မုရုန်မုန့်ပါရမီစွမ်းရည်က မုရုန်ကော့မမွေးခင်ချိန်ထိ မုရုန်မိသားစုထဲတွင် ပါရမီရှင်တစ်ခုဦးဖြစ်ခဲ့လေသည်။
သူမ၏ ပါရမီက သူမတူအောင်ဖြစ်ခဲ့သည်။
သူက ချန်းယွမ်နယ်ပယ်အထိတ်အထိပ်သို့ ရောက်ရှိနေနှင့်ပြီဖြစ်သည်။
မည်သို့ပင်ဖြစ်စေ မုရုန်မုန့်က မုရုန်ကော့ထက် ပိုစောကာ ကျင့်ကြံခဲ့သူဖြစ်သည်။
မုရုန်မုန့်က လူအုပ်အတွင်းမှ ထွက်၍ ယဲ့ချိုးပိုင်၏ ရှေ့တွင်ရပ်လိုက်သည်။ ယဲ့ချိုးပိုင်၏ လက်ထဲရှိ သစ်သားဓားကိုကြည့်ကာ မျက်မှောင်ကြုတ်ကာ “မင်းက ဒီသစ်သားတုံးကိုဘဲ သုံးမှာလား”
ယဲ့ချိုးပိုင်က ရယ်ရမ်းသွေးကာ “ဒါနဲ့မလုံလောက်သေးဘူးလား”
သူ့စကားများက သာမန်ပင်။
သူက အမှန်တရားကို ပြောနေသယောင်။
သို့သော် ထိုလေသံကြောင့်ပင် မုရုန်မုန့်က ဒေါသပိုထွက်လာရသည်။
သူက စော်ကားခံလိုက်ရသလိုပင်။
“မင်းက အဆင့်ကျော်တိုက်တဲ့နေရာမှာ တော်တယ်ကြားတယ်။ ငါကျင့်ကြံခြင်းအဆင့်ကိုနှိမ့်ချမှာမဟုတ်ဘူး။ မင်းဘယ်လိုထင်လဲ”
ယဲ့ချိုးပိုင်က ခေါင်းညိမ့်ပြ၏။
လက်တွေ့တွင် တဖက်လူ၏နယ်ပယ်က သူ့ကိုဖိနှိပ်မှာက သူ့အတွက်အရေးမပါပေ။
မည်သို့ဆိုစေ ဓားတစ်ချက်သာလိုလေသည်။
မုရုန်မုအတွက်မူ သူ ရုံးနိမ့်မည်မဟုတ်ကြောင်း ယုံကြည်၏။
သူလည်းဘဲ ဉာဏ်ကြီးရှင်တစ်ဦးဖြစ်သည်။
သူလည်းဘဲ အာကာသနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများကို တိုက်ခိုက်ဖူးသည့် အတွေ့ကြုံရှိသည်။
သူရှုံးခဲ့လျှင်ပင် အနည်းငယ်ကြာသည်အထိ တောင့်ခံထားနိုင်ဦးမည်။
ထို့ကြောင့် သူ့ထက်ကျင့်ကြံခြင်းနယ်ပယ်နိမ့်သော ယဲ့ချိုးပိုင်ကို ရှုံးလိမ့်မည်ဟု မယုံကြည်ပေ။
မုရုန်မုန့်က တိုက်ပွဲအစီအရင်ကို လက်နှစ်ဖက်နဲ့ဆုပ်ကိုင်ထားကာ နက်မှောင်သောအမူအရာဖြင့် “ငါတို့နှစ်ယောက်တိုက်ပြီဆိုထဲက ခွန်အားကိုထိန်ချမ်ထားမှာတော့မဟုတ်ဘူးနော်။ မင်းငါပြောတာ နားလည်တယ်မလား”
ယဲ့ချိုးပိုင်က ခပ်ယဲ့ယဲ့လေး ပြုံး၏။
