ကောင်းကင်ဘုံစိတ်ဝိဉာဉ်ဒေသက သဲကန္တာရဒေသမှ အလွန်ဝေးကွာ၏။
ကီလိုမီတာသန်းနှစ်ရာကျော် ဝေးလေသည်။
သို့သော် ၎င်းက သဲကန္တာရဒေသနှင့် အနီးဆုံးဒေသတစ်ခုဖြစ်သည်။
၎င်းက လတ္တီတွဒ်အနိမ့်ပိုင်းနယ်မြေဖြစ်သော်လည်း ၎င်းအင်အားက ကန္တာရနယ်မြေထက် အဆပေါင်းများစွာ သာလေသည်။
ကောင်းကင်ဘုံစိတ်ဝိဉာည်ကမ္ဘာကို လူတိုင်းက အထက်ကမ္ဘာဟုလည်းခေါ်ကြသည်။
ထိုကမ္ဘာက မတူညီသည့် ပိုက်နက်အသီးသီးကိုအုပ်ချုပ်သော ဂိုဏ်းဂနများစွာရှိသည့် ကန္တာရဒေသလိုမဟုတ်ပေ။
ထိုနေရာကို ဂိုဏ်းတစ်ခုတည်းက အုပ်စိုးသည်။
၎င်းဂိုဏ်းက ကောင်းကင်ဘုံစိတ်ဝိဉာည်ဂိုဏ်းပင်။
ကောင်းကင်ဘုံစိတ်ဝိဉာည်ဂိုဏ်းက ကောင်းကင်ဘုံစိတ်ဝိဉာည်ဒေသကို အုပ်ချုပ်၍ ၎င်းလက်အောက်တွင် ဂိုဏ်းခုနှစ်ဂိုဏ်းရှိလေသည်။ ဂိုဏ်းများ၏ အောက်ဘက်တွင် တော်ဝင်မိသားစုရှိ၏။
သူတို့က အုပ်ချုပ်မှု့ကို အဆင့်ဆင့်ခွဲခြားထားသည်။
ထိုအချိန်တွင် ကောင်းကင်ဘုံစိတ်ဝိဉာည်ဂိုဏ်း၏ခန်းမအတွင်းတွင် လူခုနှစ်ဦးက ထိုင်နေလေသည်။ သူတို့ထဲကမှ တစ်ယောက်က မုန်ကုတ်ကုတ်အမူအရာနှင့်ရှိနေ၏။
လုချန်ရှန်းသာ ထိုနေရာတွင်ရှိနေလျှင် မှတ်မိမှာအသေချာပင်။
ထိုသူက နေဝင်ဆည်းဆာဧကရာဇ်မင်းဆက်မှဆင်းသက်လာသူဖြစ်သည်။
“ကြည့်ရတာ ငါတို့လုပ်ရပ်ကြောင့် ကန္တာရဒေသက အကြီးအကဲကို ဒေါသတော်တော်ထွက်သွားစေခဲ့တယ်နဲ့တူတယ်”
“ဟမ့်၊ ဘာဖြစ်လဲ။ ပုံမှန်အစီအစဥ်အတိုင်းဆက်သွားမယ်။ ကျုပ်တို့ခုနှစ်ယောက်လုံး ကိုယ်တိုင်လိုက်ခဲ့မှာဘဲဟာကို ဘယ်ကောင်တားရဲမှာလဲ”
ထိုလူများကြားထဲမှ လှပသောကိုယ်လုံးကိုယ်ပေါက်နှင့် သေးသွယ်သည့်ခါးလေးရှိသည့် အမျိုးသမီးတစ်ဦးရှိနေလေသည်။
သူမမျက်နှာက အမဲရောင်ဇာပဝါပါးတစ်ထည်ဖြင့် ကာထားပြီး သူမမျက်နှာကို မြင်နိုင်ရန်ခက်ခဲ့၏။
စကားပြောလိုက်သည့်လူကိူ သူမက လှမ်းကြည့်ကာပြောလိုက်သည်။ “လွန်ခဲ့တဲ့နှစ်တစ်သောင်းလောက်တုန်းက ပျက်ဆီးခြင်းနယ်မြေက ဧကရီက ကျွန်မတို့ကို ခုခံဖို့အတွက် တပ်ဖွဲ့ကိုပူးပေါင်းခဲ့တာကို မေ့နေပြီလား။”
