Switch Mode

အခန်း (၂၂၀)

သွေးစွန်းနေသော ရှောင်ဟေး။

၎င်းက လျို့ဝှက်တိုက်ပွဲပင်။

အပေါ်ယံတွင်တော့ ပေ့ဖုန်းက နိုင်နေသလိုဖြစ်နေပေမဲ့ လက်တွေ့မှာ ယဲချိုးပိုင်က နိုင်နေဆဲဖြစ်၏။

အမှန်တော့ သူက ရတနာအများအပြားကို စုဆောင်းရရှိသွားလေသည်။

သူမလိုအပ်လျှင်တောင် ထိုပစ္စည်းများကိုရောင်းစားရာမှ ပိုက်ဆံအတော်များများရရှိပေလိမ့်မည်။

အကယ်၍ သူက ထိုရတနာများကို လျို့ဝှက်တာအိုကျောင်းတော်သို့ပေးလိုက်လျှင်ပင် ကျောင်းတော်၏အခြေခံကို အတော်လေးတိုးတက်သွားစေပေမည်။

ထို့ပြင် ၎င်းကြောင့် အခြားသူများက ပေ့ဖုန်းကို အနည်းငယ်မကျေနပ်ဖြစ်နေသည်။

သူတို့က ဘာမှမဟုတ်ဘဲနှင့် ရတနာများကို အလကားပေးလိုက်ရသလိုပင်။

ထို့ပြင် ထိုအရာများက သာမန်မဟုတ်တော့ သူတို့ကို ခေါင်းကိုက်စေသည်။

ယဲ့ချိုးပိုင်ကို အပြစ်တင်ရန်အကြောင်းမရှိတော့ သူတို့က ပေ့ဖုန်းကို မကျေနပ်သည့်အကြည့်နှင့်သာကြည့်နေတော့သည်။

ထိုအခိုက်တွင် အာကာသနတ်ဘုရားနယ်ပယ် မှော်သားရဲနှစ်ကောင်က စိတ်ဝိဉာည်ချီအကာအရံအနားသို့ကပ်လာလေသည်။

၎င်းတို့က လွှသွားကြွက်ဖြူနှစ်ကောင်ပင်။

သူတို့က အာကာသနတ်ဘုရားနယ်ပယ် စဦးအဆင့်များဖြစ်ကြသည်။

ရှောင်ဟေးက ၎င်းကိုမြင်သော် တိုက်ပွဲချီအမျှင်တန်းက စတင်၍မြင့်တက်လာသည်။ သူက စိတ်ဝိဉာည်ချီအကာအရံအပြင်ဘက်သို့ ထွက်လာလိုက်သည်။

လူတိုင်း၏ အကြည့်အောက်တွင် စိတ်ဝိဉာည်ချီမုန်တိုင်းက ရှောင်ဟေးကိုယ်ကို ဆက်တိုက်ရိုက်ခက်နေကာ သူ၏ခန္ဓာကိုယ်တွင် အဖြူရောင်အစင်းကြောင်းများဖြစ်ပေါ်လာသည်။ 

သို့သော်လည်း အချိန်တိုအတွင်းတော့ ရှောင်ဟေးကို မည်သည့်ထိခိုက်မှု့မျိုးတော့မဖြစ်နိုင်သေးပေ။

ထိုမြင်ကွင်းက လူတိုင်းကို အံ့အားသင့်သွားစေသည်။

သူ့ခန္ဓာကိုယ်က ဘယ်လောက်တောင်သန်မာလို့ စိတ်ဝိဉာည်ချီမုန်တိုင်းကိုတောင်ခံနိုင်စွမ်းရှိတာလဲ။

အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူကိုးယောက်ပင် ထိုသို့မလုပ်နိုင်ကြပေ။

၎င်းက ခန္ဓာကိုယ်ကျင့်ကြံခြင်း၏ ကြောက်မက်ဖွယ်ကျေးဇူးပင်။

ရှောင်ဟေးထွက်သွားသည်ကို သူတို့က ကြည့်နေကြသည်။

လွှာသွားကြွက်ဖြူနှစ်ကောင်က စူးရှရှအော်ဟစ်နေသည်။

သွေးစွန်းနေသောပါးစပ်ကိုဟကာ အစွယ်ဖြူဖြူနှစ်ချောင်းကို ပြသနေသည်။

သူတို့က ရှောင်ဟေးထံပြေးဝင်လာကာ ရှောင်ဟေး၏ ခါးကိုကိုက်ခဲရန် ပြင်နေတော့သည်။

တိုက်ခိုက်ရေးအသွင်ပြင်ထားသော ရှောင်ဟေးက အခြားလူတစ်ဦးအသွင်သို့ပြောင်းလဲသွားတော့သည်။

မိစ္ဆာချီက သူ၏သူငယ်အိမ်အတွင်းသို့ဝင်ရောက်သွားပြီး သူ၏တိုက်ပွဲချီက ထိုးတက်လာတော့သည်။

ထို့နောက် ခပ်တိုးတိုးဟိန်းဟောက်ကာ ရုတ်ချည်း မြေပြင်ပေါ်သို့ခြေဆောင့်လိုက်၏။

အက်ကွဲရာများက နေရာအစုံသို့ပြန့်သွားလေသည်။

ရှောင်ဟေးခန္ဓာကိုယ်က အမြောက်ဆန်လို လွှသွားကြွက်ဖြူနှစ်ကောင်ရှေ့သို့ ပြေးထွက်သွားတော့သည်။

ထိုမြင်ကွင်းကြောင့် အကာအရံအတွင်းရှိ သိုင်းကျင့်ကြံသူများက ပို၍ပင် ထိတ်လန့်သွားကြသည်။

ရှောင်ဟေးက ထိုအာကာသနတ်ဘုရားနယ်ပယ် မှော်သားရဲနှစ်ကောင်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ ရွေးချယ်ခဲ့သည်လား။

တူညီသည့်နယ်ပယ်မှာပင် အာကာသနတ်ဘုရားနယ်ပယ် ကျင့်ကြံသူများက ထိုသွားချွန်ချွန်များဖြင့် ကိုက်ဖြတ်ခြင်းကိုခံရနိုင်သည်။

လက်တလောအချိန်တွင် သူတို့က ပုန်းကွယ်နေရန်သာတက်နိုင်လေသည်။

ရှောင်ဟေးက ထိုလွှသွားကြွက်ဖြူနှစ်ကောင်ကို ပြင်ပခွန်အားသက်သက်ဖြင့် အမှန်တကယ် သတ်ဖြတ်နိုင်သည်လား။ 

အားလုံးက ​ရှေ့ဘာဆက်ဖြစ်မည်ကိုသိနေကြသည်။

ရှောင်ဟေးတွင် ထိုသို့လုပ်နိုင်သည့်အစွမ်းရှိသည်။

တချိန်တည်းတွင် ​ရှောင်ဟေးက လက်သီးတစ်ချက်ပြစ်လွှတ်လိုက်သည်။

မီးလျှံမျဥ်းနှစ်ကြောင်းနှင့် ရေခဲမျဥ်းတစ်ကြောင်းက ​ရှောင်ဟေးကိုယ်တွင် ဖုံးလွှမ်းသွားသည်။

သူ့လက်သီးချက်က လွှသွားကြွက်ဖြူ၏ ချွန်မြသောသွားကို ကြမ်းတမ်းစွာထိမှန်သွားသည်။

ထိုအခိုက် စိတ်ဝိဉာည်ချီမုန်တိုင်းက ရပ်တန့်သွားလေဟန်ရသည်။

လေဟာနယ်က ကြမ်းတမ်းစွာ တုန်ယင်သွားသည်။

လီဟျန်က ထိုမြင်ကွင်းကို မြင်ရသောအခါ ပို၍ပင် ထိတ်လန့်သွားသည်။ 

ထိုလက်သီးချက်သာ သူ့ဆီရောက်လာပါက သူခုခံနိုင်မည်မဟုတ်ပေ။

 လက်သီးတစ်ချက်၏ စွမ်းအားက အလွန်ကြောက်မက်ဖွယ်ကောင်း၏။

လူအများ၏အကြည့်အောက်တွင် လွှသွားကြွက်ဖြူနှစ်ကောင်က သနားစရာကောင်းအောင်ပင် အော်ဟစ်နေတော့သည်။

သွားစွယ်များတွင် အက်ရာများက အမှန်တကယ်ပင် ပေါ်လာ၏။

လွှသွားကြွက်ဖြူနှစ်ကောင်က လွင့်ထွက်သွားလေသည်။

ရှောင်ဟေးက လုံးဝ တုံ့ဆိုင်းခြင်းမရှိ။ အံကြိတ်ကာ လွှသွားကြွက်ဖြူနှစ်ကောင်နောက်သို့ ပြေးလိုက်တော့လေသည်။

သူက ရူးသွပ်သွားဟန်ရကာ သတ်ဖြတ်စက်တစ်ခုလိုပင်။

တစ်ဖက်ရန်သူက မသေမချင်းသူက ရပ်တန့်မည်မဟုတ်ချေ။

“ငါဒီကောင်လေးနဲ့ သေချာပေါက် ရန်သူဖြစ်လို့မရဘူး”

၎င်းက လူတိုင်းတွေးနေကြသောအတွေးပင်။

ထိုသို့အကြောက်အလန့်ကင်းကာ ရက်စက်သည့် လူမျိုးနှင့် ရန်သူဖြစ်ရသည်မှာ ကြောက်မက်ဖွယ်ကောင်းလွန်းသည်။

ထို့ပြင် ​ရှောင်ဟေး၏ ကိုယ်ကာယက အလွန်အားကောင်း၏။

ထိုအခိုက်တွင် လွှသွားကြွက်ဖြူနှစ်ကောင်က တုံ့ပြန်လိုက်သည်။

၎င်းတို့၏ ​အဖ​ြူရောင်အမွေးများက သွေးနီရောင်သို့ ပြောင်းလဲသွားသည်။

၎င်းတို့တစ်ကိုယ်လုံးသွေးနီရောင်များဖုံးလွှမ်းသွားပြီး ချက်ချင်း သူတိူ့၏ အော်ရာများက ထိုးတက်လာသည်။

သူတို့၏မျက်လုံးများက သွေးဆာလောင်မှု့များဖြင့်ပြည့်နက်နေသည်။

ခေါင်းဆောင်ယန်က လေးနက်သောအမူအရာဖြင့် “လွှသွားကြွက်ဖြူရဲ့ သွေးမျိုးဆက်စွမ်းအား၊ သူတို့က ဒေါသကြီးလာပြီး သွေးဆာလာလိမ်မယ်”

“အဲ့အခြေအနေမှာ အမြန်နှုန်းနဲ့ ခွန်အားက နှစ်ဆတိုးသွားမှာ” “နောက်ပြီးတော့ သူတို့ရဲ့အစွယ်ကြောင့် ​ရှောင်ဟေးဒဏ်ရာရသွားမယ်ဆိုရင် အသက်သုံးရှိုက်စာအတွင်း သူသွေးတွေအကုန်ခမ်းခြောက်သွားလိမ့်မယ်”

ခေါင်းဆောင်ယန်၏ ရှင်းပြချက်ကိုကြားသောအခါ လူတိုင်းက ​ရှော့ရသွားတော့သည်။

လူအများစုက မြောက်ပိုင်းရေခဲပြင်၏ မှော်သားရဲများအကြောင်းကို နားမလည်ကြပေ။

သူတို့က ထိုသားရဲများသည် အလွန်သန်မာကြသည်ဟု သာသိထားကြသည်။ သို့သော် သွေးမျိုးဆက်စွမ်းအားက ထိုမျှအစွမ်းကြီးမှန်းသိမထားပေ။

လီဟျန်ပင်လျှင် “မိတ်ဆွေလေးယဲ့ သွားမှဖြစ်တော့မလားနော်” ထိုစကားကိုကြားသော် သူကပြုံး၍ ခေါင်းခါကာ “မလိုပါဘူး။ သူဖြေရှင်းနိုင်ပါတယ်” ရှောင်ဟေး၏ခွန်အားနှင့်ဆို မည်သို့ကြောင့် လွှသွားကြွက်များက သူ၏ ပြင်ပခွန်အားအကာအကွယ်ကို ဖောက်နိုင်မည်နည်း။

