Switch Mode

အခန်း (၂၁၂)

ကြယ်ကောင်းကင်တန်းထျန်ကို ဖွင့်လှစ်ခြင်း။

ရှစ်ရှန်းက ဝါးအိမ်လေးအတွင်းတွင် နိုးထလာကာ ဝါးကုတင်ပေါ်မှ ထထိုင်လိုက်သည်။

သူငုံ့ကြည့်လိုက်သောအခါ ဝါးကုတင်မှာ အနက်ရောင်အရည်များနှင့် ခြောက်သွေ့နေကြောင်း သိလိုက်ရလေသည်။

၎င်းမှ နှစ်လိုဖွယ်မရှိသော အနံ့များလည်း ထွက်ပေါ်နေသည်။

ရှစ်ရှန်းက အတန်ငယ်ကြောင်အသွားသည်။

ဒါကဘာလဲ။ ကုတင်ကိုညစ်ပတ်အောင်လုပ်မိလို့ ရှစ်စွင်းတော့ ငါ့ကိုဆူတော့မှာဘဲ။

သူက အလျင်အမြန်ပင် ဝါးကုတင်ကို ဆွဲထုတ်ကာ ရေဆေးရန်ပြင်တော့သည်။

လုချန်ရှန်းက ဥယျာဥ်ထဲတွင် ရေလောင်းနေ၏။ ထိုမြင်ကွင်းကို မြင်ကွင်းကို မြင်သောအခါ အံ့အားသင့်သွားကာ မေးလိုက်၏။ မင်းဘာလုပ်နေတာလဲ

ရှစ်ရှန်းက ဝါးကုတင်ကိုချကာ ရှက်ရှက်နှင့်ခေါင်းကုတ်လိုက်သည်။ အမှားလုပ်မိသောကလေးတစ်ဦးလိုပင် သူက ခါးသက်သောအမူအရာဖြင့်ပြောလိုက်လေသည်။ ရှစ်စွင်း၊ ကျွန်တော်ကုတင်ကိုညစ်ပတ်အောင်လုပ်လိုက်မိလို့ ဆေးပြစ်မလို့ပါ

အမှန်ပင်၊ အဝေးရှိ လုချန်ရှန်းပင်လျှင် အနံ့ဆိုးများကို ရနေရသည်။

ဘာမှမဖြစ်ဘူး၊ မင်းခန္ဓာကိုယ်ထဲက မသန့်စင်မှု့တွေက အပြင်ကိုထွက်လာလို့ ဖြစ်သွားတာ

မသန့်စင်မှု့တွေ

ရှစ်ရှန်းက အတန်ငယ်အံ့သြသွားသည်။

ဟုတ်တယ်၊ မင်းခန္ဓာကိုယ်က ပြန်လည်တည်ဆောက်လိုက်တော့ မသန့်စင်မှု့တွေထွက်သွားတာက သာမန်ဘဲ။ ခန္ဓာကိုယ်က အရင်ကထက် အများကြီး ပြောင်းလဲသွားတာကို ခံစားမိလိုက်မယ်

ထိုအချိန်၊ ရှစ်ရှန်းက လှုပ်ရှားကာ ခုန်လိုက်၏။

သူခန္ဓာကိုယ်က ပိုမိုပေါ့ပါးလာကာ ဖျက်လတ်လာသည်။

စိတ်ဝိဉာည်ချီပင် ယခင်ကထက် မြန်ဆန်စွာလှည်ပတ်လာနိုင်သည်။

ထိုအခိုက် စံအိမ်တော်ရှိ စိတ်ဝိဉာည်ချီများက ရှစ်ရှန်းခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

