အပိုင်း (၇၂၁)

ရှားအင်ပါယာကို ခေါ်ခြင်း

ဓားသခင်၏အရိပ်က တစ်ဖန် ပျောက်ကွယ်သွားကာ ခွန်ယိုကလည်း သူ၏စွမ်းအားကို အမြင့်ဆုံးသို့ မြှင့်တင်လိုက်ကာ သူ၏ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသော အနက်ရောင် အငွေ့အသက်များအား တွန်းထုတ်သည်။ နောက်ဆုံးတွင် ခွန်ယိုကား လေထဲတွင် ဆက်လက် ရပ်နိုင်ဟန်မတူတော့ဘဲ မြေပြင်ပေါ်ကို ဆင်းသက်လာသည်။ သူ၏ခန္ဓာကိုယ်တွင်ကား ဓားချက်များ ရေတွက်မရနိုင်အောင်ပင် များပြားစွာ ဖြစ်ပေါ်နေ၏။ သို့သော် တစ်ဖက်တွင် ဓားသခင်ကလည်း သိပ်အခြေအနေ မကောင်းသည်ကို သူသိထားသည်။

“အရူးကောင်…” ခွန်ယိုက ဒေါသတကြီး အော်ဟစ်သည်။ ဓားသခင်က သူ့အား တစ်ချက်ကြည့်ကာ ပျောက်ကွယ်သွားပြီး ဝမ်ရှင်း ဖန်တီးထားသော ကြယ်တာရာ ကံကြမ္မာရဟတ်အား နှစ်ခြမ်းခွဲလျက် သီးသန့်နယ်ထဲကို ဝင်လိုက်သည်။

ရီဖူရှင်းက လှည့်ကြည့် လိုက်သည်တွင် ဓားသခင်က သူ့ဘေး၌ ပေါ်လာသည်ကို မြင်ရသည်။

“ချွန်ရန်.. ရှင် ဆက်ပြီး ခေါင်းမာနေဦးမှာလား…” ရေခဲနန်းတော်သခင်က မေးသည်။ သူမနှင့် ချွန်ရန်တို့ကား ကောင်းကင်မြေရိုင်း အဆင့်၁နှင့်အဆင့်၂တွင်ရှိကာ အချင်းချင်း ရင်းနှီးကြပေသည်။ ချွန်ရန်က ဓားသခင်နှင့် သူ့ရှေ့မှ တိုက်ပွဲများအား ကြည့်ကာ သက်ပြင်းချသည်။

အားလုံးက အခြေအနေကို သတိထားမိကြသည်။ ကံကြမ္မရဟတ်က ဖုံအုပ်ထားသော တိုက်ပွဲက ပြီးဆုံးသွားပြီဖြစ်ကာ နန်းတော်သခင်ချွန်ရန်၊ လျူချန်းနှင့် ဝမ်ရှင်းတို့ ထိုနေရာ၌ ရပ်နေသည်ကို အားလုံးက မြင်ကြရသည်။

“ခင်ဗျား ရောက်လာပြီပဲ…” ဟောင်စီက နန်းတော်သခင်ကို ကြည့်ကာပြောသည်။

“လွေလီ…” သူ့သား ဒဏ်ရာရထားသည်ကို မြင်လျှင် ပိုင်ဂူက ပြေးသွားသည်။

အားလုံးက အခြေအနေကို စိတ်ဝင်စားစွာ အကဲခတ်လိုက်ကြသည်။ ဝမ်ရှင်းက သူတို့ရှေ့တွင်ပင် ကြယ်တာရာ ကံကြမ္မာရဟတ်အား အစီအရင်ချခဲ့သည်။ ယခု ရီဖူရှင်းနှင့် ပိုင်လွေလီတို့၏ တိုက်ပွဲက ပြီးဆုံးသွားပြီလား။

ကြည့်ရသည်မှာ ပိုင်လွေလီကား ဒဏ်ရာရနေသည်။ ဒါ…

“ဆရာ…” နန်းတော်သခင်ကို ကြည့်ကာ ကျူးကော့ချန်းဖန်က လှမ်းခေါ်သည်။

“ချန်းဖန်… ငါစိတ်မကောင်းပါဘူး…” နန်းတော်သခင်ချွန်ရန်က ပြောသည်။

“ဆရာက တော်ဝင်ကျဲနန်းတော် အတွက် လုပ်နေတာပဲ… ဘယ်သူကမှ အမှားအမှန်ကို မပြောနိုင်ဘူး… ဒါပေမဲ့ အခုကတော့ ကျွန်တော်တို့ ဆရာတပည့်အကြား ပတ်သက်မှုက ပြီးဆုံးသွားပြီ…” ကျူးကော့ချန်းဖန်က သူ၏အင်္ကျီစ အနည်းငယ်အား ဖြတ်တောက်ကာ နန်းတော်သခင်အား လေးစားစွာ ဦးညွှတ်လျက် ဆိုသည်။

