နေဝင်ဆည်ဆာမင်းဆက်(လော့ယီမင်းဆက်)ပြန်ပေါ်လာကတည်းက မဟူရာ(ရှောင်ဟေး)သည် ငြိမ်သက်သွား၏။
သူမျက်လုံးများက ချောက်ကမ်းပါးမှကောင်းကင်ကိုလှမ်းကြည့်နေသယောင် အသက်မဲ့နေသည်။ ဘယ်သူကမှ သူဘာကိုကြည့်နေသည်ကို မသိကြပေ။
သူက ရက်အတန်ကြာသည်အထိ ထိုအတိုင်း ထိုင်ကာနေလေသည်။
သို့သော်လည်း သူအသိစိတ်ပြန်ဝင်လာပြီးနောက် သူ့မျက်လုံးတွင် ဝမ်းနည်းကာ ဒေါသများပြည့်နေသည်။
ယဲ့ချိုးပိုင်နှင့်အခြားသူများက မေးမြန်းကြသောအခါ မဟူရာက ခေါင်းသာခါပြပြီး ဘာမှမပြောပေ။
၎င်းက လူတိုင်းကိုစိုးရိမ်စေ၏။
လုချန်ရှန်းက ဘာမှမပြော။ သူက မဟူရာ(ရှောင်ဟေး)ကို စိုက်ကြည့်နေသည်။
မဟူရာ(ရှောင်ဟေး) တပည့်အဖြစ်လက်ခံခဲ့စဥ်က သူဘာမှမှတ်မိပုံမရပေ။
ထိုစဥ်အခါက မဟူယာ(ရှောင်ဟေး) သည် မှတ်ဉာဏ်များပျောက်ဆုံးနေသည်ဟု လုချန်ရှန်းသိခဲ့ရသည်။
ရုတ်တရက်မူမမှန်ဖြစ်သွားခြင်းက သူ့မှတ်ဉာဏ်များထဲတွင် တခုခုပေါ်လာခြင်းကြောင့်ဖြစ်ကောင်းဖြစ်နိုင်သည်။
၎င်းက မဟူရာ(ရှောင်ဟေး)ကို ထူးဆန်းစေ၏။
မဟူရာ(ရှောင်ဟေး)အား သူ့တပည့်အဖြစ်ခေါ်ယူစဥ်က လေ့ကျင့်ပျိုးထောင်ပေးရမည့်မစ်ရှင်က သူ့မှတ်ဉာဏ်များကို ပြန်ရအောင်ကူညီပေးရမည်ဖြစ်သည်။
ထိုမစ်ရှင်မှာ အောက်ပါအတိုင်းပင်။
[ရှောင်ဟေး၏ ကောင်းကင်ဘုံမိစ္ဆာခန္ဓာ စည်းတံဆိပ်ကို ဖယ်ရှား၍ မှတ်ဉာဏ်အပိုင်းအစများကို ပြန်ရအောင် လေ့ကျင့်ပေးရမည့်မစ်ရှင်ကို အစပျိုးခဲ့ပါပြီ]
[ဒီကာလအတွင်းစည်းတံဆိပ်ကို အတင်းအကျပ်ဖယ်ရှားလို့မရပါ]
သူက မြောက်ပိုင်းရေခဲပြင်တွင် ထာဝရမိစ္ဆာခန္ဓာကိုယ် ကိုကျင့်ကြံခဲ့ပုံရသည်။
သူက ဒုတိယအဆင့်အထိ အောင်မြင်အောင်ကျင့်ကြံခဲ့သည်။
ရလဒ်အနေနှင့် သူ၏ ကောင်းကင်ဘုံမိစ္ဆာခန္ဓာစည်းတံဆိပ်က အနည်းငယ်ပြေလျော့သွားကာ မှတ်ဉာဏ်များအနည်းငယ်ပေါ်လာဟန်ရသည်။
ခုနှစ်ရက်ကြာပြီးနောက် ရှောင်ဟေးက လုချန်ရှန်းကိုလာရှာလေသည်။ သူ့က ခေါင်းကိုကိုင်ကာ ပြောလိုက်သည်။ “ရှစ်စွင်း၊ ကျွန်တော် လုပ်ရမဲ့ လုပ်စရာတခုခုရှိတယ်ထင်တယ်”
ကျောဆန့်ကာလှဲနေသော လုချန်ရှန်းက ရှောင်ဟေးကိုကြည့်ကာ “လုပ်စရာရှိရင် လုပ်လိုက်လေ”
“ဒါပေမဲ့ ကျွန်တော် မမှတ်မိဘူး”
ရှောင်ဟေး ခေါင်းကုတ်ကာ စိုးရိမ်တကြီးပြောလိုက်၏။ “ကျွန်တော်တခုခုလုပ်ရမယ်ဆိုတာကို ခံစားနေရပေမဲ့ ဘာမှန်းမသိဘူးဖြစ်နေတယ်”
ရှောင်ဟေးစကားကိုကြားသောအခါ လုချန်ရှန်းက နောက်ဆုံးတော့ နားလည်သွား၏။
ရှောင်ဟေး၏ချိတ်ပိတ်စည်းက အနည်းငယ်လျှော့ကျသွားပြီး အချို့အရာများကိုပြန်မှတ်မိလာပေမဲ့ မှတ်ဉာဏ်အပိုင်းအစများကိုမရှာဘဲနှင့်တော့ ထိုအကြောင်းအရာများ၏ အချက်အလက်တိတိကျကျ သိနိုင်မည်မဟုတ်ပေ။
လုချန်ရှန်းက မှတ်ဉာဏ်အပိုင်းအစများဘယ်ရောက်နေမှန်းမသိချေ။
သူက ရှောင်ဟေးကို နှစ်သိမ့်လိုက်သည်။ “မင်း မမှတ်မိဘူးဆိုလဲ လောလောဆယ် ထားလိုက်ဦးတော့”
“ကောင်ကောင်းလေ့ကျင့်၊ မင်းသန်မာလာတဲ့အခါကျရင် အဲ့ကိစ္စတွေကို မင်းပြန်မှတ်မိလာပြီး ကိုယ့်ဟာကိုကိုင်တွယ်နိုင်မှာ”
ထိုသို့ကြားသော် ရှောင်ဟေး ခေါင်းသာညိမ့်ပြနိုင်သည်။
ဘာဖြစ်နေမှန်း သူမသိသောကြောင့် သူ့ရှစ်စွင်းပြောသည်ကို နားထောင်ကာ ကောင်းကောင်းကျင့်ကြံရန်သာတက်နိုင်သည်။
ထို့နောက် နောက်လှည့်ထွက်သွားကာ ချောက်ကမ်းပါးစွန်းတွင် ကျင့်ကြံရန်ထိုင်ချလိုက်တော့သည်။
လုချန်ရှန်းက ရှောင်ဟေးနောက်ကျောကိုကြည့်ကာ တွေးတောနေလေသည်။
အချိန်ကျလာရင်တော့ သူက ရှောင်ဟေးကို မှတ်ဉာဏ်အပိုင်းအစများကူရှာပေးလိမ့်မည်။
သို့သော်လည်း သူထိုမှတ်ဉာဏ်အပိုင်းစများကို မည်သို့ရှာရမည်နည်း။
သူက အလုံးစုံသိမြင်နေသူမဟုတ်တော့ အကူညီမဲ့စွာနှင့် ခေါင်းသာခါယမ်းမိတော့သည်။
ခြေလှမ်းလှမ်းရန် ရှေ့သို့အရင်ကြည့်ရဦးမည်ပင်။ (တဆင့်ခြင်းလုပ်သင့်သည်။)
ဟုန်ရင် (တိမ်ဖီးနစ်)ယွင်ဟွမ်အင်ပါယာပြန်လည်ထူထောင်လိုက်သည့်ကိစ္စက လူအများကို မတည်မငြိမ်ဖြစ်စေခဲ့၏။
ဂိုဏ်းများ၊ အထက်တန်းလွှာများက စတင်၍ တိုင်ပင်ဆွေးနွေးလာကြသည်။
အမှန်တိုင်းဆိုရလျှင် ယွင်ဟွမ်အင်ပါယာက တကျော့ပြန်ပေါ်လာခြင်းနှင့် ပတ်သက်၍ ဂိုဏ်းအများစုနှင့် အထက်တန်းလွှာများက ထိုမြင်ကွင်းကို မမြင်လိုကြပေ။
လက်ရှိ တပ်ဖွဲ့များ ဖြန့်ကျက်မှုဖြင့် တပ်ဖွဲ့များအားလုံးကို ဒေသအလိုက်တရားစီရင်ခွင့်များပေးထား၏။
ယွင်ဟွမ်အင်ပါယာပြန်လည်ထူထောင်ပြီးသောအခါ ထိုတပ်ဖွဲ့များက မလွဲမသေ ပြန်လည်ပေါင်းစည်းသွားလိမ့်မည်။
ထိုအဓိပ္ပါယ်သည် တပ်ဖွဲ့များက ၎င်းတို့၏ တရားစီရင်ပိုင်ခွင့်အောက်တွင်မရှိတော့ဘဲ ယွင်ဟွမ်အင်ပါယာမှ စီမံခန့်ခွဲမည်ဟုဆိုလိုသည်။
ရှေးယခင်တုန်းက ယွင်ဟွမ်အင်ပါယာက ဤပြည်မကြီး၏ အရှင်သခင်ဖြစ်ခဲ့၏။
လွတ်လပ်ခွင့်ရပြီးသား ဂိုဏ်းများနှင့် အထက်တန်းလွှာများက ယွမ်ဟွမ်အင်ပါယာ၏ တရားစီရင်ပိုင်ခွင့်အောက်တွင်နေနိုင်ရန်မှာ မဖြစ်နိုင်ပေ။
ထို့ပြင် အရေးကြီးသည်အချက်ရှိသေးသည်။
ယွင်ဟွမ်အင်ပါယာထူထောင်ခြင်း၏ရည်ရွယ်ချက်က လာလဲ။
အဖြေက ရှင်းလင်းနေသည်။
သူတို့က ကောင်းကင်ဘုံလမ်းတွင်ထပ်မံတိုက်ခိုက်ချင်နေမှန်း အင်အားစုများ၏ ထပ်ပိုင်းခေါင်းဆောင်များက နားလည်နေကြသည်။
သူတို့က ရှေးခေတ်အချိန်က ကျရှုံးခဲ့သောကြောင့် မရေတွက်နိုင်သော ဂိုဏ်းများ၊ အထက်တန်းလွှာမိသားစုများ သေကြေပျက်ဆီးခဲ့ရသည်။
ယနေ့ ဤကုန်းမြေတိုက်ကြီးရှိ ကျင့်ကြံခြင်း ယဉ်ကျေးမှု ကွာဟချက်သည် ရှေးခေတ်ကထက်ပင် ကြီးမားနေသည်။
ဘယ်လိုကြောင့် သူတို့က ကောင်းကင်ဘုံလမ်းတွင် တိုက်နိုင်မည်လဲ။
မိမိကိုယ်ကိုမိမိသတ်သေခြင်းနှင့်အတူတူပင်။
ထိုဂိုဏ်းများနှင့်အထက်တန်းလွှာမိသားစုများက မသေလိုကြပေ။ ထို့ကြောင့် ယွင်ဟွမ်အင်ပါယာ ပြန်လည်တည်ဆောက်ကြသည်ကို မြင်တွေ့ရသည်မှာ သာမန်အားဖြင့် မပျော်ရွှင်ကြပေ။
သူတို့၏အမြင်ထဲတွင် အင်ပါယာတည်ထောင်ခြင်းက အကျိုးအမြတ်မရှိဘဲ ပြဿနာကိုသာဖြစ်ပေါ်စေသည်ဟုထင်ကြသည်။
သို့သော် ၎င်းကိုထောက်ခံသည့် အနည်းငယ်သော အင်အားစုများလည်းရှိလေသည်။
ဥပမာ လျို့ဝှက်တာအိုကျောင်းတော်။
အခြားဥပမာပေးရလျှင် လျို့ဝှက်ဓားဂိုဏ်းတို့ဖြစ်သည်။
ဟုန်ရင်က အလယ်ပိုင်းဒေသရှိ ထိုအင်အားကြီးအဖွဲ့နှစ်ခုက သဘောတူရသည့်အကြောင်းကို နားလည်လေသည်။
သူမ၏ ဆရာ လုချန်ရှန်းကြောင့်သာဖြစ်၏။
သူမဆရာ လုချန်ရှန်း၏စွမ်းအားသည် မည်မျှ ကြောက်စရာကောင်းသည်ကို သူတို့ သိသည်။
ထိုကိစ္စကြောင့်ပင် တောင်ပိုင်းဒေသ လျို့ဝှက်တာအိုကျောင်းတော်မှ ချင်းထျန်းနျန်သည် စံအိမ်တော်သို့ ရောက်လာခဲ့သည်။
“ချန်ရှန်း၊ ဟုန်ရင်ရဲ့နောက်ခံက ဒီလိုလောက်ထူးခြားနေမယ်လို့ ငါမသိခဲ့ဘူး” လုချန်ရှန်းက မအံ့သြပေ။ “ဘာဖြစ်လို့လဲ”
ချင်ထျန်းနျန်းပြုံးကာ ပြောလိုက်သည်။ “ငါတို့ လျို့ဝှက်တာအိုကျောင်းတော်နဲ့ လျို့ဝှက်ဓားဂိုဏ်းက ယွင်ဟွမ်အင်ပါယာနဲ့အတူရပ်တည်မယ်ဆိုတာ မင်းကိုပြောပြချင်တယ်”
လုချန်ရှန်းက အတန်ငယ်အကူညီမဲ့နေဟန်ရသော်လည်း ခေါင်းညိမ့်လိုက်သည်။
နောက်ထပ်ကျေးဇူးကြွေးတွေ တင်ပြန်ပြီ။
သို့သော်လည်း လုချန်ရှန်း မငြင်းဆန်ပေ။
ဟုန်ရင်က သူ့တပည့်ဖြစ်လေသည်။
ဤအချိန်တွင် ဟုန်ရင်က ကုန်းမြေရှိ အဓိကအဖွဲ့အစည်းများ၏ အကူအညီကိုလိုအပ်နေသည်။
ဖခင်၏ကြွေးမှီကိုသားဆပ်ရပြီး ဆရာ၏ကြွေးမှီကို တပည့်ဆပ်ရသည်ဆိုသည့်အတိုင်းပင်။
အနောက်ပိုင်းဒေသရှိ ဗုဒ္ဓဂိုဏ်းတော်တွင်။
ထုံးစံအတိုင်း သူတို့ကလည်း ထိုသတင်းကိုကြားလိုက်ရသည်။
အဓိကခန်းမကြီးတွင် အကြီးအကဲလေးဦးက ရောက်ရှိနေကြသည်။
၎င်းတို့၏အမူအရာက လေးနက်နေ၏။
“ကြားပြီးကြပြီလား။ ယွင်ဟွမ်ဧကရီက ပြန်လည်မွေးဖွားတာအောင်မြင်သွားပြီးတော့ ယွင်ဟွမ်အင်ပါယာကိုပြန်ထူထောင်တော့မယ်”
“အခု ဝူရွှီနဲ့ ဝူနွီက သံတမန်ကအတွက်ကြောင့် အသက်ဆုံးရှုံးသွားခဲ့ပေမဲ့ သံတမန်ကို မကယ်လိုက်နိုင်ဘူး။ သံတမန်သေဆုံးခြင်းကို ကာကွယ်လိုက်တာက အထက်ကမ္ဘာရဲ့အာရုံစိုက်မှု့ကို ဆွဲဆောင်ဖို့ မလုံလောက်သေးဘူးနဲ့တူတယ်”
“မှန်တယ်။ ဗုဒ္ဓဂိုဏ်းတော်က နှစ်တစ်သောင်းကျော်နီးပါကြာအောင် အစီအစဥ်ဆွဲလာခဲ့ရတာ မကျရှုံးနိုင်ဘူး”
ဗုဒ္ဓဂိုဏ်းတော်၏အစီအစဥ်က ယွင်ဟွမ်အင်ပါယာနှင့် မထူးခြားနားပင်။
သူတို့သည်လည်း အခြားနယ်မြေသို့သွားချင်ကြ၏။
သို့သော်လည်း ဗုဒ္ဓဂိုဏ်းတော်က ယွင်ဟွမ်အင်ပါယာကို ဆန့်ကျင်ရန်ရွေးချယ်ခဲ့သည်။
ယွင်ဟွမ်အင်ပါယာက တိုက်ခိုက်သောအခါ ဗုဒ္ဓဂိုဏ်းတော်က အထက်ကမ္ဘာကိုကူညီခဲ့သည်။ ထိုမှသာ အထက်ကမ္ဘာရှိ စွမ်းအားကြီးပုဂ္ဂိုလ်များက ဗုဒ္ဓဂိုဏ်းတော်ကို အထက်ကမ္ဘာကိုခေါ်ဆောင်သွားမည်ဖြစ်သည်။
“ဒီအခြေအနေမှာ ကိုယ်တော်တို့က ယွင်ဟွမ်အင်ပါယာတည်ထောင်တာကိုတားဆီးပြီး ဒီကာလတွေမှာ ထောက်ပံ့ပေးရမယ်။ ဒါမှသာ အထက်ကမ္ဘာဆင်းသက်လာတဲ့အခါမှာ အထက်ကမ္ဘာဆီတက်နိုင်ဖို့ တိုကင်ပြားတွေမျာများရနိူင်မှာ”
ထိုသူလေးဦးက သဘောတူစွာခေါင်းညိမ့်လိုက်ကြသည်။
သူတို့မှာ နောက်ပြန်ဆုတ်၍မရပေ။
ယခုတော့ ဗုဒ္ဓဂိုဏ်းတော်က ယွင်ဟွမ်အင်ပါယာကုန်မြေတိုက်ကြီးကိုစုဆောင်းသည့် အစီအစဥ်ကို အစွမ်းကုန်တားဆီးရန်သာဖြစ်သည်။
တောင်ဘက်ဒေသတစ်နေရာတွင်၊
ကျိုထျန်းမျိုးနွယ်စုက ဟုန်ရင်နှင့်အတူရှိနေသည်။
ယွင်မင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “အရှင်မခင်ဗျ။ အခြေအနေကတော့ အကောင်းဘက်မှာရှိမနေဘူးထင်တယ်”
ယွင်ကျန့်ကလည်း ခေါင်းညိမ့်ကာ သဘောတူသည်။ “လျို့ဝှက်တာအိုကျောင်းတော်နဲ့ လျို့ဝှက်ဓားဂိုဏ်းရယ် မြောက်ပိုင်းဒေသကအဖွဲ့အစည်းတွေကလွဲရင် ဘယ်သူကမှ ယွင်ဟွမ်အင်ပါယာပြန်လည်ပေါ်ထွန်းလာကို မမြင်ချင်ကြဘူး”
ဟုန်ရင်က သတင်းပို့ချက်ကိုနားထောင်၍ ခေါင်းညိမ့်ကာ “ဒါကသာမန်ပါဘဲ”
“ဒါဆိုရင် ကျွန်တော်မျိုးတို့ ဘယ်လိုလုပ်ရမလဲ။” ယွင်ကျန့်အမူအရာက လေးနက်နေသည်။ “ကျွန်တော်မျိုးတို့ ကုန်မြေတစ်ခုလုံးရဲ့အင်အားကို မစုစည်းနိုင်ရင် ကောင်းကင်ဘုံလမ်းကို အုပ်စိုးလို့မရမှာကို စိုးရိမ်ရပါတယ်”
ရုတ်တရက် ယွင်မင်က အဖြေရှာတွေ့သွားဟန်ရကာ ပြောလိုက်၏။ “အရှင်မခင်ဗျ။ အရှင်မရဲ့ ဆရာသခင်ကို အကူအညီတောင်းကြည့်ပါလား”
ယွင်မင်၏စကားကိုကြားသော် ဟုန်ရင်က အကူညီမဲ့စွာနှင့် ခေါင်းခါယမ်းလိုက်သည်။ “မဖြစ်မနေလိုအပ်လာမှသာ ဆရာရဲ့အကူအညီကိုယူမယ်”
“အခုတော့ ပေါင်းစည်းတဲ့ကိစ္စကိုဖြေးဖြေးချင်းဘဲသွားဦးမယ်။ အရေးကြီးဆုံးက မင်းတို့ရဲ့ခွန်အားတွေကို အားဖြည့်ထားကြ။”
ထိုစကားကြားသော် ကျိုထျန်းမျိုးနွယ်စုက အကူညီမဲ့စွာနှင့် ခေါင်းညိမ့်လိုက်ကြသည်။
ယခုချိန်တွင်တော့ ထိုနည်းလမ်းတစ်ခုသာရှိလေသည်။
အချိန်များက လျှင်မြန်စွာ ကုန်ဆုံးသွားလေသည်။
နောက်ထပ် ရက်တစ်ရာကုန်ဆုံးသွားပြီးနောက် သတင်းတစ်ပုဒ်က မြောက်ပိုင်းဒေသအတွင်းတွင် ပြန့်နှံ့သွားသည်။
မြောက်ဘက်အစွန်းပိုင်း၌ များပြားလှသော စိတ်ဝိဉာဏ်စွမ်းအင်များက မတည်မငြိမ်ဖြစ်နေသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။
ထိုအရာကြောင့် နတ်ဘုရားပစ္စည်းတစ်ခုပေါ်လာတော့မည်ဟု သံသယရှိနေကြသည်။