စိတ်ဝိဉာည်ချီမုန်တိုင်းအတွင်းသို့ပိုမိုဝင်ရောက်မိလေ မုန်တိုင်းက ပို၍ပြင်းထန်လာလေဖြစ်သည်။
အဆုံးတွင်တော့ အာကာသနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကိုးဦးပင် ၎င်းကိုတောင့်မခံနိူင်တော့ပေ။
နောက်ဆုံး၌ နေ့တစ်ဝက်ကြာသွားခဲ့၏။
စိတ်ဝိဉာည်ချီမုန်တိုင်းကိုဖြတ်သန်းသွားပြီးနောက် တောက်ပနေသော စက်လုံးသဏ္ဍန်အရာတစ်ကိုပေါ်လာသည်ကို မြင်လိုက်ကြရသည်။
ကြမ်းတမ်းသောစိတ်ဝိဉာည်ချီများက စိတ်ဝိဉာည်ချီမုန်တိုင်းကိုဖျက်ဆီးလိုက်သော်ခါ ထိုအလင်းများဖြာထွက်နေသော စက်လုံးသဏ္ဍန်အရာက ကမ္ဘာပေါ်ရှိသန့်စင်သောစိတ်ဝိဉာည်ချီများက စုစည်း၍ဖြစ်ပေါ်လာခြင်းဖြစ်သည်။
၎င်းက ကောင်းကင်နှင့်မြေကြီးမှ စွမ်းအင်များကို စုပေါင်းထားခြင်းပင်။
အာကာသနတ်ဘုရားကျွမ်းကျင်သူများက စိတ်ဝိဉာည်ချီကိုမြင်လိုက်ရသောအခါ ရှော့ရသွားသည်။
တစ်ချိန်ထဲမှာဘဲ သူတို့ကို သရေတမြှားမြှားကျစေ၏။
ထိုသို့ သန့်စင်သည့် စိတ်ဝိဉာည်ချီကို သူတို့မမြင်ဖူးကြပေ။
၎င်းကိုသာ ရခဲ့လျှင် သူတို့က ဒဏ္ဍာရီလာ နယ်ပယ်ကို ချိုးဖြတ်နိုင်သွားမည်ဖြစ်၏။
အခြားစကားဖြင့်ပြောရလျှင် သိုင်းဧရာဇ်နယ်ပယ်ပင်။
ရှေးခေတ်အင်ပါယာကျဆုံးပြီးကတည်းက ဤကမ္ဘာတွင် ကြီးမြတ်သော ဧကရာဇ်များမပေါ်ထွန်းတော့ပေ။
မည်သို့ကြောင်းနည်း။
ပထမအချက်က အခြေခံပြဿနာပင်။
ကောင်းကင်ဘုံလမ်းတိုက်ပွဲပြီးနောက် မရေတွက်နိုင်သော ဂိုဏ်းများ၊ အထက်တန်းလွှာများက သူတို့၏အမွေအနှစ်များနှင့်အတူ ထာဝရပျောက်ကွယ်သွားတော့သည်။
ထို့ကြောင့် သိုင်းဧကရာဇ်နယ်ပယ်သို့ရောက်အောင် ထောက်ပံ့ပေးနိုင်သော ကျင့်ကြံခြင်းနည်းလမ်းများက အနည်းငယ်သာကျန်ရှိတော့သည်။
မရေမတွက်နိုင်သောလူများက ယွင်ဟွမ်အင်ပါယာကို ပြန်လည်မတည်ဆောက်စေလိုသော အကြောင်းရင်းတစ်ခုလည်းဖြစ်သည်။
ယွင်ဟွမ်အင်ပါယာ ပြန်လည်တည်ဆောက်ရေးသည် စစ်ပွဲအစီအစဉ်ကို မလွဲမသွေ ပြန်လည်စတင်ရမည်ဟု ဆိုလိုသောကြောင့်ဖြစ်သည်။
ဒုတိယအနေနှင့် စိတ်ဝိဉာည်ချီဖြစ်သည်။
၎င်းက အဓိကအကြောင်းပြချက်ဖြစ်သည်။
