တောင်ပိုင်းဒေသ လျှို့ဝှက်တာအိုကျောင်းတော်ရှိ စံအိမ်တော်တွင်ဖြစ်သည်။
လုချန်ရှန်းက နေပူဆာလှုံနေသည်။
ပြောရလျှင် နေ့လည်ခင်းတရေးတမောအိပ်နေခြင်းပင်။
ထိုအခိုက် သူက မျက်လုံးကို အနည်းငယ်ဖွင့်ကြည့်ကာ ပြောလိုက်သည်။ “ကြည့်ရတာ အခြားတစ်ဖက်က ငတုံးတွေမဟုတ်ဘူးဘဲ”
“ဒါပေမယ့် ပုန်းကွယ်အစီအရင်ကိုလုပ်ဖို့မေ့သွားတာ။ ဒီတခါတော့ သတိပေးချက်အနေနဲ့ဘဲ ထားလိုက်တော့မယ်”
ပုန်းကွယ်အစီအရင်ဟုဆိုရာတွင်၊
လုချန်ရှန်းက တွေးတောနေမိသည်။
“ငါပုန်းကွယ်အစီအရင်ကို သက်သက်ကြီးမလေ့လာမိဘူးထင်တယ်”
“ဟမ်… အိပ်ယာနိုးမှဘဲ လေ့လာတော့မယ်။ မဟုတ်တာ မနက်ဖြန်မှဘဲ လုပ်တော့မယ်။ အခုက မလိုအပ်သေးဘူး”
ထိုသို့တွေးမိကာ လုချန်ရှန်းက မျက်လုံးများပြန်ပိတ်ကာ အနားပြန်ယူနေလိုက်သည်။
ထိုအချိန်၊ ကန္တာရဒေသအပြင်ဘက်ရှိ ကောင်းကင်ဘုံလမ်းတွင်။
ဖျှင်လင်းက ဓားကိုဆွဲကာ အကာအကွယ်အစီအရင်ထံ ပြေးဝင်သွားသည်။
ခပ်တိုးတိုးအော်ကာ လက်နှစ်ဖက်ဖြင့် ဆေဘာဓားကိုဆုပ်ကိုင်ကာ လွဲချလိုက်သည်။
ဆေဘာချီက ဆေဘာဓားရှည်တွင်ဖုံးလွှမ်းနေသည်။
ဆေဘာဓားချီကြောင့် ဓားက ဆယ်မီတာရှည်သည့် ဆေဘာဓားရှည်တစ်ချောင်းအသွင်ပြောင်းသွားသည်။
၎င်းက အကာအကွယ်အစီအရင်ကို အပေါ်မှ အောက်ခြေထိရောက်အောင် ခုတ်ပိုင်းလိုက်၏။
အော်ရာက ကြောက်မက်ဖွယ်ကောင်းကာ လေထုက နှစ်ခြမ်းပြစ်ချင်နေသလိုပင်။
ဖျှင်လင်းက စိတ်ထဲတွင် အထင်အမြင်သေးလျှက်ရှိနေသည်။
ထိုကမ္ဘာ၏လေထုက အလွန်ပါးလွှာကာ သူ၏တိုက်ခိုက်မှု့က လေထုကိုပင် သက်ရောက်စေသွားသည်။ ထိုကမ္ဘာရှိကျင့်ကြံခြင်းအဆင့်တန်းက ဘယ်လောက်တောင်အားနည်းလိမ့်မည်နည်း။
သို့သော်လည်း မဟာအကြီးအကဲ၏ရှော့ရနေသောအကြည့်အောက်တွင် သူက အတွေးပင်မဆုံးလိုက် တစစီကြေမွသွားတော့သည်။
သူ၏ ဆေဘာဓားရှည်ပင်မကျန်ခဲ့ပေ။ ထိုနေရာတွင် လူရှိခဲ့သည်ဟု မထင်ရလောက်အောင်ရှင်းလင်းနေသည်။
ဘာတွေဖြစ်နေတာလဲ။
မဟာအကြီးအကဲနှင့်အခြားသူများက ၎င်းကိုမြင်သော် လေးနက်သွားကြသည်။