တဖက်ရှိ ရှောင်ဟေးက လုံးကြောက်မသွားချေ။

တိုက်ပွဲချီက သူခန္ဓာကိုယ်မှ အဆက်မပြတ်ထွက်ပေါ်နေသည်။

မတူညီသည်ကတော့ ရှောင်ဟေး၏လက်သီးပေါ်တွင် တတိယမျဉ်းတစ်ကြောင်းပေါ်လာခြင်းပင်။

သတ်ဖြတ်ခြင်းအရှိုန်အဝါက ထိုးတက်သွား၏။

မူလက ရှောင်ဟေး၏သူငယ်အိမ်များသည် မိစ္ဆာချီများနှင့်ဝန်းရံနေသည်။

ယခုအချိန်တွင်တော့ အနီရောင်တောက်တောက်အမျှင်တန်းတစ်ခုက ပေါ်ပေါက်လာသည်။

တစ်ဖက်ကအနီ တစ်ဖက်ကအနက်ဖြင့် တစ်ဖက်နှင့်တစ်ဖက်တိုက်ခိုက်နေရနေသည်။

ပေ့ဖုန်းနှင့် လူအိုကြီးက စိတ်ထဲတွင် ​လှောင်ရယ်လိုက်သည်။

လွှသွားကြွက်ဖြူ၏ ခွန်အားက ရင်ဆိုင်ရန် အလွန်ခက်ခဲ၏။

သူတို့က သွေးမျိုးဆက်စွမ်းအားကိုထုတ်သုံးလိုက်သောအခါ ရှောင်ဟေးဒဏ်ရာတချက်ရသည်နှင့် သူ၏သွေးများခြောက်ကပ်သွားလိမ့်မည်။

ထိုအ​ခြေအနေတွင် ရှောင်ဟေးအား ထိုစိတ်ဝိဉာည်ချီမုန်တိုင်းအတွင်းတွင် တန်ခိုးရှင်တစ်ကပင်ကယ်နိုင်တော့မည်မဟုတ်ပေ။

၎င်းက ပေ့ဖုန်း၏ ရည်ရွယ်ချက်ပင်။

သူတို့က စံအိမ်တော်၏စွမ်းအားကိုလျှော့ချပြစ်နိူင်ပါက သူတို့၏အစီအစဥ်အတွက် အတော်ပင်အထောက်အကူဖြစ်နိုင်သည်။

ထိုအခိုက်တွင် လွှသွားကြွက်ဖြူများက လှုပ်ရှားလာသည်။

ကြွက်ဖြူခန္ဓာကိုယ်က လုံးဝ သွေးနီရောင်ပြောင်းသွား၏။

၎င်းက စူးရှရှအသံတစ်ခုထုတ်လွှတ်လိုက်ကာ လေဟာနယ်အတွင်းမှ သွေးအရိပ်များက ထွက်ပေါ်လာသည်။

၎င်းတို့က ​ရှောင်ဟေးထံပြေးဝင်သွားသည်။

ရှောင်ဟေးက ပြုံးဖြဲဖြဲလုပ်လိုက်သည်။ ထိုအချိန်တွင်၊ သူ၏ တိုက်ပွဲချီနှင့် သတ်ဖြတ်ခြင်းအရှိုန်အဝါက ပေါင်းစပ်သွားကာ မိုးထိမတက်မြှင့်တက်သွားသည်။

သူ့လက်သီးရှိတတိယမျဥ်းကလည်း သွေးချီများကို အဆက်မပြတ်ထုတ်လွှင့်နေသည်။

ယား။

အသံနိမ့်နိမ့်ကြိမ်းဝါးကာ ​ရှောင်ဟေးက ​ရှောင်လည်းမရှောင် နောက်လည်းမဆုတ်ဘဲ လွှသွားကြွက်ဖြူနှစ်ကောင်ဆီသို့ ပြေးဝင်သွားတော့သည်။

