Switch Mode

အခန်း (၂၁၃)

သမကာ ကုန်းမြေကြီးတစ်ခုလုံးရဲ့ ရန်သူဖြစ်ရုံပေါ့။

မြောက်ပိုင်းရေခဲပြင်များက ကန္တာရဒေသ၏ တားမြစ်နယ်မြေများမှ တစ်ခုဖြစ်သည်။

လေအေးများက အရိုးခိုက်အောင်အေးနေကာ မျက်စိဗလာနှင့်မမြင်နိုင်သော ရေခဲစများပါသည့် အမြဲတစေတိုက်ခတ်နေလေသည်။

သာမန်အခြေအနေတွင် ထိုရေခဲစများက အန္တရာယ်မဖြစ်နိုင်သော်လည်း လေကြမ်းများတွင် ရေခဲစများက တိတ်တဆိတ်ဖုံးကွယ်ကာ အလွန်မြန်ဆန်ပြီး အမြောက်

ထိုချွန်ထက်နေသော ရေခဲသွားများက ကျင့်ကြံသူများ၏ကိုယ်တွင် ကာရံထားသော စိတ်ဝိဉာည်စွမ်းအင် အကာအကွယ်ကို အချိန်မရွေးဖောက်ထွက်သွားနိုင်သည်။

အထူးသဖြင့် အပူချိန်က အလွန်နိမ့်ကျ၍ စိတ်ဝိဉာည်ချီက အလွန်နည်းပါးနေသည်။

ချန်းယွမ်နယ်ပယ်အောက်ကျင့်ကြံသူများမ​ျော အချိန်အကြားကြီး အသက်မရှင်နိုင်ပေ။

အနက်ပိုင်းတွင် အစွမ်းထက်သော အာကာသနတ်ဘုရားနယ်ပယ် မှော်သားရဲများက နေရာတိုင်းတွင်ရှိနေသည်။

အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူပင် တစ်ရာရာခိုင်နှုန်းဘေးကင်းလိမ့်မည်ဟု အာမမခံနိုင်ပေ။

ထိုအချိန်မှာ မြောက်ပိုင်းရေခဲပြင်၏ အလယ်တွင်။

မြေပြင်တစ်ခုလုံးက ရေခဲများဖြင့်ဖုံးလွှမ်းနေသည်။ လူတစ်ယောက်က ရေခဲပြင်ပေါ်သို့ခြေချလိုက်သည်နှင့် ရေခဲများအောက်တွင် အရိုးများမြုပ်နေသည်ကို ခပ်ရေးရေးမြင်ရလိမ့်မည်။

လူသားလား မှော်သားရဲအရိုးလားဆိုသည်ကတော့ ပြောရခက်၏။

ရေခဲမြစ်များက တစ်ခုပေါ်တစ်ခုထပ်နေလေသည်။

ရေခဲပြင်အလယ်တွင် ရေခဲတောင်များ အထပ်ထပ်ရှိနေသည်။

တဖက်တွင်တော့ အနက်ပိုင်းသို့ဝင်ရောက်ရန် ကျင့်ကြံသူများက ရေခဲကျောက်ဆောင်များတခုပြီးတခုကိုကျော်ဖြတ်ရပေမည်။

ထိုအချိန် ရေခဲတောင်ထိပ်တွင်။

ဟုန်ရင်နှင့်အဖွဲ့က မြောက်ပိုင်းလွင်ပြင်မြို့အရှင်တို့နှင့် ထိပ်တိုက်ဆုံးလိုက်ရသည်။

နှစ်ဖွဲ့စလုံးက မည်သည်စကားမျှမဆိုဘဲ တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်။

လေအေးများက လူတိုင်းကိုယ်ကိုတိုက်ခတ်သွားပြီး ချီအကာအကွယ်သို့ ရေခဲစများက ရိုက်ခတ်မိသွား၏။

