Switch Mode

အခန်း (၂၁၅)

ရလဒ်က ဆုံးဖြတ်ပြီးပြီ။

အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူ မုရုန်ယီနှင့်ရင်ဆိုင်ရသောအခါ ယဲ့ချိုးပိုင်က တုန်လှုပ်သွားခြင်းမရှိဘဲ နောက်ပြန်ဆုတ်မည့်ဟန်မရပေ။

သူက ဓားအိမ်အတွင်းမှမထုတ်ရသေးသောဓားတစ်စင်းလို မုရုန်ယီထံသို့ပြေးဝင်သွားသည်။

မုရုန်မုန့်မျက်နှာက မဲမှောင်သွားတော့သည်။

သူက ဒီလိုအတားအဆီးတွေကြားမှာတောင် သူ့ရည်ရွယ်ချက်ကို အောင်မြင်အောင်လုပ်နိုင်မယ်ထင်နေတာလား။

ဒါမှမဟုတ် ယဲ့ချိုးပိုင်က သူ့ကိုဖြတ်ကျော်သွားနိုင်မယ်လို့ထင်နေတာလား။

သို့သော်လည်း ယဲ့ချိုးပိုင်က မုရုန်ယီကို တိုက်ခိုက်ရန်ရည်ရွယ်ချက်မရှိပေ။

မုရုန်မုန့်က ခွန်အားများကိုစုစည်းကာ တိုက်ခိုက်ရန်ပြင်နေသည်။

ထိုစဥ် လူတစ်ယောက် သူ့ရှေ့တွင်ပေါ်လာ၏။

၎င်းက ရှောင်ဟေးပင်။

ရှောင်ဟေးက မျက်မှောင်ကြုတ်ကာ “ရှစ်ရှိုးက တိုက်ခိုက်နေတုန်းဘဲ။ သူ့ကို မနှောက်ယှက်တာကောင်းမယ်”

ရှောင်ဟေးက မုရုန်ယီကို လေဟာနယ်ကျိုးပြတ်သွားစေနိုင်သည့် လက်သီးတစ်ချက်ဖြင့်ထိုးလိုက်လေသည်။

လေဟာနယ်ကိုကိုပင်သက်ရောက်နိူင်သော ပြင်ပခွန်အားကို ခံစားမိလိုက်သည်။

မုရုန်ယီ၏ အမူအရာက လုံးဝပြောင်းလဲသွားသည်။

ထိုလက်သီးချက်ကိုတိုက်ရိုက်ခံယူလိုက်ပါက သူတောင့်ခံနိုင်မည်မဟုတ်ပေ။

ထိုသို့တွေးမိသောအခါ မုရုန်ယီအမူအရာက လေးနက်သွားကာ သူကချက်ချင်းပင် အစီအရင်တည်ဆောက်လိုက်သည်။

ရှောင်ဟေးထံသို့ လှိုင်းလုံးများက နေရာစုံမှထွက်ပေါ်လာ၏။

တိမ်ပင်လယ်လှိုင်းအစီအရင်။

၎င်းက မုရုန်မျိူးနွယ်၏ အဆင့်မြင့် အစီအရင်ပင်။

မုရုန်ယီလို အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူတစ်ဦး၏ အသုံးပြုမှု့အောက်တွင် မုရုန်မုန့်အသုံးပြုစဥ်ကလို မဟုတ်ဘဲ အဆပေါင်းများစွာ အားကောင်းနေလေသည်။

နေရာစုံမှ လှိုင်းလုံးများက ပို၍ပင် ကြောက်မက်ဖွယ်ကောင်းနေသည်။

မသိလျှင် ကမ္ဘာကြီးတစ်ခုလုံးကို လှိုင်းများဖြင့် ဖုံးအုပ်သွားသလိုပင်။

လှိုင်းလုံးများက ရှောင်ဟေးထံတိုးဝင်သွားတော့သည်။

ရှောင်ဟေးက နောက်မဆုတ်ပေ။

သူ့လည်ချောင်းအတွင်းမှ အူသံအရှည်ကြီးထွက်ပေါ်လာလေသည်။

အနက်ရောင်နတ်ဆိုးချီများက သူ့မျက်လုံးအတွင်းမှ ထွက်ပေါ်လာခဲ့သည်။

တိုက်ခိုက်ခြင်းအရှိုန်အဝါများက သူ့တစ်ကိုယ်လုံးတွင် လှည့်ပတ်နေသည်။

မီးတောက်မျဥ်းကြောင်းများနှင့် ရေခဲပြာ မျဥ်းကြောင်းများက ရှောင်ဟေး၏ခန္ဓာကိုယ်တွင် ဝန်းရံလာသည်။

သူ့မျက်လုံးတွင်းရှိ လျို့ဝှက်ကျင့်စဥ်တစ်ခုကို အသုံးပြုလိုက်ဟန်ရသည်။

လေထုထဲသို့ခြေချလိုက်တိုင်း လေထုက တုန်ခါသွားသည်။

ဘုန်း။

ဘုန်း။

ခြေတစ်လှမ်းလှမ်းတိုင်းလေထုထဲတွင် ကျယ်လောင်သောအသံများထွက်ပေါ်လာပြီး ၎င်းတို့က မုရုန်ယီ၏ နားစည်အတွင်းပဲ့တင်ထပ်နေသည်။

၎င်းကြောင့် သူ့အမူအရာက ပိုလေးနက်လာသည်။

ဘယ်လိုပြင်ပခွန်အားမျိုးက လေထုကို ဒီလောက်တောင် သက်ရောက်စေတာလဲ။

အာကာသနတ်ဘုရားနယ်ပယ်ရှိ ဗုဒ္ဓဂိုဏ်းတော်က သံမဏိခန္ဓာကျင့်စဥ်ကိုကျင့်ကြံထားသော ကျွမ်းကျင်သူပင် ထိုမျှလောက် အားမကောင်းပေ။

ရှောင်ဟေးက လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။ မူလက သဟဇာတမဖြစ်သော မျဥ်းနှစ်ကြောင်းက သူ့လက်သီးတွင် လာရောက်ပေါင်းစည်းသွားကြသည်။

၎င်းက အလွန်ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ပြသနေသည်။

ထို့နောက် သူက ထိုးချလိုက်သည်။

ခရက်၊ ခရက်။

လေထုထဲတွင် အက်ကွဲကြောင်းများပင် ပေါ်လာ၏။

သူ့လက်သီးက လှိုင်းများကို တိုက်ရိုက်ထိမှန်သွားတော့သည်။

ဘုန်း။

ထိုအခိုက်တွင် ပြင်းပြင်းထန်ထန်တုန်ယင်သွာသည်။

ရှောင်ဟေးရှေ့ရှိလှိုင်းလုံးများမှာ ထိုလက်သီးချက်ကြောင့် ပျံ့ကျဲသွားသည်။

မုရုန်ယီ၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။

သူက ထိန်းမထားခဲ့ပေ။

အာကာသနတ်ဘုရားနယ်ပယ်ခွန်အားက ထိုအခိုက်တွင် ပေါ်ထွက်လာ၏။

သို့သော်လည်း၊ အစီအရင်က တဖက်လူ၏လက်သီးချက်ကြောင့် ကျိုးပြတ်သွားသေးသည်။

ပြောရရလျှင် သူ့ရှေ့ရှိ ခန္ဓာကိုယ်ကျင့်ကြံသူကလည်း အာကာသနတ်ဘုရားနယ်ပယ်ခွန်အားရှိနေသည်လော။

ခန္ဓာကိုယ်ကျင့်ကြံခြင်းက အလွန်တရာခက်ခဲ့သည်။

ဤကမ္ဘာတွင် အနည်းဆုံး ကျင့်ကြံသူနှစ်မျိုးနှစ်စားရှိသည်။

ပထမတစ်မျိုးက ဓားကျင့်ကြံသူများဖြစ်သည်။

လူတစ်ဦးက ဓားတာအိုလမ်းကြောင်းတွင် ပါရမီမရှိပါက ဓားချီကို နားလည်းသဘောပေါက်ရန်ခက်ခဲ၏။

ဒုတိယတစ်မျိုးက ခန္ဓာကိုယ်ကျင့်ကြံသူပင်။

ခန္ဓာကိုယ်ထုဆစ်ခြင်းလမ်းကြောင်းက အလွန်တရာကို နာကျင်လေသည်။ လူတော်တော်များများက တောင့်မခံမနိုင်ကြပေ။

ထို့ပြင်၊ ခန္ဓာကိုယ်ထုဆစ်ခြင်းရှိ အကျိုးအမြတ်က သိပ်မမြင့်မားပေ။

၎င်းကြောင့် ဓားကျင့်ကြံသူများထက် ခန္ဓာကိုယ်ကျင့်ကြံသူများက ပိုမိုနည်းပါးလေသည်။

သို့သော်လည်း၊ ခန္ဓာကိုယ်ကျင့်ကြံသူများက သူတို့၏ခန္ဓာကိုယ်ကိုသန့်စင်ပြီးနောက် လွန်စွာကြောက်မက်ဖွယ်ကောင်းသွားပေးမည်။

ဝိဉာည်မပျက်ဆီးသရွှေ့ ခန္ဓာကိုယ်က မသေဆုံးနိုင်တော့ပေ။

ထိုစကားလုံးများက အလကားပြောချင်းမဟုတ်။

ရှောင်ဟေးက ထိုအဆင့်ကိုမရောက်သေးသော်လည်း မုရုန်ယီက သတိထားနေဆဲဖြစ်သည်။

ရှောင်ဟေးက သူ့ဆီပြေးဝင်လာသည်ကိုမြင်သော် မုရုန်ယီက အံကြိတ်လိုက်သည်။

ယဲ့ချိုးပိုင်က ထိုအချိန်တွင် သူ့ကိုကျော်တက်သွား၏။

သူင မုရုန်မုန့်ကို သတ်ချင်နေသည်။

မုရုန်ယီ၏အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။ သူက ယဲ့ချိုးပိုင်ကို တားဆီးချင်နေသည်။

သို့သော်လည်း ထိုအခိုက်တွင် ရှောင်ဟေးက သူ့ရှေ့သို့ရောက်လာပြီး အော်ဟစ်လိုက်သည်။ “ခင်ဗျား ကျုပ်ရှစ်စွင်းကို နှောက်ယှက်ချင်သေးတာလား”

စကားဆုံးသည်နှင့် ရှောင်ဟေးက သူ့အနားသို့ကပ်လာသည်။

မုရုန်ယီက ဤအခြေအနေတွင် ယဲ့ချိုးပိုင်ကို ဂရုမစိုက်နိုင်တော့ပေ။

သူက အော်ဟစ်လိုက်သည်။ “မြို့အရှင်ပေ့ဖုန်း ကူတိုက်ပေးပါဦး”

ပေ့ဖုန်းနှင့် ဘုန်းကြီးအိုကြီးကလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ခေါင်းညိမ့်လိုက်ကြသည်။

မုရုန်ယီက သူတို့၏ မဟာမိတ်ပင်။

သာမန်အားဖြင့် သူတို့က ကူညီရမည်။

သို့သော်လည်း ခေါင်းဆောင်ယန်နှင့် လင်းရုဖုန်းက သူတို့ရှေ့တွင် ပိတ်ရပ်လိုက်သည်။

ခေါင်းဆောင်ယန်က ပြောသည်။ “လူငယ်တွေတိုက်ပွဲမှာ ဝင်မရှုတ်တာကောင်းပါတယ်”

လင်းရုဖုန်းက အပြုံးနှင့်ပြောလေသည်၊ “ခင်ဗျားတို့က ကျုပ်တို့ကိုကိုယ်ပျောက်နေတယ်လို့ထင်နေတာလား”

ထိုနှစ်ဦးက အလယ်ပိုင်းဒေသရှိ အဓိကအဖွဲ့အစည်းများ၏ ခေါင်းဆောင်များဖြစ်သည်။

သူတို့က အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူများလည်းဖြစ်၏။

လူနှစ်ယောက်၏ တားဆီးမှု့ဖြင့်။

ပေ့ဖုန်းနှင့် ဗုဒ္ဓဂိုဏ်းတော်ရှိ ဘုန်းကြီးအိုကြီးက ရပ်တန့်လိုက်ရသည်။

မုရုန်ယီက ၎င်းကိုမြင်သော် အံကြိတ်မိသည်။

ခွေးသူတောင်းစားတွေ။

သူ့သား သူ့ရှေ့တွင် သေရမည်ကို ကြည့်နေရမည်လော။

မဖြစ်ဘူး။

မုရုန်ယီက အော်ဟစ်ကာ လက်ကိုဖြန့်လိုက်သည်။

အစီအရင်အလံများက သူ့ခန္ဓာကိုယ်မှ တစ်ခုပြီးတစ်ခုထွက်လာသည်။

ထိုအစီအရင်အလံများက ဒြပ်ရှိအရာဝတ္ထုများမဟုတ် စိတ်ဝိဉာည်ချီမှ ဖြစ်ပေါ်လာခြင်းပင်။

ထို့နောက် ဘေးပတ်လည်တွင် မီးတောက်များတောက်လောင်လာသည်။

၎င်းက ကမ္ဘာဖျက်မီးများကဲ့သို့ပင်။

သူ့ခန္ဓာကိုယ်ကို အစီအရင်တစ်ခုအဖြစ်ပြောင်းလဲသွား၏။

၎င်းက မုရုန်မျိုးနွယ်၏ လျို့ဝှက်နည်းစနစ်တစ်ခုဖြစ်သည်။

ထို့နောက် ကြမ်းတမ်းသောအကြည့်ဖြင့် မုရုန်ယီက ရှောင်ဟေးထံ ပြေးဝင်သွားတော့သည်။

ရှောင်ဟေးအမူအရာက မပြောင်းလဲပေ။ သို့သော်လည်း သူ့ခန္ဓာကိုယ်ရှိ မျဥ်းများက ထိုအခိုက်တွင် ပိုမို တောက်ပလာလေသည်။

မီးတောက်များနှင့် အအေးဓာတ်က ထိုမျဥ်းများနှင့်အတူ ထိုးတက်လာသည်။

ရှောင်ဟေး၏ အရှိုန်အဝါက ရုတ်တရက် မြင့်တက်လာသည်။

ခပ်တိုးတိုးအော်ကာ ထိုးချလိုက်၏။

မုရုန်ယီက လက်နှစ်ဖက်ဖြင့် လက်တံဆိပ်များပြုလုပ်လိုက်လေသည်။ မီးတောက်များက စစ်ပုဆိန်လှံရှည်အဖြစ်​ပြောင်းလဲသွားပြီး ရှောင်ဟေးထံ ထိုးချလိုက်၏။

လက်သီးနှင့် မီးတောက်စစ်ပုဆိန်လှံရှည်တို့တိုက်မိသွားကြသည်။

သို့သော်လည်း မုရုန်ယီ၏ အမူအရာက ပြောင်းလဲသွားသည်။

ရှောင်ဟေး၏လက်သီးချက်ကြောင့် မီးတောက်စစ်ပုဆိန်လှံရှည်က ကြေပျက်သွားသည်။

တုံ့ပြန်ချိန်ပင်မရ။

ရှောင်ဟေးက အနားသို့ရောက်လာပြန်သည်။

သူက လက်သီးနဲ့ထိုးချလိုက်သည်။

မုရုန်ယီက နောက်ထပ်တစ်ကြီးတိုက်ခိုက်ရန် ပြင်ဆင်ချိန်မရတော့ပေ။

သူက အစီအရင်စွမ်းအားကို ခုခံရေးစွမ်းအားအဖြစ်သာ ပြောင်းလဲလိုက်နိုင်ပြီး သူ၏ခန္ဓာကိုယ်ပြင်ပတွင် စုဝေးလိုက်သည်။

သို့သော်လည်း ၎င်းက အသုံးဝင်သည်လား။

ရှောင်ဟေး၏ လက်သီးချက်က ကျရောက်လာသည်။

ဝုန်း။

လေထုပေါက်ကွဲသံက ပြင်းထန်စွာထွက်ပေါ်လာသည်။

မုရုန်ယီက လျှပ်စစ်စီးကြောင်းတစ်ခုလို နောက်ဘက်သို့လွင့်ပျံထွက်သွားသည်။

လေထဲတွင် သွေးတလုတ်အန်လိုက်ကာ သူ၏မျက်နှာသည် ဖြူဖျော့သွား၏။

သို့သော်လည်း သူမျက်လုံးဖွင့်ကြည့်လိုက်သောအခါ ရှောင်ဟေး၏ တည်ငြိမ်သောမျက်နှာကို မြင်လိုက်ရသည်။

မုရုန်ယီ၏အမူအရာက အကျည်းတန်စွာပြောင်းလဲသွားလေသည်။

ရှောင်ဟေးက ထပ်မံထိုးလိုက်ပြန်သည်။

လေထဲရှိမုရုန်ယီ၏လမ်းကြောင်းက ပြောင်းလဲသွားရကာ မြေပြင်ပေါ်သို့ ဦးတည်သွားတော့သည်။

သို့သော် ထိုလောက်နှင့်မပြီးသေး။

ရှောင်ဟေးက မြေပြင်ပေါ်တွင် ပေါ်လာပြန်သည်။

မုရုန်ယီက မြေပြင်နှင့်ဝင်ဆောင့်တော့မည်ဖြစ်သည်။

ရှောင်ဟေးက ဒူးကိုမြှောက်ကာ တိုက်ချလိုက်သည်။

ခရက်။

ဒူးက မူရုန်ယီခါးကိုဝင်ဆောင့်၏။

ထိုအချိန်တွင် သူ၏ အရိုးများက တစ်လက်မပြီး တစ်လက်မကျိုးနေလေပြီ။

မုရုန်ယီ၏ မျက်လုံးများက စိတ်ပျက်မှု့များအပြည့်နှင့်ပင်။

သူက အငယ်တစ်ဦး၏လက်ထဲတွင် သေရတော့မည်လော။

ထိုအချိန်တွင် သူက မျက်လုံးဖွင့်နိုင်သေးကာ ဘေးပတ်လည်ကို ကြည့်လိုက်၏။

လေထုထဲတွင် ယဲ့ချိုးပိုင်က မုရုန်မုန့်ဘေးသို့ရောက်နေလေပြီ။

“သေခြင်းရှင်ခြင်းကိစ္စအတွက် ပြန်ပေးဆပ်ရတာဘဲ”

ထိုသို့ဖြင့် မုရုန်မုန့်၏ နှဖူးတွင် ဓားပေါက်ရာတစ်ခုနှင့်ဖြစ်သည်။

သူ၏ ဝိဉာည်က ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။

ရလဒ်က ဆုံးဖြတ်ပြီးပြီဖြစ်၏။

Comment

Leave a Reply

Options

not work with dark mode
Reset