ထိုခံစားချက်က ရှစ်ရှန်းကို အလွန်သက်သောင့်သက်သာရှိစေသည်။

လုချန်ရှန်းက ပြောလိုက်သည်။ ဒါဆို လွင့်ပစ်လိုက်တော့ ပြီးမှ အသစ်တစ်ခုပြန်လုပ်လိုက်

ရှစ်ရှန်းက ခေါင်းခါက ပြုံး၍ ကျွန်တော် ဆေးပြီး ဆက်သုံးပါမယ်

သူက သူ့နောက်ရှိ မြစ်လေးဆီသို့ လျှောက်သွားလိုက်လေသည်။

၎င်းကို မြင်သော် လုချန်ရှန်းက သူ့ကို မတားဆီးလိုက်ပေ။

သူပြောနိုင်သည်တစ်ခုကတော့ ထိုကလေးသည် ရိုးသားသူဖြစ်ကာ အခြားသူများကို ဒုက္ခပေးသည့်ပုံမပေါ်ပေ။

သူကတော့ ယဲ့ချိုးပိုင်နဲ့ အခြားကောင်စုတ်လေးနှစ်ယောက်လိုတော့ မဖြစ်နိုင်ပါဘူးနော်၊ ဟုတ်တယ်မလား။

လုချန်ရှန်းက မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။

နောက်ဆုံးတော့ သူ့ဆရာကို ဒုက္ခမပေးသည့် တပည့်တစ်ယောက်ရှိလာခဲ့ပြီ။

ရှစ်ရှန်းက ဆေးကြောပြီးနောက် ဝါးကုတင်ကို ဝါးအိမ်အတွင်းသို့ ပြန်လည်ယူဆောင်သွားတော့သည်။

လုချန်ရှန်းက ခုံပေါ်တွင် လှဲလျောင်းနေနှင့်ပြီဖြစ်သည်။

ရှစ်ရှန်းက သူ့ဆီကိုရောက်လာပြီး မေးလိုက်၏။ ရှစ်စွင်း၊ ရှစ်စွင်းက ကျင့်ကြံဖို့မလိုဘူးလား

စံအိမ်တော်သို့သူရောက်ရှိသည့်ရက်မှစ၍ လုချန်ရှန်း ကျင့်ကြံနေသည်ကို တခါမှမမြင်ဖူးကြပေ။

သူဘဲ စိတ်ထင်နေသည်လား။

လုချန်ရှန်းက ကောင်းကင်သို့ လက်ညိုးထိုးပြလိုက်သည်။

ဒီလောက်ရာသီဥတုသာယာနေတာကို မအိပ်စရာလား။ ဒီအချိန်မှာ ကျင့်ကြံတာက အရမ်းဖြန်းတီးရာရောက်တယ်

ထိုစကားကိုကြားသော် ရှစ်ရှန်းခေါင်းကုတ်ကာ မြေပြင်ပေါ်သို့ လှဲချလိုက်၏။ သူက လက်ကိုဖြန့်ကာပြောလိုကိသည်။ ဒါက အဓိပ်ပါယျရှိတယျ

ရှစ်ရှန်းကလည်း လှဲအိပ်လိုက်သည်။

လုချန်ရှန်းမျက်လုံးများပြူးသွား၏။ သူက ထထိုင်ကာ အော်လိုက်သည်။ မင်းက ဘာကိစ္စကြောင့်လဲအိပ်လိုက်ရတာလဲ

ဗျာ ရှစ်ရှန်းထိတ်လန့်သွားသည်။ သူက နားမလည်နိုင်စွာဖြင့် ထထိုင်ကာ ခေါင်းကုတ်ရင်း ရှစ်စွင်းပြောတော့ ဒီလိုရာသီဥတုမှာ ကျင့်ကြံတာက အချိန်းဖြုန်းရာရောက်တယ်ဆို

လုချန်ရှန်းက မျက်လုံးစွေကြည့်ကာ ပြောလိုက်၏။ ငါအိပ်တိုင်း မင်းလိုက်အိပ်စရာလားဟ။ သွား ကျင့်ကြံတော့

လာနောက်နေတာလား။ သူတပည့်များ ပျင်းရိလာလျှင် သူ့အတွက်ခက်ခဲလိမ့်မည်မဟုတ်လား။

ရှစ်ရှန်းက ကြောင်အစွာပြောလိုက်၏။ ဒါပေမဲ့ ရှစ်စွင်းပြောတော့

မင်းနဲ့ငါနဲ့တူလား

လုချန်ရှန်းက ဒေါသတကြီးအော်လိုက်၏။ မြန်မြန် သွားကျင့်ကြံတော့ကွာ

ရှစ်ရှန်းက ခေါင်းကုတ်ကာ ပြောလိုက်သည်။ အိုး ဟုတ်ကဲ့ပါ

ရှစ်ရှန်းကျောပြင်ကို ကြည့်ရင်း လုချန်ရှန်းက မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။

သူက ရိုးသားသည်လား၊ တုံးအသည်လားမပြောတက်တော့ပေ။

ရှစ်ရှန်းက နေရာတစ်ခုရှာကာ တပ္ပလင်ချိတ်ထိုင်လိုက်၏။

သူ့စိတ်ထဲမှာ ကျင့်ကြံခြင်းနည်းစနစ်တစ်ခုရှိနေသည်။

၎င်းက ကမ္ဘာဦးကြယ်တာယာကျင့်စဥ်ဖြစ်သည်။

ထိုကျင့်ကြံခြင်းနည်းလမ်းက သူ့ဆရာမှ သူ့ကိုပေးထားခြင်းဖြစ်၏။

ယခင် ရှစ်ရှန်းကျင့်ကြံသော ကျင့်စဥ်က ဂိုဏ်းအသေးလေးတစ်ခုမှ ရရှိခဲ့ခြင်းဖြစ်သည်။

ထိုဂိုဏ်း၏ ဂိုဏ်းချုပ်က ခရမ်းရောင်ဘုံဗိမာန်အဆင့်သာရှိလေသည်။

ထိုကျင့်စဥ်က ရွှမ်အဆင့်ထက်ပင်နိမ့်ကျသည်။

၎င်းကျင့်စဥ်က မသေသပ်သည့်ကျင့်စဥ်တစ်ခုဖြစ်လေသည်။

ရှစ်ရှန်းက ကမ္ဘာဦးကြယ်တာယာကျင့်စဥ်မှ ပြောထားသည်ကို ကြည့်ကာ ရှော့ရနေ၏။

ကမ္ဘာဦးကြယ်တာယာကျင့်စဥ်က စဦးအဆင့်မှ နောက်ဆုံးအဆင့်ကိုးဆင့်အထိ ပိုင်းခြားထားလေသည်။

ပထမအဆင့်က ပြင်ပကိုယ်ခန္ဓာကို ကြားခံအဖြစ်အသုံးပြုကာ တန်းထျန်အတွင်းရှိ ကြယ်ကောင်းကင်ကို ဖွင့်လှစ်ရန်ဖြစ်သည်။

၎င်းက စဦးအဆင့်သာရှိသေးသည်။

နောက်ဆုံးအဆင့်ကိုးဆင့်တွင် ကြယ်ကောင်းကင်တန်းထျန်းမှ ကြယ်များကို ထွန်းညှိပေးခြင်းဖြစ်သည်။

ကြယ်များတစ်ခါလင်းလာတိုင်း ရှစ်ရှန်း၏ ကျင့်ကြံခြင်းနယ်ပယ်နှင့် ပြင်ပခွန်အားက တဟုန်ထိုးတိုးတက်လာလိမ့်မည်ပင်။

သူက ကြယ်ကောင်းကင်ကို ဖွင့်လိုပါက သူ၏ တန်းထျန်ကို ကြေမွသွားအောင်လုပ်လိုက်ရမည်ဖြစ်ပြီး ကြယ်များဆီမှ စွမ်းအားများကိုငှားကာ ကြယ်ကောင်းကင်တန်းထျန်းကို ဖွင့်လှစ်ရမည်ဖြစ်သည်။

ယခင်က နိဗ္ဗာန်နတည်ဆောက်ခြင်းဆေးလုံးက သူ၏ တန်းထျန်ကို ကြေမွဖျက်ဆီးခဲ့ပြီးပြီဖြစ်သည်။

