီရီကို ကြည့်သည်။ ဟွာဂျီယူ၊ ယူချင်းနှင့် တခြားလူများ၏ မျက်နှာများက တင်းမာသွားကြသည်။ သည်မိန်းကလေးကား ယမန်နေ့ကတည်းက ထိုကိစ္စအတွက် ဆက်တိုက် စွပ်စွဲပြောဆိုနေသည်။ သူမ ဆိုလိုသည့်လူက ရီဖူရှင်းဖြစ်သည်။

“မနေ့က ကစားတဲ့လူ ကိုးယောက်ထဲမှာ မင်းရဲ့ ကစားဟန်က အဆိုးဝါးဆုံးပဲ… ဒါက အားနည်းချက်တွေ အပြည့်ပဲ…” ရီဖူရှင်းက ကျောက်စီရီကို ကြည့်ကာပြောသည်။ သူ၏အသံကား တည်ငြိမ်ကာ အနည်းသော ဒေါသအငွေ့အသက်များပင် မပါပေ။ သူကား သူမြင်သည့် အကြောင်းအရာကို ပြောခြင်းသာ။

အားလုံး၏ ကစားဟန်များကို ပြန်လှန် ဆန်းစစ်ပြီးနောက် သူမ၏ကစားဟန်က ကိုးယောက်ထဲတွင် အမှန်ပင် အဆိုးဝါးဆုံး ဖြစ်သည်ကို တွေ့ရသည်။ အကယ်၍​ လျူကျောင်းကသာ သူမအတွက် တစ်ကြိမ်ပြီးတစ်ကြိမ် ညွှန်ကြားပေးခြင်း မရှိခဲ့ပါက သူတို့က မြန်မြန်ဆန်ဆန် ရှုံးနိမ့်ခဲ့ပေမည်။

ကျောက်စီရီက ရီဖူရှင်းကို ကြည့်ကာ သဘောမကျစွာ ပြောသည်… “ဒါဆို ရှင်က မနေ့က အရှုံးအတွက် ကျွန်မကို အပြစ်တင်နေတာပေါ့…”

“ဘယ်ဟုတ်ပါ့မလဲ… ဒါက လူကိုးယောက် ကစားတာပဲ… ရှုံးတာက ကိုးယောက်လုံးကြောင့်ပဲ… ဒါမေပဲ့ အရှုံးက တစ်စုံတစ်ယောက်တည်းကြောင့် မဟုတ်ရင်တောင်မှ မင်းရဲ့ ကစားဟန်က အားလုံးထဲမှာ အဆိုးဝါးဆုံးဖြစ်တာ သေချာတယ်…”

လူအများအပြားက ရီဖူရှင်းကို ထိတ်လန့်စွာ ကြည့်ကြသည်။ သူ၏အသံကား တည်ငြိမ်ကာ တခြားလူများနှင့် မတူသော သေချာမှု အငွေ့အသက်များ ပါနေသည်။

ကျောက်စီရီက သူ့အား ဒေါသတကြီး ကြည့်သည်။

“မင်းရဲ့စကားက ဘယ်အချက်အပေါ်မှာ အခြေံတာလဲ…” မိုကျွမ်က ရီဖူရှင်းကို ကြည့်ကာ ပြောသည်။

ရီဖူရှင်းက မိုကျွမ်ဘက်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောသည်… “မင်းစမ်းကြည့်ရင် သိမယ်…” မနေ့က ကျောက်စီရီနှင့် မိုကျွမ်တို့အား သူက ဘာမှ ပြန်မပြောခဲ့ပေ။ သူကား အမှန်ပင် လျူကျောင်းညွှန်ကြားသော နေရာကို မရွှေ့ခဲ့ပေ။ အပြင်ပန်းတွင် ကစားပွဲက သူ့ကြောင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

သူတို့က သူ့အား မကောင်းမြင်သည်မှာ ပုံမှန်သာဖြစ်သည်။ သို့သော် ကျောက်စီရီကား ယမန်နေ့က ကိစ္စကို သည်နေ့တွင် ထပ်ပြောကာ သူ့အား အပြစ်တင်နေသည်။ သူကား မြေရိုင်းပြည်နယ် တော်ဝင်မြေ၏ ခေါင်းဆောင် တစ်ယောက်ဖြစ်သည်။ ယခု တခြားလူများ၏ ပါးစပ်ဖျားတွင် သူက ထိုသို့ ဆက်တိုက် ပြောခံနေရခြင်းက သူ့အား ဟာသတစ်ခုဖြစ်စေရာ ကောင်းမွန်သော လက္ခဏာ မဟုတ်တော့ပေ။