သူ့မျက်လုံးတွင် လှောင်ပြောင်မှု့များအပြည့်နှင့်ပင်။
“ဒါဆိုရင် ဒီတိုက်ပွဲက သေခြင်းရှင်ခြင်းတိုက်ပွဲပေါ့နော်”
“မင်းသေချာလား”
ထိုစကားကြားသော် မုရုန်မုန့်က ပို၍ပင် ဒေါသထွက်လာသည်။
သိသာစွာပင် ယဲ့ချိုးပိုင်က သူ့ကို အလေးအနက်မထားပေ။
သူက အလွန်မောက်မာလွန်းသည်။
ထိုသို့တွေးမိပြီး မုရုန်မုန့်၏ လက်များလှုပ်ရှားသွားကာ အစီအရင်အလံများက တစ်ခုပြီး တစ်ခုထွက်ပေါ်လာ၏။
မုရုန်မျိူးနွယ်က အစီအရင်တည်ဆောက်ရာတွင်ကျွမ်းကျင်သည်ဟု ကျော်ကြား၏။
အစီအရင်အလံများက ယဲ့ချိုးပိုင်အနားတွင် လှည့်ပတ်နေသည်။
ထိုအလံများအထဲတွင် ရေလှိုင်းများက ယဲ့ချိုးပိုင်ဆီသို့ တိုးဝင်သွားသည်။
မုရုန်မုန့်လက်တံဆိပ်ပြုလုပ်ခြင်းအနှင့်တူ ရေလှိုင်းများက ပိုမိုကြီးမားလာသည်။
အဆုံးတွင် ၎င်းက ကြောက်မက်ဖွယ်ရာလှိုင်းလုံးကြီးအဖြစ်ပြောင်းလဲသွားတော့သည်။
ထိုလှိုင်းလုံးများက လေထုကိုရိုက်ပုတ်ကာ ယဲ့ချိုးပိုင်ဆီသို့ တိုးဝင်သွား၏။
တိမ်ပင်လယ်လှိုင်းအစီအရင်။
၎င်းက မုရုန်မုန့်၏ အစွမ်းထက်ဆုံး အစီအရင်ပင်။
ယဲ့ချိုးပိုင်၏ နယ်ပယ်အဆင့်ကြောင့် သူက လုံးဝကို ထိန်းမထားပေ။
ယခင်ကပြောထားခဲ့သလိုပင် ထိုတိုက်ပွဲက သေခြင်းရှင်ခြင်းတိုက်ပွဲအဖြစ်သတ်မှတ်နိုင်သည်။
သေခြင်းရှင်ခြင်းတိုက်ပွဲတွင် သူက ထိန်းထားချင်သေး၏။ ခေါင်းမကောင်းသည့်သူများသာ ထိုသို့လုပ်မည်ဖြစ်သည်။
ခြင်္သေ့သည်ပင် ယုန်ကိုဖမ်းရာ၌ အားကုန်သုံး၍ ဖမ်းမည်ပင်။
သို့သော်လည်း မည်သူက ခြင်္သေ့ မည်သူက ယုန်ဖြစ်သနည်း။ အဖြေက မသိရှိရသေးပေ။
မြောက်ပိုင်းလွင်ပြင်မြို့အရှင်က စိတ်ခံစားချက်များဖြင့် သက်ပြင်းချ၏။ “ဆရာမုရုန် တကယ်ကို ပါရမီရှင်တွေ အများကြီးရှိနေတာဘဲ”
ဘုန်းကြီးအိုကြီးကလည်း လက်အုပ်ချီကာ ခေါင်းညိမ့်၏။ “အော့်မီတော်ဖော်၊ ကိုယ်တော်လဲ တိမ်ပင်လယ်လှိုင်းအစီအရင်ကို အရင်ကတွေ့ဖူးပါတယ်။ ဒကာလေးမုရုန်က အစီအရင်ရဲ့ အနှစ်အရသာကို တကယ်ကို ပိုင်နိုင်နေပြီဘဲ”
