“ယွင်ဟွမ်အင်ပါယာ ဟုတ်စ။ လက်ရှိယွင်ဟွမ်အင်ပါယာရဲ့အင်အားက လက်ရှိဖြစ်နေတာနဲ့ အဝေးကြီးဘဲ။ အတိတ်က ထပ်ဆုံးအခြေအနေကို ပြန်ရောက်နိုင်ဖို့က ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
လူတိုင်းက တတိယထပ်ကို လှမ်းကြည့်လိုက်ကြသည်။
တတိယထပ်တွင်ထိုင်နေသူများမှာ ကုန်မြေတိုက်ကြီး၏ အဓိကအင်အားစုများဖြစ်ကြသည်။
ထိုအဓိပ္ပာယ်သည် ၎င်းအင်အားစုအား အပြင်ပန်းတွင် အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူက ကာကွယ်ပေးနေသည်ဟုဆိုရမည်။
လူတိုင်းက ထိုလူကို မြင်လိုက်ရသောအခါ အတန်ငယ်မှင်သက်သွားကြသည်။
ထိုနေရာတွင် အထက်တန်းလွှာမိသားစုသုံးစု၊ ဂိုဏ်းနှစ်ဂိုဏ်းနှင့်အလယ်ပိုင်းဒေသရှိ ကျောင်းတော်တစ်ခုရှိနေမှန်း အားလုံးက သိကြလေသည်။
ဤအင်အားစုခြောက်စုသည် အလယ်ပိုင်းဒေသမှ ထိပ်တန်းအင်အားစုများဖြစ်ပြီး အလယ်ပိုင်းဒေကို ပူးတွဲထိန်းချုပ်ထား၏။
၎င်းတို့က အလွန်စွမ်းအားကြီးလေသည်။
ကျောင်းတော်က လျို့ဝှက်တာအိုကျောင်းတော်ကို ကိုယ်စားပြုသည်။
အဓိကဂိုဏ်းနှစ်ခုက လျို့ဝှက်ဓားဂိုဏ်းနှင့် အဂ္ဂိရတ်ဂိုဏ်းတို့ဖြစ်သည်။
အထက်တန်းလွှာမိသားစုသုံးစုကတော့ လီမိသားစု၊ မုမိသာစု၊ မုရုန်မိသားစုတို့ဖြစ်ကြသည်။
ထိုအချိန်တွင်စကားပြောလိုက်သောသူက လူငယ်လေးတစ်ဦးဖြစ်သည်။
လူတိုင်းက သူပြောလိုက်သည်ကို ကြားလိုက််ကြရသည်။
မုရုန်မိသားစုမှ မုရုန်မုန်ဖြစ်သည်။
သူခွန်အားက သူ့ညီလေး မုရုန်ကော့လောက် ကြောက်စရာမကောင်းသော်လည်း မုရုန်ကော့မမွေးဖွားခင်အချိန်ထိ သူက မုရုန်မိသားစု၏ တစ်ဦးတည်းသော ဆက်ခံသူဖြစ်လေသည်။
မုရုန်ကော့၏ဂုဏ်သတင်းက သူ့အပေါ်ဖုံးလွှမ်းနေသော်လည်း မုရုန်မုန့်၏ ပါရမီအရည်အချင်းကို လျှော့တွက်၍မရနိုင်ပေ။
ပေ့လင်းက မုရုန်မုန့်ကို ကြည့်ကာ တိတ်တဆိတ်ပြုံးနေလေသည်။
ကြည့်ရသည်မှာ မုရုန်မိသားစုက တိုက်ပွဲကွင်းပြင်ထဲသို့ ဝင်ရောက်ရန် ပြင်ဆင်ထားပုံရ၏။
မုရုန်မုန့်က ဦးနောက်မရှိသူမဟုတ်။ သူ့မိသားစုက သူ့ကိုထိုသို့ပြောရန် ညွန်ကြားထားပုံရသည်။
