စိတ်ဝိဉာည်ချီမုန်တိုင်းက ခန္ဓာကိုယ်အပိုင်ရှိနေဟန်ရသည်။
အကယ်၍ အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူတစ်ဦးဝင်ရောက်လာပါက အပိုင်းပိုင်းအစစဖြစ်သွားပေလိမ့်မည်။
သို့သော်လည်း၊ အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူကိုးဦးကသာ တစ်ပြိုင်တည်း စိတ်ဝိဉာည်ချီ အကာအရံတစ်ခုဖန်တီးလိုက်ပါက သူတို့ရှေ့ကိုဆက်သွားနိုင်ရုံမျှသာသွားနိုင်လိမ့်မည်။
အဖွဲ့အစည်းများက အတူပူးပေါင်း၍ စိတ်ဝိဉာည်ချီမုန်တိုင်းအလယ်သို့ တိုးဝင်သွားသည်။
အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူကိုးဦးထောက်ပံ့ထားသော အကာအရံကြီးက အားလုံးကိုကာကွယ်ပေးထား၍ ရှေ့သို့ဖြေးညှင်းစွာတက်လာကြသည်။
သို့သော်လည်း စိတ်ဝိဉာည်ချီမုန်တိုင်းက စိတ်ဝိဉာည်ချီအကာအရံများကို အပေါက်ဖြစ်စေနိုင်သေးသည်။
အကာအရံက ဆက်တိုက် တုန်ယင်နေသည်။
၎င်းက လူတိုင်းကို ရှော့ရသွားစေသည်။
မည်သည့်အရာက ထိုသို့ကြောက်မက်ဖွယ်ချီမုန်တိုင်းကိုဖြစ်ပေါ်စေသည်လဲ။
အာကာသနတ်ဘုရားနယ်ပယ်အောက်ရှိသူများက အလယ်တွင် ရပ်နေကြသည်။
ယဲ့ချိုးပိုင်နှင့် အခြားသုံးယောက်သည်လည်း အလယ်တွင်ရပ်နေသည်။
သူတို့က အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူများကို ရင်ဆိုင်သတ်ဖြတ်နိုင်သော်လည်း ယဲ့ချိုးပိုင်ပြောပြချက်အရ သူတို့အားလုံးက ချန်းယွမ်နယ်ပယ်သာရှိသည်ဟုဆိုသည်။ ဘာကြောင့် စိတ်ဝိဉာည်ချီများကို ဤနေရာတွင် ဖြန်းတီးပြစ်ရမည်နည်း။
အခြားသူများတောင့်မခံနိုင်တော့သည့်အခါ သူတို့က တိုက်ခိုက်မည်ဖြစ်သည်။
ထိုသို့ကြားသော် ခေါင်းဆောင်ယန်နှင့် လင်းရုဖုန်းက ပြောစရာစကားမဲ့သွား၏။
သူပြောသည်က လုံးဝအဓိပ္ပါယ်ရှိလေသည်။
အဓိပ္ပါယ်ရှိလွန်း၍ ၎င်းက သူတို့ကိုပြောစကားမဲ့သွားစေသည်။
သို့သော်လည်း သူတို့က တစ်ဖက်တည်းဖြစ်သောကြောင့် ခေါင်းဆောင်ယန်နှင့် လင်းရုဖုန်းက မည်သည်မှမပြောပေ။
သူတို့အင်အားကိုချွေတာသည်က နတ်ဘုရားပစ္စည်းကိုလုယူရာ၌ အကျိုးအမြတ်ရရှိလိမ့်မည်။