၎င်းကြောင့် တရှတ်ရှတ်အသံများထွက်ပေါ်လာသည်။

​ရှောင်ဟေးအတွက်မူ မည်သည့်စိတ်ဝိဉာည်ချီအကာအရံကိုမှ ထုတ်ဖော်ထားခြင်းမရှိဘဲ ရေခဲချွန်များကို ကိုယ်ကိုထိခိုက်ခွင့်ပြုထားသည်။

သို့သော်လည်း ရှောင်ဟေး၏အမူအရာက မပြောင်းလဲကာ ခန္ဓာကိုယ်တွင်လည်း ခြစ်ရာတစ်ခုတစ်လေမျှမကျန်ခဲ့ပေ။

ဘာမှမဖြစ်ခဲ့ဖူးသလိုပင်။

​မြောက်ပိုင်းလွင်ပြင်မြို့အရှင် ပေ့ဖုန်းက တိတ်ဆိတ်မှု့ကိုစတင်ဖြိုခွဲလိုက်သည်။ သူက ပြုံး၍ ပြောလိုက်သည်၊ “ကြည့်ရတာ လူကြီးမင်းတို့က မြောက်ပိုင်းရေခဲပြင်ရဲ့ မြေအနေအထားနဲ့ ရင်းနှီးပြီးသားထင်တယ်”

ပေ့ဖုန်းက မြို့အရှင်ဖြစ်ကာ မြောက်ပိုင်းလွင်ပြင်မြို့က မြောက်ပိုင်းရေခဲပြင်၏ အနားတွင်ရှိသောတစ်ခုတည်းသောမြို့ဖြစ်လေသည်။

ရင်းမြစ်အများစုက မြောက်ပိုင်းရေခဲပြင်မှ ရရှိခြင်းဖြစ်လေသည်။

ထို့ကြောင့် မြို့အရှင်ပေ့ဖုန်းက သာမန်အားဖြင့် မြောက်ပိုင်းရေခဲပြင်၏ မြေအနေအထားကို ရင်းနှီးနေလေသည်။

သူလဲဘဲသိနေသည်။

သူတို့လမ်းမသိပါက အခုရောက်ရှိနေသည့် ရေခဲပြင်အလယ်ကိိုရောက်ရန် အချိန်တချို့တော့ယူရပေမည်။

သူတို့က လူတချို့ကို ဆုံးရှုံးသွားနိုင်ပေသည်။

ခေါင်းဆောင်ယန်က ပြုံးကာပြောသည်။ “ဒါက တိုက်ဆိုင်သွားတာပါ”

တိုက်ဆိုင်တာ…

ပေ့ဖုန်းက ထိုအဓိပ္ပါယ်မရှိသည့်စကားကို မယုံကြည်ပေ။

ထို့ပြင် သူတို့ဖြတ်လာသည့်လမ်းကြောင်းက ပိုမြန် ပို့လုံခြုံသည့်လမ်းကြောင်းဖြစ်ပုံရသည်။

မည်သို့ကြောင့် တိုက်ဆိုင်ခြင်းဖြစ်ရမည်နည်း။

သို့သော် ပေ့ဖုန်းက ဆက်လက်မစူးစမ်းတော့ပေ။ အလယ်ပိုင်းဒေသရှိအင်အားကြီးအဖွဲ့က အခြားသူများသိသည့်အကြောင်းကို သိနေသည်မှာ မထူးဆန်းပေ။

မုရုန်မုန့်ကလည်း ထိုအဖွဲ့ထဲတွင်ပါနေသည်။ သူကပြော၏။ “လျို့ဝှက်တာအိုကျောင်းတော်နဲ့ လျို့ဝှက်ဓားဂိုဏ်းက တိမ်လွှာဖီးနစ်အင်ပါယာပြည်ထူထောင်မှာကို တကယ်ဘဲ ကူညီပေးကြမလို့လား”

“ခင်ဗျားတို့အတွက် ဘာအကျိုးရှိမှာမို့လို့လဲ”