မုရုန်မိသားစုက ထိုသို့ပြုလုပ်ရသည့် အကြောင်းအရင်းရှိလေသည်။
ဟုတ်ပေသည်၊ ယွင်ဟွမ်အင်ပါယာပြည်လည်ထူထောင်မည်ကို မမြင်လိုကြပေ။
ယွင်ဟွမ်အင်ပါယာကို ပြန်လည်တည်ဆောက်ခြင်းက ကုန်မြေတိုက်ကြီး၏ အကျိုးကျေးဇူးများကို သေချာပေါက် မျှဝေရလိမ့်မည်ပင်။
တတိယထပ်တွင် လျို့ဝှက်တာအိုကျောင်းတော်အခြမ်းတွင်ရှိသော ခေါင်းဆောင်ယန်ဘေးတွင် အနီဝတ်အမျိုးသမီးတစ်ဦးရှိနေသည်။ သူမနောက်တွင် လူကိုးဦးရပ်နေ၏။
ထိုစကားကြားသော်လည်း သူမ အမူအရာက မပြောင်းလဲပေ။
ခေါင်းဆောင်ယန်က ပြုံးကာ “ဧကရီ၊ ဒေါသမထွက်ဘူးလား”
ထိုအမျိုးသမီးက ဟုန်ရင်ဖြစ်သည်။ သူမနောက်ရှိ လူကိုးယောက်က ကျိုထျန်းမျိုးနွယ်စုမှ ဖြစ်သည်။
သို့သော်လည်း လူတော်တော်များများက သူမ သရုပ်မှန်ကို မသိကြပေ။
ဟုန်ရင်က အမူအရာမဲ့စွာဖြင့် “ဘာစိတ်ဆိုးစရာရှိလို့လဲ၊ မျှော်လင့်ထားတဲ့အတိုင်းဘဲလေ။ ဒါက စီစဉ်ထားတဲ့အတိုင်းဘဲ။ ဘယ်အဖွဲ့အစည်းတွေ ထွက်လာဦးမလဲ ကြည့်ရသေးတာပေါ့”
ရှေးခေတ်က ဧကရီတစ်ပါးအနေနှင့် လူငယ်မျိုးဆက်အပေါ်စိတ်ဆိုးနေ၍မရပေ။
ထို့ပြင် သူမက ယွင်ဟွမ်အင်ပါယာ ပြန်လည်တည်ဆောက်ရေးကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်သည့် အင်အားစု မည်မျှရှိသည်ကို ကြည့်ရှုရန် ဤအခွင့်အရေးကို အသုံးပြုနိုင်သည်။
ထိုအင်အားစုများက ဟုန်ရင်၏ ပြစ်မှတ်ဖြစ်လာမည်ဖြစ်သည်။
ကျိုထျန်းမျိုးနွယ်စုကလည်း မလုပ်ရှားသေးပေ။
သူတို့က ဒေါသထွက်နေသော်လည်း ဟုန်ရင်တိုက်ခိုက်ရန် အမိန့်မပေးမခြင်း မလုပ်ရှားရဲချေ။
တတိယထပ်ရှိ မုရုန်မုန့်က အေးစက်စွာဆက်ပြောသည်။ “ရှေးခေတ်က ယွင်ဟွမ်ဧကရီရဲ့ ဦးဆောင်မှု့အောက်မှာ ကုန်းမြေတိုက်ကြီးရဲ့ အင်အားက အခြားအဆင့်တစ်ခုကို ရောက်ခဲ့တာတော့ ကျုပ်ဝန်ခံပါတယ်”
“ဒါပေမဲ့လည်း ယွင်ဟွမ်အင်ပါယာရဲ့ နောက်လိုက်ငယ်သားတွေကြောင့် ကုန်းမြေကြီးရဲ့ သိုင်းမပညာအမွေအနှစ်တစ်ဝက်လောက်က ပျက်ဆီးခဲ့ရတယ်”
“အခု ကုန်းမြေကြီးက နည်းနည်းနလံပြန်ထူလာတာနဲ့ ယွင်ဟွမ်အင်ပါယာကို ထပ်ပြီ ဖျက်ဆီးခိုင်းဦးမှာလား”
ထို အခိုက်တန့်တွင် ယွင်မင်က မနေနိုင်၍ ပြန်လည်တုံ့ပြန်ခဲ့သည်။