ထိုလူက ငြိမ်ကျသွား၏။
ထိုအချိန်၊ တဖက်အဖွဲ့၏ ခွန်အားက သူတို့ထက် များစွာအားနည်းသည်။
သို့သော်လည်း သူက ကုန်းမြေတစ်ခုလုံး၏ စွမ်းအားကို သုံး၍ သူတို့ကို အတင်းအကျပ်ရပ်တန့်ခဲ့သည်။
သူတို့၏အကြံက နှစ်ပေါင်းတစ်သောင်းကျော် ကြန့်ကြာသွားခဲ့ရသည်။
“ဘယ်လိုဘဲဖြစ်ဖြစ် အစီအစဥ်ကို သူ့ရက်အတိုင်းဘဲ ဆက်လုပ်မယ်။ ကျုပ်တို့မှာ အချိန်သိပ်မကျန်တော့ဘူး”
“ပိုင်နက်စစ်ပွဲတွေက စနေပြီ။ ရှုံးရှုံးနိုင်နိုင် ကောင်းကင်ဘုံစိတ်ဝိဉာည်ဒေသကို ဒီအပေါ်မှာမူတည်နေပြီ”
“အားလုံးပြင်ဆင်ထားကြ”
[အမည်: ရှစ်ရှန်း]
[ပါရမီ: S အဆင့်]
[စွမ်းရည်: နိဗ္ဗာန်နခန္ဓာ]
နိဗ္ဗာန်နတည်ဆောက်ခြင်းဆေးလုံးက ကောင်းကင်ဘုံဖီးနစ်မျိုးနွယ်၏ ထိပ်တန်း လျို့ဝှက်ဆေးလုံးဖြစ်သည်။
၎င်းက ပါရမီနှင့် စွမ်းရည်များ ပြန်လည်တည်ဆောက်ရာတွင် အလွန်အသုံးဝင်သည်။
ရှစ်ရှန်အသက်ရှင်နေသေးသည်ဆိုကတည်းက သူ၏ ပါရမီက အလိုအလျှောက်ခုန်တက်သွားတော့သည်။
လုချန်ရှန်း နှုတ်ခမ်းတွန့်သွားသည်။
၎င်းက မလုံလောက်သေးပေ။
စနစ်ကပေးသည့် စံနှုန်းအတိုင်းရအောင်လုပ်ရမည်။
ရှစ်ရှန်းက SSS အဆင့်ပါရမီနှင့် ဧကရာဇ်စွမ်းရည်ရှိရန်လိုအပ်သည်။
ယခုပုံစံနှင့်ဆိုလျှင် အဝေးကြီးလိုသေး၏။
အခြားသူများက လုချန်ရှန်း၏ အတွေးကိုကြားလျှင် ဒေါသထွက်ကုန်ကြလိမ့်မည်။
S အဆင့်က မလုံလောက်သေးဘူးလား။
ထို့ပြင် နိဗ္ဗာန်နခန္ဓာက သာမန်ထက်ထူးခြားသော ခန္ဓာကိုယ်တစ်ခုဖြစ်လေသည်။
ပြောရလျှင် သူ့ဝိဉာည်က ဖျက်ဆီးမခံရမချင်း ရှစ်ရှန်းက အကန့်သတ်မဲ့ ပြန်လည်မွေးဖွားနိုင်သည်။
၎င်းက ကောင်းကင်ဘုံဖီးနစ်မျိုးနွယ်၏ ထူးခြားသော ကိုယ်ခန္ဓာဖြစ်လေသည်။
ရှစ်ရှန်းက သတိမေ့နေသည်။
ယဲ့ချိုးပိုင်က ဝါးအိမ်တစ်ခုပြုလုပ်ပြီး အထဲသို့ ရှစ်ရှန်းကို သယ်ဆောင်သွား၏။
ထို့နောက်အပြင်သို့ပြန်ထွက်လာပြီး ပြုံးကာ ပြောလိုက်သည်။ “ငါတို့ ဆရာတူညီလေးရဲ့ စိတ်စွမ်းအားက တကယ်ကို မလွယ်ဘူးဘဲ။ ငါတောင် သူ့ကို ယှဥ်နိူင်မယ်မထင်ဘူး”