သူက လက်သီးစုံပြစ်ထိုးလိုက်လေသည်။

လေဟာနယ်က တုန်ခါသွား၏။

ထိုလက်သီးချက်နှစ်ခုက ယခင်လက်သီးချက်ထက်ပိုပြင်း၏။

ထိုစွမ်အားက တောင်များကိုပြိုစေနိုင်ကာ မြေပြင်ကို အက်ကွဲစေနိုင်သည်။

လက်သီးချက်က အစွယ်ရှည်များအပေါ် ကျရောက်သွားသည်။

လူတိုင်းက အမူအရာအမျိုးမျိုးနှင့်ရှိနေကြသည်။

တချို့က ကြောက်လန့်စွာ၊ တချို့က အံသြစွာနှင့် တချို့ကျတော့ မျှော်လင့်တကြီးဖြင့်ရှိနေသည်။ ဟုတ်၏၊ ထိုသူတို့က ရှောင်ဟေး လွှသွားကြွက်ဖြူ၏ အစွယ်အောက်တွင် သေဆုံးသွားစေလိုကြသည်။

သို့ပေမဲ့ အထင်နှင့် အမြင်က လွဲချေပြီ။

ထိုအခိုက် လွှသွားကြွက်ဖြူများ၏ အစွယ်များက ကြေမွသွားတော့သည်။

ရှောင်ဟေးလက်သီးချက်က ဆက်သွားပြီး လွှသွားကြွက်ဖြူ၏ ဦးခေါင်းပေါ်သို့ကျရောက်သွားသည်။

ဘန်း။

အသံကျယ်ကြီးထွက်ပေါ်လာ၏။

လွှသွားကြွက်ဖြူ၏ ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွား​တော့သည်။ 

အသွေးအသားများက နေရာအနှံ့ပျံ့သွားသည်။

ရှောင်ဟေး၏ခန္ဓာကိုယ်က နီစွေးစွေးဖြစ်သွားသည်။

သို့သော်လည်း ရှောင်ဟေးက မရပ်။

တစ်ခြားလက်တစ်ဖက်နှင့် လွှသွားကြွက်ဖြူ၏ အစွယ်ကိုလှမ်းကိုင်လိုက်သည်။

ကျယ်လောင်စွာအော်ကာ လူတိုင်း၏ထိတ်လန့်​နေ​ေသာအကြည့်အောက်တွင် သူ၏ ခွန်အားကိုထုတ်ဖော်ပြသလိုက်သည်။

ရှောင်ဟေးက လွှသွားကြွက်ဖြူ၏ အစွယ်ကို အားဖြင့်ဆွဲနုတ်လိုက်လေသည်။

ထို့နောက်သူက အစွယ်ကို လက်နက်တစ်ခုအနေနှင့်အသုံးပြုနေသည်။

သူက လွှသွားကြွက်ဖြူ၏ မျက်လုံးကို ထိုးဖောက်လိုက်သည်။

ဖောင်း။

မျက်လုံးက ပေါက်ထွက်သွားသည်။

လွှသွားကြွက်ဖြူမအော်နိုင်ခင်တွင် ရှောင်ဟေးကလွှသွားကြွက်ဖြူ၏ ခေါင်းကိုဒူးနှင့်တိုက်ချလိုက်သည်။

ကြွက်ဖြူ၏မေးရိုးကို တိုက်ရိုက်ထိမှန်သွားတော့သည်။

သံသယမရှိစွာပင်။

လွှသွားကြွက်ဖြူ၏ ခေါင်းက ကြေမွသွားသည်။

​ရှောင်ဟေး၏ ကြမ်းတမ်းစွာတိုက်ခိုက်မှု့အောက်တွင် လွှသွားကြွက်ဖြူနှစ်ကောင်က သနားစဖွယ်သေဆုံးသွားတော့သည်

အားလုံးက သွေးများလွှမ်းနေသော ရှောင်ဟေးကိုကြည့်လိုက်သည်။ 

တချို့က အလေးအနက်အမူအရာဖြင့်ရှိနေကာ အချို့က အလွန်အမင်းရုပ်ဆိုးနေသောအမူအရာရှိနေကြသည်။ 

ခန္ဓာကိုယ်ကျင့်ကြံသူစစ်စစ်သာ ထိုအဆင့်သို့ရောက်အောင် ကျင့်ကြံနိုင်သည်။

ဒီကောင်က ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲကွာ။

Comment

Leave a Reply

Options

not work with dark mode
Reset