“အဲ့အချိန်တုန်းက ဂိုဏ်းတွေနဲ့ အထက်တန်းလွှာမိသားစုတွေက ယွင်ဟွမ်အင်ပါယာရဲ့အစီအစဉ်ကိုလက်ခံခဲ့ကြတာဘဲ မဟုတ်လား။ ဘယ်လိုများ ခေါင်းမာနေကြတာလဲ”
လူတိုင်းက ယွင်မင်ရှိလာသို့ လှမ်းကြည့်လိုက်ကြသည်။
ဟုန်ရင်က ယွင်မင်ကို မတားပေ၊ “အဲ့အချိန်တုန်းက ထိပ်တန်းကျွမ်းကျင်သူတွေက အကန့်အသတ်ကို ရောက်နေကြပြီ”
“ကုန်းမြေကြီးမှာ ရှိတဲ့ စိတ်တိဉာည်စွမ်းအားတွေက သူတို့ အဆင့်ချိုးဖြတ်ဖို့ မလုံလောက်တော့ဘူး”
“ကျုပ်တို့ ကျင့်ကြံသူတွေက အဆင့်မြင့်နယ်ပယ်တွေထိရောက်တွန်းအားပေးရမှာ မဟုတ်ဘူးလား။ သူတို့က သဘောတူခဲ့ကြတယ်လေ”
မုရုန်မုန့်က ပြန်ပြော၏၊ “ဒါပေမဲ့လည်း နောက်ဆုံး ဘာဖြစ်သွားလဲ။ ပျက်ဆီးခြင်းတွေဘဲ ဖြစ်လာခဲ့တာဘဲလေ။ ခင်ဗျားတို့ ဒီအဖြစ်ဆိုးကြီးထပ်ဖြစ်စေချင်ကြတာလား” ထိုအချက်ကို အဖွဲ့အနည်းငယ်က သဘောတူကာ ချက်ချင်းထပြောလေသည်။
“ဟုတ်တယ်”
“ဒီအဖြစ်ဆိုးကြီးထပ်ဖြစ်ခွင့်မပြုနိုင်တော့ဘူး”
“နောက်ပြီး ယွင်ဟွမ်အင်ပါယာက အရင်တုန်းကအတိုင်း အင်အားရှိတော့လို့လား”
“ကျုပ်ကြားတာကတော့ လက်ရှိဧကရီက ချန်းယွမ်နယ်ပယ်မှာဘဲရှိသေးတာတဲ့”
မုရုန်မုန့်၏ နှုတ်ခမ်းထောင့်က ကွေးတက်သွားပြီး ပြုံးလိုက်လေသည်။ အခု သူ့အကြံက အောင်မြင်သွားသည်။
၎င်းက ထိလွယ်ရှလွယ်သော စကားများကို လူအများရှေ့တွင် ပြောရသည့် အကြောင်းဖြစ်သည်။
ပင်ကိုယ်အားဖြင့် ယွင်ဟွမ်အင်ပါယာတည်ထောင်ခြင်းကို ငြင်းဆိုသည့် ထင်မြင်ချက်များကို မြှင့်တက်လာစေ၏။
တတိယထပ်တွင် ဗုဒ္ဓဂိုဏ်းမှ လူအိုကြီးကလည်း ထရပ်လာသည်။ သူက လက်အုပ်ချီကာ ပြောလိုက်သည်။ “အော့်မိတော်ဖော်၊ ကိုယ်တော်တို့ ဗုဒ္ဓဂိုဏ်းတော်ကလည်း ကုန်းမြေတိုက်ကြီးပေါ်မှာ အစုလိုက်အပြုံလိုက် သေကြေမှု့ကို ထပ်မဖြစ်စေချင်တော့ဘူး”
“ဒါကြောင့် ဗုဒ္ဓဂိုဏ်းတော်က အင်ပါယာပြန်လည်ထူထောင်တာကို ဆန့်ကျင်ချင်ပါတယ်”
ဗုဒ္ဓဂိုဏ်းတော်က ထပ်မံပြောဆိုသည်။
ဟုန်ရင်က လှမ်းကြည့်လိုက်ပြီး သူမမျက်လုံးထဲတွင် အေးစက်စက်အလင်းရောင်များထွက်လာတော့သည်။
ထိုအချိန်တုန်းက အချို့သော ဂိုဏ်းအနည်းငယ်က စစ်ပွဲဖြစ်ပွားရန် သဘောမတူခဲ့ပေ။
ထိုထဲတွင် ဗုဒ္ဓဂိုဏ်းတော်လည်းပါခဲ့သည်။
ဟုန်ရင်က သူတို့ကို အတင်းအကျပ်မတိုက်တွန်းပေ။
ကောင်းကင်ဘုံလမ်းကြောင်းကို ကြီးစိုးမည့် အစီအစဉ်က အမျိုးမျိုးသောအဖွဲ့စည်းကြီးများ၏ အရင်းအမြစ်များကို မှီခိုရန်လိုအပ်လေသည်။
သို့သော်လည်း ထိုအချိန်က ကောင်းကင်ဘုံလမ်းတွင် တိုက်ခိုက်နေချိန်မှာ ဗုဒ္ဓဂိုဏ်းတော်က ညစ်ပတ်သည့်နေရာ၌ ပါဝင်နေသည်ဟု ဟုန်ရင်က သံသယရှိခဲ့၏။
ထိုအချိန်တွင် အင်ပါယာတွင် အရေးကြီးသော အစီအစဥ်အချို့ရှိသော်လည်း အခြားအဖွဲ့က ကြိုသိနေနှင့်၏။
၎င်းတို့ထဲတွင် သူလျိုရှိကောင်းရှိနေလိမ့်မည်။
လော့ယီအင်ပါယာခေတ်တွင် ဗုဒ္ဓဂိုဏ်းတော်က အထက်ကမ္ဘာ့သံတမန်များဘက်မှ ပွင့်ပွင့်လင်းလင်း ရပ်တည်ခဲ့သည်။
၎င်းကြောင့် ဟုန်ရင်က ဗုဒ္ဓဂိုဏ်းတော်၏ အခြေခံအုတ်မြစ် မသန့်ရှင်းကြောင်း ပိုမိုသေချာစေခဲ့သည်။
ဗုဒ္ဓဂိုဏ်းတော်နှင့် မုရုန်မျိုးနွယ်အတူ အင်ပါယာ ပြန်လည်ထူထောင်ရေးကို ဆန့်ကျင်သည့် အင်အားစုအချို့ရှိသော်လည်း တိုက်ရိုက် ထုတ်မပြောရဲကြသလို ပွင့်ပွင့်လင်းလင်းရပ်တည်မရဲကြပေ။
မြောက်ပိုင်းနန်းတော်စားသောက်ဆိုင်တွင် လျို့ဝှက်တာအိုကျောင်းတော်နှင့် လျို့ဝှက်ဓားဂိုဏ်းသာ သဘောတူကြလေသည်။
အထက်တန်းလွှာမိသားစုသုံးစုမှ မုမိသားစုနှင့် လီမိသားစုတို့အတွက်မူ သူတို့၏ရပ်တည်မှု့ကို ထုတ်ဖော်မပြောကြပေ။
အဂ္ဂိရတ်ဂိုဏ်းအတွက်လည် ထိုတူပင်။
သိသာစွာပင် သူတို့က အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ပြီး ဘယ်ူဘက်မှမပါချင်ကြပေ။
ယွင်မင်က ၎င်းကိုကြားသော်ဒေါသထွက်သွားသည်။ သို့သော်လည်း ဟုန်ရင်၏အကြည့်ကြောင့်ရပ်တန့်သွားသည်။
ယခုအချိန်က လုပ်ရှားရမည့်အချိန်မဟုတ်ပေ။
သူယခုချိန်တိုက်ခိုက်လိုက်ပါက လူတိုင်း၏ ပြစ်မှတ်ဖြစ်သွားပေလိမ့်မည်။
သူက ကျိုထျန်းမျိုးနွယ်ကိုဦးဆောင်ပြီးလူတိုင်းကို တိုက်ခိုက်ရန်ယုံကြည်ချက်ရှိသော်လည်း သူမရည်ရွယ်ချက် အင်ပါယာတည်တောင်ရန်ဖြစ်လေသည်။
ဤနေရာတွင် ၎င်းတို့ကို ပြင်းပြင်းထန်ထန်နှိပ်ကွပ်လိုက်မည်ဆိုပါက ပြည်သူလူထုကို ဆွဲဆောင်နိုင်မည်မဟုတ်တော့ပေ။
အခြားနေရာများတွင် သူတို့တစ်ယောက်ချင်းဆီကို နှိမ်နင်းမှသာ အောင်မြင်မှု့ကို ဖြေးဖြေးချင်းရှာတွေ့နိုင်မှာပင်။
၎င်းက ဟုန်ရင်ယခင်ခွန်အားသို့ ပြန်မရောက်ချင်း အင်အားသုံးဖြေရှင်း၍ ရမည့်အရာမဟုတ်ပေ။
သို့သော်လည်း ယင်းက အချိန်တိုတွင်းမဖြစ်နိုင်သည်မှာ ထင်ရှားနေသည်။
ထိုအချိန်တွင် ပေ့လင်းထရပ်လာပြီး အပြုံးတစ်ဖြင့် “အားလုံးဘဲ၊ ကျွန်တော့်အဖေရောက်လာပါပြီ”
ပေ့လင်းဘေးသို့ ပုံရိပ်တစ်ခုပေါ်လာသည်။
ထိုသူက မြောက်ပိုင်းလွင်ပြင်မြို့အရှင် ပေ့ဖုန်း ဖြစ်လေသည်။
သူ့နယ်ပယ်က အာကာသနတ်ဘုရားနယ်ပယ်တစ်ပိုင်း ဖြစ်၏။
မြောက်ပိုင်းရေခဲပြင်များ အပြင်ဘက်တွင် တည်ရှိပြီး မြောက်ပိုင်းဒေသအလယ်ပိုင်းမှ အလွန်ဝေးကွာသောကြောင့်သာမဟုတ်ပါက မြောက်ပိုင်းဒေသ၏ အရှင်သခင်က လော့ယီမင်းဆက်နှင့် ဘာမှဆိုင်တော့မည်မဟုတ်ပေ။
ပေ့ဖုန်းက လက်သီးဆုပ်အရိုအသေပေးလိုက်ပြီး ပြောလိုက်သည်။ “ကျုပ်ကို မျက်နှာသာပေးပြီး မြောက်ပိုင်းနန်းတော်စားသောက်ဆိုင်ကို ဧည်သည်အဖြစ်တက်ရောက်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်”
လူတိုင်းက လက်သီးဆုပ်ကာ လေးစားမှု့ကို ပြလိုက်ကြသည်။
ဒုတိယအထပ်ရှိ လူများက ပေ့ဖုန်းကို မျက်နှာသာမပေးချေ။
မုရုန်မုန့်က လက်သီးဆုပ်အရိုအသေပေးကာ ပြုံးလိုက်သည် “မြို့အရှင်ပေ့၊ ကျွန်တော်ခနက ပြောလိုက်တာကို ကြားလိုက်ပါလား။ ဘယ်လိုထင်လဲမသိဘူခင်ဗျ”
ပေ့ဖုန်း၏ ခွန်အားက အလွန်သန်မာသည်။ ထိုစကားကြားသော် သူက ကျယ်လောင်စွာရယ်မော၍ မုရုန်မုန့်ကို ကြည့်လိုက်သည်၊ “မုရုန်မိသားစုက သခင်လေးက ကျုပ်ကို ဘက်ရွေးခိုင်းနေတာလား”
မုရုန်မုန့်က စိတ်မဝင်စားဟန်နှင့် မည်သည်မှတ်ချက်မှမပေးပေ။
သို့သော်လည်း ပေ့ဖုန်းက စကားလမ်းကြောင်းမလွှဲဘဲ ပြုံး၍ပြောလိုက်သည်။ “မြောက်ပိုင်းလွင်ပြင်မြို့က အေးအေးချမ်းချမ်းနဲ့နေချင်တာပါ”
ထိုစကားက ပေ့ဖုန်းသည် ယွင်ဟွမ်အင်ပါယာကို ဆန့်ကျင်မည့်သဘောပင်။
အခန်း (၂၁၀)
ဘက်ရွေးပါ။
? Views, on May 15, 2024