နင်းချန်ရှင်းက ခေါင်းညိမ့်ကာ ပြုံးလိုက်၏။
ထိုသို့ စိတ်စွမ်းအားက တကယ်ပင်ရှော့ရစေသည်။
ဘေးနားမှရပ်ကြည့်သူများပင် နိဗ္ဗာန်နတည်ဆောက်ခြင်းဆေးလုံးမှ လာသောနာကျင်မှု့များကို ခံစားနေရသည်။
ဟုန်ရင်သည် သူမဆရာထံသို့သွားကာ လေးနက်သောအမူအရာဖြင့်ပြောလိုက်သည်။ “ဆရာ၊ ကျွန်မ ဆွေးနွေးစရာလေးရှိလို့ပါ”
လုချန်ရှန်းက ဟုန်ရှင်ကိုကြည့်လိုက်သည်။ လေးနက်သော သူမအမူအရာကိုမြင်ရသော် ပါးစပ်မှထွက်လုနီးပါးရှိသော စကားများကို မျိုချလိုက်ရသည်။
“ပြောလေ”
ဟန်ရင်က ခေါင်းညိမ့်ကာ ပြောသည်။ “ဆရာသိတဲ့အတိုင်းဘဲ ကျွန်မက လူဝင်စားတစ်ယောက်လေ။ ကောင်းကင်ဘုံလမ်းက တိုက်ပွဲအကြောင်းကို ဆရာကြားဖူးမယ်ထင်ပါတယ်”
လုချန်ရှန်း ခေါင်းညိမ့်၏။
“နည်းနည်းတော့သိတယ်”
အမှန်တော့ သူမသိပေ။ သိူ့သော်လည်း လွန်ခဲ့တဲ့ ရက်အနည်းငယ်က အကြောင်းကြောင်းတွေကြောင့် ကောင်းကင်ဘုံလမ်းတိုက်ပွဲအကြောင်းကို အနည်းငယ်သိရှိခဲ့ရသည်။
သူ့ဒုတိယတပည့် ဟုန်ရင်က ကောင်းကင်ဘုံလမ်းတိုက်ပွဲဖြစ်အောင် လုံ့ဆော်ပေးသူဖြစ်ခဲ့သည်။
ဟုန်ရင်က ရှင်းပြသည်။ “အခု အထက်ကမ္ဘာကလူတွေက အခြေအနေတွေကို စုံစမ်းဖိူ့ လူတွေလွှတ်လိုက်ပြီးပြီ။ အခြားအဖွဲ့ကသူတွေက ဒီကမ္ဘာကြီးထဲကို နောက်တစ်ခါထပ်ပြီး ဆင်းလာမှာကို ကျွန်မစိုးရိမ်မိတယ်”
“ကျွန်မတို့မှာ အချိန်သိပ်မကျန်တော့ဘူး”
လုချန်ရှန်းက မေးလိုက်သည်။ “မင်းဘာလုပ်ချင်လဲ”
“ကုန်မြေတစ်ခုလုံးရဲ့ စွမ်းအားတွေကို ပေါင်းစည်းမယ်”
ပေါင်းစည်းမယ်။
ရှေးခေတ်အခါက ဟုန်ရင်သည် ဖီးနစ်တိမ်တိုက်အင်ပါယာကို ဦးဆောင်ပြီး ကုန်မြေကိုစုပေါင်းကာ ကောင်းကင်ဘုံလမ်းကို ကြီးစိုးခဲ့သည်။
သူမက ကျရှုံးခဲ့သော်လည်း တဖက်အဖွဲအစည်း၏ အကြံကို နှောက်ယှက်နိုင်ခဲ့သည်။
ယဲ့ချိုးပိုင်က ခေါင်းခါကာ ပြောသည်။ “ဒါပေမဲ့လည်း လက်ရှိအခြေအနေက ဆိုးဝါးနေတယ်။ ဂိုဏ်းတိုင်းက သူ့တို့ကိစ္စနဲ့သူတို့ ဘယ်သူ့ကိုမှစိတ်မဝင်စားဘူး။ ကုန်းမြေပေါ်က ဂိုဏ်းတိုင်းကို စုစည်းဖို့က နည်းနည်းတော့ အခက်တွေ့မယ်”
နင်းချန်ရှင်းက ခေါင်းတညိမ့်ညိမ့်နှင့်ရှိနေသည်။
ထိုစကားကြားသော် ဟုန်ရင်က အနည်းငယ်ခေါင်းငိုက်ကျသွားသည်။
သူမက ထိုအချက်ကို နားလည်၏။
သူ့မခေတ်တွင် ဟုန်ရင်က ကုန်းမြေတိုက်ပေါ်ရှိ အထက်တန်းလွှာများနှင့် ဂိုဏ်းများအားလုံးနီးပါးကို စုစည်းနိုင်ခဲ့သည်။
သူတို့က ကောင်းကင်ဘုံလမ်းတွင် အတူတူတိုက်ခိုက်ခဲ့ကြသည်။
ထိုသို့လုပ်နိုင်ရသည့်အကြောင်းပြချက်နှစ်ခုရှိသည်။
ပထမဆုံးတချက်က ဖီးနစ်တိမ်တိုက်အင်ပါယာက ကုန်းမြေတိုက်ကြီးတွင် အကြွင်းမဲကြီးစိုးထားနိုင်၏။
ဒုတိယအနေနှင့် ထိုခေတ်က ကျင့်ကြံသူများသည် အလွန်စွမ်းအားကြီးသည့် ပုဂ္ဂိုလ်များဖြစ်ကြသည်။
သူတို့က ထိုနယ်ပယ်၏ အဆုံးသတ်နားကို ရောက်ခဲ့ကြသည်။
အခြားနယ်ပယ်တစ်ခုကိုရောက်ရှိသွားမှာသာ အဆင့်ချိုးဖြတ်နိုင်မှာဖြစ်၏။
ထိုမှသာ သူတို့၏ သက်တမ်းလည်း ရှည်လျှားလာမှာဖြစ်သည်။
သို့သော်လည်း အခုတော့။
ကုန်မြေကြီးကို ကြီးစိုးနိုင်သော ဂိုဏ်းတစ်ခုမှမရှိခဲ့ပေ။
သူတို့က မိမိတို့ဂိုဏ်းကိုသာ အုပ်ချုပ်၏။
သိုင်းဧကရာဇ်အဆင့်ထိတက်ရောက်နိုင်သောသူတစ်ဦးမှ ပေါ်မထွက်ခဲ့ပေ။
အာကာသနတ်ဘုရားနယ်ပယ်ပြီးလျှင် သိုင်းဧကရာဇ်အဆင့်ရှိနေသည်။
သာမန်အားဖြင့် သူတို့က ကောင်းကင်ဘုံလမ်းကို သိမ်းပိုက်ရန် စိတ်မဝင်စားကြပေ။
အထက်ကမ္ဘာကိုဆန့်ကျင်နိုင်ရန် တော်ရုံတန်ရုံသတ္တိဖြင့်မရပေ။
စိတ်ဓာတ်ကြံ့ခိုင်ရန်လည်းလိုအပ်သည်။
တခါတရံ သာမန်လူတစ်ဦးက စိတ်ဓာတ်မာကြောကြံ့နိုင်သူတစ်ဦးကို အကန့်အသတ်မရောက်မချင်း နိုင်အောင် တိုက်နိူင်မည်မဟုတ်ပေ။
အချက်နှစ်ချက်သာရှိသည်။
ဟုန်ရင်သည် မျှော်လင့်ချက်အနည်းငယ်သာရှိကြောင်းခံစားနေရသည်။
သို့သော်လည်း သူမ ကြိုးစားကြည့်ရမည်ပင်။
အထက်ကမ္ဘာ၏ အစီအစဥ်ကို ဖျက်ဆီးပြစ်ရုံမကဘဲ ကန္တာရဒေသ၏ရှေ့ရေးအတွက် သူမအတွက်ပါ တိုက်ခိုက်ရပေမည်။
လုချန်ရှန်းက တခဏအကြာစဥ်စားပြီးနောက် ပြောလိုက်၏။ “ငါသိပြီ။ ငါဘယ်လိုပြောပြော နင်ကိုတားလို့ရမှာမဟုတ်ဘူးဘဲ”
ဟုန်ရင်က ပြုံးကာ ခေါင်းညိမ့်သည်။
၎င်းက သူမ ပြန်လည်ဝင်စားရသည့် အကြောင်းပင်။
“မင်းလုပ်နိုင်မယ်ဆိုလုပ်သာလုပ်။ ငါတောင် အထက်ကမ္ဘာကလူတွေကို ရင်ဆိုင်နိုင်ပါ့မလား မသိဘူး ”
“ဒါပေမယ့် ဒီကမ္ဘာကလူတွေကိုတော့ ရင်ဆိုင်နိုင်သေးတယ်။”
အဖြစ်အပျက်များစွာဖြစ်ပြီးနောက် လုချန်ရှန်းက ဤကုန်းမြေတိုက်ထဲတွင် သူ့ပြိုင်ဘက်ဖြစ်နိုင်သူမရှိသလောက်ပင်။
ပြေရလျှင် သူက မာနကြီးလာခဲ့၏။
“တခုခုဖြစ်ခဲ့ရင် အသံကူးပြောင်းပြီးပို့လိုက်”
ဟုန်ရင်က ခေါင်းညိမ့်ကာ လုချန်ရှန်းကို ဦးညွတ်လိုက်သည်။
ထို့နောက် သူမက စံအိမ်တော်မှထွက်ခွာသွားကာ စုစည်းမည့်အကြံအစည်ကိုစတင်တော့သည်။
ဟုန်ရင်ထွက်ခွာသွားပြီး လဝက်ခန့်အကြာတွင် သတင်းတစ်ခုက ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ထိတ်လန့်သွားစေသည်။
တောင်ဘက်ဒေသရှိ လျို့ဝှက်တာအိုကျောင်းတော် စံအိမ်တော်၏ ဒုတိယတပည့် ဟုန်ရင်။
သူမက ဖီးနစ်အင်ပါယာကို ပြန်လည်တည်ထောင်လိုက်၏။
သူမလက်အောက်တွင် လက်အောက်ငယ်သားကိုးစုရှိသည်။
၎င်းတို့ကို ကောင်းကင်ကိုးလွှာမျိုးနွယ်စုများဟုခေါ်သည်။
ထိုအချိန်၊ ဟုန်ရင်၏ သရုပ်မှန်သည်လည်း ထွက်ပေါ်လာခဲ့သည်။
သူမက ရှေးခေတ်၏ နောက်ဆုံးသော အကြီးမြတ်ဆုံးအင်ပါယာကြီးအားတည်ထောင်သူ။
ဖီးနစ်တိမ်တိုက်အင်ပါယာ၏ ဧကရီ။
ထိုသတင်းပြန့်နှံ့သွားပြီးနောက် ချက်ချင်းပင် အုတ်အုတ်ကျတ်ကျတ်ဖြစ်သွားခဲ့သည်။
တစ်ချိန်တည်းမှာ လူအများက လုချန်ရှန်းကို စိတ်ဝင်စားလာကြသည်။
ဖီးနစ်တိမ်တိုက်ဧကရီကတောင် သူ့ကိုဆရာတင်ထားတာလား။
ဘယ်လိုအင်အားမျိုးလဲ။
စံအိမ်တော်ရဲ့အရှင်က ကြီးမြတ်သောအင်ပါယာကိုတောင် ဖိနှိပ်နိုင်တယ်လား။
မဟုတ်လျှင် ဒဏ္ဍာရီလာဧကရီက သူ့ကို ဘယ်လိုကြောင့် ဆရာတင်ရသလဲ။
ထိုအချိန်မှာ လူပေါင်းများစွာက ထိုကိစ္စကို အကြိတ်အနယ်ဆွေးနွေးနေကြသည်။
တချိန်တည်းမှာ မဟူရာက အတွေးများအတွင်းမှ နိုးထလာသည်။
စံအိမ်တော်ရှိ လူတိုင်းက မဟူရာနိုးထလာချိန်တွင် အနည်းငယ်ပြောင်းလဲသွားသည်ဟု ထင်နေကြသည်။