ကောင်းကင်ဘုံလမ်းတိုက်ပွဲကြောင့် ဤကုန်းမြေတိုက်ကြီးက အလွန်ထိခိုက်ခဲ့ရသည်။
၎င်းကြောင့် စိတ်ဝိဉာည်ချီက အလွန်နည်းပါးသွား၏။
အာကာသနတ်ဘုရားနယ်ပယ်အထိ ကျင့်ကြံရန်မှာ အလွန်ခက်ခဲ၏။
ပါရမီရှင်များသာ ထိုသို့လုပ်နိုင်စွမ်းရှိသည်။
သိုင်းဧကရာဇ်နယ်ပယ်အထိ ကျင့်ကြံရန်မှာမူ။
ဤကမ္ဘာတွင် စိတ်ဝိဉာည်ချီများကို ထိန်းသိမ်းထားရန်မှာ မဖြစ်နိုင်ပေ။
သိုင်းဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူများပေါ်ပေါက်လာစေရန် မလုံလောက်ချေ။
သိထားရမည်က သိုင်းဧကရာဇ်နယ်ပယ်ကိုချိုးဖြတ်နိုင်ရန် စိတ်ဝိဉာည်ချီအမြောက်အများလိုအပ်ပေသည်။
ထို့ကြောင့် သူတို့ရှေ့ရှိ စိတ်ဝိဉာည်ချီစက်လုံးကို လိုချင်တပ်မက်နေကြခြင်းပင်။
သူတို့၏မျက်လုံးများတွင် လောဘများဖုံးဖိမရပေါ်လွင်နေသည်။
ဗုဒ္ဓဂိုဏ်းတော်ရှိ လူအိုကြီးက သူရှေ့ရှိပစ္စည်းကိုကြည့်ကာ လိုချင်တပ်မက်မှု့များဖြင့်ပြည့်နေလေသည်။
သို့သော် သူ့လောဘက အခြားသူများနှင့်မတူ။
ထိုပစ္စည်းက အထက်ကမ္ဘာက လိုအပ်နေသော အရာပင်။
ထိုပစ္စည်းကို ဗုဒ္ဓဂိုဏ်းတော်က ရယူပြီး အထက်ကမ္ဘာကို ပေးလိုက်နိုင်ပါက ဗုဒ္ဓဂိုဏ်းတော်က အထက်ကမ္ဘာကိုတက်လှမ်းသွားနိုင်မည်ဖြစ်သည်။
အထက်ကမ္ဘာတွင် စိတ်ဝိဉာည်ချီမလုံလောက်မည်ကို စိုးရိမ်စရာမလိုပေ။
မြို့အရှင်ပေ့ဖုန်းက စိတ်ထဲရေရွတ်လိုက်သည်။ “ဒါက လူတွေပြောနေတဲ့ နယ်ပယ်နှလုံးသားလား”
“ဒါပေမယ့် သူတို့က ဒါကို ဘာလို့လိုနေတာလဲ”
“မဟုတ်ဘူး အခုချိန်က တွေးနေရမဲ့အချိန်မဟုတ်ဘူး။ နယ်မြေနှလုံးသားကို ရအောင်ယူရမယ်”
ပေ့ယွမ်မြို့၏ သေခြင်းရှင်ခြင်းက ထိုလူများ၏ လက်ထဲတွင်ရှိနေသည်။
ထိုပစ္စည်းကိုရအောင်ယူနိုင်မှ သူတို့ရှင်သန်နိုင်မည်ဖြစ်သည်။
ပေ့ဖုန်းက ထိုသူများ မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သူကောင်းကောင်းသိသည်။ သူသာ နယ်ပယ်နှလုံးသားကို ယူ၍ ဧကရာဇ်နယ်ပယ်ထိရောက်အောင်ကျင့်ကြံနိုင်ခဲ့ပါကလည်း သူတို့၏လက်ထဲတွင် ရုပ်ဆိုးစွာသေဆုံးနိုင်သေးသည်။