မျက်လုံးများစွာက ရီဖူရှင်းထံကို ရောက်လာသည်။ သူက ကျောက်စီရီကို စစ်တုရင်ကစားရန် စိန်ခေါ်နေခြင်းလား။

တကယ့် စိန်ခေါ်ပွဲက အမှန်ပင် အရာအားလုံးကို အကဲဖြတ်နိုင်စွမ်းရှိပေသည်။ သို့သော်လည်း တော်ဝင်မြေ၏ ခေါင်းဆောင် တစ်ယောက်က အရှေ့ဘက်ပြည်နယ်၏ လူငယ်မျိုးဆက်ကို တိုက်ရိုက်စိန်ခေါ်ခြင်းက သင့်တော်သော ကိစ္စတစ်ရပ်တော့ မဟုတ်ပေ။

မိုကျွမ်က ရီဖူရှင်းကိုကြည့်ကာ ပြောသည်… “တော်ဝင်ပြည်ထောင်က မင်းသမီးက မိန်းကလေးပဲ… တကယ်လို့ နန်းတော်သခင်ရီက စမ်းကြည့်ချင်တယ်ဆိုရင် ကျုပ်က ခင်ဗျားရဲ့ပြိုင်ဘက်အဖြစ် စမ်းကြည့်ချင်ပါတယ်… ဒါက အဆင်ပြေပါ့မလား…”

ရီဖူရှင်းက မိုကျွမ်ကို ကြည့်သည်။ မိုကျွမ်က မနေ့က သူ့အား တောင်းပန်ခဲ့သော်လည်း သူကား မြေရိုင်းပြည်နယ်၏ တော်ဝင်မြေကို အထင်သေးနေခြင်းက သူ့အပြုအမူများတွင် အထင်းသား ပေါ်နေသည်။

“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်ကာ အဘိုးအိုအား ပြောသည်… “စီနီယာတို့က တစ်နေရာလောက် ငှားလို့ ရမလား…”

“အထွေအထူး ပြောနေစရာမလိုဘူး… မင်းတို့နှစ်ယောက်လုံးက ကစားချင်တယ်ဆိုရင် တက်လာခဲ့ကြ…” ရန်ရှောင်က ပြောသည်။

“ကျေးဇူးတင်ပါတယ် စီနီယာ…” ရီဖူရှင်းက ဦးညွှတ်ကာ ပြောသည်။ ရန်ရှောင်နှင့် သူ့လူများက စစ်တုရင်ခုံပေါ်မှ ပြန်ဆင်း လာခဲ့ကြသည်။

မိုကျွမ်က လျှပ်တစ်ပြက် စစ်တုရင်ခုံပေါ်ကို တက်သွားကာ ရီဖူရှင်းကို ပြောသည်… “နန်းတော်သခင်ရီ… ကြွပါ…”

“ယူချင်း…” ရီဖူရှင်းက နောက်လှည့်ကာ ခေါ်လိုက်သည်တွင် ယူချင်းက ရှေ့ကိုတက်လာသည်။

“မင်းတက်သွားလိုက်…” ရီဖူရှင်းက ပြောသည်။ ယူချင်းက ခေါင်းညိတ်ကာ စစ်တုရင်ခုံပေါ်ကို တက်သွားသည်။ ရီဖူရှင်းက သူ့အား ကစားစေလိုလျှင် သူက ကစားရုံသာရှိသည်။

အားလုံးက အံ့အားသင့်သွားကာ ရယ်ရွှင်ဖွယ်ရာ အမူအရာများ ဖြစ်လာကြသည်။ မိုကျွမ်က ရီဖူရှင်းကို ကြည့်ကာ မေးသည်… “နန်းတော်သခင်ရီ… ဒါက ဘာသဘောပါလဲ…”