တိမ်ပင်လယ်လှိုင်းအစီအရင်။
ထိုအစီအရင်က တိမ်ပင်လယ်အဖြစ်ပြောင်းလဲသွားကာ လှိုင်းရှစ်လှိုင်းအရှိုန်ဖြင့် ရန်သူကို ရိုက်ခတ်သွားမည်ဖြစ်သည်။
ထောင်ချောက်အစီအရင်ဖြစ်စေ သတ်ဖြတ်ခြင်းအစီအရင်ဖြစ်စေ၊ ၎င်းတို့က အလွန်စွမ်းအားကြီးသည့် အစီအရင်များဖြစ်ကြသည်။
အစီအရင်၏ အဆင့်သည် အဆင့်မြင့်မြေကြီးအဆင့် အခင်းအကျင်းဖြစ်သည်။
စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ဦး၏ ချီးမွမ်းမှု့ကိုက စိတ်ရင်းမှန်ဖြင့် ချီးမွန်းသည်လားတော့ မသိရပေ။
သို့သော် မုရုန်ယီ၏ မျက်လုံးထဲတွင် စိတ်ကျေနပ်မှု့များပြည့်သွားကာ ခေါင်းညိမ့်၍ “မုန့်အာရ့ တိမ်ပင်လယ်လှိုင်းအစီအရင်က သူ့ရဲ့ဝှက်ဖဲတစ်ခုဘဲ။ မျိုးနွယ်စုထဲက လူတော်တော်များများက သူ့ကို မဖိနှိပ့်နိုင်ဘူး”
တဖက်လူပြောသည်ကို စံအိမ်တော်ရှိသူများကလည်း ကြားလိုက်ရသည်။
ရှောင်ဟေးက ခေါင်းကုတ်၍ ရိုးသားစွာပြောလိုက်၏။ “ရှစ်စွင်းရဲ့ အစီအရင်လောက် ကြည့်ရတာ အစွမ်းမထက်သလိုဘဲ”
နင်းချန်ရှင်းက ပြုံးကာ ခေါင်းခါ၍ “ဒါပေါ့”
ဟုန်ရင်လည်း ပြောလိုက်သည်။ “သေချာတာပေါ့”
အစီအရင်ထဲတွင် ပိတ်မိနေသောယဲ့ချိုးပိုင်ကလည်း ပြုံးကာ “ရှောင်ဟေး၊ မင်းဘယ်လိုလုပ် ရှစ်စွင်းနဲ့ နှိူင်းရဲရတာလဲ။ ဒါက နှိုင်းစရာမဟုတ်ဘူးဟ”
ထိုသို့ကြားသော် မုရုန်မုန့်မျက်နှာက မဲမှောင်သွားကာ ဒေါသတကြီးဖြစ်သွား၏။
“သတ်ဖြတ်ခြင်းအစီအရင်ထဲ ပိတ်မိနေတာတောင် စကားပြောဖို့ အချိန်ရှိသေးတာလား။ မင်းသေရမှာမကြောက်ဘူးလား”
ယဲ့ချိုးပိုင်၏ အသံက ဘေးပတ်လည်သို့ ပျံ့နှံ့သွားသည်။
“ဒီအစီအရင်လေးက ငါ့ကိုသတ်ဖို့မလုံလောက်ဘူး”
“ဒါဆိုရင် အစီအရင်ကို ချိုးဖြတ်ကြည့်လေ”
ထိုအခိုက်တွင် မုရုန်မုန့်က လက်ခုပ်တီးလိုက်၏။
ထိုအခါ လှိုင်းများက ပြင်းထန်လာခဲ့သည်။
ဘေးပတ်လည်တွင် လှိုင်းလုံးများက ပိုတိုးလာသည်။
ပိတ်မိနေသော ယဲ့ချိုးပိုင်က နောက်ဆုံးတွင် သူ၏ အရှိုန်အဝါများကို ထုတ်လွတ်လိုက်သည်။
ဓားဂိုဏ်း၏ ဓားအရှိုန်အဝါက ထိုအချိန်တွင် ပေါက်ကွဲထွက်လာ၏။
ပန်းရာချီပွင့်လာသလို ယဲ့ချိုးပိုင်၏ ဓားချက်က ဘေးပတ်လည်တွင်ပေါ်လာသည်။
ရှဲ၊ ရှဲ
ဓားအရှိုန်အဝါလှိုင်းလုံးကြီးက တိမ်ပင်လယ်လှိုင်းအစီအရင်ကို ထိုးဖောက်သွားသည်။
၎င်းက ညအချိန်တွင်ပေါ်လာသော နေ့အလင်းရောင်လိုပင်။
ညအချိန်က တိမ်ပင်လယ်လှိုင်းအစီအရင်ဖြစ်ကာ နေ့အလင်းရောင်က ထိုးဖောက်သွားသည့် ဓားအရှိုန်အဝါဖြစ်သည်။
ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ မုရုန်မုန့်အမူအရာက ပြောင်းလဲသွား၏။
သူ့ဓားအရှိုန်သာထုတ်လွှင့်ရသေးသည် တိမ်ပင်လယ်လှိုင်းအစီအရင်တွင် အပေါက်ကြီးတစ်ပေါက်ပေါက်သွားစေသည်။
၎င်းက ဇကာပေါက်သဖွယ်ဖြစ်နေတော့သည်။
မုရုန်မုန့်အမူအရာက ရုပ်ဆိုးသွားသည်။
သတ်ဖြတ်ခြင်းအစီအရင်တဖြစ်လဲ တိမ်ပင်လယ်လှိုင်းအစီအရင်က အမှန်တော့ ပိတ်လှောင်ခြင်းအစီအရင်နှင့်ပိုတူလေသည်။
လှိုင်းလုံးကြီးရှစ်လုံးပေါင်းစပ်မှု့က တစ်ဖက်လူ၏ လှုပ်ရှားမှုများကို အတိုင်းအတာတစ်ခုအထိ ထိခိုက်စေရုံမက အတွင်းရှိလူများကို အသက်ရှုကျပ်စေသည်။
အဆုံးမရှိသည့်လှိုင်းလုံးများက ရေဂုဏ်သတ္တိကို ထူးခြားစေသည်။
အထဲရှိပိတ်မိနေသူများက အစီအရင်ကို ချိူးဖြတ်ရန်မဖြစ်နိုင်ပေ။
သူတို့က ရေဖိအားကြောင့် တဖြေးဖြေးချင်း ရေမွန်းကာသေဆုံးသွားရပေမည်။
သို့သော်လည်း ယဲ့ချိုးပိုင်၏က ဘာမှမလုပ်သေးဘဲ ဓားအရှိုန်အဝါဖြင့်သာ အစီအရင်ကို အပေါက်ဖောက်ပြစ်နိုင်သည်။
ဓားဂိုဏ်း၏ လျို့ဝှက်ဓားအရှိုန်အဝါက ထိုမျှလောက်အားကောင်းသည်လား။
လျို့ဝှက်ဓားဂိုဏ်းချုပ်လင်းရုဖုန်းက ဂုဏ်ယူစွာပြော၏။ “ဓားကျင့်ကြံသူတွေကို အထင်မသေးနဲ့”
“ဓားအရှိုန်အဝါက တခါတရံဆို ဓားကျင့်ကြံသူတွေရဲ့ စွမ်းအားအပြင်းဆုံးတိုက်ခိုက်မှု့ဘဲ။ ဒါက ဖျက်ဆီးလို့မရနိုင်ဘူး။”
“အဲ့ဒီ့အပြင်၊ မိတ်ဆွေလေးယဲ့က ဓားဘိုးဘေးနယ်ပယ်ကိုရောက်နှင့်ပြီသားလေ”
ခေါင်းဆောင်ယန်က လင်းရုဖုန်းအမူအရာကိုကြည့်၍ မနေနိုင်ဘဲ စောတကတက်လိုက်သည်။ “မသိရင် ယဲ့ချိုးပိုင်က မင်းတပည့်ကြနေတာဘဲဟ”
ထိုစကားကြားသော် လင်းရုဖုန်းက ရယ်မောလိုက်မိသည်။ “ဟား ဟား ဟား၊ ကမ္ဘာပေါ်က ဘယ်ဓားကျင့်ကြံသူတွေမဆို တစ်မိသားစုထဲဘဲ”
မုရုန်မုန့်က အံကြိတ်လိုက်သည်။ သူတို့နယ်ပယ်ကွာဟချက်က ထိုမျှလောက်ကြီးမားမည်ကို သူမယုံကြည်နိုင်ခဲ့ပေ။
သူ့ဝှက်ဖဲက ဘယ်လိုကြောင့် လွယ်လွယ်ဖြင့် ပြိုကွဲသွားရသနည်း။
သူလက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
သူက လှိုင်းလုံးရှစ်လုံးကိုထိန်းချုပ်ပြီး ယဲ့ချိုးပိုင်ကိုနှစ်မြုတ်ပြစ်ရန်လုပ်လိုက်သည်။
သို့သော် လျို့ဝှက်ဓားအရှိုန်အဝါကို လှိုင်းများက မခုခံနိုင်ပေ။
အကယ်၍ လှိုင်းရှစ်ခုသည် အလုံးစုံသော ရေအကာအကွယ်ကဲ့သို့ ဖြစ်လျှင် ဓားချီများသည် ဖျက်ဆီး၍မရသော တိုက်ခိုက်ရေးလှံများဖြစ်သည်။
ရေအကာအကွယ်က အပေါက်များဖြင့်ပြည့်သွား၏။
ချက်ချင်းပင် ယဲ့ချိုးပိုင်က လက်ထဲရှိ သစ်သားဓားကိုလွဲလိုက်၏။
ဓားချီက ခုတ်ချက်အဖြစ်ပြောင်းလဲသွားပြီး တိမ်ပင်လယ်လှိုင်းအစီအရင်ကို တိုက်ရိုက်ထိမှန်သွားသည်။
ယဲ့ချိုးပိုင်က တည်ငြိမ်နေသည်။
သူက အေးဆေးစွာ “မင်းလုပ်နိုင်တာ ဒါအကုန်ဘဲလား”
“သေခြင်းရှင်ခြင်းကိစ္စစထဲက မင်းအဆုံးသတ်က သတ်မှတ်ပြီးသွားပြီ”
ယဲ့ချိုးပိုင်က သစ်သားဓားကိုကိုင်ပြီး နောက်သို့ခြေနှစ်လှမ်းဆုတ်ကာ မုရုန်မုန့်ထံသို့ ပြေးဝင်သွားသည်။
၎င်းက ထက်မြသောဓားအသွင်ပြောင်းလဲသွားကာ လေထုကို ထိုးခွဲသွားပြီး မုရုန်မုန့်ထံဝင်ရောက်သွားသည်။
ထိုအခိုက်တွင် မုရုန်ယီက မုရုန်မုန့်၏အရှေ့သို့ရောက်ချလာသည်။
သို့သော်လည်း ယဲ့ချိုးပိုင်က မရပ်တန့်ရုံသာမက မဟူရာနတ်ဆိုးဓားကိုထုတ်ယူလိုက်သည်။
သူ့အမြန်နှုန်းက တိုးလာပြီး မုရုန်ယီထံ ပြေးဝင်သွားတော့သည်။