အသံလည်းမထွက်၊ ချီအတက်အကျလည်းမရှိပေ။
သူပင်လျှင် တိုက်ခိုက်မှု့က ဘယ်ကလာမှန်းမသိချေ။
ဖျှင်လင်းက ထိုအတိုင်းသေသွားရသည်လား။
ဖျှင်လင်းက ကောင်းကင်ဘုံစိတ်ဝိဉာည်ဂိုဏ်း၏ အတွင်းဂိုဏ်းတပည့်တစ်ဦးဖြစ်သော်လည်း အာကာသနတ်ဘုရားနယ်ပယ်ကိုရောက်ရှိနေပြီဖြစ်သည်။
သူ့၏နားလည်မှု့အရ အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူတစ်ဦးက ကန္တာရဒေသတွင် ထိပ်တန်းကျွမ်းကျင်သူအဖြစ်ယူဆနိုင်သည်။
သို့သော်လည်း သူက ထိုသိုလူမျိုးဖြစ်သည်။
သူက တိတ်တဆိတ်ပင် သတ်ဖြတ်ခံလိုက်ရသည်။
ဖုန်တစ်စပင်လျှင် ကျန်ရစ်မနေခဲ့ပေ။
ထိုအခိုက်တွင် အတွင်းဂိုဏ်းအကြီးအကဲများက ဂိုဏ်းဆီသို့ သတင်းပေးပို့ပြီးဖြစ်သည်။
သူကလည်း ထိုမြင်ကွင်းကို မြင်လိုက်ရ၏။ သူက မဟာအကြီးအကဲဘေးသို့ရောက်လာကာ လေးနက်စွာမေးလိုက်သည်။ “ဒီနေရာက နည်းနည်းထူးခြားနေတယ်”
မဟာအကြီးအကဲက ခေါင်းညိမ့်ကာ သူ့မျက်လုံးတွင် အကြောက်တရားများက ပြည့်နေသည်။
အကယ်၍ ထိုနေရာမှာသူဆိုရင် လုပ်နိုင်မည်မထင်။
သူက သိုင်းဧကရာဇ်အဆင့်ကိုသို့ခြေတစ်လှမ်းသာဝင်ရောက်နေသော်လည်း အာကာသနတ်ဘုရားနယ်ပယ်နှင့်ယှဥ်လျှင် မိုးနှင့်မြေကွာခြားသလိုပင်။
မရေတွက်နိုင်သော လူများက ထိုအဆင့်တွင်သာ တစ်ဆို့နေကြသည်။
သူသာထိုသို့လုပ်လျှင် ဖျှင်လင်းက ရုတ်ချည်းသေဆုံးသွားလိမ့်မည်ပင်။
သို့သော် ထိုသို့ တိတ်တဆိတ် ချီအတက်အကျမရှိဘဲတော့ မဖြစ်နိူင်ချေ။
မဟာအကြီးအကဲက အတွင်းဂိုဏ်းအကြီးအကဲကိုကြည့်ကာ မေးလိုက်သည်။ “ဂိုဏ်းချုပ်က ဘာပြောလဲ”
အတွင်းဂိုဏ်းအကြီးအကဲက ပြန်ပြောသည်။ “ဂိုဏ်းချုပ်က အကာအကွယ်အစီအရင်ကို ဖျက်ဆီးပြီး အမိန့်ကို စောင့်နေပါတဲ့”
အစီအရင်ကို ချိုးဖောက်မှသာ အောက်ကမ္ဘာတွင် ဘာဖြစ်နေမှန်း သူတို့စုံစမ်း၍ရနိုင်မှာဖြစ်သည်။
မဟာအကြီးအကဲက လူရှစ်ဦးကိုကြည့်ကာ “အားလုံး၊ အတူတူတိုက်ကြမယ်”
ထိုအစီအရင်က အတော်လေးထူးခြား၏။
ကြွားချင်ယုံသက်သက်ဖြင့် သူတစ်တည်း မချိုးဖြတ်နိုင်ပေ။
ယခု တဖက်လူ၏ အစီအရင်အတိမ်အနက်ကို အတိအကျမသိသေးပေ။ သေချာအောင်အရင်လုပ်ရဦးပေးမည်။
ထိုသို့ကြားသောအခါ အားလုံးက ခေါင်းညိမ့်ကာ တိုက်ခိုက်ရန် ပြင်ထားတော့သည်။
သူတို့ထဲ အနိမ့်ဆုံးပင်လျှင် အာကာသနတ်ဘုရားနယ်ပယ် စဦးအဆင့်ရှိလေသည်။
အားလုံးက အာကာသနတ်ဘုရားနယ်ပယ် အထွတ်အထိပ်အဆင့်ဖြစ်ကာ မဟာအကြီးအကဲက သိုင်းဧကရာဇ်နယ်ပယ် တစ်ပိုင်းအဆင့်ဖြစ်သည်။
ထိုအဖွဲ့က ကန္တာရဒေသရှိ အဖွဲ့အစည်းများအားလုံးကို ရှင်းထုတ်ပြစ်လိုက်နိုင်သည်။
ဟုတ်ပေသည်၊ စံအိမ်တော်အကြောင်းကိုမူသူတို့မသိကြသေးပေ။
ထိုအခိုက် လေဟာနယ်က အပိုင်းပိုင်းပြတ်သွားလေသည်။
ကောင်းကင်ဘုံလမ်းက စတင်၍ တုန်ယင်လာသည်။
ရှင်းလင်းစွာပင်၊ ၎င်းက စိတ်ဝိဉာည်ချီအတက်အကျကို တောင့်ခံနိုင်ရန် ခက်ခဲသည်။
သို့သော် မဟာအကြီးအကဲနှင့်အခြားသူများက သိပ်ဂရုမစိုက်ပေ။
သူတို့ ပစ္စည်းကိုရနိုင်သမျှ ကန္တာရဒေသဖျက်ဆီးသွားလျှင်ပင် အရေးမကြီးပေ။
သူတို့ကိုးယောက်က ရှေ့သို့တိုးလိုက်သည်။
သူတို့က တိုက်ခိုက်ရန်ပြင်လိုက်သည်။
ထိုအခိုက်၊ လက်ဝါးချက်သုံးခု၊ ဓားချီတစ်ခု၊ လက်သီးစွမ်းအားလေးခုနှင့် လှံအလင်းတန်းတစ်ခုက ထွက်ပေါ်လာလေသည်။
သူတို့က အစီအရင်ကို တိုက်ခိုက်လိုက်သည်။
သူ၏အော်ရာများက ဆူပွက်နေသည်။
ကောင်းကင်ဘုံလမ်းက တုန်ယင်နေလေသည်။
အာကာသနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများနှင့် သိုင်းဧကရာဇ်နယ်ပယ် တစ်ပိုင်းအဆင့်ကျွမ်းကျင်သူက ကန္တာရဒေသတစ်ခုလုံးကို ပြိုလဲစေနိုင်လောက်သည်။
တိုက်ခိုက်ချက်ကိုးချက်က အကာအကွယ်အစီအရင်ထံ ကျရောက်တော့မည့်အချိန်တွင်၊
ကောင်းကင်ဘုံလမ်းအနီးအနားတွင် တိုက်ခိုက်မှု့ကိုးခုကိုရစ်ပတ်ထားသော (အဆောက်အဦသစ်ပင်) ကျန့်မု၏ အကိုင်းအခက်များရှိနေသည်။
ကမ္ဘာသစ်ပင်နဂါးထောက်ချောက်အစီအရင်ပင်။
လုချန်ရှန်းတည်ဆောက်ခဲ့သော ပထမဆုံးအစီအရင်ဖြစ်သည်။
ကျန့်မု့၏အကိုင်းအခက်များက လိမ်ကောက်ရောယှက်နေကာ စက်ဝိုင်းသဏ္ဍန်ဖြစ်ပေါ်လာလေသည်။
၎င်းက တိုက်ခိုက်မှု့များကို တားဆီးလိုက်သည်။
တိုက်ခိုက်ချက်ကိုးချက်က သစ်ကိုင်းများအပေါ်သို့ကျရောက်သွားသည်။
ရုတ်တရက်ဆိုသလို အသံကျယ်ကြီးထွက်ပေါ်လာပြီး လေဟာနယ်က စတင်၍ အက်ကွဲလာ၏။
တွင်းနက်များတစ်ခုပြီးတစ်ခုဖြစ်ပေါ်လာပြီး ကောင်းကင်ဘုံလမ်းအား ပြင်ထန်စွာရိုက်ခက်သွားသည့် လေဟာနယ်မုန်တိုင်းတစ်ခုပေါ်လာတော့သည်။
ကောင်းကင်ဘုံလမ်းက အလွန်ပျက်ဆီးနေလေပြီ။
ဤနေရာရှိ လေဟာနယ်က လက်သီးချက်တစ်ခုကိုပင် တောင့်မခံနိုင်တော့ပေ။
ကောင်းကင်ဘုံစိတ်ဝိဉာည်ဂိုဏ်း၏ တပည့်ကိုးဦးက လှမ်းကြည့်လိုက်၏။
မီးခိုးငွေ့များကွယ်ပျောက်သွားသောအခါ၊
သူတို့ကိုးဦးက ရှော့ရသွား၏။
ကျန့်မု့၏ အကိုင်းအခက်များက ထိခိုက်မှု့မရှိပေ။
၎င်းက တက်ကြွရှင်သန်နေမှု့များရှိနေသေးသည်။
သစ်ပင်၏အကိုင်းအခက်များတွင် အစိမ်းရောင်အလင်းများလင်းလက်နေသည်။
မဟာအကြီးအကဲ အမူအရာက လေးနက်နေသည်။
သူတို့က အားကောင်းသည့်ရန်သူနှင့်ကြုံတွေ့နေရမှန်းသိလိုက်ရသည်။
ကမ္ဘာသစ်ပင်နဂါးထောင်ချောက်အစီအရင်က သူတို့၏ မျှော်မှန်းထားသည်ထက်ကျော်လွန်နေသည်။
သို့သော် မဟာအကြီးအကဲ အံ့သြရသည်က
ကန္တာရဒေသတွင် ကြောက်မက်ဖွယ်ကောင်းသည့် အစီအရင်ဆရာသခင်တစ်ဦးရှိနေသည်လား။
ထိုသို့အစီအရင်မျိုးက ကောင်းကင်ဘုံစိတ်ဝိဉာည်ကမ္ဘာတွင်ပင် ထိပ်တန်းစာရင်းဝင်သည်။
သို့သော် သူဆက်မတွေးနိုင်ခင် လေထုက စတင်၍ ကျုံ့လာ၏။
လေဟာနယ်ချိတ်ပိတ်အစီရင်။
၎င်းက သူတို့၏ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိဉာည်ချီလှည့်ပတ်မှု့ကိုစတင်၍ ပမာဏတစ်ခုထိ ပိတ်ဆို့လိုက်လေသည်။
သူတို့၏သွေးကြောများထဲတွင် တစ်ခုခုပိတ်ဆို့နေသယောင်ဖြစ်သွား၏။
၎င်းကြောင့် လူကိုးဦး၏ အမူအရာက ပြောင်းလဲသွားသည်။
ယင်းက အဆုံးသတ်မဟုတ်သေးပေ။ ကမ္ဘာသစ်ပင်နဂါးထောင်ချောက်အစီအရင်က သူတို့ထံသို့ သစ်ကိုင်းအချို့ပြစ်လွှတ်လိုက်လေသည်။
သို့သော် ၎င်းက မဟာအကြီးအကဲ ကြောက်ရွံ့နေသည့်ဟာမဟုတ်သေးချေ။
သူတို့ထံ မသဲမကွဲ လျှင်မြန်သောအမြန်နှုန်းဖြင့်ချဉ်းကပ်လာနေသော အလွန်အန္တရယ်ရှိသည့် အရာတစ်ခုကို အာရုံခံမိလိုက်သည်။
သူက ဖျှင်လင်း၏ ဝမ်းနည်းစရာ အဆုံးသတ်ကို မြင်ယောင်လာသည်။
မဟာအကြီးအကဲက အော်ဟစ်လိုက်ပြီး။ “သတိထားကြ၊ ကာကွယ်ဖို့ပြင်တော့”
တစ်ချိန်တည်းမှာ မဟာအကြီးအကဲက နောက်ဆုတ်ချင်သော်လည်း လေဟာနယ်ကိုချိတ်ပိတ်ထားသောကြောင့် နောက်ကိုချက်ချင်းပြန်ဆုတ်မရဖြစ်နေသည်။
သူတွင်ရွေးချယ်မစရာမရှိဘဲ သိုင်းဧကရာဇ်နယ်ပယ် တစ်ပိုင်းအဆင့်၏ စွမ်းအားကိုအပြည့်အဝထုတ်သုံးလိုက်ရလေသည်။
အကာအရံတစ်ခုက သူ့ဘေးတွင်ပေါ်လာ၏။
တစ်ချိန်တည်းတွင် ကြမ္မာဆိုးက အချိန်ကိုက်ရောက်လာခဲ့သည်။
အကာအရံက မျက်စိတစ်မှိတ်အတွင်း စတင်၍ပျောက်ကွယ်လာတော့သည်။
အခြားလူများကတော့ ခုခံရန်အချိန်မရှိတော့ပေ။
စိတ်ဝိဉာည်ချီကိုချိတ်ပိတ်ခံထားရသူများလည်းရှိသေးသည်။ သူတို့က တုံ့ပြန်လိုက်သော်လည်း သူတို့၏ ချီကိုထုတ်မသုံးနိုင်ခဲ့ပေ။
သူတို့က နေရာတွင်ဘဲ အသတ်ခံလိုက်ရသည်။
မဟာအကြီးအကဲမှလွဲ၍ ရှစ်ယောက်စလုံးက သေဆုံးသွားကြလေသည်။
မဟာအကြီးအကဲက အံကြိတ်ကာ လျှာဖျားလေးကိုကျုက်လိုက်ပြီး သွေးအစီအနှစ်များကိုထွေးထုတ်လိုက်သည်။
ထို့နောက် သူက လေဟာနယ်ကိုထိုးခွဲကာ ပေထောင်ပေါင်းများစွာအကွာကိုရောက်ရှိသွားတော့သည်။
ထိုမှသာ သူက လွတ်မြောက်သွားတော့သည်။
သို့သော်လည်း ထို့လှုပ်ရှားမှု့ကြောင့် သူကြီးကြီးမားမားပေးဆပ်လိုက်ရသည်။
၎င်းက သူကို့ သုံးနှစ်လောက်ကြာအောင် အနားပြန်ယူရစေလိမ့်မည်။
မဟာအကြီးအကဲက ကောင်းကင်ဘုံလမ်းကို ကြောက်မက်ဖွယ်ရာတစ်ခုလိုလှမ်းကြည့်နေသည်။ သူက ရင်ဖက်ကိုဖိထားကာ ကောင်းကင်ဘုံစိတ်ဝိဉာည်ကမ္ဘာသို့ စိတ်မကောင်းခြင်းများစွာဖြင့်ပြန်သွားရလေသည်။
သူက ထိုသတင်းကို ပြန်ယူသွားရပေဦးမည်။