“ယူချင်း တော်ဝင်ကျဲနန်းတော်က ဂျူနီယာ တပည့်တစ်ယောက်ပဲ… သူက ကျုပ်အစား စစ်တုရင် နယ်ရုပ်တွေကို ချပေးလိမ့်မယ်…” ရီဖူရှင်းက ပြောသည်။ အားလုံးက ရီဖူရှင်းအား အံ့အားသင့်စွာ ကြည့်ကြသည်။ သို့သော်လည်း ရီဖူရှင်းက သူ့အဆင့်ဖြင့် မိုကျွမ်အား တိုက်ရိုက် ရင်မဆိုင်နိုင်ဟု ပြောခြင်း ဖြစ်ကြောင်း အားလုံးက နားလည်ကြသည်။

မိုကျွမ်က မျက်မှောင်ကြုတ် လိုက်ကာ သဘောမကျသော အမူအရာများ ဖြစ်လာသည်။ သူက ရီဖူရှင်းအား ရင်ဆိုင်ရန် ကိုယ်တိုင် ပြောဆိုခဲ့ခြင်းဖြစ်ကာ ယခု ရီဖူရှင်းက စစ်တုရင်ကစားပွဲအား အခြေပြု၍ သူ့အား ပြန်လည် စော်ကားနေသည်။

“မင်းက နန်းတော်သခင်ရီရဲ့ ကိုယ်စား လာကစားတာ ဆိုရင်တော့ နန််းတော်သခင်ရီ ကိုယ်တိုင် ကစားတာနဲ့ မကွဲပြားပါဘူး… ဒါဆိုလည်း စရအောင်…” မိုကျွမ်က ပြောသည်။

ယူချင်းက ရီဖူရှင်းကို ကြည့်ကာ ညွှန်ကြားချက်ကို စောင့်နေသည်။

“မင်း အဆင်ပြေသလိုသာ ကစား…” ရီဖူရှင်းက ပြောသည်။ ယခု သူနှင့် ယူချင်း၏အပြုအမူက ယမန်နေ့ သူနှင့် ဝမ်ရှင်းတို့ လုပ်ခဲ့သည်နှင့် တူလှသည်။

ယူချင်းက ခေါင်းညိတ်ကာ သူ၏ ပထမအကွက်အား ဘာမှ စဉ်းစားမနေဘဲ နေရာချလိုက်သည်။

မိုကျွမ်ကား အလွန်အမင်း သဘောမကျ ဖြစ်နေသည်။ မိုကျွမ်က လက်ဝှေ့ယမ်းကာ စစ်တုရင်ခုံ၏အလယ်မှ ကောင်းကင်မူလ နေရာကို ချလိုက်သည်။

ထိုအကွက်က ပရိသတ်များအား စိတ်ဝင်စား သွားစေသည်။ မိုကျွမ်၏ကစားဟန်က ပုံမှန်လူများ၏ အတွေးများကို ဆန့်ကျင်သွားသည်။ ပထမဆုံးအကွက်အား ကောင်းကင် မူလနေရာသို့ ချသည့်လူ အလွန် ရှားပါးပေသည်။

မိုကျွမ်က ထိုနေရာအား ချလိုက်ခြင်းမှာ စစ်တုရင်ကစားခြင်းထက် သူ၏သဘောထားကို ထုတ်ဖော်ပြသလိုက်ခြင်းဟု ပြော၍​ရပေသည်။ မိုကျွမ်ကား မောက်မာဝင့်ကြွားကာ တော်ဝင်မြေ၏ ဂုဏ်ယူရသော သားတော်ဖြစ်သည်။ ထို့ကြောင့် သူ့အဆင့်အတန်းအား ကောင်းကင် မူလနေရာကို နယ်ရုပ်ချခြင်းဖြင့် ဖော်ထုတ် ပြသခဲ့သည်။

နယ်ရုပ်တိုင်းတွင် အားကောင်းသော လောကဓာတ်များ ပါဝင်သည်။ နယ်ရုပ်တစ်ခုစီတိုင်းက အချင်းချင်း ဆက်စပ်နေကြဟန် ရကာ စစ်တုရင်ခုံပေါ်တွင် အားကောင်းသော ဖိအားများ လွှမ်းခြုံလာစေသည်။

“နှစ်ရဲ့နံပါတ်ရှစ်…” ရီဖူရှင်းက ပြောသည်။ ယူချင်းကလည်း တွန့်ဆုတ်ခြင်း မရှိဘဲ နေရာချလိုက်သည်။

