Switch Mode

အခန်း (၂၀၉)

မြောက်ပိုင်းလွင်ပြင်မြို့။

မြောက်ပိုင်းလွင်ပြင်မြို့သည် မြောက်ပိုင်းရေခဲပြင်မှ ကီလိုမီတာတောင်ပေါင်းများစွာဝေးကွာသည်။
သို့သော်လည်း ထိုမြို့က မြောက်ပိုင်းရေခဲပြင်နှင့်အနီးဆုံးဖြစ်သည်။
မြောက်ပိုင်းရေခဲပြင်ရှိ ရာသီဥတုအခြေအနေက အလွန်ကြမ်းတမ်းသည်။ စိတ်ဝိဉာဉ်ချီက အလွန်ပါးလွှာကာ အပူချိန်က အလွန်နိမ့်၏။ ထို့ပြင် ရေခဲစွမ်းအင်အခြေပြု မှော်သားရဲများလဲ ကျတ်စားတက်သေးသည်။
ထို့ကြောင့်ပင် မြောက်ပိုင်းရေခဲပြင်များတွင် မည်သူကမှ မြို့လာမတည်ရဲကြပေ။
ရေခဲပြင်များနှင့် မြောက်ပိုင်းလွင်ပြင်မြို့က မိုင်ထောင်ချီဝေးကွာသော်လည်း မြို့ရှိအပူချိန်က အခြားမြို့များနှင့်စာလျှင် အတော်နိမ့်ကျလေသည်။
သို့သော်လည်း ၎င်းက သိုင်းကျင့်ကြံသူများ၏ ခံနိုင်ရည်အောက်တွင် ရှိနေသေးသည်။
သာမန်လူများအတွက်မူ။
ပြင်းထန်သည့်ပတ်ဝန်းကျင်ကြောင့် ဒေသခံများက အခြားမြို့များဆီသို့ ပြောင်းရွှေ့သွားရကာ ထိုမြို့တွင်နေထိုင်ကြသော သာမန်လူအနည်းငယ်သာရှိတော့သည်။
ကျန်ရှိနေသော သာမန်လူများကတော့ မြို့ထဲတွင် မိသားစုလုပ်ငန်းများကျန်နေခဲ့သောကြောင့် စိတ်ရှိတိုင်းမပြောင်းရွှေ့နိုင်ကြပေ။
မြောက်ပိုင်းလွင်ပြင်မြို့သည် မည်သည်ဂိုဏ်းနှင့်မှ မသက်ဆိုင်သလို မြောက်ပိုင်းလွင်ပြင်မြို့၏မြို့အရှင်၏အိမ်တော်သည်သာ ဤနေရာတွင် တစ်ခုတည်းသောအုပ်စိုးသူဖြစ်သည်။
မြောက်ပိုင်းရေခဲပြင်များနှင့် အနီးဆုံးမြို့ဖြစ်သောကြောင့် ဤနေရာတွင် မြို့ကိုတည်ရန် ပင်ကိုအားဖြင့် အစွမ်းထက်ရန်လိုအပ်လေသည်။
ထို့ကြောင့် မြောက်ပိုင်းလွင်ပြင်မြို့သည် မြောက်ပိုင်းဒေသရှိ ဂိုဏ်းကြီးတစ်ဂိုဏ်းဟုယူဆနိုင်သည်။
၎င်းက အခြားဂိုဏ်းများနှင့် အကျိုးအမြတ်များ သို့မဟုတ် ပဋိပက္ခများ မရှိသောကြောင့်သာ လူအနည်းငယ်သာ သိလေသည်။
ယခုအချိန်တွင် မြောက်ပိုင်းလွင်ပြင်မြို့ရှိ စားသောက်ဆိုင်များနှင့် တည်းခိုဆောင်များတွင် လူများဖြင့် ပြည့်နေပြီဖြစ်သည်။
စားသောက်ဆိုင်ပိုင်ရှင်များနှင့်တည်းခိုဆောင်ပိုင်ရှင်များက အလွန်ပျော်ရွှင်နေကြသည်။
အခြားအကြောင်းအရာတော့မဟုတ်ပေ၊ မြောက်ပိုင်းရေခဲပြင်အနက်ရှိုင်းဆုံးနေရာတွင် နတ်ဘုရားအဆင့်ပစ္စည်းပေါ်ထွက်လာသည်ဟု ထင်ကြေးပေးနေကြသောကြောင့်ဖြစ်သည်။
ဒေသလေးခုမှ ဂိုဏ်းအမျိုးမျိုးရောက်ရှိလာပြီး မြောက်ပိုင်းရေခဲပြင်များအနီးရှိ တစ်ခုတည်းသောမြို့ကို ၎င်းတို့၏ စခန်းချရာအဖြစ်သတ်မှတ်ခဲ့သည်။
ထို့ကြောင့် ဈေးနှုန်းများလဲထိုးတက်လာခဲ့၏။
ဂိုဏ်ကြီးနှင့် အဖွဲ့အစည်းကြီးများအတွက်မူ ထိုပမာဏလောက် စာမဖွဲ့ပေ။
သို့သော်လည်း တစ်ကိုယ်တော်ကျင့်ကြံသူများအတွက်တော့ လမ်းဘေးတွင်အိပ်ရန်သာတက်နိုင်တော့သည်။
ထိုအချိန်တွင် ပေးယွမ့်(မြောက်ပိုင်းနန်းတော်)စားသောက်ဆိုင်တွင်။
ထိုစားသောက်ဆိုင်က မြေက်ပိုင်းလွှင်ပြင်မြို့တွင် အကြီးဆုံးစားသောက်ဆိုင်ဖြစ်သည်။
တစ်ချိန်တည်းမှာပင်၊ ၎င်းကို မြောက်ပိုင်လွှင်ပြင်မြို့အရှင်အိမ်တော်မှ သီးသန့် ထိန်းချုပ်ထားသည်။
ယခင်က ထိုနေရာကို အာဏာပါဝါရှိသည့်သူများသာ လာရောက်နိုင်လေသည်။ သို့သော် ယခုတော့ စွမ်းအားကြီးမားသော ဂိုဏ်းဂဏများမှ လူများကိုသာ လက်ခံတော့သည်။
ထို့ကြောင့် မြောက်ပိုင်းနန်းတော်စားသောက်ဆိုင်တွင် လျို့ဝှက်တာအိုကျောင်းတော်၊ လျို့ဝှက်ဓားဂိုဏ်းနှင့် အမျိုးမျိုးသော အစွမ်းထက်သည့်အဖွဲ့အစည်းမှလူများနှင့် ပြည့်နေလေသည်။
ဟုတ်ပေသည်၊ ဒေသလေးခုမှလာသော အခြားသော အင်အားစုများလည်း ရှိသေးသည်။
မြောက်ပိုင်းလွင်ပြင်မြို့အရှင်က ထိုသတင်းကြားကြားချင်း ထိုလူများကို ဧည့်ခံရန် မြောက်ပိုင်းနန်းတော်စားသောက်ဆိုင်သို့ရောက်ချလာသည်။
သူသာ ထိုအင်အားစုများနှင့် မိတ်ဖွဲ့နိုင်လျှင် အကျိုးအမြတ်ကြီးစွာရမည်ဖြစ်၏။
ညအချိန်တွင် မြောက်ပိုင်းနန်းတော်က မီးရောင်စုံများနှင့် လင်းထိန်နေသည်။
ကြီးမားသော စားသောက်ခန်းထဲတွင် ဝိုင်စားပွဲများနှင့် ပြည့်နေသည်။
စားသောက်ခန်းက အထပ်သုံးထပ်ရှိလေသည်။
ပထမအထပ်က အကျယ်ဆုံးဖြစ်သော်လည်း ထိုနေရာတွင်ထိုင်နေသည့် လူများမှာ အတော်အတန် အားနည်းကာ သိပ်အရေမပါသူများဖြစ်လေသည်။
သူတို့က ဒုတိယထပ်နှင့် တတိယထပ်ရှိ လူများထက် အနည်းငယ်အားနည်းသည်မှန်သော်လည်း မြောက်ပိုင်းနန်းတော်စားသောက်ဆိုင်တွင် ထိုင်နေနိုင်ခြင်းက အပြင်ဘက်ရှိ လူများထက်တော့ အများကြီးသန်မာလေသည်။
ဒုတိယအထပ်ရှိ လူများက အနည်းငယ်ပိုသန်မာပြီး တတိယထပ်တွင်တော့ ထိပ်တန်းအဖွဲ့အစည်းများရှိလေသည်။
ဥပမာဆိုလျှင် လျို့ဝှက်ဓားဂိုဏ်း၊ လျို့ဝှက်တာအိုကျောင်းတော်နှင့် ဗုဒ္ဓကျောင်းတော်တို့ပင်။
ယခုအချိန်တွင် မြောက်ပိုင်းလွင်ပြင်မြို့အရှင်၏ တစ်ဦးတည်းသောသားဖြစ်သည့် မြောက်ပိုင်းနန်းတော်စားသောက်ဆိုင်ပိုင်ရှင် ပေ့လင်းသည် လူတိုင်းရှေ့တွင်ရပ်ကာ ပြုံးပြီးပြောသည်။ “ကျွန်တော့်ဖခင်က မြို့တော့်ရဲ့ ကိစ္စတွေကို ဖြေရှင်းနေရသေးလို့ သူ့ကိုယ်စား ကျွန်တော့်က လူကြီးမင်းတို့ကို လာရောက်ဧည့်ခံပေးတာပါ။ အဖေ့ကို ခွင့်လွင့်နားလည်ပေးမယ်လို့ထင်ပါတယ်”
ပထမထပ်ရှိလူများက ပြုံးကာ လက်ဝေ့ယမ်းလိုက်သည်။
“နားလည်တယ်၊ နားလည်တယ်။ မြို့အရှင်ရဲ့ ကိစ္စတွေက သာမန်မှ မဟုတ်တာ။ မြောက်ပိုင်းလွင်ပြင်မြို့ ဘေးကင်းရေးအတွက် မြောက်ပိုင်းရေခဲပြင်တွေဆီက အခြေအနေကို အမြဲအာရုံစိုက်နေရတော့ တော်လေးပင်ပန်းမှာဘဲလေ”
“ပေ့ဖုန်းရဲ့ သားက အရွယ်ရောက်လာပြီဘဲ၊ သူပါရမီက သိပ်မဆိုးဘူးလို့တော့ကြားထားတယ်”
“မျိူးဆက်တိုင်းမှာ ပါရမီရှင်တွေရှိနေတယ်။ အခုခေတ်ကတော့ မင်းတို့လူငယ်တွေရဲ့ခေတ်ဘဲဟေ့”
ဒုတိယထပ်ရှိလူများက သာမန်ကာလျန်ကာသာ မှတ်ချက်ပြုကြသည်။
တတိယအထပ်ရှိသူများကမူ၊
ပေ့လင်းကို လှည့်ပင်မကြည့်ချေ။
မြောက်ပိုင်းလွင်ပြင်မြို့က မြောက်ပိုင်းဒေသရှိ အင်အားစုကြီးတစ်ခုဖြစ်သော်လည်း အလယ်ပိုင်ဒေသရှိဝန်ကိုထမ်းနိုင်ရန်မဖြစ်နိုင်သေးပေ။
ထို့ပြင် တတိယအထပ်သည် အခြေခံအားဖြင့် အလယ်ပိုင်းဒေသရှိ ထိပ်တန်း တပ်ဖွဲ့များနှင့်ပြည့်နေသည်။
ပေ့လင်း စိတ်ထဲတွင် နာကျည်းမှု့များနှင့် ပြည့်နေသော်လည်း မျိုသိပ်ကာနေရလေသည်။
လက်သီးကြီးသည့်သူများသာ တခြားသူများကို လျှစ်လျုရှုရန် အရည်အချင်းပြည့်မှီလေသည်။
ပေ့လင်းက သူ၏စိတ်ခံစားချက်များကို ဖိနှိပ်ပြီးနောက် အပြုံးဖြင့်ပြောလေသည်။ “ဒီနေ့ လူကြီးမင်းတို့ကို စားသောက်သမျှကို ကျွန်တော်တို့ရဲ့ မြောက်ပိုင်းနန်းတော်စားသောက်ဆိုင်က တကာခံပါမယ်။ ပြီးတော့လဲ မြောက်ပိုင်းလွင်ပြင်မြို့ရဲ့ ထူးကဲတဲ့ ရေခဲစပျစ်ဝိုင်နဲ့ ဧည့်ခံမှာဖြစ်ပါတယ်။ အားလုံးဘဲ သက်သောင့်သက်သာနေကြပါ”
ပထမထပ်ရှိအဖွဲ့အစည်းများက ယဉ်ကျေးစွာတုံ့ပြန်ပြီး စတင်စကားပြောနေကြတော့သည်။
ပြောစရာ ခေါင်းစဉ်က နှစ်ခုသာရှိလေသည်။
ပထမတစ်ခုက မြောက်ပိုင်းလွင်ပြင်ဒေသသို့ လာရောက်ရသည့်အကြောင်းအရင်းဖြစ်၏။ ၎င်းက မြောက်ပိုင်းရေခဲပြင်အနက်ရှိုင်းဆုံးနေရာတွင်ပေါ်လာမည့် နတ်ဘုရားပစ္စည်းကြောင့်ဖြစ်သည်။
“ဒီလိုစိတ်ဝိဉာည်မုန်တိုင်းဖြစ်စေတဲ့ နတ်ဘုရားပစ္စည်းက ဘယ်လိုအရာလဲမသိဘူးနော်”
“ဟုတ်တယ်။ မြောက်ပိုင်းရေခဲပြင်ဆီက စိတ်ဝိဉာည်ချီတွေက နည်းပါလာပြီ။ အထဲမှာ ချန်းယွမ်အဆင့် ကျွမ်းကျင်သူ ငါးယောက်တိုက်ခိုက်ဖို့တောင် မလုံလောက်တော့ဘူး”
“ဒါပေမဲ့လည်း ဒီလို စိတ်ဝိဉာည်မုန်တိုင်းကြီးကို ဖြစ်စေတဲ့အရာက နတ်ဘုရားအဆင့်ပစ္စည်း ဒါမှမဟုတ် အမွေအနှစ်တစ်ခုခုဖြစ်ရမယ်”
ဒုတိယထပ်ရှိလူများက အနည်းငယ်စိုးရိမ်နေကြသည်။
“အာကာသနတ်ဘုရားအဆင့် ကျွမ်းကျင်သူကဘဲ မြောက်ပိုင်းရေခဲပြင်အတွင်းပိုင်းထဲထိ ဝင်ရောက်နိုင်မှာကို စိုးရိမ်မိတယ်”
“ဟုတ်တယ်၊ ချန်းယွမ်နယ်ပယ်ကျွမ်းကျင်သူတွေက တစ်ကိုယ်တော် လှည့်လည် သွားလာနေတာ။ ကြမ်းတမ်းတဲ့ပတ်ဝန်းကျင်မပြောနဲ့ အထဲမှာ အာကာသနတ်ဘုရားအဆင့် မှော်သားရဲတွေပါ မရေတွက်နိုင်အောင်ရှိနေတယ်”
“အချိန်ရောက်လာခဲ့အခါကျရင်တော့ ကျုပ်တို့က အလယ်ပိုင်းဒေသဂိုဏ်းကြီးတစ်ဂိုဏ်းက အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူနောက်ကိုဘဲ လိုက်ရမှာ”
“ကျုပ်တို့ စွပ်ပြုတ်ဘဲသောက်ရမှာကို မြင်ယောင်နေတယ်”
အလယ်ပိုင်းဒေသရှိ အင်အားစုကြီးများနှင့် နယ်မြေလေးခုရှိ ရှေးခေတ်အင်အားစုအနည်းငယ်သာ အာကာသနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများရှိသည်။
ကျွမ်းကျင်သူများအနေနှင့် သူတို့က သေမျိုးတို့၏ ကိစ္စများတွင်ဝင်မပါတော့ဘဲ အပြင်လောကနှင့် အဆက်ဖြတ်ကာ တိတ်တဆိတ်ကျင့်ကြံနေကြ၏။
သို့သော်လည်း နတ်ဘုရားပစ္စည်းပေါ်ထွက်လာမှု့ကြောင့် ဤတချိန်တွင် ကျင့်ကြံနေရာမှ ထွက်လာလောက်၏။
တတိယထပ်တွင် လျို့ဝှက်တာအိုကျောင်းတော်နှင့် လျို့ဝှက်ဓားဂိုဏ်းတို့သည် နှစ်ရှည်လများလက်တွဲလာသော မဟာမိတ်များဖြစ်ကြသည်။
ထိုနှစ်ဖွဲ့က အတူတူထိုင်နေကြသည်။
ကျောင်းအုပ်ယန်နှင့် လင်းရုဖုန်းက စကားပြောနေ၏။
“ဒီတခါတော့ မိစ္ဆာအိုကြီးတော်တော်များများကို ဆွဲဆောင်လိုက်နိုင်မှာကို စိုးရိမ်မိတယ်”
“ဟုတ်တယ်၊ လော့ယီမင်းဆက်ကို ကြည့်လေ။ ဘုရင်အိုကြီးက မသေသေးဘဲ အာကာသနတ်ဘုရားနယ်ပယ်ကိုချိုးဖောက်ဝင်ရောက်သွားမယ်လို့ ဘယ်သူမှ တွေးမိကြမယ်မထင်ဘူး”
ကျောင်းအုပ်ယန်အမူအရာက လေးနက်နေကာ “ဒါနဲ့ လော့ယီမင်းဆက်က ဘုရင်အိုကြီး ပျောက်နေတယ်နော်။ ဘယ်မှာ ပုန်းနေလဲမသိဘူး”
လင်းရုဖုန်းက ထိုသို့ကြားသော် နှာမှုတ်လိုက်ပြီး၊ “ကျုပ်ထင်တာတော့ သူဒီကိုရောက်နေလောက်ပြီ။ အညိုးကြီးတဲ့ မိစ္ဆာအိုကြီးက ဒီကိစ္စကို ဒီအတိုင်းထားလိုက်မှာမဟုတ်ဘူး”
ကျောင်းအုပ်ယန်က ခေါင်းညိမ့်သည်၊ “အဲ့ဒီ့ချိန်ကျလာရင်တော့ ငါတို့ ပိုဂရုစိုက်ရမယ်”
ထို့နောက်တွင် ဒုတိယအချက်ကို ဆက်လက်ဆွေးနွေးကြသည်။ ၎င်းသည် မကြာသေးမီက လူတိုင်းကို ရှော့ရသွားစေသည့် ကိစ္စဖြစ်သည်။
ရှေးခေတ်က နောက်ဆုံးအင်ပါယာ တိမ်လွှာဖီးနစ်အင်ပါယာကို ပြန်လည်ထူထောင်ခြင်းပင်။
အင်ပါယာကိုပြန်လည်တည်ထောင်ခဲ့သူမှာ ထိုအချိန်က နောက်ဆုံးသော ဧကရီဖြစ်သည့် ယွင်ဟွမ်ဧကရီဖြစ်၏။
ပထမထပ်ရှိ ပေ့လင်းသည် ရှေ့ဆုံးတွင်ထိုင်ကာ ထိုကိစ္စကို စတင်ပြောဆိုတော့သည်။ သူက ခပ်ပြုံးပြုံးဖြင့် “အကြီအကဲ(ချန်းပေ့)တွေ ယွင်ဟွမ်အင်ပါယာကို ဘယ်လိုတွေးထားကြလဲမသိဘူး”
အားလုံးက တခဏမျှ တိတ်ဆိတ်သွားတော့သည်။
ထိုခေါင်းစဉ်က အလွန်ထိလွယ်ရှလွယ်ဖြစ်၏။
ထိုသူတို့ထဲ၌ကြီးမြတ်သော ဧကရီတစ်ပါးပေါ်ထွက်လာသောကြောင့် ရှေးခေတ်အခါက ယွင်ဟွမ်အင်ပါယာသည် အကြွင်းမဲ့ အုပ်ချုပ်သူဖြစ်ခဲ့လေသည်။
ယခု အင်ပါယာပြန်လည်ထူထောင်ပါက မိသားစုတစ်စုက ဝမ်းသာ၍ အခြားမိသားစုကတော့ ဝမ်းနည်းနေလိမ့်မည်။
အချို့က သဘောတူပြီး အချို့က တူချင်မှ တူလိမ့်မည်။
ဟုတ်ပေသည်၊ ထိုအထဲတွင် လူနည်းစုကသာ သဘောတူကြလိမ့်မည်ပင်။
ဤအခိုက်တန့်တွင် တတိယထပ်ရှိလူဦးက နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်၊ “ယွင်ဟွမ်အင်ပါယာ ဟုတ်စ။ လက်ရှိယွင်ဟွမ်အင်ပါယာရဲ့အင်အားက လက်ရှိဖြစ်နေတာနဲ့ အဝေးကြီးဘဲ။ အတိတ်က ထပ်ဆုံးအခြေအနေကို ပြန်ရောက်နိုင်ဖို့က ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

Comment

Leave a Reply

Options

not work with dark mode
Reset