မြောက်ပိုင်းလွင်ပြင်မြို့အရှင် ကြေညာချက်က လူတိုင်းကို စိတ်ရှုပ်ထွေးသွားစေသည်။
သူလည်းဘဲ အတန်ငယ် နားမလည်နိုင်ဖြစ်နေသည်။
မြောက်ပိုင်းလွင်ပြင်မြို့တော်က မြောက်ပိုင်းရေခဲပြင်များနှင့် ကီလိုမီတာ ၅၀၀ ကျော်အကွာတွင်တည်ရှိကာ မည်သည့်အဖွဲ့စည်းမှမရှိပေ။
၎င်းတို့က ပဋိပက္ခ များကို စိတ်မဝင်စားတက်ပေ။
ပေ့ဖုန်းထွက်လာသည့်အချိန်တွင် သူက တိမ်လွှာဖီးနစ်အင်ပါယာနှင့် စည်းတစ်ခုခြားထားလိုက်သည်။
တခုခုတော့ မှားနေပြီဖြစ်သည်။
ပေ့ဖုန်းက အားလုံး၏ အတွေးများကို သိနေဟန်ရပြီး အပြုံးတစ်ခုနှင့်ပြောလိုက်လေသည်၊ “မြောက်ပိုင်းဒေသရဲ့ပထမဆုံးခံတပ်ဖြစ်တဲ့ မြောက်ပိုင်းလွင်ပြင်မြို့က မြောက်ပိုင်းရေခဲပြင်က ထွက်ပြေးလာတဲ့ မှော်သားရဲတွေကို အမြဲတမ်းတားဆီးနေရတာ”
“ဒါကြောင့် မလိုအပ်ဘဲနဲ့တော့ စစ်ပွဲကို မစတင်ချင်ဘူး။ ကျုပ်တို့က အေးအေးချမ်းချမ်းနဲ့ နေချင်တယ်”
“ပြီးတော့ တိမ်လွှာဖီးနစ်အင်ပါယာပြည်လည်ထူထောင်ရခြင်းရဲ့ ရည်ရွယ်ချက်က ကောင်းကင်ဘုံလမ်းကြောင်းကို အနိုင်ယူဖို့ဘဲ။ ဒါက ကျုပ်တို့ မြောက်ပိုင်းလွင်ပြင်မြို့ရဲ့ အတွေးအခေါ်နဲ့ မကိုက်ညီဘူး”
တချို့က ခေါင်းတညိမ့်ညိမ့်ရှိနေကာ တချို့က မျက်မှောင်ကုတ်၍ ပေ့ဖုန်း၏ အဓိပ္ပာယ်မရှိသော စကားများကို မယုံကြည်ကြပေ။
ပေ့ဖုန်းက ဆက်ပြော၏၊ “အဲ့ဒါထက် တိမ်လွှာဖီးနစ်အင်ပါယာကို အခုမှ ပြန်တည်ထောင်မယ်ဆိုရင်တောင် ဘယ်သူမှ အလေးအနက်ထားမှာ မဟုတ်ဘူး”
“အို့၊ ဘာလို့အဲ့လိုပြောတာလဲ။ မြို့အရှင်ပေ့ဖုန်း” ခေါင်းဆောင်ယန်က အပြုံးနှင့် မေးလိုက်သည်။
ပေ့ဖုန်းအသံလာရာသို့ ကြည့်လိုက်သောအခါ ခေါင်းဆောင်ယန် ဖြစ်နေမှန်းသိလိုက်လေသည်။
သူက လက်သီးဆုပ်အရိုအသေပေးလိုက်ပြီးပြောလိုက်၏ “ခေါင်းဆောင်ယန်၊ ကျုပ်ပြောတာ နားလည်မယ်လို့ ထင်ပါတယ်”
“တိမ်လွှာဖီးနစ်ဧကရီက ပြန်လည်မွေးဖွားလာမယ်ဆိုရင်တောင် ကျုပ်သိရသလောက် သူမခွန်အားက အာကာသနတ်ဘုရားနယ်ပယ်ကိုတောင် ရောက်ဦးမှာ မဟုတ်ပါဘူး”
“ဒါဆို တိမ်လွှာဖီးနစ်အင်ပါယာတည်ထောင်မယ်ဆိုရင် ဘယ်မှာလဲ မြို့တော်။ အခုချက်ချင်း ပြန်တည်ထောင်လိုက်မယ်ဆိုရင်တောင် ပထမတန်းစာ အင်အားစုအဖြစ်တောင် သတ်မှတ်လို့ဦးမှာ မဟုတ်ဘူး။ ကုန်းမြေကြီးတစ်ခုလုံးကို အုပ်ချုပ်ဖို့ လုံလောက်ဦးမှာမဟုတ်ဘူးလို့ ကျုပ်စိုးရိပ်မိပါတယ်”
ခွန်အား။
၎င်းက ပေ့ဖုန်းပြောသလို တိမ်လွှာဖီးနစ်အင်ပါယာကို လူတိုင်းက အလေးအနက်မထား တန်ဖိုးမထားသည့် အကြောင်းအရင်းလဲဖြစ်သည်။
ဘေးတွင် ထိုင်နေသည့် လင်းရုဖုန်းက ဟုန်ရင်ကို ကြည့်ကာ ပြုံး၍ “ဧကရီ အဲ့တာ အမှန်ဘဲလား”
ဟုန်ရင်က ရယ်ရမ်းသွေးကာ တည်ငြိမ်စွာဖြင့်ပြောလိုက်လေသည်။ “လုံလောက်နေပြီ။ ကျွန်မရဲ့ ခွန်အားအပြည့်ကို ပြန်မရသေးရင်တောင်မှ လုံလောက်နေပြီ”
သူမလေသံက တည်ငြိမ်နေသော်လည်း ယုံကြည်ချက်ဖြင့် ပြည့်နက်နေသည်။
လင်းရုဖုန်းက ဟုန်ရင်ကို ကြည့်ကာ ခေါင်းအသာညိမ့်ပြသည်။
ထိုစကားများက သူ့ကို သံသယမရှိ စိတ်ချစေယုံကြည်စေသည်။
မျိုးဆက်တစ်ခု၏ ဧကရီတစ်ပါးက အခြေအမြစ်မရှိဘဲ ထိုကဲ့သို့ မောက်မာသော စကားများကို ပြောမည်မထင်ချေ။
ထိုအချိန်တွင် ပေ့ဖုန်း ပြုံးကာ ပြော၏၊ “အားလုံးဘဲ ဒီကိစ္စကို လောလောဆယ် မဆွေးနွေကြရအောင်။ ဒီနေ့တော့ ပျော်ပျော်ပါးပါးစားသောက်ပြီး သိုင်းပညာဖလှယ်ကြတာပေါ့။ မနက်ဖြန်ကျတော့ မြောက်ပိုင်းရေခဲပြင်တွေဆီကို သွားကြပါမယ်”
လူတိုင်းက ခေါင်းညိမ့်ကာ မြောက်ပိုင်းရေခဲပြင်များဆီသွားမည့်ကိစ္စကို စတင်ဆွေးနွေးနကြတော့သည်။
မကြာမှီတွင်၊ ဒုတိယနေ့ကို ရောက်လာ၏။
အင်အားစုအသီးသီးက မြောက်ပိုင်းရေခဲပြင်အပြင်ဘက်တွင် စုဝေးနေကြသည်။
ချန်းယွမ်နယ်ပယ်အောက်ရှိ လူများကတော့ ထိုစစ်ဆင်ရေးတွင် ပါဝင်ရန် အရည်အချင်းမရှိကြပေ။
ချန်းယွမ်နယ်ပယ်အောက်ရှိလူတိုင်းက မြောက်ပိုင်းရေခဲပြင်များတွင် ရှင်သန်နိုင်ရန်မဖြစ်နိုင်ပေ။
မပါဝင်သော အဂ္ဂိရတ်ဂိုဏ်းမှလွဲ၍ အခြားမိသားစုငါးစုမှ အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူများက ဦးဆောင်လာခဲ့သည်။
အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူမပါဘဲနှင့် မြောက်ပိုင်းရေခဲပြင်အတွင်းပိုင်ထိ ဝင်ရောက်ရန်မှာ မဖြစ်နိုင်ပေ။