မိုကျွမ်ကလည်း မြန်မြန်ဆန်ဆန်ပင် ပြန်လည်၍ တုံ့ပြန်သည်။

“သုံးရဲ့နံပါတ်ကိုး…” ရီဖူရှင်းကလည်း တွန့်ဆုတ်ခြင်း မရှိဘဲ ပြောသည်။ တစ်ချိန်တည်းမှာပင် ကစားကွက်က သူ့စစ်တုရင်ဝိညာဉ်၌ ကစားကွက်များက ပြည့်စုံစွာ ခင်းထားပြီးဖြစ်ကာ သူ့စိတ်ထဲ၌ အပြောင်းအလဲ များစွာအား ဆက်တိုက် တွက်ချက်သည်။

“ဒါက တော်တော်မြန်တယ်…” လူအများအပြားက ကစားပွဲ၏ အမြန်နှုန်းကို အံ့အားသင့် ကြရသည်။ ထိုအရာက နှစ်ဖက်လုံး၏ အရည်အချင်းနှင့် အတွက်အချက် စွမ်းအားတို့ကို သက်သေပြနေသည်။

“ကြယ်တာရာ ဖြန့်ကြက်ခြင်း…” လူများက ကစားကွက်ကို မှတ်မိကြသည်။ ကစားပွဲက ကြာလာသည်နှင့်မျှ တည်ဆောင်ပုံကလည်း ရှင်းလင်းလာကာ မိုကျွမ်၏ ကစားဟန်က ဝင်္ကပါများကို ဖရိုဖရဲ တည်ဆောက်သည့်ဟန်ပင် ဖြစ်သည်။ သို့သော် ဖြန့်ကြက်လိုက်သော ကြယ်တာရာ ဝင်္ကပါများက အမှန်ပင် ကောင်းကင်မူလနေရာကို ဗဟိုပြုကာ ယူချင်း၏ နယ်ရုပ်များအား ဝန်းရံလာကြသည်။

ဤသို့သော ကစားဟန်ကား တစ်ဖက်လူ၏ နယ်ရုပ်များကို ထွက်ပေါက်မပေးဘဲ တစ်ကြိမ်တည်းဖြင့် အဆုံးသတ်မည့် အကွက်လည်း ဖြစ်သည်။ သို့သော်လည်း တစ်ဖက်လူက ကစားကွက်၏ ရည်ရွယ်ချက်ကို စောလျင်စွာ နားလည်ကာ လမ်းကြောင်းများကို ပိတ်ဆို့လျှင် ကစားကွက် တည်မရတော့ဘဲ အရှုံးပေး ရနိုင်သည်။ သို့သော်လည်း မိုကျွမ်က သူ၏အရည်အချင်းကို လွန်စွာ ယုံကြည်ဟန်ဖြင့် ကစားကွက်အား နေရာချသည်။ သူက ပြိုင်ဘက်အား တစ်ကြိမ်တည်းဖြင့် အပြတ်ရှင်းကာ အရှက်ခွဲလိုဟန် ရသည်။

ယခုတွင် စစ်တုရင်ခုံပေါ်၌ အပြောင်းအလဲများ ဖြစ်ပေါ်လာကြကာ ကြောက်မက်ဖွယ် ကောင်းသော လောကဓာတ်များက ကြယ်အလင်းများက ထက်ရှသော ဓားသွားများအလား ဖြစ်ပေါ် လာနေကြသည်။ မိုကျွမ်က စစ်တုရင်ခုံပေါ်တွင် ရပ်ကာ ယူချင်းအား အေးစက်စွာ ကြည့်သည်။ သူကလက်ကို ဆန့်တန်းလိုက်သည်တွင် အဖြူရောင်နယ်ရုပ်က လောကဓာတ်များဖြင့် ပေါင်းစပ်၍ အလင်းတန်းအလား ကျဆင်းလာသည်။

ထိုနယ်ရုပ်အား ချလိုက်ခြင်းကပင် ကစားကွက် တစ်ခုလုံးအား အသက်ဝင်သွားစေဟန် ရကာ ကြယ်တာရာ ဖြန့်ကြက်ခြင်းက ကြယ်အလင်းများ တောက်ပစွာဖြင့် ယူချင်းထံကို စုပြုံ၍ ရောက်လာကြသည်။ နယ်ရုပ်များ တစ်ရုပ်ပြီးတစ်ရုပ် ပျက်စီးကြသည်။ ကစားကွက်က ယူချင်းဘက်ကို လွန်စွာ အားနည်း သွားစေခဲ့သည်။

