ဖရိုဖရဲကြယ်ကျင့်စဥ်အကြောင်းကို လူတိုင်းမသိကြပေ။
၎င်းကို စဦးအဆင့်နှင့် အဆင့်ကိုးဆင့်ခွဲခြားထားသည်။
ပထမအဆင့်က တန်းထျန်းကိုပြန်လည်တည်ဆောက်ပြီး ကြယ်ကောင်းကင်တန်းထျန်ကိုဖွင့်လှစ်ရသည်။
ထိုတန်းထျန်းက အခြားတန်းထျန်များနှင့်မတူပေ။
၎င်းက စိတ်ဝိဉာည်ချီအပေါ်တွင် မမူတည်ဘဲ ကြယ်စွမ်းအားကိုအသုံးပြုရသည်။
ယင်းက ယဲ့ချိုးပိုင်၏ ဒုတိယတန်းထျန်နှင့်တူညီသည်။
တူညီစွာပင် ယင်းက စိတ်ဝိဉာည်ချီအပေါ်တွင် မမူတည်ပေ။
သို့သော်လည်း ယဲ့ချိုးပိုင်၏ ဒုတိယတန်းထျန်က ဓားချီအပေါ်တွင်မှီခိုနေသည်။
ပထမအဆင့်က ကြယ်ကောင်းကင်တန်းထျန်ရှိ ကြယ်များကို ထွန်းညှိပေးသည်။
ထိုအခိုက် ရှစ်ရှန်း၏ ကြယ်ကောင်းကင်တန်းထျန်တွင် မှိတ်တုတ်မှိတ်တုတ်ကြယ်အလင်းများ ထုတ်လွတ်နေသော ကြယ်တစ်စင်းရှိနေလေသည်။
မူလက မှောင်မဲကာ ရှင်းလင်းနေသော ကြယ်ကောင်းကင်တန်းထျန်သည် ပထမဆုံးအလင်းတန်းလင်းလက်လာချိန်တွင် ရှစ်ရှန်း၏ အော်ရာက တဟုန်ထိုးတိုးတက်သွားသည်။
ရေအလျဉ်ပြည့်လျှံရေးအဆင့်အထွတ်အထိပ်မှ ချန်းယွမ်နယ်ပယ်အထိ တစ်ဆက်တည်း အဆင့်ချိုးဖြတ်သွားသည်။
ချန်းယွမ်နယ်ပယ်အလယ်အလတ်အဆင့်မှ ချန်းယွမ်နယ်ပယ်အထွတ်အထိပ်ထိ ရောက်ရှိသွားမှသာ ရပ်တန့်သွားတော့သည်။
မိုးမခပင်၏ စကားသံက ထွက်ပေါ်လာသည်။
“မရေတွက်နိုင်တဲ့ ခေတ်တွေအပြီးမှာ ဖရိုဖရဲကြယ်ကျင့်စဥ်က မပြည့်စုံဖြစ်လာတယ်”
“ကြယ်ကိုးလုံးက လင်းထိန်သွားတဲ့အခါမှာ ကြယ်ကိုးစင်းရဲ့စွမ်းအားတွေက ခန္ဓာကိုယ်မှာလာစုစည်းပြီး ဖရိုဖရဲချီနဲ့ ပေါင်းစပ်သွားလိမ့်မယ်။ လက်ညိုးတစ်ချက်က နယ်မြေတစ်ခုကို ဖျက်ဆီးနိုင်ပြီးတော့ လက်သီးတစ်ချက်က ဂြိုလ်တစ်ခုလုံးကို ဖျက်ဆီးပြစ်လိုက်နိုင်မယ်”
“ကံမကောင်းတာက ကောလဟာလတွေအရ ဘယ်သူကမှ ကြယ်ကိုးစင်းရဲ့စွမ်းအားတွေကိုစုပြီးပြီး အောင်မြင်အောင် မထွန်းညှိနိုင်သေးဘူး။ ဒီပြိုင်ဘက်ကင်းကျင့်စဥ်ကိုရေးခဲ့တဲ့ လူတောင်မှ မအောင်မြင်ခဲ့ဘူး”
“ငါတောင်မှ အောင်မြင်အောင် ကျင့်ကြံနိုင်မလားဆိုတာမသေခြာဘူး”
သို့သော် မိုးမခပင်က လုချန်ရှန်းတွင် ဘယ်လိုကြောင့် ပျောက်ဆုံးနေသည့် ကျင့်စဥ်ရှိနေရသည်ကို နားမလည်ပေ။
သို့ရာတွင် လုချန်ရှန်းပေးသည့်ကျင့်စဥ်ဆိုကတည်းက သူသံသယမရှိပေ။
သူက အာဒိကပ္ပဓားသိုင်းကျမ်းနှင့် ထာဝရမိစ္ဆာခန္ဓာကျင့်စဥ်ကိုပင် ထုတ်ပေးနိုင်သူဖြစ်သည်။