ထိုစကားကြားသော် လင်းရုဖုန်းက မုရုနိမုန့်ကို လှမ်းကြည့်လိုက်သည်။

ဓားအရှိုန်အဝါနှစ်ခုက သူ့မျက်လုံးများတွင်ပေါ်ထွက်လာသည်။ ၎င်းတို့က လေနှင့်ရေခဲသွားများထက်ပင် ထက်ရှဟန်ပေါ်နေသည်။

ထိုဓားအရှိုန်အဝါနှစ်ခုက မုရုန်မုန့်ထံဝင်ရောက်သွားသည်။

မုရုန်မုန့်အမူအရာက အတန်ငယ်ပြောင်းလဲသွားသည်။

သက်လက်ပိုင်းကျင့်ကြံသူတစ်ဦးက သူ့ရှေ့တွင်ပေါ်လာ၏။

သူက ဓားအရှိုန်အဝါများကို တားဆီးလိုက်သည်။

သိသာစွာပင် သက်လက်ပိုင်းကျင့်ကြံသူက အာကာသနတ်ဘုရားနယ်ပယ်တွင်ဖြစ်သည်။

ထိုသူက မုရုန်မုန့်ကိုကြည့်ကာ အော်ဟစ်လိုက်သည်။ “ဂိုဏ်းချုပ်လင်းကို ဘယ်လိုပြောလိုက်တာလဲ။ မမိုက်ရိုင်းနဲ့”

မုရုန်မုန့်က သူ့အမှားသူဝန်မခံပေ။ သူက ခေါင်းမာစွာဖြင့် “အဖေ၊ ကျွန်တော်မမှားဘူးလေ”

မှန်သည်၊ ထိုသူက မုရုန်မုန့်၏ဖခင်ဖြစ်လေသည်။

သူက အလယ်ပိုင်းဒေသရှိ ထင်ရှားသော အထက်တန်းလွှာမိသားစုသုံးစုမှ မုရုန်မိသားစု၏ လက်ရှိခေါင်းဆောင် မုရုန်ယီပင်။

လင်းရုဖုန်းက နှာမှုတ်ကာ ပြောလိုက်သည်။ “ကျုပ်ဒေါသကိုလည်း အငယ်တွေအပေါ်ပုံချဖို့ မသင့်တော်ဘူး”

သို့သော်လည်း မုရုန်ယီက မုရုန်မုန့်၏စကား​ကြောင့် အပြစ်တင်ခြင်းမဟုတ်မှန်းသိနေသည်။

သူက ယဥ်ကျေးမှု့မရှိသည်ဟုပြောလိုက်ခြင်းသာ။

အဓိပ္ပါယ်က မုရုန်ယီသည် သူ့သားစကားများကို ငြင်းဆန်ခြင်းမပြုပေ။

မုရုန်ယီက ကျားပြုံးပြုံးရင်းပြောလိုက်သည်။ “ဂိုဏ်းချုပ်လင်း၊ ကျူပ်သားကိုပြန်ခေါ်သွားတဲ့အခါကျရင် လောကဝတ်တွေကို ကျူပ်သေချာပြန်သင်ပေးလိုက်ပါ့မယ်”

ယဲ့ချိုးပိုင်က ပြုံးကာ ဆက်ပြောသည် “ခင်ဗျားသားကို စကားအမှန်ဘယ်လိုပြောရမယ်ဆိုတာ သင်ပေးသင့်တယ်။ မဟုတ်ရင် ကိုယ့်စကားနဲ့ကိုယ် သေနေလိမ့်မယ်”

ထိုစကားများကိုကြားပြီးနောက် မုရုန်မုန့်အမူအရာက ပြောင်းလဲသွားသည်။

မုရုန်မုန့်မျက်လုံးထဲတွင် အေးစက်စက်အလင်းတခုဖြတ်သန်းသွားသည်။ သူက ယဲ့ချိုးပိုင်ကိုကြည့်ကာ အပြုံးတုတစ်ခုဖြင့် “ခင်ဗျားက လက်ရှိ အဆင့်တစ်ဖြစ်တဲ့ ဓားတာအိုပါရမီရှင် ယဲ့ချိုးပိုင်မဟုတ်လား”