သို့သော်လည်း ထိုမြင်ကွင်ကိုမြင်လိုက်ရသောအခါ ပေ့ဖုန်းနှင့်ဘုန်းကြီးအိုကြီးက စိတ်မသက်မသာခံစားလိုက်ရသည်။
စံအိမ်တော်ရှိလူလေးဦးမှာ အာကာသနတ်ဘုရားနယ်ပယ်ခွန်အားရှိပြီး သူတို့၏နယ်ပယ်အစစ်အမှန်မှာ အမှန်ပင် ချန်းယွမ်နယ်ပယ်သာဖြစ်ကြောင်း ပေ့ဖုန်းတို့က သိထားလေသည်။
အငယ်များကို ထွက်လာပြီး စိတ်ဝိဉာည်ချီအကာအရံကိုတောင့်ခံခိုင်းရန်ခေါ်ထုတ်၍လည်းမကောင်းပေ။
ထိုအခိုက်တွင် အရှေ့ရှိ အာကာသနတ်ဘုရားနယ်ပယ်လူအိုကြီးတစ်ဦးက မျက်မှောင်ကြုတ်လိုက်သည်။
ထိုလူက အလယ်ပိုင်းဒေသရှိ လီမိသားစု၏ လီဟျန်ဖြစ်ပေသည်။
သူက လေးနက်စွာပြောလိုက်သည်။ “အာကာသနတ်ဘုရားနယ်ပယ်မှော်သားရဲနှစ်ကောင်လာနေတယ်” အားလုံးက အုတ်အုတ်ကျက်ကျက်ဖြစ်သွားသည်။
လီမိသားစု၏ သွေးမျိုးဆက်နှင့် ကျင့်ကြံခြင်းနည်းလမ်းများက အနံခံအာရုံအားကောင်းသန်မာစေသည်။
ထို့ကြောင့် လီဟျန်စကားလုံးများကို သံသယမရှိကြပေ။
အာကာသနတ်ဘုရားနယ်ပယ်က မှော်သားရဲတွေ။
သို့သော်လည်း ထိုစိတ်ဝိဉာည်ချီမုန်တိုင်းထဲတွင် သာမန်သာလှုပ်ရှားနိုင်ကြသည်။
၎င်းက အလွန်အမင်း ခက်ခဲ၏။
ထိုအခိုက်တွင် အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျွင်သူ ကိုးဦးက ထိုအာကာသနတ်ဘုရားနယ်ပယ်မှော်သားရဲနှစ်ကောင်ကို ကိုင်တွယ်ရန် မအားလပ်ပေ။
ထို့ပြင် တိုက်ပွဲဖြစ်ပွားပါက အခြားမှော်သားရဲများကိုပါ ဆွဲဆောင်သွားလိမ့်မည်။
ကိစ္စများက ရှုပ်ထွေးလာ၏။
တချို့က အလေးအနက်အမူအရာနှင့်ရှိနေကြကာ အချိူ့က ကြောက်လန့်နေကြသည်။
ပေ့ဖုန်းက မျက်မှောင်ကြုတ်ကာ ပြော၏။ “ဘယ်သူသွားနိုင်လဲ။ ကျုပ်တို့က ဘာမှလုပ်လို့မရတော့ဘူး။ နောက်ပြီး ကျုပ်တို့က အတက်နိုင်ဆုံး ဖြေရှင်းမှရမယ်။ မဟုတ်ရင် ပြဿနာတွေက ကုန်မှာမဟုတ်တော့ဘူး”
လူအိုကြီးက ယဲ့ချိုးပိုင်တို့အား လှမ်းကြည့်နေသည်။
ပေ့ဖုန်းက အပြုံးနှင့် လှမ်းကြည့်ကာ ကြည်လင်သောအသံဖြင့် “ဟုတ်တယ်၊ ကျုပ်တို့က စံအိမ်တော်အပေါ်မှာ မှီခိုရတော့မယ်”
လူတိုင်းက ယဲ့ချိုးပိုင်တို့ကိုလှမ်းကြည့်လိုက်သည်။
သူတို့က ကောလဟယလများလဲ ကြားဖူးထားကြလေသည်။
ထိုလူအနည်းငယ်က အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူများကို ရင်ဆိုင်နိုင်လေသည်။
စံအိမ်တော်ရှိ လူများက သန်မာဟန်ရလေသည်။
ပေ့ဖုန်းက ပြုံး၍ပြောသည်။ “မိတ်ဆွေလေးယဲ့၊ မှော်သားရဲနှစ်ကောင်ကို မိတ်ဆွေလေးတို့ရဲ့ လက်ထဲကိုအပ်ခဲ့မယ်နော်”
ယဲ့ချိုးပိုင်တို့က လူတိုင်း၏ အကြည့်အောက်တွင် ငြင်းဆန်ရန်မတက်နိုင်တော့ပေ။
ဖြစ်သို့ပင်ဖြစ်စေ သူတို့က လက်တလောပူးပေါင်းကာ အလုပ်အတူလုပ်နေကြခြင်းဖြစ်သည်။
သူက မည်သည်မှမလုပ်လျှင် လူထု၏ဒေါသထွက်ခြင်းကို ခံလိုက်ရနိုင်သည်။
ယဲ့ချိုးပိုင်၏ မျက်နှာတွင် အပြုံးတစ်ခုပေါ်လာပြီး နူးညံသောလေသံဖြင့် “မြို့အရှင်ပေ့ဖုန်းက အတော်လေးစွမ်းဆောင်နိုင်ပါတယ်”
ပေ့ဖုန်းက ပြုံ၍ပြောသည်။ “လုံးဝမဟုတ်ရပါဘူး အခုချိန် သင့်တော်မဲ့လူလည်းမရှိတော့ဘူးလေ။ ကျုပ်တို့က စံအိမ်တော်အပေါ်မှာဘဲ မှီခိုနေရတော့မှာ”
“မိတ်ဆွေလေးတို့မငြင်းဖူးဟုတ်။ ကျုပ်တို့က အခု မဟာမိတ်တွေဆိုတာကိုတော့ သိကြမှာပါ”
“အခုဘာမှမလုပ်ဘဲနေပြီး အစီအစဥ်ကျရှုံးသွားရင် စံအိမ်တော်ကရော အဲ့တာကိုရယူနိုင်မယ်ထင်လား”
ထိုစကားများက စံအိမ်တော့အပေါ် ဦးထုတ်ရှည်ကြီးတစ်ဦးတင်ပေးလိုက်သလိုပင်။
ဤသည်မှာ ပွင့်ပွင့်လင်းလင်း ပူးပေါင်းကြံစည်မှုတစ်ခုပင်။
ပွင့်လင်းစွာ ပူးပေါင်းကြံစည်မှုဆိုတာ ဘာလဲ။
တစ်ဖက်လူ၏အကြံအစည်မှန်းသိနေသော်လည်း ရွေးချယ်စရာမရှိဘဲ ဝင်ပါလိုက်ရခြင်းပင်ဖြစ်သည်။
ပေ့ဖုန်းက မြောက်ပိုင်းလွင်ပြင်မြို့က မြို့အရှင်ဖြစ်လေသည်။
ဆိုရလျှင် သူက ငတုံးမဟုတ်ပေ။
ဆန့်ကျင်ဘက်အနေနှင့်၊ သူသည် အလွန်လိမ္မာပါးနပ်သည်။
ယဲ့ချိုးပိုင်က မတက်နိုင်ဘဲ ခေါင်းညိမ့်ကာ အပြုံးဖြင့် “ရတာပေါ့၊ စံအိမ်တော်က လုပ်ပေးရမှာ သဘာဝကျပါတယ်”
ပေ့ဖုန်းက ပြုံး၍ ခေါင်းညိမ့်၏။
သူ၏မျက်လုံးမှေးမှေးများက မြေခွေးအိုတစ်ကောင်လိုပင်။
ယဲ့ချိုးပိုင်က မဟူရာနတ်ဆိုးဓားကို ထုတ်ယူကာ ပြော၏။ “တိုက်တော့မလား”
ထိုအခိုက် ရှောင်ဟေးက ပြောလိုက်သည်။ “ကျွန်တော်လုပ်ပါရစေ”
ယဲ့ချိုးပိုင်နှင့် အခြားနှစ်ယောက်က ရှောင်ဟေးကို ကြည့်လိုက်သည်။
ရှောင်ဟေးက ခေါင်းကုတ်၍ ရှင်းပြလိုက်သည်။ “ကျွန်တော်ကျင့်ကြံခြင်းနည်းလမ်းက ခန္ဓာကိုယ်ကို သန့်စင်ဖို့ တိုက်ခိုက်ဖို့လိုတယ်”
ထာဝရမိစ္ဆာခန္ဓာကျင့်စဥ်၏ တတိယအဆင့်။
ခန္ဓာကိုယ်သန့်စင်ခြင်းအတွက် အလွန်ပူ အလွန်အေးရန်လိုအပ်သည့် ပထမနှစ်ဆင့်နှင့် မတူညီပေ။
တတိယမျဥ်းသည် တိုက်ပွဲအတွင်းမှ ပေါ်ပေါက်လာနိုင်သည်။
ဓားအရှိုန်အဝါက တိုက်ပွဲအတွင်းတွင် သွေးရ၏။
ထိုသို့ကြားသော် ယဲ့ချိုးပိုင်က ခေါင်းညိမ့်ပြကာ ပြောသည်။ “နှစ်ကောင်လုံးကို ရင်ဆိုင်မလို့လား”
ရှောင်ဟေးက ခေါင်းညိမ့်ပြသည်။
၎င်းကိုမြင်သော် သူတို့သုံးယောက်က မငြင်းပေ။
အဘယ်ကြောင့်ဆိုသော မဟူရာတွင် ထိုသို့လုပ်နိုင်စွမ်းရှိသည်။
ဤတစ်ကြိမ်တော့ အကျိုးအမြတ်မရသည်မဟုတ်ပေ။
ထိုကြားနေဂိုဏ်းများနှင့် အထက်တန်းလွှာမိသားစုများကို ခြိမ်းခြောက်ရန် အခွင့်အရေးကောင်းဖြစ်သည်။
၎င်းတို့၏ စံအိမ်တော်၏ အင်အားကို လက်တွေ့မြင်လိုက်ရစေချင်သည်။
ယင်းက တိမ်ဖီးနစ်အင်ပါယာကို ဟုန်ရင်တည်ဆောက်ခြင်းနှင့် သူမ၏ ဂုဏ်သိက္ခာကိုမြှင့်တင်ရန် အကျိုးရှိလေသည်။
ဟန်ရင်၏နောက်တွင် စံအိမ်တော်ရှိနေသည်ကို သိထားရမည်ဖြစ်သည်။
ထိုအခိုက် ယဲ့ချိုးပိုင်က “ကျုပ်တို့တိုက်ပေးနိုင်တယ်။ ဒါပေမဲ့ တိုက်ပွဲမှာ ကျုပ်တို့က ချီအကာအရံရဲ့အပြင်မှာရှိနေရမှာ”
လူတိုင်းက ယဲ့ချိုးပိုင်ဆိုလိုသည်ကို သိလိုက်သည်။
ခေါင်းဆောင်ယန်က ဦးဆောင်၍ ပြောလိုက်သည်။ “မိတ်ဆွေလေးယဲ့ မပူပါနဲ့၊ ဒါက ဦးရီးတို့လုပ်သင့်တဲ့အရာပါ”
ထိုသိုဖြင့် သူက အကာအကွယ်ကျောက်စိမ်းလည်ဆွဲကို ရှောင်ဟေးရှေ့သို့ပြစ်ပေးလိုက်သည်။
“အဲ့ဒီမှာ ခုခံရေးအစီအရင်တွေပါတယ်။ အချိန်တိုအတွင်းတော့ ဒီဟာက စိတ်ဝိဉာည်ချီမုန်တိုင်းကို ခုခံပေးနိုင်ပါတယ်”
ထိုကျောက်စိမ်းလည်ဆွဲအဆင့်က အလွန်ထူးခြားသည်။ အထဲရှိ အစီအရင်ကလည်း မြေကမ္ဘာအထွတ်အထိပ်အဆင့်ဖြစ်၏။
ပြောရလျှင် ကျောက်စိမ်းလည်ဆွဲက တန်ဖိုးဖြတ်မရအောင်ပင်။
၎င်းသာအပြင်လောကတွင်ထွက်ပေါ်ခဲ့ပါက သွေမုန်တိုင်းကြီးပင်ဖြစ်ပွားစေနိူင်လောက်သည်။
ခေါင်းဆောင်ယန်၏လှုပ်ရှားမှု့ကိုမြင်သော် ယဲ့ချိုးပိုင်၏အတွေးကို လူတိုင်းက အဘယ်ကြောင့် မသိဘဲနေရမည်နည်း။
သူက အခကြေးငွေတောင်းနေခြင်းပင်။
ကျောင်းအုပ်က ထိုသို့သော အဆင့်မြင့်ကျောက်စိမ်းလည်ဆွဲကိုထုတ်ပေးတော့မှ အခြားသူများလည်း ရွေးချယ်စရာမရှိဘဲ ရင်ထဲတဆစ်ဆစ်ဖြင့်သာ ရတနာအချို့ကိုထုတ်ပေးလိုက်ရတော့သည်။
အခြားဂိုဏ်းများနှင့် အထက်တန်းလွှာမိသားစုများက ပစ္စည်းများကို တစ်ခုပြီးတစ်ခုထုတ်နေသည်။
ယဲ့ချိုးပိုင်က ပေ့ဖုန်းကို တောက်ပစွာ ပြုံး၍ ကြည့်လိုက်သည်။
“မြို့အရှင်ပေ့ဖုန်း၊ ခင်ဗျားက ဒီအစီအစဥ်ကို စပြောတာ။ ပြီးတော့လဲ ကျုပ်တို့ကို တိုက်ခိုက်ဖို့ ပြောတာလဲ ခင်ဗျားဘဲ။ ဒီတော့ ခင်ဗျားပေးမဲ့ ပစ္စည်းကလဲ သိပ်တော့ဆိုးမှာမဟုတ်ဘူးမလား”
“ကျုပ်ရဲ့ ရှစ်တိကို စိတ်ဝိဉာည်ချီမုန်တိုင်းကြောင့် ဒဏ်ရာမရစေချင်ဘူး”
ရှောင်ဟေး၏ပြင်ပခွန်အားဖြင့် စိတ်ဝိဉာည်ချီမုန်တိုင်းကို အချိန်ခဏလောက်ထိ တောင့်ခံနိုင်လေသည်။
သူသော်လည်း သူက အကျိုးအမြတ်တစ်ခုခုတော့ တောင်းရမည်ဖြစ်သည်။
ပေ့ဖုန်းက အပြင်ပန်းတွင် ပြုံးနေသော်လည်း စိတ်ထဲတွင်တော့ ကျိမ်ဆဲနေတော့သည်။ သောက်မြေခွေးလေး။ အကြံအစည်ထဲကျသွားတာတောင် အသားစကိုကိုက်လိုက်ဖို့ မမေ့ဘူး။ သို့သော်လည်း သူက ရွေးစရာမရှိဘဲ ချပ်ဝတ်ရတနာတစ်ခုကိုထုတ်ကာ ပြစ်ပေးလိုက်လေသည်။
ကြည့်လိုက်ယုံပင် ၎င်းအဆင့်က သာမန်တော့မဟုတ်နိူင်ပေ။
ပေ့ဖုန်းက ထုတ်ယူလိုက်စဥ် သူ၏ မျက်နှာက ရှုံ့မဲ့သွား၏။
ဒါက ပွင့်လင်းစွာကြံစည်မှု့ပင်။
ယဲ့ချိုးပိုင်က ပြုံးကာ ယူလိုက်သည်။ သူက ရှောင်ဟေးထံပေး၍ “ကျေးဇူးပါ မြို့အရှင်ပေ့ဖုန်း”
ထိုသို့ဖြင့် ရှောင်ဟေးက သူ၏ သိုလှောင်လက်စွပ်အတွင်းသို့ ထိုချပ်ဝတ်ကို သိမ်းလိုက်လေသည်။
ထိုမြင်ကွင်းက ပေ့ဖုန်းကို နှလုံးအောင့်စေ၏။