ဖရိုဖရဲကြယ်ကျင့်စဥ်ရှိနေသည်က မထူးဆန်းတော့ပေ။
ထိုအချိန်တွင် ရှစ်ရှန်းက ကောင်းကင်ဘုံနယ်ပယ်မှ ထွက်ခွာမသွားသေးပေ။
ကြယ်များ၏အလင်းရောင်သည် သူ့အပေါ်၌ လင်းလက်နေဆဲဖြစ်ပြီး ကြယ်အလင်းအလွှာတစ်ခုက သူ့အပေါ်တွင် လွှမ်းခြုံထားသည်။
သူ့စိတ်ထဲတွင် မထင်မရှားအရိပ်တစ်ခုက ပေါ်လာသည်။
၎င်းက ကြယ်အလင်းရောင်များဖြင့်အနားသတ်ထားပြီး ဖြေးညှင်းစွာ ပုံပေါ်လာလေသည်။
ကြည့်ရသည်မှာ ရဲတိုက်တစ်ခုလိုပင်။
ရှစ်ရှန်းက ရှုပ်ထွေးနေ၏။
ဒီရဲတိုက်က ဘာလဲ။
ဖရိုဖရဲကြယ်ကျင့်စဥ်တွင် ၎င်းကို ဖော်မပြထားပေ။
သူက ဝိုးတဝါးနှင့် မျက်စိဖွင့်ကြည့်လိုက်မိကာ ကြယ်ကောင်းကင်ကို မော့ကြည့်လိုက်သည်။
သူက အမှောင်ထုကိုသာမြင်လိုက်ရသည်။
၎င်းတို့ထဲတွင် တစ်စုံတစ်ခုက ရှိနေဟန်ရသည်။
ထိုသို့ဖြင့် ရှစ်ရှန်းက ကြယ်များကင်းမဲ့နေသော ကောင်းကင်ယံကို ဆက်တိုက်စိုက်ကြည့်နေလိုက်သည်။
ထိုအချိန်တွင် သူ့စိတ်ထဲရှိ ရဲတိုက်ဟုဆိုရမည်အရာက ရှစ်ရှန်း၏မျက်လုံးထဲမှတဆင့် အမှောင်ထဲတွင်ပေါ်လာ၏။
ကြယ်ရောင်အလင်းတန်းက မြေပြင်ပေါ်သို့အလင်းပေးရမည့်အစား ကြယ်များရှိနေသည့် အမှောင်ထုအတွင်းသို့ ကျရောက်သွားသည်။
ကြယ်အလင်းတန်းက စုတ်တံတစ်ချောင်းကဲ့သို့ ကောက်ကြောင်းများကို အနက်ရောင်အလွှာတွင်ရေးဆွဲလိုက်သည်။
ရှစ်ရှန်း၏ မျက်လုံးထဲတွင် ရဲတိုက်တစ်ခုက ကြယ်ရောင်များဖြင့်လင်းလက်နေသည်။
စိတ်ကူယဥ်ဆန်နေသော်လည်း အစစ်အမှန်ခံစားနေရသည်။
ငါများ မှားမြင်နေတာလား။
ရှစ်ရှန်းက တွေးလိုက်မိသည်။
မဟုတ်ဘူး။ ကြယ်အလင်းရောင်ရဲတိုက်က အစစ်အမှန်ဘဲ။
ကြယ်အလင်းရဲတိုက်တွင်ပါဝင်နေသော အော်ရာများက အမှန်ပင်အမျှင်တန်းအဖြစ်ပြောင်းလဲသွားပြီး ရှစ်ရှန်းခန္ဓာကိုယ်တွင် ရစ်ပတ်သွား၏။
၎င်းတို့က သူနှင့်ဆက်သွယ်မှု့တစ်ခုရှိသွားဟန်ပင်။
ထိုအခိုက် ရှစ်ရှန်းခန္ဓာကိုယ်က တုန်ယင်လာသည်။
ကြယ်ကောင်းကင်တန်းထျန်းက ကြယ်အလင်းရဲတိုက်နှင့် ဆက်သွယ်သွားဟန်ရသည်။
လူတိုင်း၏အကြည့်အောက်တွင် ရှစ်ရှန်းက ဖြေးဖြေးချင်းထရပ်ကာ ကြယ်အလင်းရဲတိုက်ဆီသို့ သွားလိုက်လေသည်။
သူက လှေကားများကို နင်း၍တက်သွားသကဲ့သို့ လျှောက်သွားလေသည်။
ကြယ်များက ရှစ်ရှန်းခြေနင်းရန် သူတို့၏ခန္ဓာကိုယ်ကိုအသုံးချ၍ ကြယ်အလင်းရဲတိုက်သို့သွားနိူင်ရန်ကူညီပေးနေကြသည်။
အချိန်အတန်ကြာလျှောက်ပြီးနောက်တွင်၊
ကြယ်ကောင်းကင်မပျောက်ကွယ်ချိန် အာရုဏ်တက်အချိန်ရောက်ရန် ၂ နာရီသာလိုတော့သည်။
သို့သော်လည်း ရှစ်ရှန်းက ဆက်သွားရန်မည်မျှကြိုးစားသော်လည်း ကြယ်အလင်းရဲတိုက်နှင့် နီးမလာချေ။
ကြယ်အလင်းရဲတိုက်က သူ့နှင့်ဝေးကွာဆဲပင်။
အကွာအဝေးအနည်းငယ်က မိုင်ထောင်ချီဝေးနေသလိုပင်။
ထိုအကွာအဝေးက ရှစ်ရှန်းကို စိတ်ပျက်သွားစေသည်။
သူက မထိတွေ့နိုင်အောင်ဖြစ်နေသည်။
ထိုအခိုက် ရဲတိုက်မှ အသံတစ်သံက ဖြေးဖြေးချင်းထွက်ပေါ်လာသည်။
ထိုအသံက ရှေးခေတ်ကာလများက ထွက်ပေါ်လာသည့် ကြီးမြတ်သောတာအိုခေါင်းလောင်းမှ ထွက်ပေါ်လာသောအသံလိုပင်။
ထိုအသံက ရှစ်ရှန်းစိတ်ထဲတွင် ပဲ့တင်သွား၏။
“မလုံလောက်သေးဘူး”
“မလုံလောက်သေးဘူး”
“မလုံလောက်သေးဘူး”
ရှစ်ရှန်းက နေရာတွင်ပင် ကြောင်အနေသည်။
မလုံလောက်တာ၊ ဘာကို မလုံလောက်တာလဲ။
ငါ့ကျင့်ကြံခြင်းအဆင့်လား။ ခွန်အားကလား။
ဒါမှမဟုတ် ဖရိုဖရဲကြယ်ကျင့်စဥ်ကို နားလည်သဘောပေါက်မှု့လား။
ရှစ်ရှန်းက အော်ဟစ်ကာ မေးခွန်းထုတ်ချင်သည်။
သို့သော် သူပါးစပ်ဟလိုက်သည်နှင့်။
ကြယ်များက ပုန်းကွယ်လိုသည့်ဟန်ဖြင့် ကြယ်ကောင်းကင်သည် စတင်၍ပျောက်ကွယ်လာသည်။
မိုးကုတ်စက်ဝိုင်းမှ နေအလင်းရောင်က ထွန်းလင်းလာကာ ကုန်းမြေကြီးတစ်ခုလုံးကို အနွေးဓာတ်ပေးလာသည်။
ကြယ်များဖြင့်ပုံဖော်ထားသော ကြယ်အလင်းရဲတိုက်ကလည်း ပျောက်ကွယ်လာသည်။
၎င်းက ရှစ်ရှန်း၏ မျက်လုံးထဲတွင် တခါမှပေါ်မလာဖူးခဲ့သလိုပင်။
ရဲတိုက်ပျောက်ကွယ်သွားသော် ပျောက်ကွယ်သည့်နေရာတွင်ပင် ငေးကြောင်ကာရပ်နေမိသည်။
ဘာလဲဟ။
ရဲတိုက်က သူ့ကိုဝင်ရောက်နိုင်စေရန် လမ်းကြောင်းကို ရှာဖွေနိုင်ရန် လမ်းပြပေးနေဟန်ရှိသည်။
ရှစ်ရှန်းက ထိုအထဲတွင် အရယူရမည့် တစ်စုံတစ်ခုရှိနေသလိုပင်။
နေအလင်းရောင်က အပြည့်အဝထွက်ပေါ်လာသည့်အခါမှ ရှစ်ရှန်းအသိစိတ်ပြန်ဝင်လာကာ စံအိမ်တော်သို့ပြန်လာခဲ့သည်။
သူက လုချန်ရှန်းကိုကြည့်ကာ မေးလိုက်၏။ “ရှစ်စွင်း၊ ကြယ်ကောင်းကင်ရဲတိုက်က ဘာကြီးလဲဗျ”
လုချန်ရှန်းက ကြောင်တောင်တောင်ဖြစ်သွားသည်။
သူက ခေါင်းခါကာ ပြောလိုက်သည်။ “မင်းဘာသာမင်းအဖြေရှာရမယ်”
သူမမြင်ရသောကြောင့် ဘာမှန်းသူမပြောတက်ပေ။
သူ့ကျင့်စဥ်ကို ရှစ်ရှန်း ကျင့်ကြံနေသည့်အခါတွင် ထူးခြားဆန်းကြယ်သည်များဖြစ်ပျက်ခဲ့ပုံရသည်။
ထို့ကြောင့် လုချန်ရှန်းက သူ့ကိုအားပေးလိုက်ပြီ၊ “ဒါက မင်းရဲ့တာအိုဘဲ။ မင်းလမ်းမင်းဖောက်ရမှာ”
တပည့်များကိုသင်ကြားပေးခြင်းက သူတို့၏အတားအဆီးများကိုရှင်းလင်းပေးခြင်း သူတို့၏ပြဿနာများကို မျက်စိစုံမှိတ်၍ ကူညီပေးမဟုတ်ပေ။ ၎င်းက မမှန်ပေ။ ၎င်းတို့က တပည့်များ၏ကျင့်ကြံခြင်းလမ်းကြောင်းကို အပျက်သဘောဆောင်ခြင်းက သက်ရောက်စေလိမ့်မည်။
သူက ထိုသို့ပြောလိုက်သည်မှန်သော်လည်း၊
အမှန်တော့ လုချန်ရှန်းက ရှစ်ရှန်းဘာပြောနေမှန်းသူမသိပေ။
ကြယ်အလင်းရဲတိုက်၊ ပုံပြင်စာအုပ်ထဲကဟာတွေလား။
ရှစ်ရှန်းက ခိုင်မာစွာခေါင်းညိမ့်ပြလိုက်သည်။ သူက သူ့နှလုံးသားထဲတွင် ရည်မှန်းချက်တစ်ခုထပ်ပေါင်းထည့်ထားလိုက်တော့သည်။
ပထမရည်ရွယ်ချက်က သူ့မိဘများကို သေမျိူးဘဝမှလွတ်မြောက်စေပြီး ဘဝကို ပျော်ရွင်စွာခံစားစေလိုသည်။
ဒုတိယတစ်ခုက ကြယ်ကောင်းကင်ရှိ ကြယ်အလင်းရဲတိုက်ကိုရှာဖွေရန်ပင်။
အတွင်းရှိ သူ့ကိုဆွဲဆောင်ခေါ်ဆိုနေသောအရာကို သိချင်၏။
မြောက်ပိုင်းဒေသ၏ အနက်ပိုင်း ရေခဲပြင်များတွင်။
ထိုအချိန်တွင်၊ ဂိုဏ်းများနှင့် အဖွဲ့စည်းများက ကြောက်မက်ဖွယ်စိတ်ဝိဉာည်မုန်တိုင်းကို ရင်ဆိုင်နေရလေသည်။
အားလုံးက တစ်စိတ်တည်းတစ်ဝမ်းတည်းရှိနေကြသည်။
မဟာမိတ်တစ်ခု။
သူတို့မပူပေါင်းပါက စိတ်ဝိဉာည်ချီမုန်တိုင်းအတွင်းသို့ဝင်ရောက်နိုင်တော့မည်မဟုတ်ကာ အထဲတွင်ရှိနေသောအရာကိုရှာနိုင်တော့မည်မဟုတ်ပေ။
မဟာမိတ်အစီအစဥ်က အောက်ပါအတိုင်းပင်။
အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူများက အရှေ့နှင့်အနောက်တွင်နေရာယူကြမည်။
သူတို့က အတူတကွ စုပေါင်းကာ စိတ်ဝိဉာည်ချီမုန်တိုင်းကို ခုခံရန် စိတ်ဝိဉာည်ချီအကာအရံများကို ထုတ်လွတ်ထားရမည်။
ချန်းယွမ်နယ်ပယ်ရှိလူများက အလယ်တွင်နေကာ အကာအရံကိုတည်ငြိမ်အောင်ပြုလုပ်ပြီး စိတ်ဝိဉာည်ချီမုန်တိုင်းအတွင်းသို့ဝင်ရောက်သွားမည်ဖြစ်သည်။
ထိုအထဲတွင် မည်သည့်နတ်ဘုရားပစ္စည်းမျိူးရှိနေမည်နည်း။
ဝင်ရောက်ပြီးနောက် သူတို့အစွမ်းအစဖြင့် ထိုပစ္စည်းကို ရယူရမည်ဖြစ်သည်။
ထိုအဓိပ္ပါယ်က စိတ်ဝိဉာည်ချီမုန်တိုင်းအတွင်းခြေချမိသည်နှင့် တိုက်ပွဲစတင်ရတော့မည်ဖြစ်သည်။
ပေ့ဖုန်းက ထိုအစီအစဥ်ကို စတင်သူဖြစ်သည်။
သူက ပြုံး၍ ပြောသည်။ “ကောင်းပြီ၊ အားလုံးဘဲ စကြရအောင်”