“အဆင့်တစ်လို့မခံယူရဲပါဘူး။ ဒါပေမယ့် ကျုပ်မျိုးရိုးနာမည်ကတော့ ယဲ့ပါ”

“ဟဲဟဲ ခင်ဗျားက တော်တော်နှိပ့်ချတက်တာဘဲ”

မြေခွေးအိုကြီး မုရုန်ယီက ဖော်ရွေသည့်ဟန်ဖြင့် “ကော့အာက တခါတလေကျရင် မိတ်ဆွေလေးအ​ကြောင်းကိုပြောပြတက်ျ ဦးရီးတို့ မဟာမိတ်ဖွဲ့သင့်တယ်”

မုရုန်ယီပြောသည့် ကော့အာက ပါရမီရှင်အဖြစ်သိကြသည့် မုရုန်ကော့ဖြစ်သည်။

ဗုဒ္ဓဂိုဏ်း၏ ဗုဒ္ဓသားတော် လီယို့အပါဝင် သူတို့အား ပါရမီရှင်သုံးဦးဟုသိကြသည်။

သို့သော်လည်း ယခုအခါတွင် သူတို့က ယဲ့ချိုးပိုင်နှင့် အခြားသူများ၏ လွှမ်းမိုးခြင်းကို ခံခဲ့ရသည်။

ယဲ့ချိုးပိုင်က မုရုန်ယီ၏ အကြံကိုလက်မခံပေ။ သူကပြောလိုက်သည်။ “ကျုပ်တို့လမ်းကြောင်းက မတူညီကြလို့ လက်မခံပါရစေနဲ့”

မုရုန်ယီက ပြုံး၍ ပြောသည်။ “အိုး ဟုတ်သားဘဲ၊ ဦးရီးကြားတာကတော့ အခုလက်ရှိ ဧကရီအရှင်မက မိတ်ဆွေလေးရဲ့ ရှစ်မေ့လို့ကြားတယ်နော်”

“ဒါပေမယ့် ရှစ်ရှိုးတစ်ယောက်နေနဲ့ မိတ်ဆွေလေးက ဧကရီအရှင်မကို လူထုရဲ့ဒေါသကိုမဆွဖို့ အကြံပေးစေချင်ပါတယ်”

ထိုစကားကြားရသည့်အခါ ယဲ့ချိုးပိုင်၏ မျက်နှာအမူအရာက မပြောင်းလဲပေ။ လေသံတည်တည်ဖြင့် တုံ့ဆိုင်းခြင်းမရှိဘဲ။

“ကျုပ်တို့ ရှစ်မေ့ဘာလုပ်လုပ် ကျုပ်တို့တွေက ကူညီဖို့အသင့်ဘဲ။ ဘယ်လိုအတားအဆီးတွေဘဲရှိနေနေ ကျုပ်တို့ စံအိမ်တော်က ချေမှုန်းပြစ်မှာပါ”

ထိုသို့ပြောပြီးသည်နှင့် နင်းချန်ရှင်းနှင့် ​ရှောင်ဟေးက ရှေ့သို့ထွက်လာပြီး ယဲ့ချိုးပိုင်ဘေးတွင်ရပ်လိုက်၏။

ကွန်ဖြူးရှပ်တာအိုအရှိုန်အဝါက နင်းချန်ရှင်းကိုယ်မှ ထိုးထွက်လာသည်။

ရှောင်ဟေး၏ မျက်လုံးများက တိုက်ခိုက်လိုစိတ်ဖြင့်တောက်ပနေသည်။

ယဲ့ချိုးပိုင်က ဓာကိုကိုင်ထားပြီး ဓားအရှိုန်အဝါက မိုးထိတိုင်ထိုးတက်သွား၏။

ဓားဘိုးဘေးနယ်ပယ်က သိသာစွာပင်။

ယွင်ကျန့်က ညည်းညူလိုက်သည် “အရှင်မမှာ သစ္စာရှိပြီး ခင်မင်မှု့တွေကို တန်ဖိုးထားတဲ့ (ဆရာတူအကိုများ) ရှစ်ရှိုးတိ​တွေရှိနေတာဘဲ”