“ခြောက်ရဲ့ နံပါတ်ရှစ်…” ရီဖူရှင်းက ပြောသည်။ အနက်ရောင် နယ်ရုပ်တစ်ခု ဖြစ်ပေါ်လာကာ ယူချင်းက လက်ကို ဝှေ့ယမ်းသည်တွင် နယ်ရုပ်က ကြောက်မက်ဖွယ် လေပွေတစ်ခုအား ဖြစ်ပေါ်စေသည်။ သူချလိုက်သော နယ်ရုပ်ကပင် တခြားနယ်ရုပ်များ၏ ဗဟိုချက်မဖြစ်သွားကာ ဝင်္ကပါတစ်ခု ဖြစ်တည်လာပြီး ကြီးမားသော အားအင်က အတိုင်းအဆမဲ့စွာဖြင့် စုစည်းလာသည်။ အားလှိုင်းက အနီးတွင် ရစ်ပတ်နေကြသော နယ်ရုပ်များအား တိုက်ရိုက် ပျက်စီးစေလျက် မိုကျွမ်ထံသို့ တိုးဝင်သွားသည်။

မိုကျွမ်၏အမူအရာက လေးနက်သွားသည်။ ထိုနယ်ရုပ်တစ်ခုက အမှန်ပင် တခြားနယ်ရုပ်များအား ဆက်သွယ်သွားကာ ကြောက်မက်ဖွယ် အားလှိုင်းအား ဖြစ်စေသည်။ သူက မျက်မှောင်ကြုတ်လိုက်ကာ ရှေ့ကို တက်ပြီး နယ်ရုပ်တစ်ရုပ်အား ချသည်။ ထိုအခိုက်တွင်ပင် သူကိုယ်တိုင်က ဝင်္ကပါ၏ဗဟိုဖြစ်လာသည်။ ဓားအလင်းတန်းများနှင့် အရိပ်များက ကောင်းကင်ကို ဖုံးအုပ်လာကာ ယူချင်းထံသို့ ဦးတည်လာသည်။

ရီဖူရှင်းက တစ်စုံတစ်ခုကို ပြောလိုက်သည်တွင် ယူချင်းက ရှေ့ကို တက်လိုက်ကာ နယ်ရုပ်နှင့်အတူ ကျဆင်းလာသည်။ သူက မိုကျွမ်ထံသို့ ပိုမိုရုန့်ရင်း ကြမ်းတမ်းသည့်ဟန်ဖြင့် တိုးဝင်လာည်။ မိုကျွမ်၏အနီးမှ နယ်ရုပ်များစွာက ပျက်စီးသွားရကာ ကြယ်အလင်းများကလည်း မှေးမှိန်လာတော့သည်။ ယူချင်းက ယခင်ကထက် ထည်ဝါသော ကိုယ်ရောင် ကိုယ်ဝါအား ထုတ်ပြသည်။

“မိုကျွမ် ရှုံးတော့မယ်…” လူအများအပြားက စိတ်လှုပ်ရှား သွားကြသည်။ ယူချင်းက လုံးဝဥဿုံ အသာစီးရနေသည်ကို သူတို့အာလုံး မြင်တွေ့ကြရသည်။

တခြား တစ်ဖက်တွင် မိုကျွမ်ကား ပိုမို၍ ဖရိုဖရဲဖြစ်လာကာ ကစားကွက်ကို ပြန်တည်၍မရနိုင်ဘဲ ဖြစ်နေသည်။ သူ၏မျက်နှာက ပြာနှမ်းလာသည်။ ကြီးမားသော ဖိအားကလည်း သူ့အပေါ် ဆင်းသက်လာ၏။

“ခုနစ်ရဲ့ နံပါတ်ကိုးကိုသွား…” အသံတစ်သံကို ကြားကြရသည်။ လူအများအပြား၏ မျက်လုံးများက အရောင်လက်သွားကာ စစ်တုရင် တောင်ထိပ် တစ်နေရာကို ကြည့်ကြသည်။ ပြောလိုက်သူကား လျူကျောင်း ဖြစ်သည်။

လျူကျောင်းက မိုကျွမ်ကို ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset