လုချန်ရှန်းက ရှစ်ရှန်းကိုဆေးလုံးပေးလိုက်သည်ကို မြင်လိုက်ရသော် ငှက်ကလေးက ထိတ်လန့်သွားခဲ့သည်။
ထိုဆေးလုံးနှင့် သူက အလွန်ရင်းနှီးသည်။
၎င်းဆေးလုံးက မျိုးနွယ်စုအတွင်းလက်ဆင့်ကမ်းလာသော လျှို့ဝှက်ဆေးများထဲမှ တစ်ခုဖြစ်သည်။
၎င်းက မွေးကင်းစကလေး၏ ကိုယ်ခန္ဓာကို ပြန်လည်တည်ဆောက်ရာတွင် အသုံးပြုလေသည်။
ထိုမှသာ ထိုကလေးက မြင့်မားသော အရည်အချင်းများကို ရရှိမည်ဖြစ်သည်။
သို့သော်လည်း ရာထူကြီးမိသာစုဝင်များ၏ သားစဉ်မြေးဆက်များသာ ထိုဆေးလုံးကို အသုံးပြုခွင့်ရလေသည်။
အကြောင်းပြချက်ကတော့ ရိုးရှင်းသည်။
၎င်းက ဖော်စပ်ရန်အလွန်ခက်ခဲ၏။
မျိုးနွယ်စုအတွင်းတွင်တောင်မှ ဖော်စပ်ပေးနိုင်သည် လူသိပ်မရှိပေ။
တစ်ခါဖော်စပ်တိုင်း များပြားသော အရင်းအမြစ်များကို အသုံးပြုရသည်။
ထို့ကြောင့်ပင် ငှက်ကလေးက အံ့အားသင့်နေရခြင်းဖြစ်သည်။
လုချန်ရှန်းက မည်သို့ကြောင့် နိဗ္ဗာန်နတည်ဆောက်ခြင်းဆေးလုံးဖော်စပ်နည်းကို သိနေရသနည်း။
သို့သော်လည်း နောက်ထပ် ထိတ်လန့်စရာတစ်ခုရှိပါသေးသည်။
ယင်းက နိဗ္ဗာန်နဆေးလုံးအား မျိုးနွယ်စုဝင်များသာ စုပ်ယူချေဖျက်နိုင်လေသည်။
အကယ်၍မွေးကင်းစအရွယ်တည်းက အသုံပြုထားခဲ့လျှင်တောင်မှ သာမန်သေမျိုးတစ်ဦးက မည်သို့လုပ်၍ မီးငှက် မျိုးနွယ်စု၏ ကိုယ်ခန္ဓာကို ယှဉ်နိုင်မည်နည်း။
ထို့ပြင် ရှစ်ရှန်း၏ ကိုယ်ကာယက လွန်စွာအားနည်းလေသည်။
ငှက်ကလေးက တစ်ချက်ကြည့်ယုံနှင့်ပင် သိလေသည်။
သူက ဘယ်လိုလုပ်ပြီး နိဗ္ဗာန်နတည်ဆောက်ခြင်းဆေးလုံးရဲ့ ခန္ဓာကိုယ်ပြန်ပြုပြင်ပေးတာကို ခံနိုင်ရည်ရှိမှာလဲ။
တောင့်မခံနိုင်ဘူးဆိုရင်တော့ ခန္ဓာကိုယ်ပေါက်ကွဲပြီးသေဆုံးရလိမ့်မယ်။
လုချန်ရှန်းကသိပ်မစဉ်းစားဘဲ ရှစ်ရှန်းထံသို့ ဆေးလုံးကိုကမ်းပေးလိုက်လေသည်။
ရှစ်ရှန်းက သံသယရမရှိပေ။ သူ့ထံတွင် လုချန်ရှန်းလိုအဆင့်က စောင့်ကြည့်နေနိုင်သည့် ရတနာပစ္စည်းများလဲမရှိပေ။
ထို့ပြင် သူက ရှစ်ရှန်းအား တပည့်အဖြစ်လက်ခံပြီးသွားပြီဖြစ်သည်။
ရှစ်ရှန်းက လုချန်ရှန်းကို အကြွင်းမဲ့ယုံကြည်သည်။
သူက တုံဆိုင်ခြင်းမရှိဘဲ မျိုချလိုက်လေသည်။
ထိုမြင်ကွင်းကို ငှက်ကလေးက မြင်လိုက်ရသော် ချက်ချင်းထပြောလေသည်။ “နင်တိုက်ရိုက်မျိုချလိုက်ရင် ခန္ဓာကိုယ်ပေါက်ကွဲပြီး သေသွားလိမ့်မယ်”
သို့သော်လည်း ငှက်ကလေးစကားက ရှစ်ရှန်းကို မရပ်တန့်နိုင်ခဲ့ပေ။
ရှစ်ရှန်းက ဆေးလုံးကို ဝါးမျိုပြီးနောက် ရုတ်တရက် သူ့ခန္ဓာကိုယ်အတွင်းတွင် နိဗ္ဗာန်နဆေးလုံး၏စွမ်းအားက ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။
သူက စွမ်းအားကို ခံစားမိသည်။ ရှစ်ရှန်းအမူအရာက ပြောင်းလဲသွား၏။
သူခန္ဓာကိုယ်က လျှင်မြန်သောအရှိုန်ဖြင့် နီရဲလာသည်။
၎င်းက အပူလွန်နေသော ရေနွေးငွေ့အင်ဂျင်တစ်ခုလိုဖြစ်နေသည်။
ခန္ဓာကိုယ်တစ်ခုလုံးတွင် အပူလိုင်းများထုတ်လွှင့်နေပြီး မီးတောက်မီးလျှံများက အချိန်နှင့်အမျှပေါ်ထွက်လာတော့မည်သယောင်။
ရှစ်ရှန်း၏ မျက်နှာတွင်လည်း အလွန်နာကျင်နေသော အမူအရာရှိနေလေသည်။
သူ၏စိတ်စွမ်းအားနှင့်ဆိုလျှင်ပင် တောင့်ခံမထားနိုင်ဘဲအော်ဟစ်နေရသည်။
ဤအခိုက်အတန့်တွင် လုချန်ရှန်းက သူ့လက်ကို အချိန်မိဆန့်ထုတ်လိုက်ပြီး ရှစ်ရှန်း၏ခန္ဓာကိုယ်အနှံ့ကို အကန့်သတ်မဲ့ စိတ်စွမ်းအားများက ဖုံးလွှမ်းသွားသည်။
ထိုစိတ်စွမ်းအားများက သူ၏နှလုံး၊ သွေးကြောများ၊ တန်းထျန်နှင့် ဝိဉာဏ်ကို ကာကွယ်ပေးထားလေသည်။
မဟုတ်လျှင် ရှစ်ရှန်းတစ်ယောက် နိဗ္ဗာန်နတည်ဆောက်ခြင်းဆေးလုံးမှထွက်ပေါ်လာသော မီးတောက်များကြောင့် ချက်ချင်းသေဆုံးသွားရလိမ့်မည်။
လုချန်ရှန်းက အော်ဟစ်လိုက်သည်။ “မင်းသန်မာပြီး ကံတရားကို ပြောင်းလဲချင်ရင် မင်းတောင်ခံမှရမယ်။”
ရှစ်ရှန်းက အလွန်နာကျင်နေပြီဖြစ်သည်။
သူ့အသိစိတ်အတွင်းတွင် လုချန်ရှန်း၏ စကားလုံးများကို ဝိုးတဝါးကြားလိုက်ရသည်။
သူခေါင်းညိမ့် အံကြိတ်ကာ နိနဗ္ဗာန်နတည်ဆောက်ခြင်းဆေးလုံးမှ စွမ်းအားများကို တောင့်ခံထားလိုက်သည်။
နိနဗ္ဗာန်နတည်ဆောက်ခြင်းဆေးလုံး။
အလွန်လွှမ်းမိုးနိုင်သည်။
သို့သော်လည်း လူတစ်ဦး၏ အရည်အချင်းနှင့် ပါရမီစွမ်းရည်များကို အောက်ခြေမှတဆင့်ပြောင်းလဲရသည်မှ မည်မျှခက်ခဲသနည်း။
နိနဗ္ဗာန်နတည်ဆောက်ခြင်းဆေးလုံး၏တာဝန်က ခန္ဓာကိုယ်ရှိ အရိုးများအားလုံးကိုဖျက်ဆီးကာ ပြန်လည်တည်ဆောက်ပေးခြင်းဖြစ်သည်။
ထို့ပြင် ၎င်းက ပထမအဆင့်သာဖြစ်သေးသည်။
ပထမအဆင့်သည်ပင် တောင့်ခံနိုင်စွမ်းတို့ကိုပျောက်ဆုံးစေသည်။
ရှစ်ရှန်းခန္ဓာကိုယ်က မြေကြီးတွင်ကွေးကောက်ျနေသည်။ သူက အစွမ်းရှိသလောက် တောင့်ခံနေလေသည်။
ယဲ့ချိုးပိုင်နှင့် အခြားသူများက ရှေ့သို့ထွက်လာပြီး ရှစ်ရှန်းကို လေးနက်သောအမူအရာဖြင့်ကြည့်နေသည်။
ခန္ဓာကိုယ်ပြန်လည်တည်ဆောက်ခြင်းသည် သူ၏ဝိဉာဏ်အတွင်းသို့ ဝင်ရောက်လာခြင်းက အလွန်နာကျင်လှသည်။
သို့သော်လည်း အကျိုးကျေးဇူးကလည်း ကြီးမားသည်။
လုချန်ရှန်းက ဆက်ပြောသည်၊ “မင်းဘာလို့ဒီကိုလာရတာလဲ။ ဘာလို့ စံအိမ်တော်ကို ဝင်ရောက်ပြီး ငါ့တပည့်ဖြစ်ချင်တာလဲ”
အသံက ညင်သာသော်လည်း ရှစ်ရှန်း၏နားစည်အတွင်းဝင်ရောက်လာခဲ့ကာ အသိစိတ်ပင်လည်အတွင်းရိုက်ခက်သွားသည်။
ရှစ်ရှန်းက ကြားလိုက်ရသည်။
သူက သူ့ကိုသူပြန်စဉ်းစားလိုက်သည်။
ဟုတ်တယ်၊ ငါဘာလို့ဒီကိုလာတာလဲ။
ဘာလို့ စံအိမ်တော်ကိုဝင်ပြီး လုချန်ရှန်းရဲ့ တပည့်ဖြစ်ချင်တာလဲ။
သူ့အနာဂတ်ကိုပြောင်းလဲချင်လို့မဟုတ်ဘူးလား။
သူ၏မိဘများသည် သာမန်သေမျိုးများသာဖြစ်လေသည်။
ယခုဆိုလျှင် အသက်ငါးဆယ်ကျော်အတွင်းသို့ရောက်နေပြီဖြစ်ကာ မကြာခင်တွင် အိုမင်းလာတော့ပေမည်။
ထို့နောက် အသက်ကြီးလာကာ ဖျားနာ၍ သေဆုံရတောမည်ဖြစ်သည်။
ရှစ်ရှန်းက သူသာ စွမ်းအားကြီးသော ကျင့်ကြံသူတစ်ဦးဖြစ်ခဲ့လျှင် သူ့မိဘများ၏အသက်စွမ်းအားကို တိုးမြှင့်နိုင်မည်ဟု တွေးထားခဲ့သည်။
သူ့အနာဂတ်အတွက်တိုက်ခိုက်ရုံသာမက သူ့မိဘများ သူထိပ်ဆုံးရောက်နေသည်ကိုပါ မြင်ချင်စေခဲ့သည်။
၎င်းက ရှစ်ရှန်း၏ ဆန္ဒဖြစ်ကာ သူ၏တာအိုနှလုံးသားလဲဖြစ်သည်။
ယင်းက သူစကျင့်ကြံကတည်းက စွဲလမ်းမှု့ပင်။
ထိုသို့တွေးမိသောအခါ အံကြိတ်၍ အသိစိတ်ကိုဆက်လက်ထိန်းထားလေသည်။
သူ လဲမကျသွားသေးပေ။
သူမေ့လဲကျသွားသည်နှင့် ပြအတိဖြစ်တော့မှာ အမှန်ပင်။
ခရက်။
ခရက်။
အရိုးကျိုးသံများက ထွက်ပေါ်လာသည်။
နိဗ္ဗာန်နဆေးလုံး၏ ပထမအဆင့်က စတင်ပြီဖြစ်သည်။
ခန္ဓာကိုယ်ရှိ အရိုးများအားလုံးကို ချိုးပြစ်ခြင်း။
ရှစ်ရျန်းမျက်လုံးများပြူးကျယ်လာကာ သူငယ်အိမ်များက ကျုံ့သွားလေသည်။
၎င်းက အလွန်နာကျင်၏။
အလွန်တရာကို နာကျင်သည်။
ထိုအခိုက်အတန့်လေးတွင် ရှစ်ရှန်း လက်လျှော့ချင်နေပြီ။
ထိုနာကျင်မှု့က သေမတက်ပင်။
လုချန်ရှန်း၏ စကားက အချိန်ကိုက်ရောက်လာသည်။
“ဒီအချိန်မှာ လက်လျှော့လို့ရတယ်။ ဒါပေမ မင်းကြိုးစားရင်တောက်ပတဲ့ အနာဂတ်အတွက် မင်းကိုယ်တိုင် တိုက်ခိုက်နိုင်သည်”
ရှစ်ရှန်းက သတိပြန်ဝင်လာသည်။
သူက တုန်ယင်စွာခေါင်းညိမ့်ပြလိုက်သည်။
ခန္ဓာကိုယ်ရှိအရိုးများက တစတစကျိုးပဲ့လာသည်။
မကြာခင်တွင် ရှစ်ရှန်းက အသွေးအသားမရှိတော့ဘဲ အရေခွံသက်သက်သာ ကျန်တော့သလို မြေပြင်ပေါ်သို့ လဲကျသွားလေသည်။
သူ့ခန္ဓာကိုယ်ရှိအရိုးများက ကြေမွနေလေပြီ။
အရိုးများမရှိဘဲ သူဘာမှမလုပ်နိုင်ပေ။
ကျိုးကြေနေသော အရိုးအပိုင်းအစများက ရှစ်ရှန်း ခန္ဓာကိုယ်အနှံ့တွင် ပြန့်ကျဲနေလေသည်။
ငှက်ကလေးက ရှစ်ရှန်းကိုလေးနက်သောအကြည့်ဖြင့်ကြည့်လိုက်လေသည်။
ပထမအဆင့်သာရှိသေးသော်လည်း လူသားတစ်ဦးတောင့်ခံနိုင်သည့် အရာမျိုးမဟုတ်ခဲ့ပေ။
ထို့ပြင် ရှစ်ရှန်းကိုယ်ခန္ဓာက အလွန်အားနည်းသည်။
သို့သော်လည်း သူက အတင်းအကျပ်တောင့်ခံနေသည်။
ထိုစိတ်စွမ်းအားက ကြောက်မက်ဖွယ်ကောင်းသည်ဟု ယူဆနိုင်သည်။
ထိုလူမျိုးသာ ထိပ်ဆုံးသို့ရောက်သွားပါက အလွန်ကြောက်မက်ဖွယ်ကောင်းသည့် လူတစ်ယောက်ဖြစ်လာလိမ့်မည်။
သူ့ရန်သူများက ကောင်းကောင်းမွန်မွန် နေနိုင်တော့မည်မဟုတ်။
နိဗ္ဗာန်နမီးတောက်က ရှစ်ရှန်းခန္ဓာကိုယ်တွင်တောက်ပစွာ လောင်တောက်နေသည်။
မီးတောက်ထဲတွင် အသက်စွမ်းအင်တစ်ခုပေါက်ထွက်လာသည်။
အသက်စွမ်းအင်က ကျိုးပဲ့နေသော အရိုးများ၏ပတ်လည်တွင် ဝိုင်းပတ်နေသည်။
ပြန်လည်တည်ဆောက်ခြင်းက စတင်လေပြီ။
ပြန်လည်တည်ဆောက်ခြင်း၏နာကျင်မှု့က အရှိုးများချိုးချေခြင်းထက်ပို၍ နာကျင်လေသည်။
ရှစ်ရှန်းက သူဒီကိုလာရောက်ရသည့်အကြောင်း သူ့အနာဂတ်၊ ပြီးနောက် လုချန်ရှန်းပေးခဲ့သည့် မျှော်လင့်ချက်များကို တွေးတောနေသည်။
ထို့ပြင် သူ့မိဘများကိုထားခဲ့၍ ထွက်ခွာခဲ့သည့်အချိန် ရွှာထိပ်တွင် ဆံပင်ဖြူများနှင့် သူမိဘနှစ်ပါးက သူ့ကျောပြင်ကို တွန့်ဆုတ်စွာ လှမ်းကြည့်နေသည်ကို မြင်ယောင်လာသည်။
သူလဲကျ၍မဖြစ်ပေ။
သူရှင်သန်ရပေမည်။
“အား”
သူအော်ဟစ်လိုက်သည်။
သူ့အော်သံက မခံမရပ်နိုင်မှု့များဖြင့်ပြည့်နေသည်။
ကံတရား၏မမျှတမှု့ကို မခံမရပ်နိုင်ဖြစ်နေသည်။
အကယ်အခုချိန် လက်သာမြှောက်နိုင်ခဲရင် ကောင်ကင်သို့ လက်ခလယ်ထောင်ပြကာ အော်ဆဲလိုက်မှာအသေအချာပင်။
ယီးဘဲ။
စက္ကန့်ပိုင်းခန့်ကြာပြီးနောက်။
အားလုံး၏ မျှော်လင့်တကြီး အကြည့်အောက်တွင် ရှစ်ရှန်း၏ အရိုးများက ပြန်လည်တည်ဆောက်ပြီးသွားပြီဖြစ်သည်။
နိဗ္ဗာန်နဆေးလုံး၏ပထမအဆင့်ကတော့ လုံးဝပြီးဆုံးသွားတော့သည်။
သို့သော်လည်း သာမန် အရိုးများကို ပြန်လည်တည်ဆောက်ခြင်းက တိုးတက်မှု့များများစားစားမဖြစ်ပေါ်ပေ။
သွေးကြောများကို တိုးချဲခြင်း။
တန်းထျန်ကို ဖွင့်လှစ်ခြင်း။
ထိုနှစ်ဆင့်ပြီးမြောက်မှသာ ပြန်လည်မွေးဖွားခြင်းအစစ်အမှန်၏ အတွေ့ကြုံကို ခံစားနိုင်မှာဖြစ်၏။
တစ်ရက်…
နှစ်ရက်…
သုံးရက်မြောက်နေ့တွင် သွေကြောတိုးချဲ့ခြင်းက ပြီးမြောက်သွားတော့သည်။
ထိုအခါတွင် ရှစ်ရှန်းက နာကျင်ခြင်းကို အသားကျနေပြီ။
မျက်နှာရှိနာကျင်ခြင်းက အနည်းငယ်လျော့ကျလာသည်။
ဆယ်ရက်မြောက်နေ့တွင် ရှစ်ရှန်းက ပြန်လည်မွေးဖွားလာသည်။
အရိုး၊ သွေးကြော၊ တန်းထျန်သည်လည်း ပြန်လည်တည်ဆောက်ပြီးပြီဖြစ်၏။
သူ၏ခန္ဓာကိုယ်တွင်ပင် နိဗ္ဗာန်နမီးတောက်အကြွင်းအကျန်များကျန်ရှိနေသေးသည်။
ထိုအခိုက်အတန့်တွင် ရှစ်ရှန်းလုံးဝ စိတ်သက်သာသွားကာ လဲကျသွားတော့သည်။