“ကျုပ်က အမှန်တရားနဲ့ စည်းမျဉ်းစည်းကမ်းတွေကို နည်းနည်းပဲသိတယ်… ဒါပေမဲ့လည်း တော်ဝင်ကျဲနန်းတော်က သူတို့ အကျိုးစီးပွားအတွက် တခြားလူတွေကို စတေးဖို့ ဝန်မလေးတဲ့လူတွေပဲ… ခင်ဗျားတို့က မြေရိုင်းပြည်နယ်မှာ ရှန့်ထို မွေးဖွားလာဖို့အတွက် ပြောစရာ အခွင့်အရေးမရှိဘူး… တကယ်လို့ အမှန်တကယ် ရှန့်ထို မွေးဖွားစေချင်တယ် ဆိုရင် ကျုပ်တို့ရှေ့က မြင်ကွင်းက မရှင်းလင်း မသိသာဘူးလား… တော်ဝင်ကျဲနန်းတော်က ဘယ်လိုလုပ် သူတို့ယုံကြည်မှု တစ်ခုတည်းကိုပဲ ဆုပ်ကိုင်ထားရတာလဲ…” စုရှမ်းက ပျင်းရိစွာ ပြောသည်။ သို့သော် သူ၏စကားက အမှန်တရားဖြစ်၏။

ရှီတန်ခိုးရှင်ချွန်ရီက အနီးမှ လူများအားလုံးကို ကြည့်ကာ ပြောသည်… “တော်ဝင်ကျဲနန်းတော်က မြေရိုင်းပြည်နယ်ရဲ့ တော်ဝင်မြေပဲ… ဒါတွေ ဖြစ်ပျက်ခဲ့တာတွေ အားလုံးက ကျုပ်အပြစ်တွေပဲ… လျူချန်းက ငါ့ဆန္ဒအတိုင်း လိုက်လုပ်ခဲ့တာ ဖြစ်တယ်… အခုကစပြီး ကျုပ်နဲ့လျူချန်းက တော်ဝင်ကျဲနန်းတော်ရဲ့ သခင်တွေ အဖြစ်က နုတ်ထွက်တယ်…”

ထိုစကားကို ကြားသည်တွင် အားလုံးက တုန်လှုပ်သွားကြသည်။ သူက ဤမျှ ဆုံးဖြတ်ချက် ပြတ်သားမည်ဟု မည်သူကမှ မထင်ထားကြပေ။ သူက တော်ဝင်ကျဲနန်းတော် သခင်နေရာမှ နုတ်ထွက်ခဲ့သည်။

“လွေလီ… ငါနဲ့လျူချန်းက မင်းကို ရှန့်ထို ဖြစ်စေချင်တာပဲ ရှိခဲ့တယ်… ဒါပေမဲ့ ကိစ္စတွေက ရှုပ်ထွေးခဲ့ပြီး မင်းကလည်း ဒီအထဲမှာ ပါဝင်ပတ်သက်ခဲ့ရတယ်… မင်းက ဖြစ်ပျက်ခဲ့သမျှတွေကို ခေါင်းထဲက ထုတ်ပယ်ပြီး ရှေ့ကို ကောင်းကောင်းမွန်မွန် ဆက်လျှာက်သွားနိုင်ဖို့ ငါမျှော်လင့်တယ်…” နန်းတော်သခင်ချွန်ရန်က ပြောသည်။

နန်းတော်သခင်ချွန်ရန်၏စကားများကို ပိုင်လွေလီက တည်ငြိမ်စွာ နားထောင်သည်။ သူကား သူ၏အရှုံးအတွက် ဘာမှ ပြောစရာ မရှိပေ။ နှစ်များစွာ ကြာသည်အထိ သူကား လူအများ၏ချစ်ချင်ခြင်း၊ လေးစား အားကျခြင်းတို့နှင့်အတူ ကောင်းကင်မြေရိုင်း အဆင့်၁၀တွင် ရပ်တည်နိုင်ခဲ့သည်။ သူကား မြေရိုင်းပြည်နယ်၏ နံပါတ်တစ်ပါရမီရှင်လည်း ဖြစ်ခဲ့၏။ အကယ်၍​ရီဖူရှင်းသာ မပေါ်လာခဲ့ပါက သူကား ဆက်လက်၍​ လင်းလက် တောက်ပနေမည် ဖြစ်သည်။ သို့သော်လည်း သူ၏နေရာကို ယူရန် နောက်တစ်ယောက် ပေါ်လာသည်တွင် သူ့အတွက် နောက်ဆုတ်ခြင်းက သင့်တော်သည်ဟု ပိုင်လွေလီက ယူဆသည်။

ပိုင်လွေလီက နောက်ဆုတ်ကာ လျူချန်းနှင့် ချွန်ရန်တို့အား ဦးညွှတ်သည်… “ကျွန်​တော်က ဒီနှစ်တွေမှာ တော်ဝင်ကျဲနန်းတော်ရဲ့ ဆန္ဒကို ရင်မှာပိုင်ပြီး အားသွန်ခွန်စိုက် လေ့ကျင့်ခဲ့ပါတယ်… အခု ဒီနေ့ကစပြီး ကျွန်တော်ကစပြီး ပြင်ပလောကမှာ ဆက်လက် ကျင်လည်မှာ ဖြစ်သလို တိမ်ဖြူမြို့ကလည်း မြေရိုင်းပြည်နယ် အရေးအခင်းတွေမှာ ဝင်ပါမှာ မဟုတ်တော့ဘူး…” သူက ဒူးထောက်ကာ ချွန်ရန်နှင့်လျူချန်းတို့ နှစ်ယောက်လုံးအား ကန်တော့သည်။

ထို့နောက် သူက ထရပ်ကာ တိမ်ဖြူမြို့စားအား ကြည့်သည်… “အဖေ… သွားရအောင်…”

“ငါတို့…” ပိုင်ဂူက အားလုံးကို ကြည့်သည်။ သူလုပ်ခဲ့သည်များ ကလည်း တော်ဝင်ကျဲနန်းတော်၏ ဆန္ဒဖြစ်သော ပိုင်လွေလီအား ရှန့်ထိုဖြစ်စေရန် ဖြစ်သည်။

ယခု သူတို့က အရပ်အားလုံး ဆုံးရှုံးသွားပြီလား…။ ပိုင်လွေလီအတွက် ရပ်တည်ခြင်းကြောင့် ကောင်းကင်မြေရိုင်းအဆင့်၁၊ အဆင့်၃နှင့် အဆင့်၄တို့တွင် ရှိသူများက အဘယ်ကြောင့် ဤသို့ကျရှုံးရသည်ကို သူနားမလည်။

ပိုင်ဂူက အားလုံးကို ကြည့်ကာ ပြောသည်… “ကျုပ်တို့က တော်ဝင်လမ်းမှာ ထပ်တွေ့ဦးမယ်…” သူက ထိုသို့ပြောကာ သူ၏ဆရာအား နှုတ်ဆက်ပြီး ပိုင်လွေလီနှင့်အတူ ထွက်သွားသည်။

“ချွန်ရန်… မင်းက ကိစ္စတွေကို ဘယ်လို စီစဉ်နေတာလဲ…” ခွန်ယိုက အေးစက်စွာ ပြောသည်… “ကျုပ်က တော်ဝင်ကျဲနန်းတော်ကို ဂရုမစိုက်ဘူး… ငါလိုချင်တဲ့လူတွေက ငါ့မျက်လုံးအောက်မှာ ရှိနေတုန်းပဲ… အခုစပြီး ကျိရှမ်းကမ်းပါးဖြစ်စေ၊ ယန်ဝူကျိနဲ့ တခြားလူတွေကို ဆန့်ကျင်တဲ့ ဘယ်သူမဆို ကျိရှမ်းကမ်းပါးနဲ့ စစ်ခင်းတယ်လို့ သတ်မှတ်မယ်… ဒီလိုဖြစ်လာတဲ့အခါ အကျိုးဆက်ကို ကိုယ့်ဘာသာ ခံယူကြပေတော့…” ခွန်ယိုက ဟောင်စီ၊ စုရှမ်းနှင့် တခြားလူများအား ခြမ်းခြောက်နေခြင်း ဖြစ်သည်။ သူကား ထိုလူများကို သည်နေရာတွင်ပင် သတ်ဖြတ်လိုခဲ့သည်။ သို့သော်လည်း ယခု စိတ်ပြောင်းသွားကာ ရီဖူရှင်းနှင့်ဂူတုံးလျိုတို့ကိုသာ ဦးစွာ ခေါ်သွားလိုတော့သည်။ သည်မတိုင်ခင် တိုက်ပွဲက မည်သို့ ဖြစ်သွားသည်ကို မသိသော်လည်း ရီဖူရှင်းက ပိုင်လွေလီကို အနိုင်ယူခဲ့သည်ကိုတော့ သိသည်။ ရီဖူရှင်းက အလေးအနက်ထားရမည့် တစ်စုံတစ်ယောက် ဖြစ်လာကာ သူက ရီဖူရှင်းအား ကျိရှမ်းကမ်းပါးသို့ မြန်မြန်ဆန်ဆန် ခေါ်သွားလိုသည်။

