Switch Mode

အခန်း (၂၂၁)

မူမမှန်ချက်ကိုရှာတွေ့ခြင်း။

ကောင်းကင်ဘုံစိတ်ဝိဉာည်နယ်မြေ။

ကောင်းကင်ဘုံစိတ်ဝိဉာည်ဂိုဏ်း၌၊

ကြီးမားသောအစီအရင်တစ်ခုနှင့် အခန်းငယ်တစ်ခုရှိ၏။

လူအိုကြီးတစ်ဦးက အစီအရင်၏အလယ်တွင် ခြေချိတ်ကာ ထိုင်နေသည်။

သို့သော်လည်း လူအိုကြီးက မျက်မှောင်ကြုတ်နေသည်။

ထိုအစီအရင်က အောက်ကမ္ဘာက အော်ရာများကို အာရုံခံနိုင်သည်။

ထိုအစီအရင်၏ နယ်မြေတစ်ခုလုံးကို ​ဖြန့်ကျက် သိမြင်နိုင်စွမ်းက ရင်းမြစ်များစွာကို ကုန်ကျစေသည်။

နေ့တိုင်းသုံးစွဲရသည့်ငွေကြေးပမာဏက ကြောက်မက်ဖွယ်ကောင်းလွန်း၏။

၎င်း၏ ရည်ရွယ်ချက်က နယ်မြေနှလုံးသားပေါ်လာခဲ့ပါက ၎င်းက အာရုံခံနိုင်ရန်ဖြစ်လေသည်။

သို့သော်လည်း လူအိုကြီးက အောက်ကမ္ဘာ၏ အော်ရာကို လုံးဝအာရုံမခံမိတော့ပေ။

“ဘာတွေဖြစ်ကုန်တာလဲ”

လူအိုကြီးက ထိုနေရာတွင် စောင့်ကြပ်နေသည်မှာ နှစ်ထောင်ချီနေခဲ့ပြီဖြစ်သည်။

ထိုသို့အခြေအနေမျိုးကို ဘယ်သောအခါမှ မကြုံဖူးခဲ့ပေ။

ထို့ကြောင့် လူအိုကြီးက ကောင်းကင်ဘုံစိတ်ဝိဉာည်ဂိုဏ်းချုပ် ခုန်းကျန်းဟန့်ဆီသို့ အသံပို့လွှတ်လိုက်သည်။

ခုန်းကျန်းဟန့်က မျက်မှောင်ကြုတ်ကာ ခန်းမအငယ်ဆီသို့ရောက်လာသည်။

“ဘာဖြစ်နေတာလဲ” သူ့လေသံက အလေးနက်ရှိနေသည်။

ထိုကိစ္စက အလွန်အရေးကြီးကာ သူတို့၏ အစီအစဥ်ကိုတိုက်ရိုက်သက်ရောက်နေသည်။

လူအိုကြီးက ခေါင်းခါကာ ပြောလိုက်လေသည်။ “ကျုပ်လဲမသိဘူး။ ဒီအခြေအနေတိုင်းဖြစ်နေတာ နှစ်ရက်ရှိပြီ။ အခု​ထိ အောက်ကမ္ဘာက အခြေအနေကိုအာရုံခံမရသေးဘူး”

ခုန်းကျန်းဟန့်က တခဏမျှတွေးပြီးနောက်ပြောလိုက်သည်။ “လေဟာနယ် မုန်တိုင်းကြောင့်ဖြစ်နိုင်လား”

နယ်မြေနှစ်ခုက ကီလိုမီတာ သောင်းချီဝေးကွာလေသည်။

ထိုနေရာ၌ လေဟာနယ်မုန်တိုင်းများစွာရှိလေသည်။

သို့သော် လူအိုကြီးက ခေါင်းခါကာ ထိုအချက်ကို ပြတ်သားစွာငြင်းဆိုလိုက်သည်။

“ဒီအစီအရင်ရှိနေတာ နှစ်တစ်သောင်းကြာခဲ့ပြီ။ ဒီနှစ်တစ်သောင်းလောက်အတွင်းမှာ ဘယ်တုန်းကများ ဒီလောကနှစ်ခုကြားမှာ ဒီလောက်ကြီးမားတဲ့ လေဟာနယ်မုန်တိုင်းကိုဖြစ်စေခဲ့လို့လဲ”

“ဒါပေမဲ့၊ ဒီအစီအရင်ရဲ့ လုပ်ဆောင်ချက်ကိုမသက်ရောက်နိုင်သေးဘူး။ လောလောဆယ် လေဟာနယ်မုန်တိုင်းကြောင့်တော့ ဖြစ်တာမဟုတ်လောက်ဘူး” ခုန်းကျန်းဟန့်က ခေါင်းညိမ့်လိုက်သည်။

လူအိုကြီးက အမှန်ကိုပြောနေခြင်းပင်။

ထိုအခြေအနေက ဘယ်သောအခါမှ မဖြစ်ပေါ်ဖူးပေ။

ခုန်းကျန်းဟန့်က အစီအရင်တွင် ပြဿနာတစ်ခုခုရှိနေသည်လားဟု မေးချင်နေသည်။

ခဏမျှစဥ်းစားပြီးနောက် သူက ခေါင်းခါလိုက်မိသည်။

အစီအရင်တွင်တစ်ခုခုဖြစ်နေပါက ၎င်းကိုထိန်းချုပ်နေသော လူအိုကြီးက ချက်ချင်းသိလိမ့်မည်ပင်။

သူက ထိုမေးခွန်းကို မမေးခဲ့သဖြင့် အစီအရင်တွင် ပြဿနာရှိနေမည်မဟုတ်ပေ။

သူ၏မျက်လုံးများ လေးနက်နေပြီး အတွေးများကို ထုတ်ဖော်ပြောလိုက်သည်။

“တစ်ယောက်ယောက်က ပြဿနာဖြစ်အောင်လုပ်နေတာလား?”

ပြဿနာလုပ်နေတယ်။

ခုန်းကျန်းဟန့်က အခြားလူခြောက်ဦးကိုစဥ်းစားမိသော်လည်း သူကခေါင်းခါလိုက်သည်။

“မဖြစ်နိုင်ဘူး။ ဒီလိုလုပ်လို့ သူတို့အတွက် ဘာမှမရဘူး”

“နယ်မြေနှလုံးသားကို သူတို့သီးသန့်ဘဲ မနှိမ်နင်းနိုင်ဘူး”

“ကျုပ်တို့ နယ်မြေနှလုံးသားကို ရတာနဲ့ ကောင်းကင်ဘုံစိတ်ဝိဉာည်ဂိုဏ်းတစ်ခုထဲကဘဲ တိုးတက်သွားမှာမဟုတ်ဘူး။ သူတို့အတွက်လဲ အကျိုးအမြတ်ရမှာ”

လူအိုကြီးက ခေါင်းညိမ့်သည်။

“ဒါဆို သူတို့မဟုတ်ရင် ဘယ်သူလဲ?”

ခုန်းကျန်းဟန့်က အတွေးနက်နေသည်။

ရုတ်တရက် အဖြူဝတ်လူတစ်ဦးကို သူမြင်ယောင်လာ၏။

သူများလား?

ယခင်က သူတည်ဆောက်ထားသည့် အစီအရင်က သူတို့ခုနှစ်ယောက်ကို ခြေမွပြစ်လိုက်နိုင်သည်။

သူတို့ ခုခံချိန်တောင်မရပေ။

အောက်ကမ္ဘာရှိအောရာများကို ထိုလူပိတ်ပင်နိုင်သည်မှာ မဆန်းပေ။

ခုန်းကျန်းဟန့်က သူ့အတွေးကိုထုတ်ပြောလိုက်သည်။

ထိုစကားကိုကြားသော် လူအိုကြီး၏အမူအရာက လေးနက်သွားသည်။ “ဒီလိုဆိုရင်တော့ ဂိုဏ်းချုပ် ကျုပ်လူလွှတ်ပြီး ချက်ချင်းသွားကြည့်ခိုင်းလိုက်မယ်”

“တစ်ဖက်လူက အကာအကွယ်အစီအရင်ကိုဆင်ထားတော့ အောက်ကမ္ဘာမှာ တစ်ခုခုကြီးမားမားဖြစ်နေလောက်ပြီ”

ထိုသို့ကြားသောအခါ ခုန်းကျန်းဟန့်က ခေါင်းညိမ့်၏။

သူကလည်း ထိုနည်းတူစွာတွေးနေသည်။

သူက အမိန့်ပေးလိုက်သည်။ “လူအိုကြီးကျန်း၊ အစီအရင်ကို ဆက်ထိန်းချုပ်နေ၊ ကျန်တာကျုပ်စီစဥ်လိုက်မယ်”

လူအိုကြီးက ခေါင်းညိမ့်ကာ မျက်လုံးကိုပိတ်၍ အောက်ကမ္ဘာရှိအရှိုန်အဝါများကို ဆက်လက်အာရုံခံတော့သည်။

ခုန်းကျန်းဟန့်က အခန်းငယ်အတွင်းမှ ထွက်လာသည်။

ချက်ချင်း မဟာအကြီးအကဲကို လှမ်းခေါ်လိုက်သည်။

သူက ပြောလိုက်သည်။ “အကြီးအကဲတစ်ချို့နဲ့ ကန္တာရ​ဒေသက တပည့်တွေကို ချက်ချင်းခေါ်လိုက်။ ပြီးရင် ငါတို့ရဲ့ အစီအရင်ကိုပိတ်ဆို့နေတာရှိမရှိသွားစစ်ဆေးလာခဲ့”

မဟာအကြီးအကဲက မငြင်းဘဲ ခေါင်းညိမ့်ပြ၏။

သူက ချက်ချင်းဆိုသလို ကန္တာရ​ဒေသက လူအချို့ကို ခေါ်ယူလိုက်သည်။

ခုန်းကျန်းဟန့်က ခန်းမရှေ့သို့လျှောက်လာပြီး သူ့ခြေရင်းရှိ တိမ်ပင်လယ်ကြီးကို ဘေးနက်သောအမူအရာဖြင့်ကြည့်နေတော့သည်။

သူတို့ရည်ရွယ်ချက်ကဘာလဲ?

နယ်မြေနှလုံးသားအတွက်သာဆိုလျှင် သူတို့၏အစီအစဥ်ကို ​ထိခိုက်စေလိမ့်မည်။

သူတို့၏ နှစ်တစ်သောင်းအစီအစဥ်ကိုပင် သက်ရောက်စေလိမ့်မည်ပင်။

ခုန်းကျန်းဟန့်မျက်လုံးတွင် အလွန်အစွမ်းထက်သော  ကြမ်းတမ်းသည့်အရှိုန်အဝါများထွက်ပေါ်လာလေသည်။

တိမ်ပင်လယ်ကြီးက စတင်၍ ဆူပွက်လာလေပြီ။

မသိလျှင် ကောင်းကင်ကြီးက ပြိုကျတော့မည့်ဟန်ပင်။

ထိုအရှိူန်အဝါက အာကာသနတ်ဘုရားနယ်ပယ်ထက် ကျော်လွန်နေသည်။

အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူပင် ထိုအရှိူန်အဝါကို တောင့်ခံနိုင်စွမ်းမရှိနိုင်ပေ။

ခုန်းကျန်းဟန့်က ဆူပွက်နေသော တိမ်ပင်လယ်ကို ကြည့်ကာ အသံနိမ့်နိမ့်ဖြင့် “ငါတို့ရဲ့ အစီအစဥ်ကို ဘယ်သူကမှ မရပ်တန့်နိုင်ဘူး”

“လမ်းမှာဝင်ရှုပ်လို့ကတော့ ဘယ်သူဘဲဖြစ်ဖြစ် ဘယ်ကဘဲလာလာ”

“နတ်ဘုရားတွေတားဆီးရင် နတ်ဘုရားတွေကို သတ်ပြစ်မယ်”

“ဗုဒ္ဓက တားဆီးရင် ဗုဒ္ဓကိုသတ်မယ်”

ထိုအစီအစဥ်က ကောင်းကင်ဘုံစိတ်ဝိဉာည်ဂိုဏ်းနှင့် ကောင်းကင်ဘုံစိတ်ဝိဉာည်ကမ္ဘာတစ်ခုလုံးအတွက် အရေးကြီးသည်။

ထိုအခိုက်၊ အပျက်အဆီးလောကရှိအပြင်ဘက်တွင်၊

ကောင်းကင်ဘုံလမ်း၌၊

မဟာအကြီးအကဲက လူဆယ်ယောက်ကိုခေါ်လာသည်။

ထိုနေရာကိုကြည့်ရင်း မည်သည့်ထူးခြားမှု့ကိုမှ မတွေ့ရသေးပေ။

သူ့နောက်ရှိ ကောင်းကင်းဘုံစိတ်ဝိဉာည်ဂိုဏ်း အတွင်းစည်းဂိုဏ်းအကြီးအကဲက မေးလိုက်၏။ “မဟာအကြီးအကဲ ဘာဖြစ်တာလဲ?”

မဟာအကြီးအကဲက ခေါင်းခါ၍ ပြောသည်။ “အနီးအနားမှာ အစီအရင်တစ်ခုခုတွေ့မလား ​စစ်ကြည့်ဦး”

ထိုစကားကိုကြားသော် လူတိုင်းက ဘာဖြစ်နေမှန်းမသိပေ။

သို့သော်လည်း သူတို့က ပြောသည့်အတိုင်းလုပ်၏။

ကောင်းကင်ဘုံစိတ်ဝိဉာည်ဂိုဏ်းတွင် ဂိုဏ်း၏အဆင့်အတန်းသည် အရာအားလုံးဖြစ်ပြီး ဝါစဥ်က အလွန်တင်းကြပ်သည်။

၎င်းတွင်လည်း အကျိုးကျေးဇူးရှိ၏၊ အုပ်ချုပ်စီမံရလွယ်ကူခြင်းပင်။

မဟာအကြီးအကဲက အလကားမနေပေ။ သူက မျက်လုံးမှိတ်လိုက်ကာ အာကာသနတ်ဘုရားနယ်ပယ်ထက်မြင့်သည့် အရှိုန်အဝါတစ်ခုပေါ်ထွက်လာသည်။

သို့သော်လည်း သူက သိုင်းဧကရာဇ်အဆင့်သို့ မရောရ်သေးပေ။

သူက သိုင်းဧကရာဇ်တစ်ပိုင်းအဆင့်သာရှိသေးသည်။

၎င်းကိုကြည့်ခြင်းဖြင့် ကောင်းကင်ဘုံစိတ်ဝိဉာည်ဂိုဏ်းက မည်မျှအစွမ်းထက်ကြောင်းသိနိူင်လေသည်။

မဟာအကြီးအကဲတစ်ဦးပင်လျှင် သိုင်းဧကရာဇ်တစ်ပိုင်းအဆင့်သို့ရောက်နေလေပြီ။

ထိုအရှိုန်အဝါက ကောင်းကင်ဘုံလမ်းတစ်ခုလုံပြန့်နှံ့သွားလေသည်။

သူက အနီးအနားတွင် အကာအကွယ်အစီအရင်များရရှိနေမလားဟု လိုက်ကြည့်နေသည်။

သူ၏အရှိုန်အဝါက ကောင်းကင်ဘုံလမ်းအဆုံးသို့ရောက်သွားသည့်အခါ ကန္တာရ​ဒေသသို့ဝင်ရောက်ရန် ခြေတစ်လှမ်းသာလိုတော့သည်။

ထို့အချိန် သူ၏အရှိုန်အဝါက ပိတ်ဆို့ခံလိုက်ရသည်။

မဟာအကြီးအကဲက ရုတ်တရက် သူ၏မျက်လုံးကိုဖွင့်ကြည့်လိုက်သည်။

သူ ပြဿနာကိုရှာတွေ့လေပြီ။

သူတို့ရပ်နေသည့် အခြားဖက်အခြမ်းတွင် မှိန်ဖျော့ဖျော့အစီအရင်တစ်ခုက အရှိုန်အဝါကို အပြင်ဘက်ကမ္ဘာသို့ဝင်မရအောင်တားဆီးထားသည်ကို တွေ့လိုက်ရသည်။

“ဂိုဏ်းချုပ်အထင်ကမှန်နေတာဘဲ…”

မဟာအကြီးအကဲက မျက်မှောင်ကြုတ်လိုက်သည်။

ထိုသို့ဆိုလျှင် ပြဿနာဖြစ်လေပြီ။

မဟာအကြီးအကဲက ဘေးရှိ အတွင်းဂိုဏ်းအကြီးအကဲကိုပြောလိုက်သည်။ “ဒီမှာ အကာအကွယ်အစီအရင်ရှိနေတယ်လို့ ဂိုဏ်းချူပ်ကိုသတင်းပို့လိုက်။ အကယ်၍ အစီအစဥ်ပြောင်းဖြစ်မလားလို့မေးလိုက်ဦး”

အတွင်းဂိုဏ်းအကြီးအကဲက ဂိုဏ်းချုပ်ကိုကြားသော် ကြာကြာမနေရဲတော့ဘဲ ချက်ချင်း အသံပို့ကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည်။ ထိုပြဿနာက မည်မျှအရေးကြီးမှန်းသူသိနေလေသည်။

ဖြတ်ကျော်အသံပို့လွှင့်ခြင်းအတွက် သိုင်းဧကရာဇ်အဆင့်သို့မရောက်မချင်း ပြင်ပအကူအညီကိုအသုံးပြုရန်လိုသည်။

သိုင်းဧကရာဇ်အဆင့်၏ ခြေလှမ်းတစ်ဝက်ရောက်နေသော မဟာအကြီးအကဲပင် အသံပို့ဆောင်ခြင်းကိုမလုပ်နိုင်သေးပေ။

ထိုအခိုက် မဟာအကြီးအကဲက အမိန့်ပေးလိုက်သည်။  “ဖျှင်လင်း၊ အကာအကွယ်အစီအရင်ကို ဖျက်ဆီးလိုက်”

ဖျှင်လင်းက ကောင်းကင်ဘုံစိတ်ဝိဉာည်ဂိုဏ်း၏ အတွင်းဂိုဏ်းအကြီးအကဲဖြစ်သည်။ 

သူ့ခွန်အားက အာကာသနတ်ဘုရားနယ်ပယ်စဦးအဆင့်ဖြစ်သည်။

ဖျှင်လင်းက ခေါင်းညိမ့်ကာ ရှေ့သို့တက်လိုက်သည်။

စိတ်ဝိဉာည်ချီများကိုလှည့်ပတ်ပြီးနောက် အကာအကွယ်အစီအရင်ဆီသို့ ရိုက်ချလိုက်တော့သည်။

သို့သော် လက်ဝါးရာက ပင်လယ်အတွင်းသို့ရောက်ရှိသွားသည့် ရွံနွားရုပ်လိုပင်။

အရာပင်မထင်။

၎င်းကြောင့် ဖျှင်လင်းက မျက်မှောင်အနည်းငယ်ကြုတ်လိုက်မိသည်။

အဆင့်နိမ့်အစီအရင်တစ်ခုက သူ၏ လက်ဝါးချက်ကိုတောင့်ခံနိုင်သည်လား။

ထိုသို့တွေးမိပြီး ဖျှင်လင်း မယုံကြည်နိုင်စွာဖြင့် ရှေ့သို့လျှောက်လာ၏။

သူက ဆေဘာဓားရှည်ကို ထုတ်ယူလိုက်သည်။ 

ဆေဘာဓားလှိုင်းတစ်ခုက ထွက်ပေါ်လာ၏။ 

Comment

Leave a Reply

Options

not work with dark mode
Reset