လက်ရှိရှစ်ရှန်းက အခြေတည်ဆောက်ခြင်းနယ်ပယ်တွင်သာရှိသေးသည်။

လူတစ်ဦးက ရွှေအမြူတေအဆင့်ရောက်မှသာ တန်းထျန်ပုံသဏ္ဍာန်ကို ဆုံးဖြတ်နိုင်မည်ဖြစ်သည်။

ထိုအခြေအနေက ရောက်ရှိပြီးသားဖြစ်လေသည်။

သို့သော်လည်း သူ ဘယ်ကနေ ကြယ်စွမ်းအားများကို ရှာဖွေရမည်နည်း။

ထိုစဥ် ရှစ်ရှန်းက သူဆရာပေးထားသော ကြယ်ကြွေနတ်ဘုရားပုဆိန်ကို သတိရမိလိုက်သည်။

ကြွယ်ကြွေတာ၊ နတ်ဘုရားပုဆိန်ထဲမှာ ကြယ်စွမ်းအားတွေများပါမလားမသိဘူး။

ထိုအတွေးခေါင်းထဲရောက်လာပြီးနောက် ရှစ်ရှန်းက ကြယ်ကြွေနတ်ဘုရားပုဆိန်ကို ထုတ်ယူလိုက်သည်။

နတ်ဘုရားပုဆိန်က ရိုးရှင်းပြီး သာမန်ဆန်သော်လည်း ကြယ်စွမ်းအားများက စီးဆင်းနေသည်။

ရှစ်ရှန်း၏ အတွေးက မှန်ကန်ခဲ့သည်။

ရှစ်ရှန်းက ကြယ်ကြွေနတ်ဘုရားပုဆိန်ကိုကိုင်ထားပြီး ကြယ်စွမ်းအားများကိုခံစားနေလိုက်သည်။

သူက မျက်လုံးမှိတ်လိုက်သည်။

ထိုအခိုက် နိဗ္ဗာန်နတည်ဆောက်ခြင်းဆေးလုံး၏ အစွမ်းက ပြလာပြီဖြစ်သည်။

ရှစ်ရှန်းပါရမီစွမ်းအားက သူ့အခြေခံကိုပြန်လည်တည်ဆောက်ပြီးနောက်ပိုင်း အတော်ပင်တိုးတက်လာခဲ့သည်။

ယဲ့ချိုးပိုင်နှင်အခြားသူများလို ကြောက်မက်ဖွယ်ပါရမီစွမ်းရည်များမရှိသေးသော်လည်း အပြင်ကမ္ဘာရှိလူအများအပြားထက် မရေတွက်နိုင်အောင် သန်မာလေသည်။

ရှစ်ရှန်းခန္ဓာကိုယ်တွင် ကြယ်စွမ်းအားများက ဆက်လက်စီးဆင်းနေ၏။

ထိုစွမ်းအားက ရှစ်ရှန်းကို ခံစားချက်တစ်ခုပေးစွမ်းခဲ့သည်။

ကျယ်ပြောလှသော ကြယ်ကောင်းကင်ကြီးထဲတွင် အရာအားလုံးက ပါဝင်နေသည်။

ကြယ်များ၏အလေးချိန် ဘယ်အရာကမှ ထိန်းမထားနိုင်ပေ။

ထိုအခိုက်တန်းတွင် ရှစ်ရှန်းက အမှန်ပင် ကောင်းကင်ဘုံနယ်ပယ်ထဲသို့ ဝင်ရောက်သွား၏။

ရှစ်ရှန်း၏ ခန္ဓာကိုယ်မှ လျှို့ဝှက်ဆန်းကြယ်သော ရောင်ဝါတစ်ခု ထွက်လာသည်။

ထိုမြင်ကွင်းကို ငှက်ကလေးမြင်သော် ပြောစရာစကားမဲ့သွား၏။

လုချန်ရှန်းတပည့်လက်ခံကတည်းက…

ကောင်းကင်ဘုံနယ်ပယ်က ဂေါ်ဖီထုတ်လိုပင်။

ဝင်ချင်သလိုဝင်နေလို့ရနေသည်။

မျိုးနွယ်စုအတွင်းရှိလူအနည်းငယ်သာ ထိုခက်ခဲသောအခြေအနေသို့ ဝင်ရောက်နိုင်ခဲ့သည်။

အချိန်က လျှင်မြန်စွာကုန်ဆုံးသွား၏။

အချိန်သုံးရက်က မျက်တစ်ခတ်အတွင်း၌ ကုန်လွန်သွားသည်။

ထိုအချိန်တွင်၊ ရှစ်ရှန်းက ကောင်းကင်ဘုံနယ်ပယ်တွင်သာရှိနေသေးသည်။

သို့သော်လည်း ကြယ်စွမ်းအားများက ဖြေးညင်းစွာ လှည့်ပတ်နေသည်။

သူ၏ တန်းထျန်အတွင်းမှာပင် ကြယ်ရောင်မျယးတောက်ပနေသည်။

အသိစိတ်ထဲတွင်၊

ရှစ်ရှန်းက ကြယ်ကြွေနတ်ဘုရားပုဆိန်ကို ကိုင်ဆောင်ထားပြီး တန်းထျန်ရှိ ကြယ်ကမ္ဘာအား ဖွင့်နေလေသည်။

သူ၏ တန်းထျန်က ပျောက်ဆုံးနယ်မြေတစ်ခုလိုပင်။

ရှစ်ရှန်းက ရူးသွပ်နေသောလူအိုကြီးလို ပုဆိန်ကို လွဲရမ်းကာ ကမ္ဘာသစ်တစ်ခုကို ဖွင့်လှစ်နေသည်။

တောက်ထပ်ခုတ်ချက်တစ်ခုကျရောက်လာသည်။

ကြယ်စွမ်းအားများက ပေါက်ကွဲထွက်လာသည်။

သူ့မျက်လုံးများက ကြယ်များလိုပင်။

ကမ္ဘာဦးကြယ်တာယာကျင့်စဥ်က စဦးအဆင့်သို့ရောက်ရှိသွားခဲ့လေပြီ။

ထိုအချိန်တွင်၊ ရှစ်ရှန်း၏ ကျင့်ကြံခြင်းအဆင့်ကလည်း မိုးထိုးတက်သွားလေသည်။

သူက ရွှေအမြူတေနယ်ပယ်ကို ကျော်လွန်ကာ ခရမ်းရောင်ဘုံဗိမာန်အဆင့်ကိုရောက်သွားသည်။

ကြယ်ကောင်းကင်တန်းထျန်က အပြင်လောကရှိ ကြယ်စွမ်းအားများကို အငမ်းမရစုပ်ယူနေ၏။

၎င်းက အလွန်မြန်လေသည်။

ခရမ်းရောင်ဘုံဗိမာန်အဆင့်ရောက်ပြီးသည်တောင်မှ ကျင့်ကြံခြင်းအဆင့်က မရပ်တန့်သွားသေးပေ။

ရေအလျဉ်ပြည့်လျှံရေးအဆင့်ရောက်မှသာ ဖြေးဖြေးချင်း ရပ်တန့်သွားတော့သည်။

ထအခိုက်၊ လုချန်ရှန်းစိတ်ထဲသို့ အချက်ပေးသံက ထွက်ပေါ်လာသည်။

[ရှစ်ရှန်း]

[ပါရမီ: SS အဆင့်]

[ပင်ကိုယ်စွမ်းရည်: နိဗ္ဗာန်နခန္ဓာကိုယ်၊ ကြယ်တာယာခန္ဓာကိုယ်]

နိဗ္ဗာန်နတည်ဆောက်ခြင်းဆေးလုံးက ရှစ်ရှန်း၏ အခြေခံနှင့် တန်းထျန်းကို ဖျက်ဆီးပြစ်လိုက်ပါက ကမ္ဘာဦးကြယ်လမ်းကြောင်းက ရှစ်ရှန်း၏ တန်းထျန်ကို ပြန်လည်ထုဆစ်ပေးလေသည်။

၎င်းကြောင့် သူ့ပါရမီကို အခြအဆင့်အထိတိုးမြှင့်ပေးလိုက်သည်။

နောက်သုံးရက်ကြာပြီးနောက် ဟုန်ရင်နှင့် အခြားသူများက မြောက်ပိုင်းလွင်ပြင်မြို့အရှင်နှင့်အဖွဲ့နှင့် တွေ့ဆုံမိကြ၏။

Comment

Leave a Reply

Options

not work with dark mode
Reset