အေးစက်သော မျက်လုံးများက ခွန်ယိုထံကို ရောက်လာကြသည်။ သူက ယခု မြေရိုင်းပြည်နယ်မှ အင်အားစုများကို ခြိမ်းခြောက် နေသည်လား။

“ကျိရှမ်းကမ်းပါးက မြေရိုင်းပြည်နယ်ကို ခြိမ်းခြောက်နေတာလား…” ချွန်ရန်က ခွန်ယိုကို ကြည့်သည်။

“ခြိမ်းခြောက်ရင်ကော… ဘာဖြစ်လဲ…” ခွန်ယိုက အေးစက်စွာ ပြောသည်။ ချွန်ရန်၏အနီးတွင် ကိုယ်ရောင်ကိုယ်ဝါ တစ်ခုဖြစ်ပေါ်လာသည်။ မြေရိုင်းပြည်နယ်မှ အင်အားစုတိုင်းက ခွန်ယိုအား အေးစက်စွာ ကြည့်ကြသည်။

“အစ်ကိုကီ…” ခွန်ယိုက ခေါ်သည်။ ကီဖုန်းက ခွန်ယို၏ဘေးကို ရောက်လာသည်။

“ကြည့်ရတာ တော်ဝင်ကျဲနန်းတော်က ရှန့်ထိုခေါင်းဆောင်ရဲ့ ဆန္ဒကို ဆန့်ကျင်နေပြီ… သူ့ကို လှမ်းခေါ်လိုက်ရအောင်…” ခွန်ယိုက ပြောသည်။

“အမှန်ပဲ…” ကီဖုန်း၏မျက်လုံးများက အေးစက်နေသည်။ သူက သူ၏ဆရာအား အလွန်အရေးကြီးသော အခြေအနေမဟုတ်လျှင် အနှောင့်အယှက် မပေးချင်ပေ။ သူက မျက်လုံးကို မှိတ်လိုက်ကာ သူ၏ စိတ်နယ်ပယ်ထဲတွင် ကိန်းဝပ်နေသော တစ်စုံတစ်ခုအား အသက်သွင်းလိုက်သည်။ ထိုအခိုက်တွင် သူ၏ခန္ဓာကိုယ်မှ ရောင်စဉ်ရောင်ဝါများ ထွက်ပေါ်လာပြီး အလွန်ဂုဏ်ရှိန်ဝါ ကြီးမားသော လူတစ်ယောက် ပေါ်လာသည်။

“ရှန့်ထိုခေါင်းဆောင်ကို ဦးညွှတ် အရိုအသေပေးပါတယ်…” ကျိရှမ်းကမ်းပါးမှ လူတိုင်းက ဦးညွှတ်ကြသည်။

“ဆရာ… အခုလို လေ့ကျင့်နေတာ အနှောင့်အယှက် ပေးရတာ တောင်းပန်ပါတယ်…” ကီဖုန်းက ဦးညွှတ်လျက်ပြောသည်။

ပုံရိပ်ယောင်က အားလုံးကို ကြည့်ကာ ပြောသည်… “ချွန်ရန်… မင်းက ငါ့ဆန္ဒကို သွေဖည်ချင်တာလား…”

“စီနီယာကို နှုတ်ခွန်းဆက်သပါတယ်…” ချွန်ရန်က အနည်းငယ် ဦးညွှတ်သည်တွင် ရှန့်ထိုခေါင်းဆောင်က ပြောသည်… “ကျိရှမ်းကမ်းပါးက လူတချို့ မြေရိုင်းပြည်နယ်မှာ အသတ်ခံရတယ်… ဒီအတွက် တာဝန်ရှိတဲ့လူတွေကို ဖမ်းဆီးဖို့ ငါ့လူတွေ လွှတ်ခဲ့တယ်… မင်းက ဒါကို မဆန့်ကျင်ဘူးလို့ ငါထင်တယ်…”

ရီဖူရှင်းက ထိုပုဂ္ဂိုလ်ကြီးအား ကြည့်သည်။ သူက ရှန့်ထိုတန်ခိုးရှင်လား…။

ဟောင်စီ၊ စုရှမ်းနှင့် တခြားလူများ အားလုံးက မသက်မသာ ခံစားနေရသည်။ ရှန့်ထိုတစ်ပါးအား မည်သူက ဆန့်ကျင်ရဲမည်နည်း။

“စီနီယာက ခွင့်လွှတ်ပေးပါ… ကျုပ်က ဒီမတိုင်ခင် မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကို ပြုလုပ်ခဲ့တယ်… သူတို့ကို ကျိရှမ်းကမ်းပါးသို့ မပေးအပ်နိုင်ပါဘူး…” ချွန်ရန်က ပြောသည်။

“အတင့်ရဲလှချည်လား…” အေးစက်သော အသံတစ်သံကို ကြားရသည်။ သူ့ထံမှ ဒေါသအရှိန်အဝါအား အားလုံးသူက ခံစားမိကြသည်။

“ညီလေး… ဝမ်ရှင်းပြတာကို မင်းမြင်ခဲ့တယ်… ဟုတ်တယ်မလား…” ချွန်ရန်က စိတ်ဖြင့် ပြောသည်။ လျူချန်းက သူ၏စီနီယာကို ကြည့်သည်တွင် ချွန်ရဿ်က ဆက်ပြောသည်… “ပင်မနန်းဆောင် ပျက်စီးသွားတဲ့အချိန်မှာ မျှော်လင့်ချက် အလင်းရောင် ပေါ်လာတယ်… ဒါက ဝမ်ရှင်းမြင်ခဲ့တာပဲ…”

လျူချန်းက တစ်ချက် တုန်ခါသွားပြီးမှ မိမိကိုယ်ကို ရယ်မောလိုက်သည်။

သူ နားလည်လိုက်သည်။ ပင်မနန်းဆောင်ကား တော်ဝင်ကျဲနန်းတော်၏ တော်ဝင်ရှီနန်းဆောင် ဖြစ်သည်။

“ညီလေး… ငါစိတ်မကောင်းပါဘူး…” ချွန်ရန်က ပြောသည်။

“အစ်ကို အပြစ်မဟုတ်ပါဘူး…” လျူချန်းက ပြုံးကာ ပြောသည်။

“ငါတို့ဆရာက မသေခင် မှာကြားခဲ့တာကို မင်း မှတ်မိသေးလား…”

“ကျွန်တော် မှတ်မိတယ်…” လျူချန်းက ခေါင်းညိတ်သည်။

သူတို့၏ခန္ဓာကိုယ်က စတင် လောင်ကျွမ်းလာသည်ကို အားလုံးက မြင်ကြရသည်။ လောင်ကျွမ်းနေသည်ကား သူတို့၏စိတ်စွမ်းအင်များ ဖြစ်ကြကာ အလွန်ကြီးမားသော စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ကြည့်ရသည်မှာ သူတို့က တစ်စုံတစ်ခုအတွက် သူတို့၏အသက်ကို စတေးနေဟန်ရသည်။

လျူချန်းက အနီးမှ လူများအားလုံးကို ကြည့်ကာ ပြောသည်… “ကျုပ်က တော်ဝင်ကျဲနန်းတော်ရဲ့ အကျိုးစီးပွား အတွက်ကိုပဲ ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တယ်… ဒါပေမဲ့လည်း ကျုပ်က တကယ်ကို မှားယွင်းတဲ့လမ်းစဉ်ကို လျှောက်လှမ်းမိပြီး အားလုံးကို ထိခိုက်ပျက်စီးစေခဲ့တယ်… ဒါကြောင့် တော်ဝင်ကျဲနန်းတော် ဆက်လက်ရှန်သန်ဖို့ ကျုပ်က အသက်ကို စတေးဖို့ ဆုံးဖြတ်တယ်… တော်ဝင်ကျဲနန်းတော် အစွန့်ရှည်ပါစေ…”

“တော်ဝင်ကျဲနန်းတော်အတွက်…” ချွန်ရန်က ပြောသည်။

“တော်ဝင်ကျဲနန်းတော်အတွက်…” လျူချန်း၏အသံကို ထပ်မံ၍ မကြားရတော့ပေ။ သူတို့နှစ်ယောက်လုံး၏ စိတ်အသိက တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီး နန်းတော်၏နက်ရှိုင်းသော အပိုင်းသို့အထိ ပျံသန်း ဝင်ရောက်သွားသည်။

“ချွန်ရန်…” ရှန့်ထိုခေါင်းဆောင်က အေးစက်စွာ ခေါ်သည်။

“ကျုပ်က ရှားအင်ပါယာကို ကြွလာဖို့ ပင့်ဖိတ်ပါတယ်…” တော်ဝင်ရှီနန်းဆောင်ထံမှ အလွန်လင်းလက်သော ရောင်စဉ်များ ထွက်လာသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset