Switch Mode

အခန်း (၂၀၈)

ကောင်းကင်ဘုံလမ်းတွင် အစီအရင်တည်ဆောက်ခြင်း။

နတ်ဘုရားအဆင့်ပစ္စည်းပေါ်လာသည့်အခါတွင် လက္ခဏာသုံးရပ်ဖြစ်ပေါ်တက်သည်။

ပထမတစ်ခုက ထိုနေရာသို့ ရှားပါးသားရဲကောင်များ စောင့်ရှောက်နေတက်သည်။

ဒုတိယတစ်ခုက ကောင်းကင်နှင့်မြေကြီးတွင် ထူးဆန်းသောဖြစ်ရပ်များကို ဖြစ်စေလိမ့်မည်။

တတိယအနေနှင့် စိတ်ဝိဉာည်ချီက မြင့်တက်လာလိမ့်မည်ပင်။

ထိုအချိန်၊ မြောက်ပိုင်းဒေသရှိ မြောက်ပိုင်းရေခဲပြင်တွင်စိတ်ဝိဉာည်ချီများ ထိုးထွက်လာကာ နေရာအနှံ့သို့ စိတ်ဝိဉာည်မုန်တိုင်းအဖြစ်ပြောင်းလဲပျံ့နှံ့သွားတော့သည်။

ထိုအထဲမှ ရေခဲပြင်အတွင်းထဲမှ မှော်သားရဲများသည် တစ်ကောင်ပြီး တစ်ကောင်ပြင်ပသို့ ထိုးဖောက်ဝင်ရောက်လာတော့သည်။

ထို့ကြောင့် ဂိုဏ်းကြီးအများအပြားက ထိုနတ်ဘုရားပစ္စည်းသည် မြောက်ပိုင်းရေခဲပြင်အနက်ပိုင်းထဲတွင် ပေါ်လာမည်ဟု တွက်ချက်ထားကြသည်။

ထိုသတင်းပျံ့သွားပြီးမကြာခင် တိမ်တိုက်များက နေရာအနှံ့သို့ ရွှေ့လျားသွားတော့သည်။

အဖွဲ့အစည်းအားလုံးက မြောက်ပိုင်းဒေသ အစွန်းပိုင်းသို့ ချည်းကပ်လာကြသည်။

ဟုန်ရင်လည်း ထိုသတင်းကိုကြားလိုက်ရသည်။

နတ်ဘုရားအဆင့်ပစ္စည်းက ဟုန်ရင်ကို အကြံသစ်တစ်ခုပေးလိုက်ဟန်ရသည်။

သူမသာ ထိုနတ်ဘုရားပစ္စည်းကိုရလိုက်လျှင်…

သူမအင်အားကိုတိုးမြှင်နိုင်ရုံမက ယွင်ဟွမ်အင်ပါယာကြီး၏ ဂုဏ်သတင်းကိုပါ မြှင့်တင်လိမ့်မည်။

ယွင်ကျန့်က ခေါင်းညိမ့်ကာ ပြော၏။ “အရှင်မ၊ ကျွန်တော်မျိုးတို့ ဒီနတ်ဘုရားပစ္စည်းကိုရအောင်ယူသင့်တယ်။ ဒီပထမဆုံးတိုက်ပွဲကနေ ကျွန်တော်မျိုးတို့ရဲ့ အင်ပါယာကို ပြန်လည်ထူထောင်မယ်”

ကျိုထျန်းမျိုးနွယ်စုတစ်ခုလုံးက ခေါင်းညိမ့်ကာ သဘောတူကြောင်းပြကြသည်။

သိသာစွာပင် သူတို့က ယွင်ကျန့်နှင့် အတွေးတူညီကြလေသည်။

ထိုသို့ကြားသော် ဟုန်ရင်က ချက်ချင်အမိန့်ထုတ်လိုက်၏။ “ကောင်းပြီ။ အားလုံးဘဲ မြောက်ပိုင်းရေခဲပြင်ကို ချီတက်ဖို့ပြင်ဆင်ကြတော့”

တောင်ပိုင်းဒေသ လျို့ဝှက်တာအိုကျောင်းတော်၊ စံအိမ်တော်တွင် ချင်ထျန်းနျန်းက လုချန်ရှန်းကို ထိုသတင်းပြောပြနေသည်။

လုချန်ရှန်းက အံ့သြသွားသည်။

သူက နတ်ဘုရားပစ္စည်းကိုစိတ်မဝင်စားသော်လည်း နတ်ဘုရားအဆင့်ပစ္စည်းက မြောက်ပိုင်းရေခဲပြင်တွင်ပေါ်လာသည်လား။

နယ်မြေနှလုံးသားက တခုခုကြံစည်နေသည်လား။

သိရမည်က နယ်မြေနှလုံးသားက မြောက်ပိုင်းရေခဲပြင်၏ အနက်ရှိုင်းဆုံးနေရာ၌ တည်ရှိနေခြင်းပင်။

ချင်းထျန်းနျန်ပြောလိုက်သည်။ “ဘယ်လိုလဲ ချန်ရှန်း၊ မင်းငါတို့နဲ့လိုက်ချင်လား”

လုချန်ရှန်းသာလိုက်မည်ဆိုပါက ထိုနတ်ဘုရားပစ္စည်းသည် သူတို့အပိုင်ပင်။

လက်ရှိလုချန်ရှန်းကို ကုန်းမြေတိုက်ကြီးတွင် နံပါတ်တစ် ကျွမ်းကျင်သူဟု လူတိုင်းက လက်ခံထားကြသည်။

ဗုဒ္ဓဂိုဏ်းတော်ရှိ အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူနှစ်ဦးကို သူတစ်ဦးတည်း သုတ်သင်ခဲ့၏။

ဘယ်အဖွဲ့အစည်းက လုချန်ရှန်းကို ယှဥ်နိုင်မည်နည်း။

လုချန်ရှန်းက ခေါင်းခါကာပြောသည်။ “မသွားဘူး”

အကယ်၍ ၎င်းကသာ နယ်မြေနှလုံးသားဖြစ်နေပါက အာလူးပူတစ်လုံးကို ကိုင်ထားမိသလိုဖြစ်နေလိမ့်မည်။

အဆုံးတွင်တော့ အထက်ရှိ လူတစ်စု၏ ပြစ်မှတ်က နယ်မြေနှလုံးသားဖြစ်ကောင်းဖြစ်နေနိုင်သည်။

လုချန်ရှန်းက မရဏကိုးလောကအစီအရင်ကို တိုးမြှင့်ထားသော်လည်း တစ်ဖက်အဖွဲ့က စံအိမ်တော်ကို လာတိုက်မည်ကိုစိုးရိမ်နေသည်။

သို့သော်လည်း ပြဿနာကိုအတက်နိုင်ဆုံးရှောင်ရှားခြင်းက အကောင်းဆုံးဖြစ်လေသည်။

ယင်းက လုချန်ရှန်း၏ တခုတည်းသော နိယာမပင်။

သူက ပြဿနာကို မီးထွန်းရှာတက်သူမဟုတ်ပေ။

သူ့တပည့်ကိစ္စများကပင် သူ့ကိုခေါင်းကိုက်စေနေသည်။

အာလူးပူတစ်လုံးကို ကိုင်မထားချင်တော့ပေ။

လုချန်ရှန်းက ပြန်ဖြေသည်။

ချင်းထျန်းနျန်က အကူညီမဲ့စွာ ပုခုံးတွန့်လိုက်သော်လည်း သိပ်တော့မအံ့သြပေ။

သူဒီကိုလာမေးစဥ်က မည်သည်ကိုမှမျှော်လင့်မထားခဲ့ပေ။

လုချန်ရှန်း၏ စရိုက်ကို သူမည်သို့ကြောင့် မသိဘဲနေရမည်နည်း။

ဘေးနားသို့ ယဲ့ချိုးပိုင်က လျှောက်လာ၍ “ရှစ်စွင်း၊ ရှစ်မေ့ကတော့ သွားသင့်တယ်။ ကျွန်တော်လည်း သူ့ကိုသွားကူညီပေးချင်ပါတယ်” (ရှစ်စွင်း – ဆရာ/ ရှစ်မေ့ – ဆရာတူညီမ)

လုချန်ရှန်းက ထိုစကားကြားသော် ချင်းထျန်းနျန် မကျေမနပ် လှမ်းကြည့်လိုက်၏။

ကျစ်။

ဒါက မြေခွေးအိုကြီးရဲ့ အကြံဖြစ်ရမယ်။

ချင်းထျန်းနျန် နှုတ်ခမ်းထောင့်ကွေးတက်သွားသော်လည်း သူ့လက်နှစ်ဖက်ကိုပွတ်ကာ မသိချင်ယောင်ဆောင်နေသည်။

နင်းချန်ရှင်းက ၎င်းကိုကြားတော့ ယဲ့ချိုးပိုင်၏ ဘေးသို့ရောက်လာပြီး အပြုံးဖြင့်ပြော၏။ “ရှစ်ကျဲက ယွင်ဟွမ်အင်ပါယာကိုတည်ထောင်လိုက်တာဆိုတော့ သူကလဲ ဒီအခွင့်ရေးကိုဆုပ်ကိုင်ပြီး သူ့နာမည်ပြန်တွင်အောင်လုပ်မှာဘဲ”

“စံအိမ်တော်ရဲ့တစိတ်တပိုင်းအနေနဲ့ ကျွန်တော်တို့ ကူညီရမယ်”

ရှောင်ဟေးက ဘာမှမပြောပေမဲ့ ယဲ့ချိုးပိုင်၏ နောက်တွင်ရပ်နေလေသည်။

လုချန်ရှန်းက ထိုမြင်ကွင်းကို ကြည့်ကာ ပြောစရာစကားမဲ့သွား၏။

ငါသိနေတယ်။ ငါသိနေတယ်။

မြေခွေးအိုကြီး ချင်ထျန်းနျန်လာတိုင်း ဘာကောင်းတာမှဖြစ်မလာဘူး။

သို့သော်လည်း သူတပည့်များက ပြောနေမှတော့။

သူဘယ်လိုလုပ် ငြင်းဆန်ရတော့မည်နည်း။

သူက ခေါင်းသာညိမ့်ကာ “သွားတော့ သွားကြတော့ ဒီမှာလာပြီး မျက်စိလာမနောက်ကြနဲ့” လုချန်ရှန်းပြန်ဖြေလိုက်သည်။

ယဲ့ချိုးပိုင်နှင့် အခြားနှစ်ယောက်က ချင်းထျန်းနျန်နှင့်အတူ ထွက်သွားတော့သည်။

အဖွဲ့အစည်းများက မြောက်ပိုင်းရေခဲပြင်သို့ ထွက်ခွာရန်ပြင်ကြတော့သည်။

လုချန်ရှန်းက တွေးနေသည်။

ထိုကိစ္စက အမှန်ပင်နယ်မြေနှလုံးသားကြောင့်သာ ဖြစ်ပေါ်ခဲ့ပါက အရာအာလုံးက ထင်သလောက် မရိုးတော့ပေ။

အထက်ကမ္ဘာရှိလူများ၏ ရည်ရွယ်ချက်က နယ်မြေနှလုံးသားဖြစ်၏။

ယခုတော့ နယ်မြေနှလုံးသားက ပုန်းကွယ်မနေတော့ဘဲ ပေါ်ထွက်လာရန်ပြင်နေပါက အထက်ကမ္ဘာရှိလူများ၏ အာရုံကို ကျိမ်းသေပေါက်ဆွဲဆောင်နိုင်မည်မှာအမှန်ပင်။

ထိုအချိန်တွင်၌ သူတို့က ကြိုတင်စီစဉ်ပြီး ရောက်ချလာလိမ့်မည်။

လုချန်ရှန်း စဥ်းစားလေ သူ့အတွေးများက ရှင်းလင်းလာ၏။

ဟုန်ရင် ခွန်အားက မူလအနေထားကို ပြန်မရောက်သေးပေ။

သူတို့က အခုချိန် ဆင်းသက်လာပါက သူမသည် သူတို့နှင့် မယှဥ်နိုင်ပေ။

လော့ယီမင်းဆက်က ယဲ့ချိုးပိုင်၏ စွဲလမ်းမှု့လိုပင်။

ကောင်းကင်ဘုံလမ်းတွင် အထက်ကမ္ဘာတွင် ကျွမ်းကျင်သူများနှင့်တိုက်ခိုက်ရန်မှာ ဟုန်ရင်၏ စွဲလမ်းမှု့တစ်ခုဖြစ်သည်။

ထိုစွဲလမ်းမှု့က ဟုန်ရင်ကိုယ်တိုင်သာ ချိူးဖြတ်နိုင်သည်။

အကျပ်အတည်းနှင့်မကြုံမချင်း လုချန်ရှန်းက သူမကို ကူညီမည်မဟုတ်ပေ။

ဟုန်ရင်၏လက်ရှိအင်အားက ထိုသူများနှင့် မယှဥ်နိုင်ပေ။

ထိုသို့တွေးမိပြီး လုချန်ရှန်းက အိပ်နေရာမှ ထကာ၊ “ဟူး၊ စိတ်ပူစရာတွေဘဲ”

“ကဲ ဒီကောင်စုတ်လေးတွေကို အရင်ကူညီလိုက်ဦးမယ်”

သူက နေရာမှ ထွက်ခွာလာလိုက်သည်။

မျက်တခတ်အတွင်း သူက ကောင်းကင်ဘုံလမ်းအပျက်အဆီးဘေးတွင် ပေါ်လာ၏။

ထိုနေရာက ကန္တာရဒေသက အထက်ကမ္ဘာကိုဝင်ရောက်နိုင်သည့် ဝင်ပေါက်တစ်ခုပင်။

တချိန်တည်းမှာဘဲ တဖက်အဖွဲအစည်းက ဤကမ္ဘာကို ဆင်းသက်လာနိုင်သော တစ်ခုတည်းသောလမ်းကြောင်းဖြစ်၏။

လုချန်ရှန်းက လက်ဝါးဖြန့်လိုက်သည်။

ကြောက်မက်ဖွယ်အရှိုန်အဝါက လုချန်ရှန်း၏ ခန္ဓာကိုယ်တွင်ပေါ်ထွက်လာတော့သည်။

ထို့နောက် ကောင်းကင်ဘုံလမ်းတစ်လျှောက်ပျံ့နှံ့သွားတော့သည်။

ထိုအရှိုန်အဝါက နေရာတစ်ခုလုံးကို ပြန့်ကြဲသွား၏။

အစီအရင်တစ်ခုပေါ်ထွက်လာကာ ကန္တာရဒေသရှိ အရှိုန်အဝါကို သီးသန့်ပိုင်းခြားလိုက်သည်။

ဟုတ်ပေသည်။

လုချန်ရှန်းက ကန္တာရဒေသရှိအရှိုန်အဝါကို သီးသန့်ခွဲထုတ်လိုက်ခြင်းပင်။

၎င်းက နယ်မြေနှလုံးသားကထွက်ပေါ်နေသော အရှိုန်အဝါများကို အထက်ကမ္ဘာရှိလူများ အာရုံခံနိုင်ခြင်းမရှိစေရန် ကာကွယ်ပေး၏။

ထို့ပြင် တဖက်အဖွဲ့ကို ဤနေရာတွင် ကြိုပြီးမဆင်းသက်နိုင်စေရန်ကာကွယ်ပေး၏။

ခွဲထုတ်ခြင်းအစီအရင်ကိုနေရာချပြီးနောက် လုချန်ရှန်းတခဏအကြာတွေးတောပြီး နောက်ထပ်အစီအရင်တစ်ခုကို နေရာချလိုက်လေသည်။

၎င်းတို့ထဲတွင် ကမ္ဘာသစ်ပင်နဂါးပိတ်လှောင်အစီအရင်နှင့် နေရာလပ်ချိတ်ပိတ်အစီအရင်တို့ပါဝင်သည်။

ထို့ပြင် သတ်ဖြတ်ခြင်းအစီအရင်လေးမျိုးလဲရှိသေးသည်။

လုချန်ရှန်း၏ ထိန်းချုပ်မှု့အောက်တွင် ထိုသတ်ဖြတ်ခြင်းအစီအရင်လေးမျိုးက ဤနေရာသို့ လာလိုသော အင်အားစုများကို လုံးလုံးလျားလျား ချေမှုန်းနိုင်မည်မဟုတ်ပေ။

သို့သော်လည်း အနည်းဆုံးတော့ တဖက်အင်အားစုများ၏ ခွန်အားကို အနည်းငယ်ကုန်ဆုံးစေလောက်မည်ပင်။

သူက ဟုန်ရင်ကို တိုက်ရိုက်ကြီးမကူညီသော်လည်း တဖက်အဖွဲအစည်းကို တိတ်တဆိတ် ပင်ပန်းအောင်လုပ်ပေးနိုင်ခဲ့ပေမည်။

ရလဒ်က ဟုန်ရင်အပေါ်တွင် မူတည်လေသည်။

လူတစ်ဦး၏လမ်းစဥ်က အခြားသူများအပေါ်တွင်မမှီခို၊ ဆရာအပေါ်တွင်လည်း အမြဲတမ်း မှီခိုမနေသင့်ပေ။

ထိုအစား ကိုယ့်ကိုယ်ကို အားကိုးသင့်သည်။ သူက ကူညီနေဟန်ရသော်လည်း အမှန်က သူ့တပည့်အပေါ်တာဝန်မဲ့နေ၏။

ကျင့်ကြံခြင်းလမ်းကြောင်းက မရေမတွက်နိုင်သည့်ထောင်ချောက်များ၊ သေခြင်းတရားများနှင့် မယှဉ်နိုင်လောက်အောင် ခက်ခဲလေသည်။

လုချန်ရှန်းကသာ သူမလျှောက်လှမ်းနိုင်ရန် လမ်းအသင့်ခင်းပေးထားပါက မည်သို့ကြောင့် သူမခွန်အားတိုးတက်အောင်လုပ်နိုင်နိုင်မည်လား။

သန်မာသည့် ရန်သူနှင့် တွေ့ဆုံရလျှင် သူမ မည်သိူ့လုပ်မည်နည်း။

လုချန်ရှန်းက သူတို့နှင့် တသက်လုံးမနေနိုင်ပေ။

တခုသိထားရမည်က လုချန်ရှန်း၏ အိမ်မက်က ငါးဆားနယ်လုပ်ရန်ပင်။

ထိုအိမ်မက်ကိုအကောင်အထည်ဖော်ရန် တပည့်များသည် မြန်မြန်ကြီးပြင်းရန် လိုအပ်သည်။

ထိုမှသာ ငြိမ်းငြိမ်းချမ်းချမ်း ငါးဖမ်း နေနိုင်မည်ဖြစ်သည်။

လုပ်စရာရှိသည်များလုပ်ပြီးနောက် လုချန်ရှန်းက စံအိမ်တော်သို့ ပြန်လာခဲ့သည်။

ထိုအခိုက်တန့်တွင် မြောက်ပိုင်းရေခဲပြင်၏အပြင်ဘက်တွင် မရေတွက်နိုင်သော အဖွဲ့အစည်းများစွာစုဝေးနေကြသည်။

ဤအချိန်တွင်တော့ စိတ်ဝိဉာည်ချီမုန်တိုင်းရှိခွန်အားက တောင်ပိုင်းဒေသ ကန္တာရရှိ လျို့ဝှက်နယ်မြေထက်ပိုမိုပြင်းထန်လေသည်။

နတ်ဘုရားပစ္စည်းက လူတိုင်းမျှော်လင့်ထားတာထက်ပိုနိုင်ပေမည်။

သို့သော်လည်း သူတို့က ပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရ၏။

သူတို့က မြောက်ပိုင်းရေခဲပြင်၏ အနက်ရှိုင်းဆုံးနေရာထိ မည်သို့ဝင်ရောက်နိုင်မည်နည်း။

တခုသိရမည်က ထိုပတ်ဝန်းကျင်က အလွန်ကြမ်းတမ်းကာ စွမ်းအားကြီး မှော်သားရဲများစွာရှိသေးသညယ

ချန်းယွမ်နယ်ပယ်ရှိသူသည်ပင် လှုပ်ရှားရန်အခက်တွေ့နိုင်ပေမည်။

Comment

Leave a Reply

Options

not work with dark mode
Reset