ညအချိန်တွင်ဖြစ်သည်။
ညကောင်းကင်တွင် တိမ်များကင်းစင်နေကာ ကြယ်များတလက်လက်တောက်ပနေသည်။
လုချန်ရှန်းက ကြယ်များနှင့်ကောင်းကင်ကို ကြည့်ကာ သက်ပြင်းချ၏။
အရင်ဘဝက သူ၏မြို့တွင် ကြယ်များစွာကို မမြင်ဖူးခဲ့ပေ။
ဘေးတွင် ရှစ်ရှန်းက ခြေချိတ်ထိုင်နေသည်။
သူက ကမ္ဘာဦးဖရိုဖရဲကြယ်ကျင့်စဥ်ကို ကျင့်ကြံနေသည်။
သူပိုမိုလေ့လာလေ ထိုကျင့်စဥ်ကို ပိုထိတ်လန့်ရလေဖြစ်သည်။
ထိုအထဲတွင် ရှစ်ရှန်း၏ ရှိရင်းစွဲအမြင်ကိုပါ ပြောင်းလဲသွားစေသည့်အချက်တစ်ချက်ရှိလေသည်။
၎င်းက စိတ်ဝိဉာည်ချီအပေါ်တွင် မမှီခိုပေ။
ထိုကျင့်စဥ်ကိုကျင့်ကြံပြီးပါက ကြယ်ကောင်းကင်တန်းထျန်ကို ဖွင့်လှစ်နိုင်သည်။
ထိုအခါ သူက စိတ်ဝိဉာည်ချီကိုမစုပ်ယူနိုင်တော့ပေ။ ထို့အတူ စိတ်ဝိဉာည်ချီကိုလဲ အသုံးမပြုနိုင်တော့ပေ။
ထိုသို့ဆိုလျှင် သူမည်သို့ကျင့်ကြံမည်နည်း။
ရှစ်ရှန်းက ကမ္ဘာဦးဖရိုဖရဲကြယ်ကျင့်စဥ်ကို မြင်လိုက်ရသောအခါ ထိုကျင့်စဥ်ကို ကျင့်ကြံရန် စိတ်ဝိဉာည်ချီမလိုအပ်ပေ။
လိုအပ်သည်က ကြယ်စွမ်းအားပင်။
သို့သော် သူက ကြယ်စွမ်းအားကို မည်သို့ကျင့်ကြံရမည်နည်း။
သူက ကြယ်ကြွေနတ်ဘုရားပုဆိန်ကို ထုတ်ယူလိုက်သည်။ ၎င်းမှမတော်တဆထုတ်လွတ်နေသည့် ကြယ်စွမ်းအားများက လုံးဝကိုထူးခြားနေလေသည်။ ရှစ်ရှန်းက တစ်နေကုန်ထိုင်၍ ၎င်းကိစ္စကိုတွေးတောဆင်ခြင်နေသော်လည်း နားလည်သဘောပေါက်နိုင်စွမ်းမရှိသေးပေ။
ရုတ်တရက် မုဝမ်အာက ပြုံးကာ ပြောလိုက်သည်။ “ဦးလေး ကြည့်ရတာ ကြယ်တွေကို တော်တော်ကြိုက်ပုံဘဲ။ မအိပ်သေးဘဲ အခုထိကြယ်တွေကြည့်နေတုန်းလား”
သာမန်အားဖြင့် ညအချိန်ရောက်လျှင် လုချန်ရှန်းက ဝါးအိမ်လေးအတွင်းသို့ ပြန်ဝင်ရောက်သွားလေ့ရှိသည်။
လုချန်ရှန်းက ကြယ်ကောင်းကင်ကို ကြည့်ကာ အပြုံးလေးဖြင့်ပြောလိုက်သည်၊ “နေခဲ့ဖူးတဲ့နေရာမှာရှိခဲ့တဲ့ ကြယ်ကိုရှာနေတာပါ။”
သူနေခဲ့ဖူးတဲ့နေရာက ကြယ်ဟုတ်လား။
မုဝမ်အာက ခေါင်းငဲ့ကြည့်ကာ “ဒီမှာက မရှိဘူးလား”
လုချန်ရှန်းက မည်သည်ကိုမှ မပြောပေ။
တချိန်တည်းမှာပင် ရှစ်ရှန်းက ကြယ်များပြည့်နက်နေသောကောင်းကင်ကို မော့ကြည့်နေမိသည်။
ကောင်းကင်တွင် ကြယ်များနှင့်ပြည့်နက်နေလေသည်။
ညမှောင်မှောင်တွင် ကြယ်အစုအဝေးများက ဆေးရောင်ပတ်ဖြန်းထားသလိုပင်။
ရုတ်တရက်၊ ရှစ်ရှန်းက ကောင်းကင်သို့် လက်ညိုးထိုးပြကာ “ရှစ်စွင်း ကြယ်တွေကို ကြည့်လို့ရအောင် ခေါ်သွားပေးပါလား”
ရှစ်ရှန်းက လက်ရှိနယ်ပယ်ဖြင့် ကြယ်ကောင်းကင်တွင် မပျံသန်းနိုင်ပေ။
လုချန်ရှန်း စိတ်ကောင်းဝင်နေသောကြောင့် သူက မငြင်းပေ။
သူက လက်ကိုဝှေ့ယမ်းလိုက်ကာ မမြင်ရသော လေပွေတစ်ခုက ရှစ်ရှန်းကိုသယ်ဆောင်သွား၏။
သူတို့က ကြယ်အစုတန်းနားကိုရောက်လာသည်။
ရှစ်ရှန်းက ကြယ်များကိုငေးကြည့်ကာ ကြောင်အနေလေသည်။
၎င်းတို့က တောက်ပပြီး လှပသည်။
နက်ရှိုင်းပြီး မှော်ဆန်၏။
ကျယ်ပြန့်၍ အတားအဆီးမဲ့၏။
ထိုအခိုက် ရှစ်ရှန်းက တစုံတရာကိုနားလည်လိုက်သည်။
သူက ခြေချိတ်ထိုင်၍ မျက်လုံးများကို မှိတ်လိုက်သည်။
ထူးဆန်းသည့်ရောင်ဝါများ ရှစ်ရှန်းကိုယ်မှ ထွက်လာတော့သည်။
ကောင်းကင်ဘုံနယ်ပယ်။
ယခုအခါ ရှစ်ရှန်းက ဒုတိယအကြိမ်မြောက် ကောင်းကင်ဘုံနယ်ပယ်သို့ ဝင်ရောက်သွားခြင်းပင်။
ငှက်ကလေးက ထိုမြင်ကွင်းကို ထိတ်လန့်စွာဖြင့်ကြည့်နေလေသည်။
ဘယ်နှစ်ကြိမ်လောက် ကောင်းကင်ဘုံနယ်ပယ်ကို ဝင်ရောက်နေမှာလဲ။
ဘယ်တုန်းကများ ကောင်းကင်ဘုံနယ်ပယ်က ဂေါ်ဖီထုတ်လို တန်ဖိုးမဲ့သွားရတာလဲ။
မိုးမခပင်၏ အသံက ထွက်ပေါ်လာ၏။
“ရှစ်ရှန်းရဲ့ ကျင့်ကြံခြင်းစိတ်နှလုံးက အရမ်းရိုးရှင်းတယ်။ သူက ဘာမှသိပ်မတွေးဘူး။ ဒါကြောင့်ဘဲ သူက ကောင်းကင်ဘုံနယ်ပယ်ကိုအသာလေးဝင်ရောက်နိုင်တာ”
သူ့နှလုံးသားက ဖြူစင်သည်။ သူ့တာအိုနှလုံးသားကလည်း ရိုးရှင်းကာ အခြားလိုအင်ဆဒ္ဒများမရှ်ပေ။
သူက သာမန်သေမျိုးတစ်ဦးသာဖြစ်သည်။ သူက တုံ့ဆိုင်းခြင်းမရှိဘဲ ထိုလမ်းကြောင်းပေါ်ခြေချရသည့် အကြောင်းအရင်းက တစ်ခုသာရှိသည်။
သူမိဘများကို ဖျားနာ၊ အိုမင်းကာ သေဆုံးစေလိုခြင်းမရှိချင်ပေ။ သူ့ဖခင်နှင့်မိခင်ကို ထာဝရအသက်ကိုရစေလို၏။
အမှန်ပင်၊ သူတို့အား ထာဝရအသက်ကိုရစေလို၏။ သူ့အတွက်မလိုအပ်ပေ။
၎င်းက သူ၏အစွဲအလမ်းတစ်ခုဖြစ်လာပြီး ထိုအကြောင်းအရင်းတစ်ခုတည်းကသာ သူ့ကို ကျင့်ကြံခြင်းလမ်းကြောင်းအပေါ် ခြေချခဲ့စေခြင်းပင်။
၎င်းက သန့်ရှင်းစင်ကြယ်ကာ အကြောက်အလန့်ကင်း၏။
သူ၏ ပါရမီက မမြင့်မားကာ ကိုယ်ကာယကလည်း အားနည်းသေး၏။
ရင်းမြစ်များမရှိဘဲနှင့်တော့ မည်သည့်ဂိုဏ်းအဖွဲ့အစည်းကမှ သူ့ကိုမကူညီလိုကြပေ။
သူက အဆင့်နိမ့်ကျင့်စဥ်များကိုသာအသုံးပြု၍ ယခုချိန်ထိပင် ကျင့်ကြံခဲ့ရသည်။
၎င်းက မိုးမခပင်ကြီး အတွေးပင်။
လူတိုင်းက ထိုသို့စဥ်းစားမိပြီနောက် ခံစားသွားရတော့သည်။
မုဝမ်အာ၏ မျက်လုံးများက နီရဲလာသည်။
ကျင့်ကြံခြင်းလောကတွင် တချို့က စွမ်းအားကိုမက်မောကြသည်၊ အချို့က ရာထူးဂုဏ်ကိုလိုချင်ကြသည်၊ တချို့ကတော့ အသက်ရှည်လိုကြ၏။
သို့သော် ထိုသူတို့က သူတို့အတွက်သာရည်ရွယ်ကြသည်။
မုဝမ်အာလျှင်ပင် သူမကိုယ်ကျိုးအတွက် အဂ္ဂိရတ်ပညာကိုလေ့လာနေခြင်းဖြစ်သည်။
၎င်းကမမှားသော်လည်း ရှစ်ရှန်းကဲ့သို့ ကျင့်ကြံသူအနည်းငယ်ရှိသေးသည်။
လုချန်ရှန်းက ပြုံး၏။
သူထိုကမ္ဘာသို့ပထမဆုံးရောက်လာသည်ထဲကတွေ့ဖူးသည့် နှလုံးသားအဖြူစင်ဆုံးသူပင်။
ဓားပါရမီရှင် ယဲ့ချိုးပိုင်၊ ဧကရီအဖြစ်မွေးဖွားလာသူ ဟုန်ရင်၊ သန်မာသောခန္ဓာကိုယ်ရှိသူ ရှောင်ဟေး၊ လောကကြီးအပေါ်တွင် နှစ်မြုပ်ထားသော နင်းချန်ရှင်းတို့သည်ပင် ရှစ်ရှန်းလောက် စိတ်နှလုံးသားမဖြူစင်ပေ။
သူ၏ စိတ်စွမ်းအား၊ ကလေးတစ်ဦးကဲ့သို့ အပြစ်ကင်းဖြူစင်သောနှလုံးသားကို တွေးမိသောအခါ ရုတ်တရက် သူ၏မိသားစုနှင့်သူငယ်ချင်းများကို ပြန်ပြီးတွေ့ချင်လာသည်။
သို့သော်လည်း အရာအားလုံးက ပြောင်းဘဲသွားခဲ့ပြီ။
ထိုသို့တွေးမိပြီး လုချန်ရှန်းက ခေါင်းခါကာ ခါးသက်သက်ပြုံးလိုက်သည်။
စံအိမ်တော်တွင် ငှက်ကလေးတစ်ကောင်၊ သစ်ပင်တစ်ပင်နှင့် လူနှစ်ယောက်ရှိနေလေသည်။
ကြယ်ကောင်းကင်အောက်တွင် ၎င်းတို့၏ ကောင်းချီးကိုလက်ခံနေသော ခြေချိတ်ထိုင်နေသည့် ရှစ်ရှန်းနှင့်အတူ သူတို့ကရှိနေသည်။
ထိုသူမျိုးက ထိပ်ဆုံးတွင်ရပ်တည်နိုင်မည့်သူမျိူးဖြစ်သည်။
လုချန်ရှန်းက ရှစ်ရှန်း အိမ်မက်ကို အဆုံးထိကူညီပေးလိုသောဆန္ဒရှိသည်။
လုချန်ရှန်းက ရှစ်ရှန်းကိုတပည့်အဖြစ်လက်ခံပြီးချိန်မှစပြီး ထိုတာဝန်ကိုဖြည့်ဆည်းပေးရမည်ပင်။
သူက ရှစ်ရှန်း၏ ရှစ်စွင်းဖြစ်သောကြောင့် သူ့တွင်တာဝန်အပြည့်ရှိလေသည်။
“ဘယ်လိုတောင် ကျေးဇူးသိတက်တဲ့ကောင်လဲကွာ…”
ဘေးရှိ မုဝမ်အာက မနေနိုင်ဘဲ ကြောင်အသွားသည်။
ဘာလို့ ဒီဦးလေးက ဆဲနေသလိုခံစားနေရတာလဲ။
ရှစ်ရှန်းက ကြယ်များဖြင့်ဝန်းရံနေသောကြောင့် သူ့ကိုမျက်စိဗလာဖြင့်တွေ့နိုင်ရန်ခက်ခဲ၏။
ကောင်းကင်ဘုံနယ်ပယ်အတွင်းရောက်နေခိုက် သူ့စိတ်အတွင်းသို့ ကြယ်များက တစ်ခုပြီး တစ်ခုပေါ်လာသည်။
အချို့ကြယ်များ မှေးမှိန်သွားသည့်အခါ အချို့ကြယ်များက တောက်ပလာသည်။
၎င်းတို့က အားပြင်းသလို အားလဲနည်းသည်။
သို့သော်လည်း သူတို့က အစွမ်းကုန်အားထုတ်ကာ ကြယ်အလင်းရောင်များကို ထုတ်လွှတ်နေသည်။
သူတို့က မြေပြင်ကို အလင်းရောင်ပေးနေကြသည်။
ရှစ်ရှန်းက သူ့ကိုယ်သူပြန်မေး၏။
ကြယ်တွေကဘာလဲ။ သူတို့က ဘယ်ကနေစွမ်းအားရပြီး ဘယ်လိုအလင်းရောင်ထုတ်လွှတ်နေကြတာလဲ။
သူ၏ အသိစိတ်ပင်လယ်အတွင်းတွင် ရှစ်ရှန်းက ကြယ်များကို တိတ်ဆိတ်စွာ ကြည့်နေလေသည်။
ကြယ်အလင်းရောင်များက သူ၏ အသိစိတ်ပင်လယ်အတွင်းတွင် လင်းလက်တောက်ပနေသည်။
၎င်းပ အကန့်သတ်မဲ့နေသည်။
အသိစိတ်ပင်လယ်ရှိ ကြယ်အလင်းရောင်များက သူ့ဝိဉာည်ကို မငြင်းဆန်ပေ။ တူညီစွာပင် ၎င်းက ရှစ်ရှန်းနှင့်ပတ်သတ်သမျှအားလုံးကို လွှမ်းခြုံသွား၏။
၎င်းက ခံနိုင်ရည်အတွင်းတွင်ရှိသည်။
သို့သော် သူတို့စွမ်းအားများထုတ်လွတ်လိုက်သောအခါ ရှစ်ရှန်းက တောင်တန်းမြစ်ပြင်များက သူတို့လောက်ပင် မလေးတော့ဟု ခံစားလိုက်ရသည်။
၎င်းတို့က အလွန်လေး၏။
အဆုံးသတ်၌ ကြယ်များကြွေသွားပြီးနောက် နောက်ဆုံးအချိန်ထိ ကြယ်ရောင်များကို ထုတ်လွင့်ပေးသွားခဲ့သည်။
၎င်းက နေဝင်ဆည်းဆာအလင်းဖြစ်သည်။
ရှစ်ရှန်းက ပြုံးလိုက်၏။
သူက နားလည်သွားဟန်ရသည်။
ကြယ်တွေကဘာလဲ။ ဘာစွမ်းအားနဲ့ကြယ်တွေတည်ရှိတာလဲ။
သူ့ကို စောင့်ရှောက်ပေးနေသည့် ဖခင်တစ်ယောက်၏ အသံတိတ်စိုးရိမ်မှုကဲ့သို့ပင် သူတို့သည် နေရာတိုင်းတွင် ရရှိနေကြသည်။
အရာအားလုံးကို နွေးထွေးစေသော မိခင်၏လက်များကဲ့သို့ အားလုံးကို လွှမ်းခြုံထားလေသည်။
ထိုအခိုက်တွင် အသက်ရနေသောသူ့မိဘများကိုတွေးမိလိုက်သည်။
ထိုလက်များက လယ်ယာစိုက်ပျိုးခြင်းနှင့် အမဲလိုက်ခြင်းတို့ကြောင့် အသားမာများနှင့်ပြည်နေသည်။
သူငယ်စဥ်က သူ့ဖခင်သည် အမဲလိုက်ရင်း ဝက်ဝံတစ်ကောင်နှင့်ပက်ပင်းတိုးမိကာ ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့သည်။
သို့သော်လည်း၊ အိပ်ယာဘေးတွင်ငိုနေသောသူ့ကို သူ့ဖခင်က ပြန်လည်နှစ်သိမ့်ပေးခဲ့၏။ “စိတ်မပူပါနဲ့။ အဖေမသေပါဘူး။ အဖေက ကြယ်အဖြစ်ပြောင်းသွားပြီး ကောင်းကင်ကနေ သားကြီးပြင်းလာတာကို စောင့်ကြည့်နေမှာ”
ရှစ်ရှန်းက ဝမ်းနည်းစွာပြုံးလိုက်သည်။
ကြယ်များက ဘာလဲဆိုတာကို သူနားလည်လိုက်ပြီထင်သည်။
ရုတ်တရက်၊ ကြယ်ကောင်းကင်ရှိ လင်းလက်နေသောကြယ်များလို ရှစ်ရှန်းခန္ဓာကိုယ်ပေါ်သို့ ကြယ်အလင်းတန်းတစ်ခုက ကျရောက်လာသည်။
ထိုအခိုက်တွင် ဗလာဖြစ်နေသော ကြယ်ကောင်းကင်တန်းထျန်တွင် ကြယ်တစ်ပွင့်က ဖြေးညှင်းစွာ တောက်ပလာလေသည်။