ခေါင်းဆောင်ယန်က ဘေးကိုကြည့်ကာ အပြုံးလေးနှင့်ပြောလိုက်သည်။ “ကြည့်ရတာ ဒီမကောင်းဆိုးဝါးကြီးတွေ နောက်ဆုံးတော့ထွက်လာကြပြီနဲ့တူပြီ”
လင်းရုဖုန်းက ခေါင်းဆောင်ယန်စကားကိုကြားသော် အမှောင်ထဲမှတိုးထွက်လာသော အရှိုန်အဝါကို ခံစားမိလိုက်သည်။
အရှေ့ပိုင်းဒေသ၊ ရှစ်မိသားစု။
သူတို့က အရှေ့ပိုင်းဒေသရှိ အင်အားစုကြီးဖြစ်သော်လည်း ကုန်းမြေကြီးတစ်ခုလုံးတွင်တော့ ပထမအဆင့် အင်အားစုကအဖြစ်သာ သတ်မှတ်နိုင်သည်။
သူ့တို့ခေါင်းဆောင်က ချန်းယွမ်အထွတ်အထိပ်အဆင့်သာရှိသေးသည်။
ထိုအချိန်တွင် လူအိုကြီးက လူအများရှေ့တွင်ရပ်နေသည်။
လူအိုကြီးက သူ့သက်တမ်းအကန့်သတ်ကို ရောက်နေဟန်ရလေသည်။
သို့သော်လည်း သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရှိုန်အဝါများက သူ့ကို အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ဖြစ်ကြောင်းပြနေသည်။
တူညီသော အဖြစ်အပျက်က အခြား အင်အားစုများတွင်လည်းဖြစ်ပေါ်နေသည်။
အင်အားစုငါးစုတွင် အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူများထွက်ပေါ်လာခဲ့၏။
ထိုအချိန်တွင် နတ်ဘုရားပစ္စည်းက ပေါ်ထွက်လာခဲ့သည်။
သူက လောကကြီးဘာဖြစ်နေနေ ဂရုမစိုက်သော လူအိုကြီးများကိုထွက်လာစေချင်ခဲ့သည်။
သူတို့၏ ကျင့် ကြံခြင်းက ဆုံးခန်းတိုင်ခဲ့ပြီဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းတဲ့ အခွင့်အရေးပေါ်လာမှသာ အဆင့်ချိူးဖြတ်နိုင်မည်ဖြစ်သည်။
ထိုအခိုက်တန့်တွင် နတ်ဘုရားပစ္စည်းထွက်ပေါ်လာခဲ့၏။
မြောက်ပိုင်းလွင်ပြင်မြို့အရှင်က အာကာသနတ်ဘုရားတစ်ပိုင်းအဆင့်သာရှိသော်လည်း သူ့ဖခင် ယခင်မြို့အရှင်က အာကာသနတ်ဘုရား အစောပိုင်းအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်လေသည်။
ထိုအချိန်တွင် သူက မုရုန်မိသားစုခေါင်းဆောင်နှင့် ဗုဒ္ဓဂိုဏ်းမှ လူအိုကြီးနှင့် ရပ်နေလေသည်။
သိသာစွာပင် သူတို့ အင်အားစုသုံးခုက မဟာမိတ်ဖွဲ့ထားပုံပင်။
အားလုံးက ထိုမြင်ကွင်းကို မြင်သော် မနေနိုင်ဘဲ ပင့်သက်ရှိုက်လိုက်ကြသည်။
အာကာသနတ်ဘုရားနယ်ပယ်သုံးယောက်ကပင် အလွန်အစွမ်းထက်နေပြီဖြစ်သည်။ အခု မဟာမိတ်ဖွဲ့လိုက်တော့ လူတိုင်းက အတော်ပင် ဖိအားများသွားကြသည်။
လျို့ဝှက်တာအိုကျောင်းတော်က လျို့ဝှက်ဓားဂိုဏ်းနှင့် ရပ်နေလေသည်။
၎င်းကိုမြင်သော် အင်အားစုများက မဟာမိတ်များစတင်ဖွဲကြတော့သည်။
ထိုအချိန် လူသုံးယောက်က အတူတူရောက်လာ၏။
ခေါင်းဆောင်ယန်က လှမ်းကြည့်ကာ မနေနိုင်ဘဲ ပြုံးလိုက်လေသည်၊ “ကြည့်ရတာ ကျုပ်တို့နတ်ဘုရားပစ္စည်းကို ရဖို့ ယုံကြည်ချက်ပိုရှိလာပြီ”
လင်းရဖုန်းက ဟုန်ရင်ကို ကြည့်ကာ“ဧကရီက ဆရာတူမောင်နှမတွေနဲ့ ဆက်ဆံရေးကောင်းတယ်ထင်တယ်”
ထိုစကားကြားသော် ဟုန်ရင်က တိတ်တဆိတ်ရယ်လိုက်သည်။
ရောက်လာသူများကတော့ ယဲ့ချိုးပိုင်၊ နင်းချန်ရှင်းနှင့် ရှောင်ဟေးတို့ပင်။
လူတိုင်းက သူတို့သုံးယောက်ကို မြင်လိုက်ရသည်။
လူအုပ်ကြီး၏အမူအရာလဲ ပြောင်းလဲသွား၏။
သူတို့ထဲတွင် ယဲ့ချိုးပိုင်၏ ဂုဏ်သတင်းက အကျော်ကြားဆုံးဖြစ်သည်။
ယဲ့ချိုးပိုင်ကရေအလျင်ပြည့်လျှံဘရေးအဆင့်ဖြင့် အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူများကို ယှဉ်တိုက်နိုင်လေသည်။
ယခု ချန်းယွမ်နယ်ပယ်သို့ ဝင်ရောက်လာပြီဖြစ်သေကြောင်း လူ၏အင်အားအစစ်မှန်က အတော်တိုးတက်လာပြီဖြစ်သည်။
နင်းချန်ရှင်းသည်လည်း တမူထူးခြားသူဖြစ်လေသည်။
အသားမည်းမည်းနှင့် လူကိုတော့ ဘယ်သူမှ မသိကြပေ။
မည်သို့ဖြစ်စေ ရှောင်ဟေးက လှုပ်ရှားခဲလေသည်။
သူပါဝင်ခဲ့သည့် တစ်ခုတည်းသော အချိန်က ထျန်းယွမ်မင်းဆက်သာရှိသည်။
သို့ပေမဲ့ ထိုအချိန်တုန်းက သူ့ကို ဘယ်သူမှ မသိကြပေ။
ယဲ့ချိုးပိုင်က ဟုန်ရင်ဘေးသို့ လျှောက်လာပြီး အပြုံးလေးနှင့် ပြောကာ “ဒီကိစ္စကို ငါတို့ကို မပြောတာက အရမ်း ယဉ်ကျေးလွန်းနေတယ်နော် ရှစ်မေ့”
ထို့သို့ ကြားသော် ဟုန်ရင်က ရယ်ကာ ပြောလိုက်သည်။ “ဘယ်လိုဘဲ ပြောပြော ဒါက ယွင်ဟွမ်အင်ပါယာရဲ့ ကိစ္စဘဲလေ”
“ဒါပေမဲ့ နင်က စံအိမ်တော်ရဲ့ တစ်စိတ်တစ်ပိုင်းဘဲလေ”
ယဲ့ချိုးပိုင်က အမှန်ပြင်ပေးလိုက်ပြီး “စံအိမ်တော်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေပြီဆိုတော့ နင့်ရဲ့ကိစ္စက ငါတို့ရဲ့ ကိစ္စဘဲ”
“ဟုတ်ပါပြီ” ဟုန်ရင်က ခေါင်းညိမ့်ပြသည်။ သူမနှလုံးသားက နွေးထွေးသွားကာ “ထပ်မဖြစ်စေရတော့ပါဘူး”
ခေါင်းဆောင်ယန်နှင့် လင်းရုဖုန်းက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြသည်။
သူက မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။
စံအိမ်တော်ရှိ တပည့်များက အလွန်ထက်မြတ်ကြပြီ စည်းလုံးမှု့လည်းရှိကြသည်။
၎င်းက အလွန်မနာလိုစရာကောင်းသည်။
ယဲ့ချိုးပိုင်နှင့်အခြားသူများနှင့်ဆိုလျှင် စံအိမ်တော်က မည်သို့ကြောင့် မအောင်မြင်ဘဲနေလိမ့်မည်နည်း။
ထိုအခိုက်တန့်တွင် လုချန်ရှန်းကို လူတိုင်းက မနာလိုဖြစ်နေကြသည်။
မြောက်ပိုင်းရေခဲပြင်၏ အနက်ရှိုင်းဆုံးအတွင်းပိုင်းတွင် အကာအရံအတာအဆီးများမရှိပေ။
ထို့ကြောင့် အမျိုးမျိုးသောအဖွဲ့အစည်းများက စတင်လှုပ်ရှားကြတော့သည်။
ပေ့ဖုန်းက စံအိမ်တော်ဘက်သို့ စူးစိုက်ကြည့်လိုက်ပြီး မြောက်ပိုင်းရေခဲပြင်များဆီသို့ ဦးတည်သွားတော့သည်။
၎င်းကိုမြင်သော် လင်းရုဖုန်းက “ကဲ့ အချိန်မရှိဘူး သွားကြရအောင်”
ခေါင်းဆောင်ယန်က သက်ပြင်းချကာ ပြောလိုက်သည်၊ “မြောက်ပိုင်းရေခဲပြင်တွေရဲ့ အတွင်းပိုင်းနေရာတွေကို ဘယ်သူမှ မဝင်ဖူးသေးဘူး ဒါကြောင့် ငါတို့က ရမ်းသန်းရှာရမှာ”
မြောက်ပိုင်းရေခဲပြင်များ၏ အတွင်းဆုံးနေရာများက အန္တရာယ်များလွန်းသည်။
အချိန်တွင် ဟုန်ရင်က ပြောလိုက်သည် “ကျွန်မအတွင်းပိုင်းနေရာက လမ်းကြောင်းနည်းနည်းသိတယ်၊ လိုက်ခဲ့ကြ”
၎င်းက လူတိုင်းကို ပျော်ရွင်စေသည်။
ရှေးဧကရီတစ်ဦးအနေဖြင့် ဟုန်ရင်သည် ၎င်းတို့ထက် သိသည်မှာ သဘာဝကျလေသည်။
ထိုစကားကြောင့် လူအုပ်ကြီးသည် မြောက်ပိုင်းရေခဲပြင်များဆီသို့ ဦးတည်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် အတွင်းပိုင်းနေရာရှိ ဂူတစ်ခုထဲတွင်။
စိတ်ဝိဉာည်ချီများက အဆိုင်အခဲအဖြစ်ပြောင်းလဲသွားပြီး အရည်အသွင်သို့ပြောင်းလဲစပြုနေလေပြီ။
ဂူအလယ်တွင် အလင်းရောင်စက်လုံးတစ်ခုရှိနေသည်။
သူတို့ထဲမှ တစ်ယောက်က သက်ပြင်းချလိုက်သည်။
“အချိန်မရှိတော့ဘူး ဆုံးဖြတ်ချက်ချရတော့မယ်…”