စံအိမ်တော်တွင် နင်းချန်ရှင်းက စိတ်ရှုပ်ထွေးစွာနှင့် မေးလိုက်သည်။ “ဒါက ဘာလဲ”
ဟုန်ရင်က ပြန်ဖြေသည်။ “နယ်မြေနှလုံးသား”
နန်းချန်ရှင်းနှင့်အခြားနှစ်ဦးက ဟုန်ရင်ကို ကြည့်လိုက်သည်။
နယ်ပယ်နှလုံးသား။
ဟုန်ရင်က ခေါင်းညိမ့်ကာ ပြောသည်။ “နာမည်အတိုင်းပေါ့၊ နယ်မြေနှလုံးသားက ဒီနယ်မြေရဲ့နှလုံးသားလေ”
“ဒီနယ်မြေရဲ့ အသန့်စင်ဆုံး စိတ်ဝိဉာည်စွမ်းအားတွေပါဝင်နေတယ်။ တကမ္ဘာလုံးက စွမ်းအားတွေပေါင်းစုပြီး ဒီဟာဖြစ်ပေါ်လာတာ”
“အကယ်၍ ဒီနှလုံးသားသာ ထိခိုက်သွားမယ်ဆိုရင် ဒီကုန်းမြေကြီးက လုံးဝပျက်စီးပြီး စိတ်ဝိဉာည်ချီမရှိတဲ့ ကုန်းမြေပျက်ကြီးတစ်ခုဖြစ်သွားလိမ့်မယ်”
စိတ်ဝိဉာည်ချီမရှိလျှင် ထိုကမ္ဘာတွင် သက်ရှိများနေနိုင်မည်မဟုတ်ပေ။
ထိုအချိန်တွင် ကမ္ဘာကြီးက ပြိုလဲသွားမည်ဖြစ်ကာ မည်သည်မှဖြစ်ထွန်းတော့မည်မဟုတ်ချေ။
သေမျိုးများက ၎င်းကြောင့် ကပ်ဘေးများကိုကြုံရလိမ့်မည်။
ဟုန်ရင်က သက်ပြင်းချကာ “အဲ့အချိန်ဆိုရင် ကောင်းကင်ဘုံလမ်းမှာတိုက်ခိုက်ရင် အခြားနယ်မြေတွေလောက်ရိုးရှင်းမှာမဟုတ်တော့ဘူး”
“ပြီးတော့ အပြင်ကမ္ဘာက လူတွေကလည်း နယ်မြေနှလုံးသားကို လိုချင်နေကြတယ်”
ထိုသို့ကြားသောအခါ နင်းချန်ရှင်းက လေးနက်သောအမူအရာဖြင့် ခေါင်းညိမ့်၏။
ဤနယ်မြေသာ ဖျက်ဆီးခံလိုက်ရလျှင် သေမျိုးများက ရှင်သန်နိုင်မည်မဟုတ်ပေ။
၎င်းကို နင်းချန်ရှင်းက လက်မခံနိုင်ပေ။
သူတာအိုနှလုံးသားက လောကကြီးငြိမ်းချမ်းနေသည်ကို မြင်လိုသည်။ အားလုံးသေဆုံးမည်ကိုမဟုတ်ပေ။
ငြိမ်းချမ်းမှု့ဆိသည်မှာအဘယ်နည်း။
“နယ်မြေနှလုံးသားကို ဘယ်သူမှယူမသွားစေရဘူး”
ယဲ့ချိုးပိုင်နှင့် ရှောင်ဟေးက ခေါင်းညိမ့်၏။
ထိုအချိန် အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူက စကားစ၏။
ထိုလူက အရှေ့ပိုင်းဒေသရှိ အင်အားစုကြီးတစ်ခုဖြစ်သည့် အရှေ့ဝင်ရိုးစွန်းဂိုဏ်း၏ ဘိုးဘေး ရန်တုံရှမ်းပင်။
လူမြင်ကွင်းတွင်တော့ အရှေ့ဝင်ရိုးစွန်းဂိုဏ်းတွင် အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူများမရှိပေ။ သို့သော်လည်း နတ်ဘုရားပစ္စည်းပေါ်ထွက်လာမှု့က ဘိုးဘေးအိုကြီးများကို ဆွဲဆောင်လိုက်နိုင်၏။
ရန်တုံရှမ်းက ထိုသူတို့ထဲမှ တစ်ဦးဖြစ်သည်။
ရန်တုံရှမ်း၏လေသံက ထူးဆန်းနေသည်။ သူက ဘေးပတ်လည်ကိုကြည့်ကာ ပြောလိုက်သည်။ “ဒီမှာက နတ်ဘုရားပစ္စည်းတစ်ခုဘဲရှိတာ။ ကျုပ်တို့ဘယ်လိုခွဲဝေယူကြမလဲ”
လူတိုင်းက ရန်တုံရှမ်း၏ စကားကိုကြားလိုက်ရသော် တိတ်ဆိတိသွားကြသည်။
တိတ်ဆိတ်မှု့က အလွန်ကြောက်မက်ဖွယ်ကောင်းကာ အပ်ကျသံပင်ကြားနိုင်လောက်သည်။
လူတစ်ဦး၏ တံတွေးမျိုချသံပင်ကြားနေရသည်။
နောက်ဆုံးတော့ ချန်းယွမ်နယ်ပယ်က အငယ်တစ်ဦးသည် အသံတိုးတိုးဖြင့်ရေရွတ်လိုက်သည်။ “တစ်ခုတည်းက မလုံလောက်ဘူး”
အမှန်ပင်၊ နတ်ဘုရားပစ္စည်းက တစ်ခုတည်းသာရှိသည်။
ဤနေရာတွင် ဂိုဏ်းနှင့် အဖွဲ့စည်းများစွာရှိလေသည်။
ရုတ်တရက်ပေ့ဖုန်းက ပြုံးကာပြောလိုက်သည်။ “စိတ်ဝိဉာည်ချီမုန်တိုင်းကြောင့်ပူးပေါင်းထားရတာလေ။ အခု နတ်ဘုရားပစ္စည်းရမရကတော့ ကိုယ့်အစွမ်းအစပေါ်မူတည်နေပြီ”
ကိုယ့်အစွမ်းအစပေါ်မူတည်နေပြီ?
လူတိုင်းက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။
ကိုယ့်အစွမ်းကိုယ့်မူတည်မည်ဆိုကတည်းက ရုပ်ထွေးမည့်တိုက်ပွဲကြီးတစ်ခုဖြစ်လာတော့မည်ပင်။
ဤနေရာတွင် မရေတွက်နိုင်သော ဂိုဏ်းများနှင့်အထက်တန်းလွှာများက ကုန်မြေမကြီးတွင် အစားထိုးခံရတော့မည်ဖြစ်သည်။
၎င်းကြောင့် လူတိုင်း၏စိတ်နှလုံးတွင် အကြောက်တရားများနှင့်ပြည့်နှက်သွားတော့သည်။
သူက လူတိုင်း၏အမူအရာကို ကြည့်လိုက်၏။
ပေ့ဖုန်းက ခပ်ဖျော့ဖျော့ပြုံး၍ သူ့မျက်လုံးတွင် အကြံစည်အောင်မြင်သွားကြောင်းပြနေသည်။
“ဒါပေါ့၊ တိုက်ပွဲကတော့ ရှောင်ရမှမဟုတ်ဘူး။ ဒါကြောင့် အခုဘဲ အဖွဲ့အစည်းအချို့ကို ကန်ထုတ်လိုက်ကြရအောင်”
အားလုံးက ၎င်းကိုကြားသော် သူတို့၏အမူအရာက ပြောင်းလဲသွားတော့သည်။
ယဲ့ချိုးပိုင်က ပေ့ဖုန်းကို နက်မှောင်သောအမူအရာဖြင့် ကြည့်နေလေသည်။
သူက ဘာတွေတွေးနေတာလဲ။
သူခန့်မှန်းတာမှန်လျှင် ပေ့ဖုန်း၏ပထမဆုံးပြစ်မှတ်က စံအိမ်တော်ပင်။
ခေါင်းဆောင်ယန်နှင့် လင်းရုဖုန်းကလည်း ၎င်းကိုခံစားမိလေသည်။ သူတို့က လက်အောက်ငယ်သားတွေကို ခေါ်ကာ စံအိမ်တော်နားသို့ မသိမသာချဥ်းကပ်လာလိုက်သည်။
တစ်ဖက်ကရုတ်တရက်ကြီးတိုက်ခိုက်လိုက်ပါက အသင့်ရှိနေစေရန်ပင်။
ရန်တုံရှမ်းက ပြုံးကာ ပြောလိုက်သည်။ “မြို့အရှင်က ဘယ်သူ့ကိုအရင် ကန်ထုတ်ချင်လို့လဲ”
သာမန်အားဖြင့် ပေ့ဖုန်းက ထိုအကွက်ထဲကျမည်မဟုတ်ပေ။
ထိုအစား သူက အဓိပ္ပါယ်ပါပါဖြင့်ပြောလိုက်လေသည်။ “ဒါပေါ့၊ ကျုပ်ကလည်း အားလုံးတွေးနေတာကို သိချင်ပါတယ်။ ဘယ်အဖွဲ့အစည်းက ဒီပြိုင်ပွဲမှာ ဝင်ပါဖို့ အရည်အချင်းမပြည့်မှီဘူးလဲ”
ပေ့ဖုန်းစကားဆုံးသည်နှင့် လူတိုင်းက စံအိမ်တော်ဘက်ကိုလှမ်းကြည့်လိုက်သည်။
စံအိမ်တော်က မသန်မာ၍မဟုတ်။
စံအိမ်တော်က ယွင်ဟွမ်အင်ပါယာကို ကျောထောက်နောက်ခံပေးထားသောကြောင့်ဖြစ်သည်။
အဖွဲ့အစည်းအများစုက ယွင်ဟွမ်အင်ပါယာကိုပြန်လည်ထူထောင်မည်ကို မလိုလားကြပေ။
လူတိုင်းက ပေ့ဖုန်းဆိုလိုသည်ကို နားလည်၏။
သူက စံအိမ်တော်ကို အရင်ကန်ထုတ်ချင်နေသည်။
လူတိုင်းက ထိုအကြံပြုချက်ကို လက်ခံ၏။
ထိုအခိုက် ဗုဒ္ဓဂိုဏ်းတော်ရှိလူအိုကြီးက ရှေ့ထွက်လာ၏။ သူက လက်အုပ်ချီကာ ပြောလိုက်သည်။ “ဘယ်သူကမှ ရှေ့မထွက်လာတော့ ကိုယ်တော်ရဲ့ ရပ်တည်မှု့ကို အရင်ပြလိုက်ပါမယ်”
“စံအိမ်တော်ကလူတိုင်းက ဒီပြိုင်ပွဲကို လက်လျှော့လိုက်သင့်ပါပြီ”
ဗုဒ္ဓဂိုဏ်းတော်ကလူအိုကြီးပြောပြီးနောက် နောက်ထပ်လူအိုကြီးနှစ်ဦးရှေ့ထွက်လာ၏။
ထိုနှစ်ဦးက အာကာသနတ်ဘုရားနယ်ပယ် စဦးအဆင့်ဖြစ်သည်။
သူတို့သုံးဦးနောက်တွင် ရွှေရောင်ဝတ်ရုံတော်ဖြင့် ဗောဒိသတ္တ ခြောက်ဦးနှင့် အစိမ်းရောင်ဝတ်ရုံတော် ဗောဒိသတ္တတစ်ဦးရပ်နေလေသည်။
လူတိုင်းက ထိုအင်အားကို မြင်သော် ရှော့ရသွားကြလေသည်။
ဗုဒ္ဓဂိုဏ်းတော်၏ ခွန်အားက ကြောက်မက်ဖွယ်ရာပင်။
ဗုဒ္ဓဂိုဏ်းတော်၏ခွန်အားကြောင့် အခြားအင်အားစုများက သူတို့၏စိတ်ထဲတွင်လွန်ဆွဲနေကြသည်။
၎င်းတို့က ဗုဒ္ဓဂိုဏ်းတော်ဘက်ကို အနည်းငယ်ယိမ်းယိုင်လာကြသည်။
ထိုအထဲမှ အရှေ့ဝင်ရိုးစွန်းဂိုဏ်းလည်းအပါဖြစ်သည်။