ဟုန်ရင်က ​ဂုဏ်ယူစွာပြုံးလိုက်သည်။ “ဒါပေါ့”

ထိုအခိုက်တွင် ဟုန်ရင့်ရင်ထဲ၌ လုချန်ရှန်း၏တပည့်ဖြစ်လာခြင်းက အရင်ဘဝများက ပြုလုပ်ခဲ့သည့် အကောင်းဆုံးဆုံးဖြတ်ချက်ပင်။

မုရုန်ယီ၏မျက်နှာရှိ အပြုံးက ဖြေးဖြေးချင်း ပျောက်ကွယ်သွားသည်။

သူ့အကြည့်များက အေးစက်သထက် အေးစက်လာပြီး “မိတ်ဆွေလေးက ဓားဘိုးဘေးနယ်ပယ်ကို အသက်ငယ်ငယ်နဲ့ရောက်လာတာဘဲ။ မိတ်ဆွေလေးရဲ့ အနာဂတ်ကတော့ အကန့်သတ်မရှိမှာမဟုတ်ဘူး”

“ဒါပေမယ့်လည်း ဒါမှာတင်ရပ်သွားပြီ။ စံအိမ်တော်က ကုန်းမြေကြီးပေါ်က ဂိုဏ်းတွေနဲ့ အထက်တန်းလွှာမိသားစုတွေအားလုံးကို ယှဥ်နိုင်ပါ့မလား”

ယဲ့ချိုးပိုင်က ရယ်မောလိုက်သည်။

“သိချင်ရင် စမ်းကြည့်လိုက်လေ”

သူ့လေသံက မောက်မာလွန်း၏။

သူ့မျက်လုံးထဲတွင် မထီမဲ့မြင်မှု့များနှင့်ပြည့်နေသည်။

သူအမူအရာက မြက်ရိုင်းပင်များလို လွတ်လပ်ကာ အထိန်းအကွပ်မဲ့နေသည်။

မုရုံယီက သူ့ဘဝတွင် ထိုမျှလောက် မောက်မာသော လူငယ်တစ်ဦးကို ပထမဆုံမြင်ဖူးခြင်းပင်။

သူက ကုန်းမြေတစ်ခုလုံး၏ ရန်သူဖြစ်ရဲလောက်အောင် မောက်မာ၏။

သို့သော်လည်း တဖက်လူက ထိုသို့လုပ်ရဲသည့် စွမ်းအားရှိကြောင်းလဲ ခံစားနေရသည်။

၎င်းက မုရုန်ယကို ​ရှော့ရသွားစေသည်။

မုရုန်ယီက ထိုသို့တွေးမိသည် သူ့ကိုယ်သူကိုယ်လဲ ဒေါသထွက်မိသည်။

သူက မုရုန်မိသားစုခေါင်းဆောင်ဖြစ်ကာ အလယ်ပိုင်းဒေသရှိ လွှမ်းမိုးမှု့အရှိဆုံး မိသားစုများထဲမှ တစ်ခုဖြစ်သည်။

မည်သည့်မုန်တိုင်းမဆို သူမြင်ဖူးခဲ့ပြီးပြီ။

ဘာကြောင့် အငယ်တစ်ဦးကို ကြောက်နေရမည်နည်း။

သူက ပြုံးကာ ပြောလိုက်သည်။ “ဒီလိုဆိုမှတော့ မုန့်အာ မိတ်ဆွေလေးယဲ့နဲ့ ပညာလေးသွားဖလှယ်လိုက်ဦး”

ထိုစကားလုံးများက ယဲ့ချိုးပိုင်ကို ပြန်အမှတ်ရအောင်လုပ်လိုက်ခြင်းပင်။

သူက အငယ်တစ်ဦးဖြစ်ကာ အကြီးအကဲများရှေ့တွင် အရိုအသေပေးရမည်ဟုဆိုလိုလေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset